ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ရခိုင်ပြည်နယ်မှာ လက်နက်ကြီးကျည်ကြောင့် အရပ်သား ၉ ဦးသေဆုံး
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ အမ်းမြို့နယ်တွေမှာ ဒီနေ့က မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စုစုပေါင်း အရပ်သား ကိုးဦးသေဆုံးပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးပါမယ်။
ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအတွင်းကို ဧပြီလ ၁၃ရက် ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကျောက်ဆိပ်ကျေးရွာသား ရှစ်ဦးသေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်အမျိုးသားလွတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။
“ဒီနေ့မနက်ပိုင်း ၈ နာရီလောက်မှာ ရွာထဲကို လက်နက်ကြီးကျည် ၃ လုံးကျတယ်လို့ ပြောတယ်။ ရွာထဲမှာ ၄ ဦးသေ ဆုံးတယ်လို့ ပြောတယ်။ နောက်ဒဏ်ရာရတဲ့ သူတွေကို ပုဏ္ဏားကျွန်းမြို့နယ် ဆေးရုံကို ယူသွားတော့ နောက်ထပ် နှစ်ဦးသေတယ်။ နောက် ပုဏ္ဏားကျွန်းကနေ စစ်တွေ ယူတဲ့အခါ လမ်းမှာ စစ်ဆေးနေတာတွေ ကြာတော့ အဲဒီမှာ နှစ်ဦး အကုန်လုံး ၈ ဦးလောက် သေဆုံးသွားပြီလို့ပြောတယ်။ အကုန်လုံးပေါင်းရင် ၂၀ လောက်ရှိတယ် ဒဏ်ရာရ တာရော ထိခိုက်သေဆုံးတာရော။”
အဲဒီကျောက်ဆိပ်ကျေးရွာဟာ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ နှစ်မိုင်အကွာ စစ်တွေ-ရန်ကုန်ကား လမ်းမပေါ် မှာတည်ရှိ ပြီး ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက စညင်းကျေးရွာရဲ့ အနောက်ဘက် တောင်တန်းတွေပေါ်မှာ မနေ့ကအထိ တိုက်ပွဲ ပြင်းထန်နေတာ ရှိပြီး ဒီကနေ့က မနက်ပိုင်းက ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မသိရသေးဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။
“အော် ရွာမှာဖြစ်တာတော့ ကျနော်တို့ မသိဘူးဗျာ။ ပုဏ္ဏားကျွန်းရဲ့ မြောက်ဘက်က စညင်းရဲ့ အနောက်ဘက် တောင်ကြောတွေပေါ်မှာတော့ လွန်ခဲ့တဲ့ နှစ်ရက်က လောက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ မနေ့ကလည်း ဖြစ်တယ် အဲတာတွေတော့ သိတယ်။ ဒီနေ့ဖြစ်တာတော့ မသိသေးဘူး။ ရွာတွေထဲမှာတော့ မဖြစ်လောက်ဘူး။ ကျနော်ပြောပြီးပြီ ကျနော်တို့ကတော့ သိသင့်သိထိုက်တာတွေကိုတော့ ပြောနေတာပေါ့နော်။ တိုက်ပွဲဖြစ်တာ တွေ ပစ်ခတ်မှုဖြစ်တာတွေတော့ ကျနော်တို့ကတော့ တိတိကျကျမသိဘူးပေါ့ မြေပြင်မှာဖြစ်နေတဲ့ ဟာတွေကို။”
SEE ALSO:
ပလက်ဝမှာ စစ်ဘေးရှောင်ဒုက္ခသည် ခြောက်ထောင်ကျော်ရှိ
ဒါအပြင့် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စု အလယ်ကျွန်းကျေးရွာမှာလည်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမ်းမြို့နယ် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုမျိုးလွင်က ပြောပါတယ်။
“ရွာထဲကို လက်နက်ကြီးကျတော့ တစ်ယောက်က ပွဲချင်းပြီးသေသွားတယ်။ နောက်တစ်ယောက်က လည်ပင်းကို ကျည်ဆံမှန်သွားတယ်။ အမျိုးသမီးတစ်ယောက်ကတော့ ပေါင်ကိုထိတယ်။ ၇ နှစ်ကလေးတစ်ယောက်တော့ လက်မောင်းကို ထိတယ်ပေါ့နော်။ သူတို့တွေကတော့ ကြီးကြီးမားမားတော့ ဒဏ်ရာတွေတော့ မပြင်းထန်ကြဘူးပေါ့။”
ကမ္ဘာမှာ COVID ကပ်ရောဂါအကြပ်အတည်းကြောင့် စစ်ပွဲတွေ ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းထားသလို မြန်မာအရပ်ဘက် လူမှုအဖွဲ့တွေကလည်း ရခိုင်စစ်ပွဲတွေ ရပ်စဲဖို့ တောင်းဆိုနေကြပါတယ်။ ဒါပေမဲ့လည်း AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ကြေညာလိုက်တဲ့နောက် ရခိုင်မြောက်ပိုင်းနဲ့ ချင်း ပလက်ဝမြို့နယ်တွေမှာ အပြန်အလှန်တိုက်ပွဲတွေ ပိုပြင်းထန်လာပါတယ်။ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း များလာသလို နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေလည်း တိုးလာနေပါတယ်။
VOA News
ကိုဗစ်-၁၉ ကူးစက်ရောဂါအား ရင်ဆိုင်နေရသည့်အချိန်တွင် မြန်မာစစ်တပ်အနေနှင့် ကမ္ဘာလုံးဆိုင်ရာ (အကြွင်းမဲ့) အပစ်အခတ်ရပ်စဲရေးကို လိုက်နာ၍ တိုက်ခိုက်မှုများကို ချက်ခြင်းရပ်စဲရမည်
ကိုဗစ်-၁၉ ကူးစက်ရောဂါအား ရင်ဆိုင်နေရသည့်အချိန်တွင် မြန်မာစစ်တပ်အနေနှင့် ကမ္ဘာလုံးဆိုင်ရာ (အကြွင်းမဲ့) အပစ်အခတ်ရပ်စဲရေးကို လိုက်နာ၍ တိုက်ခိုက်မှုများကို ချက်ခြင်းရပ်စဲရမည်
၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်။
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေမှုကို အကြောင်းပြ၍ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်း သားဒေသများတွင် မြန်မာစစ်တပ်မှ ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာနှင့်တည်ရှိနေမှုကို အခွင့်ကောင်းယူ အသုံး ချနေမှုအား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) အနေနှင့် စိုးရိမ်မကင်းဖြစ်မိပါ သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တင်းမာမှုကို ပိုမိုဆိုးရွားစေသကဲ့သို့ ပဋိပက္ခ များကြီးထွားလာခြင်းအတွက် ၎င်းတို့တွင် အဓိကတာဝန်ရှိပါသည်။ ပြည်သူလူထုအတွက် အရေးပေါ်ကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရေးထက် စစ်တပ်၏ လိုလားချက်များကို ရှေ့တန်းတင်ဆောင်ရွက်နေမှု များကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ရှုတ်ချပါသည်။
မြန်မာအစိုးရအနေနှင့် ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးအစီအမံများကို အထောက်အကူပြုရန်နှင့် ကူးစက် ရောဂါကို တုန့်ပြန်တားဆီးရန်အတွက် စစ်တပ်နှင့် အရပ်ဘက်ဝန်ကြီးဌာနများပါဝင်သည့် အရေးပေါ်လုပ်ငန်း အဖွဲ့ ဖွဲ့စည်းခြင်းအပါအဝင် အဆင့်များစွာကို လုပ်ဆောင်ခဲ့ပါသည်။ သို့သော်ဤသို့ သတိကြီးစွာထား၍ လုပ်ဆောင်နေမှုများသည် မြန်မာစစ်တပ်အနေနှင့် မည်သည့်နည်းနှင့်မဆို ၎င်းတို့ အာဏာကိုဆက်လက်ထိန်း သိမ်းထားရန်သာ စိတ်ဝင်စားနေကြောင်း ပြသသည့် အသွင်ဆောင်နေပါသည်။ စစ်တပ်အနေနှင့် ပြည်သူလူ ထု အများစု မရရှိနိုင်သည့် ကိုယ်ပိုင်ဘတ်ဂျက်နှင့် ကျန်းမာရေးစောင့်ရှောက်ပံ့ ပိုးမှုများရရှိထားပါသည်။ ကိုဗစ်-၁၉ ရောဂါမှ ၎င်းတို့ကိုယ် ၎င်းတို့ကာကွယ်ရန်အတွက် အရပ်သားပြည်သူ လူထုအနေနှင့် စကားအ ဖြစ်ပင် မပြောဆိုနိုင်သည့် ကောင်းမွန်စွာပြင်ဆင်ထားမှုမျိုးကို မြန်မာစစ်တပ်အနေနှင့် ရရှိထားပြီးဖြစ် ကြောင်း သိသာထင်ရှားနေသည်။
ကူးစက်ရောဂါ အလျှင်အမြန်ပြန့်နှံ့လာသည်နှင့်အမျှ ပဋိပက္ခများဖြစ်ပွားနေသော ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် ရခိုင်ပြည်နယ်တို့ရှိ ရောဂါဖြစ်ပွားမှုများအတွက် ဆေးဝါးကုသမှု၊ သတင်းအချက်အလက်နှင့် အကူအ ညီအထောက်အပံ့ရရှိနိုင်မှုကို စစ်ပွဲများနှင့် အပေးအယူသဘောမျိုးညှိနှိုင်းလုပ်ဆောင်မှု ခံနေရခြင်းအား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) အနေနှင့် အထူးစိုးရိမ်မိပါသည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) အဖွဲ့ဝင် တအောင်းအမျိုးသမီးအဖွဲ့ (TWO)၊ တအောင်း ကျောင်းသား နှင့်လူငယ်များအစည်းအရုံး (TSYU) နှင့် တအောင်းလူထုအခြေပြု လူ့မှုအဖွဲ့အစည်းများ၏ မှတ်တမ်းများအ ရ ၂၀၂၀ ခုနှစ် မတ်လ တလတည်းအတွင်းတွင် မတရားဖမ်းဆီးမှု၊ ညှဉ်းပမ်းနှိပ်စက်မှုနှင့် အတင်းအဓမ္မစေ ခိုင်းမှုပေါင်း ၁၈ မှုဖြစ်ပွားခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင်လည်း အစိုးရမှ ဆက်လက်ပြုလုပ်နေသော ကမ္ဘာ့အ ရှည်ကြာဆုံး အင်တာနက်ပိတ်ဆို့မှုကြောင့် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများထိခိုက်နေရပါသည်။ ဤလုပ်ရပ်များက ကိုဗစ်ရောဂါကူးစက်မှုများအကြားတွင် အရပ်သားများအနေနှင့် ကြိုတင်ကာကွယ်ရေး အတွက် အရေးကြီးသောသတင်းအချက်အလက်များရရှိနိုင်ရေးအတွက် ပိုမိုအန္တရာယ်ကြီးမားစေပါသည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ၏ အဖွဲ့ဝင်ဖြစ်သည့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ၏ လွန်ခဲ့သည့်လက မှတ်တမ်းများအရ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် သတ်ဖြတ်မှု၊ ညှဥ်းပန်းနှိပ်စက်မှု၊ လူမဆန်စွာ ပြုကျင့်မှု၊ ပျောက်ဆုံးမှု၊ အတင်းအ ကြပ်ဖမ်းဆီးခံရမှုနှင့် သတင်းမီဒီယာများအပေါ် ဖိနှပ်မှု ၅၁ ခု ရှိပါသည်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး အန်တိုနီယို ဂူးတားရက်စ်က ကမ္ဘာလုံးဆိုင်ရာ(အကြွင်းမဲ့) အပစ်အ ခတ်ရပ်စဲရေးကို တောင်းဆိုနေသည့်ကြားမှ မြန်မာစစ်တပ်အနေနှင့် မဟာမိတ်ညီနောင်များအဖွဲ့နှင့် ချင်းအ မျိုးသားတပ်ဦး တို့၏ အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှုကို ပယ်ချခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါအနေ နှင့် မြန်မာပြည်ရှိ တိုင်းရင်းသားပြည်နယ်များတွင် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲအစဉ်အလာဓလေ့ကို ပြောင်းလဲနိုင်စွမ်းမရှိသေးကြောင်းတွေ့မြင်နေရသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် မြန်မာတပ်မတော်သားများအနေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသုံးပြုရန် အမေရိကန်ဒေါ်လာ ၁.၆ သန်း မကြာသေးမီက လှူဒါန်းကြောင်းသိရသည်။ ဤအပြုအမူမှာ ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် ဘဏ္ဍာငွေရင်းနှီး မြှုပ်နှံမှုလိုအပ်ချက်ကို ပြသရာရောက်နေသကဲ့သို့ ကျန်းမာရေးအခြေခံအဆောက်အအုံများအတွက် ဘတ်ဂျက်အလုံအလောက်လျာထားသုံးစွဲခဲ့ပါက ဤသို့လုပ်ဆောင်ရန် မလိုအပ်ကြောင်းပြသနေပါသည်။ လှူဒါန်းသော ငွေကြေးပမာဏကိုကြည့်၍ တိုင်းပြည်လူဦးရေ ၅၁ သန်း၏ ၃၇ ရာခိုင်နှုန်းမှာ ဆင်းရဲမှုနွမ်းပါးမှု ပြမျဉ်းအောက် နိမ့်ကျနေသော (သို့) ရောက်လုနီးပါးဖြစ်နေသောနိုင်ငံတခုမှ စစ်တပ်အနေနှင့် လစဉ်လစာ ပေးရန်အတွက်သက်သက် အလွန်များပြားသော ဘဏ္ဍာငွေကိုရရှိနေကြောင်း ပြသနေပါသည်။ မြန်မာနိုင်ငံ တွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှု မရရှိသော၊ မတတ်နိုင်သော ထိခိုက်လွယ်သည့် လူတန်းစားများစွာ ရှိနေပါသည်။
တိုင်းရင်းဘာသာစကား မျိုးကွဲပေါင်းများစွာသုံးစွဲသော နိုင်ငံတွင် ကျန်းမာရေးဆိုင်ရာအသိပညာပေးမှု ထောက်ကူပစ္စည်းများကို ဘာသာခြားစကားတတ်မြောက်မှု မရှိသူများအတွက် မြန်မာအစိုးရအနေနှင့် လုပ်ဆောင်ပေးသင့်သည်။ အိမ်တွင်းအကြမ်းဖက်မှုများ၊ စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ကူးစက်ရောဂါထိန်း ချုပ်ရေးအတွက် အများသုံးစွဲနိုင်သောနေရာထိုင်ခင်း လိုအပ်ချက်များမြင့်တက်လာသည်နှင့်အမျှ ဘေးကင်း လုံခြုံမှုအန္တရာယ် မြင့်မားစွာရှိနေသာ လူအများစုအတွက် အစိုးရ၏တုန့်ပြန်ဆောင်ရွက်ချက်များမှာ နှေးကွေး ပြီး သတင်းပေးမှု မလုံမလောက် ဖြစ်နေပါသည်။ ကိုယ်ထူကိုယ်ထ လူမှုရေးအဖွဲ့အစည်းများ အနေနှင့်လည်း အစားအသောက်၊ လက်ဆေးရန်ရေခွက်များနှင့် ပိုးသတ်ဆေးရည် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လတ်တလောအချိန်ပိုများစွာပေး၍အလုပ်လုပ်နေကြရပါသည်။
မြန်မာစစ်တပ်၏ ဤကဲ့သို့ အပြုအမူများကို အတိတ်က ကြိမ်ဖန်များစွာကြုံခဲ့ဘူးပါသည်။ တိုင်းပြည်တွင် အကျပ်အတည်းကြုံတွေ့ရတိုင်း မြန်မာစစ်တပ်၏တုန့်ပြန်ဆောင်ရွက်မှုတိုင်းမှာ ကိုယ်ကျင့်သိက္ခာလမ်းညွှန်မှု ကင်းမဲ့လျှက်ရှိကြောင်း သာဓကများစွာရှိပါသည်။ အဓိကကျသောကိစ္စရပ်များကို ဆောင်ရွက်ပေးရမည့် အစား အကြင်နာတရားခေါင်းပါးသော ခေါင်းဆောင်မှုဖြင့် လိမ္မာပါးနပ်စွာ ပရိယာယ်ဖြင့်တုန့်ပြန်ဆောင်ရွက် နေသည်ကိုသာတွေ့မြင်နေရသည်။ ၎င်းတို့ ဂုဏ်သတင်းထိခိုက်စေသည်ဟု ယူဆသော သတင်းဖော်ပြချက် များကို တားဆီးပိတ်ပင်နေမှုများကလည်း စစ်တပ်၏လက်ရှိအခြေအနေကို ကိုင်တွယ်ဆောင်ရွက်နေမှု အပေါ်ဝေဖန်ဆန်းစစ်စရာဖြစ်နေသည်။ အရေးပေါ်အခြေအနေများအတွင်း လွတ်လပ်မျှတသောသတင်းများ ရယူနိုင်ရေးအတွက် စာနယ်ဇင်းများကို အကာအကွယ်ပေးသင့်သကဲ့သို့ ထိခိုက်ခံစားနေရသော ဒေသခံလူထု ၏အသံကို ထုတ်ဖော်နိုင်ရေးအတွက် လုပ်ဆောင်ပေးသင့်ပါသည်။
ကိုဗစ်-၁၉ ပျံ့ နှံ့မှုတားဆီးရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် မည်သည့်အရပ်သားများကိုမျှ ချန်လှပ် မထား ရှိရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) အနေနှင့် မြန်မာအစိုးရနှင့် စစ်တပ်ကို တောင်းဆိုပါသည်။ ကူးစက်ရောဂါပျံ့ ပွားနေသည့်အချိန်မျိုးတွင် ၎င်းတို့အနေနှင့်မှန်ကန်ရိုးသားစွာ ပြည်သူလူထုကို အကာအ ကွယ်ပေးလိုပါက မြန်မာစစ်တပ်အနေနှင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အင်တာနက်သုံးစွဲမှုပိတ် ပင်တားဆီးခြင်းကို ချက်ခြင်းရုပ်သိမ်းပေးရန်နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆောင်ရွက်ရန် သဘောတူလိုက်လျောရမည်။ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များအနေနှင့် ဘေးကင်းလုံခြုံစွာနှင့် စိုးရိမ်ထိတ် လန့်မှုမရှိ လုပ်ဆောင်နိုင်စေရန် ကူညီထောက်ပံ့ပေးရမည့်အပြင် ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် သတင်းအ ချက်အလက်များရရှိနိုင်ရန် ဆောင်ရွက်ပေးရမည်။ ပြည်သူလူထုအားလုံး မျက်နှာဖုံး၊ လက်ပိုးသတ်ဆေး အပါအဝင် တကိုယ်ရည် ရောဂါကာကွယ်ရေးပစ္စည်းများရရှိရန်နှင့် လက်ဆေးခွက်များနှင့် တကိုယ်ရည် (သို့) အဖွဲ့လိုက် ကာကွယ်ထိန်းချုပ်ရေး ပြုလုပ်နိုင်ရန် နေရာထိုင်ခင်းရရှိရေးအတွက်သေချာစွာ ဆောင်ရွက်ပေး ရန် အစိုးရနှင့် စစ်တပ်ကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ တောင်းဆိုပါသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါအပါအဝင် အခက်အခဲအကျပ်အတည်းများကို ကျော်ဖြတ်နိုင်ရန်၊ အထူးသဖြင့် အလွန်းအမင်းထိခိုက်ရှလွယ်သော လူထုကို အကူအညီပေးရန်အတွက် မြန်မာစစ်တပ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတို့ လက်တွဲဆောင်ရွက်နိုင်မှသာ မြန်မာပြည်တွင် ငြိမ်းချမ်းရေးရရှိ နိုင်မည်ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ ယုံကြည်ပါသည်။ ဤလူထုတွင် အမျိုးသမီး များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ပဋိပက္ခကြောင့် အတင်းအကျပ်နေရာရွှေ့ပြောင်းခံရသူများ နှင့် ဆက်သွယ်မှုခက်ခဲသည့် ကျေးလက်ဒေသတွင်နေထိုင်သူများ ပါဝင်ပါသည်။ ဆင်းရဲသားများနှင့် ခွဲခြားပစ်ပယ်ခံထားရသူများ၏ လိုအပ်ချက်များကို ဖြည့်ဆီးပေးရန် မေတ္တာဂရုဏာတရား ပိုမိုထားရှိကြရန် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများက ကမ္ဘာကြီးကိုတောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံ၏ တုန့်ပြန်မှုမှာလည်း ခြွင်းချက် မဟုတ်သလို လူ့အခွင့်အရေးအခြေခံဥပဒေသများကို လိုက်နာစောင့်ထိန်းရန် ပျက်ကွက်သော စစ်တပ်နှင့်အစိုးရကို သမိုင်းက သက်ညှာစွာစီရင်ဆုံးဖြတ်လိမ့်မည် မဟုတ်ပေ။
မီဒီယာ ဆက်သွယ်မှုပြုလုပ်ရန် –
ဒေါ်သက်သက်အောင် (အနာဂတ်အလင်းတန်းဆုံမှတ်)
ဖုန်း : +၉၅ ၉၇၉၄၉၃၂၃၄၄
လွေးပိုးစေ (တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး)
ဖုန်း : +၉၅ ၉၂၆၄၁၆၂၂၂၉
—
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ၏ အဖွဲ့ဝင် ၁၂ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။
ကွန်ရက်တွင် အောက်ပါအဖွဲ့အစည်းများ ပါဝင်သည်
အဖွဲ့ဝင်များ
၁။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
၃။ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ
၄။တအာင်းအမျိုးသမီးအဖွဲ့အစည်း
၅။တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး
၆။ထားဝယ် အမျိုးသမီးသမဂ္ဂ
၇။လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့
၈။ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး
၉။အနာဂါတ်အလင်းတန်းဆုံမှတ်
ဆက်စပ်အဖွဲ့ဝင်များ
၁။ချင်းလူ့အခွင့်အရေးအဖွဲ့
၂။ပအိုဝ်းလူငယ်များအစည်းအရုံး
၃။ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်
၄။ ရှေ့ပြေးအသံ
တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို ချက်ချင်းရပ်တန့်ရန် ND-Burma တောင်းဆို
ဧပြီလ ၁၀ ရက်၊ ၂၀၂၀ ပြည့်နှစ်။ စအိုင်ဆူး
Covid-19 ကပ်ရောဂါ ရင်ဆိုင်နေရချိန်တွင် မြန်မာ့တပ်မတော်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲ ရေးကို လိုက်နာ၍ တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို ချက်ချင်းရပ်စဲရန် လူ့အခွင့် အရေး မှတ်တမ်းကွန်ယက်(ND-Burma)က ယနေ့ (ဧပြီ ၁၀ရက်) ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုလိုက် သည်။
တပ်မတော်အနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာနှင့် တည်ရှိနေမှုကိုအခွင့်ကောင်းယူ အသုံးချ၍ လက်နက် ကိုင် ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် ပြည်သူလူထုအတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းထက် စစ်တပ်၏ လိုလားချက်ကို ရှေ့တန်းတင် ဆောင်ရွက်နေမှုအပေါ် ရှုတ်ချကြောင်း ND-Burma ကွန်ယက်က ဆိုသည်။
ကွန်ယက်၏ ပြောခွင့်ရ ဒေါ်သက်သက်အောင်က “ဒီအချိန်သည် ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ အားလုံးပူး ပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်။ အစိုးရ၊ တပ် ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ စသဖြင့် ဒါတွေသည် လက်ရှိမှာ Covid-19 ဖြစ်နေတဲ့ ကာလမှာတောင် ရပ်တန့်မှု မလုပ်နိုင်ဘူးဆိုရင် ငြိမ်းချမ်းရေး အတွက်ဆိုရင် ကျမတို့ ဘယ်လိုပုံဖော်ကြမလဲပေါ့။ အခုလက်ရှိကာလသည် အပစ်အခတ်ရပ်စဲထားရမယ့် ကာလဖြစ်တာ တောင် မရပ်စဲနိုင်တာ ဖြစ်တဲ့အတွက် ဒါကအင်မတန်မှ ပြည်သူလူထုအတွက်ရော တိုင်းပြည်အတွက်ရော ဆုံးရှုံး နစ်နာမှုတွေရှိနိုင်ပါတယ်” ဟု ကေအိုင်စီသို့ပြောသည်။
လက်ရှိတွင် ရခိုင်နှင့် ချင်းပြည်နယ်တို့အတွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာ့တပ်မတော်တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုပြင်းထန်လျက်ရှိပြီး တပ်မတော်၏ လေကြောင်းစစ်ဆင်ရေးများပါ အသုံးပြုမှုကြောင့် အရပ်သား ပြည်သူများထိခိုက်သေဆုံးမှုများရှိနေသလို စစ်ပြေးရှောင်နေရသူ သိန်းချီရှိနေပြီးဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။
အလားတူ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း အစိုးရတပ် မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားမှုရှိနေသလို အရပ်သားများအပေါ်ပစ်မှတ်ထား တိုက်ခိုက်မှုများလည်းရှိနေကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများဘက်က ပြောသည်။
ယနေ့ ND-Burma ထုတ်ပြန်ချက်၌ တအာင်းအမျိုးသမီးအဖွဲ့(TWO)၊ တအာင်းကျောင်းသားနှင့်လူငယ်များ အစည်းအရုံး(TSYU)နှင့် တအာင်းလူမှုအဖွဲ့အစည်းများ၏ မှတ်တမ်းများအရ တအာင်းဒေသတွင်၂၀၂၀ မတ်လ တစ်လအတွင်း မတရားဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အတင်းအဓမ္မစေခိုင်းမှု ၁၈ မှုဖြစ်ပွားခဲ့ကြောင်း၊ ရခိုင် ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC)၏ မှတ်တမ်းများအရ ရခိုင်နှင့် ချင်းပြည်နယ် အတွင်းသတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူမဆန်စွာပြုကျင့်မှု၊ ပျောက်ဆုံးမှု၊ အတင်းအကြပ် ဖမ်းဆီး ခံရမှုနှင့် သတင်းမီဒီယာများအပေါ် ဖိနှိပ်မှု ၅၁ ခုရှိခဲ့ကြောင်း ဖော်ပြပါရှိသည်။
ထို့အပြင် ကူးစက်ရောဂါ ပြန့်ပွားနေသည့် ကာလမျိုးတွင် ပြည်သူလူထုအပေါ် မှန်ကန်ရိုးသားစွာ အကာအကွယ် ပေးလိုပါက မြန်မာစစ်တပ်အနေဖြင့် ရခိုင်နှင့် ချင်းပြည်နယ်အတွက် ဖြတ်တောက်ထားသည့် အင်တာနက်များ ကို ပြန်လည်ဖွင့်ပေးရန်လိုအပ်သလို တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို လိုက်လျောရမှာဖြစ်ပြီး ရောဂါ ကူးစက်ပျံ့နှံ့မှုတားဆီးရေး လုပ်ငန်းများတွင်လည်း မည်သည့် အရပ်သားများကိုမျှ ချန်လှပ်မထားရန် ND-Burma အနေဖြင့် မြန်မာအစိုးရနှင့် စစ်တပ်ကို ထုတ်ပြန်ချက်၌ တောင်းဆိုထားသည်။
တအာင်းကျောင်းသားနှင့်လူငယ်များ အစည်းအရုံးမှ လွေးပိုးစေက “ဒါကို ရပ်စဲမှပဲ ဒီ Covid-19 နဲ့ပတ်သက် တဲ့ ဟာကို ကျမတို့ ရွာထဲအထိ သွားပြီးမှ လုပ်နိုင်တာလေးတွေရှိမယ်။ အခုကျတော့ နယ်မြေအခြေအနေ မတည် ငြိမ်နေတဲ့အချိန်မှာ ကျမတို့မှာ ဒီဟာကို သွားလုပ်ဖို့တောင်မှ မသွားရဲတဲ့ အခြေအနေတွေရှိတယ်။ ကျမတို့ ပြည် သူလူထုမှာ ဒီရောဂါ အန္တရာယ်ကိုကော ၊ နောက်ဘယ်အချိန်မှာလက်နက်ကြီးတွေကျလာ မလဲဆိုတဲ့ အန္တရာယ် ကိုကော တပြိုင်နက်စိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ကမ္ဘာ့ကပ်ရောဂါ ကျရောက်နေချိန် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရန်နှင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် အတူတကွပါဝင်ကြရန် ကမ္ဘာ့ကုလသမဂ္ဂ ထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်မှ တိုက်တွန်း ပြောဆိုထားသော်လည်း မြန်မာအစိုးရမှ ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့် မတ်လ ၂၃ရက်နေ့က အကြမ်း ဖက် အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရတပ်မတော်နှင့် AAအကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်လာခဲ့သည်။
အလားတူ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ကလည်း ရခိုင်၊ ချင်း၊ ကရင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် တပ်မတော်မှ ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ရန်နှင့် တပ်စခန်းများရုပ်သိမ်းရန်၊ NCAပါ အချက် များကို လိုက်နာရန်အပြင် အပစ်အခတ်ရပ်စဲ၍ Covid-19 ကာကွယ်ရေးအစီအစဉ်များကို အမြန်ဆုံး အကောင် အထည်ဖော်ရန်စသည့် အချက် (၉)ချက်ပါ တောင်းဆိုချက်ဖြင့် ယမန်နေ့က ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန် ထားသေးသည်။
ND-Burmaကို တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများကို ကိုယ်စားပြုသည့် အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နစ်နာသူများ၏ တရားမျှတမှုရရှိရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစ၍ မှတ်တမ်းတင်နေသည့်အဖွဲ့ဖြစ်သည်။
KIC News
မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် တအင်းအရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်
၁။ မြန်မာနိုင်ငံ မိဘပြည်သူတစ်ရပ်လုံးသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ဖြစ်သော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကို တုန်လှုပ်စွာ ရင်ဆိုင်နေရချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တအာင်းမိဘပြည်သူများသည် မြန်မာ့တပ်မတော်၏ မတရားဖမ်းဆီး ချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သေဆုံးခြင်း စသည့်လူ့အခွင့်အရေးများ ကျူးလွန် ချိုးဖောက်ခံနေရသောကြောင့် တစ်ချိန်တည်းတွင် ကပ်အန္တရာယ် နှစ်ခုကို ခါးစည်းစွာ ရင်ဆိုင်ခံစားနေရပါသည်။
၂။ မတ်လ တစ်လတည်းတွင်ပင် မြန်မာ့တပ်မတော်သည် ရှမ်းပြည်နယ် မြောက်ပိုင်း တွင် တအာင်းပြည်သူများအား မတရားဖမ်းဆီးချုပ်နှောင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ချိုးဖောက်ခံရသူပေါင်း (၁၈) ဦး၊ သေဆုံးသူ (၁)ဦး ရှိခဲ့ပါသည်။ ဖြစ်စဉ်များမှာ-
(က) မတ်လ ၂၅ ရက်နေ့တွင် မြန်မာ့တပ်မတော် တပ်ရင်း (၂၇၆)မှ မိုးမိတ်မြို့နယ် ဟဲထင်ရွာသူ (၁)ဦး၊ ပန်တင်ကျေးရွာ ဥက္ကဌနှင့် အတွင်းရေးမှူးအပါအဝင် (၆) ဦး စုစုပေါင်း (၇)ဦးအား အပြစ်မရှိဘဲ ဖမ်းဆီးချုပ်နှောင်ကာ မိုးမိတ်မြို့ရှိ ၎င်းတို့၏ ဗျူဟာကုန်းစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရပြီး ယနေ့အချိန်ထိ ၎င်းတို့၏ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်မရသေးချေ။ ထို့အပြင် ကျေးရွာတွင် တစ်အိမ်တက် တစ်အိမ်ဆင်းကာ ပစ္စည်းများကို မွှေနှောက်ခြင်း၊ ဈေးဆိုင်ရှိ ကုန်ပစ္စည်းများအား ဖျက်ဆီးခြင်းနှင့် တွေ့သမျှဖုန်းများကိုလည်း ရိုက်ခွဲဖျက်ဆီးခဲ့ပါသည်။
(ခ) မတ်လ ၂၉ ရက်နေ့ ည (၈း၀၀)နာရီဝန်းကျင်တွင် မြန်မာ့တပ်မတော် ခလရ (၂၅၁) မှ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ မိုးနွဲ့ကျေးရွာ ကျေးရွာဥက္ကဌနှင့် အတွင်းရေးမှူးအား လမ်းပြအဖြစ်ခေါ်ဆောင်သွားစဉ် ကျေးရွာဥက္ကဌ ဦးကျော်ဆာ (၃၈)နှစ်သည် အကြောင်းအရင်း အတိအကျမသိရဘဲ မိုင်းထိဒဏ်ရာနှင့် သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။ ထိုသေဆုံးမှုအတွက် မြန်မာ့တပ်မတော်ဘက်မှ နစ်နာကြေးအဖြစ် ငွေသားသိန်း(၃၀)ကျပ် ပေးပြီး အမှုပိတ်လိုက်သည်။
(ဂ) ထို့အပြင် မတ်လ ၁၈ ရက်နေ့တွင် မြန်မာ့တပ်မတော် တပ်မ (၉၉)မှ ကွတ်ခိုင်မြို့နယ် တားမိုးညဲမြို့နယ်ခွဲ အပြစ်မဲ့ ကျောက်မြန်းရွာသား (၁၀)ဦးအား ဖမ်းဆီးရိုက်နှက်သည့် အပြင် မတ်လ ၂၇ ရက်နေ့တွင် အပြစ်မဲ့ ဆိုက်ခါဝ်ရွာသား (၁)ဦးကို ဖမ်းဆီးပြီး မုံးစီး တပ်စခန်းတွင် နှစ်ညသုံးရက် ချုပ်နှောင်ထားကာ ညှဉ်းပန်းနှိပ်စက်ပြီး ပြန်လွှတ်ပေး ခဲ့သည်။
၃။ သို့ဖြစ်ပါ၍ မြန်မာ့တပ်မတော်မှ ဖမ်းဆီးချုပ်နှောင်ထားသော ပန်တင်ရွာသားနှင့် ဟဲထင်ရွာသူ (၇)ဦးကို ချက်ချင်းလွှတ်ပေးပါရန်၊ မိုးနွဲကျေးရွာဥက္ကဌ သေဆုံးမှုအတွက် တရားမျှတမှုရရှိစေရန် တပ်မတော် တာဝန်ရှိသူများမှ အမှုဖြစ်စဉ်အား စစ်ဆေးပြီး အပြစ်ကျူးလွန်သူကို ပွင့်လင်းမြင်သာမှုရှိရှိ ထိရောက်စွာ အရေးယူပေးရန်နှင့် မြန်မာ့တပ်မတော်မှ မိဘပြည်သူများအပေါ် လူ့ဂုဏ်သိက္ခာမဲ့စွာ လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးကို ရပ်တန့်ပေးပါရန် တောင်းဆိုအပ်ပါသည်။
တအာင်းအရပ်ဖက်အဖွဲ့အစည်းများ
ဆက်သွယ်ရန်
၀၉-၂၅၇ ၇၂၆ ၇၁၃
၀၉-၂၅၆ ၁၂၈ ၅၈၂
၀၉-၂၅၈ ၃၈၅ ၇၂၈
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အချက်အလက်များနှင့် ပတ်သက်၍ စုစုပေါင်း (၄၃)ခုမှ တွေ့ရှိချက်များအား ဖော်ပြ ထားပါသည်။
Burma Monitor ၏ 2020 Jan မှ 2020 Feb အထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများနှင့် ပဋိပက္ခများအတွင်း မြေမြုပ်မိုင်းများ ကြောင့် သေဆုံးဒဏ်ရာရသူများအား ဖော်ပြထားပါသည်။ အချက်အလက်များနှင့် ပတ်သက်၍ အစိုးရ သတင်းမီဒီယာ စာမျက်နှာများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ သတင်းစာမျက်နှာများ၊ တိုင်းရင်းသား ဒေသတွင်းရှိ မီဒီယာများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာများနှင့် ပြည်တွင်းသတင်းမီဒီယာများ စုစုပေါင်း (၄၃)ခုမှ တွေ့ရှိချက်များအား ဖော်ပြ ထားပါသည်။
ရခိုင်ပြည်နယ်
လက်နက်ကိုင်တိုက်ပွဲများကြောင့် သေဆုံးသူ (၁၅၈)ဦး၊ ဒဏ်ရာရရှိသူ (၁၆၇) ဦးနှင့် ပျောက်ဆုံးသူ (၄) ဦးရှိခဲ့သည်။ မြန်မာ့တပ်မတော်ဘက်မှ ကျဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ပိုမိုများပြားခဲ့သည်။ တိုက်ပွဲများအတွင်း မြန်မာ့တပ်မတော်မှ ကြည်း၊ ရေ၊ လေ၊ တပ်များအပါအဝင် ဂျက်တိုက်ယာဥ်များ၊ ရှော့ကတ်ဒုံးကျည်များ၊ ဗုံးခွဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများ၊ အသုံးပြုတိုက်ခိုက်မှုများရှိခဲ့သည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ၂၉ ရက်နေ့အတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း (၂၇)ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ (၁၆)ဦး၊ ဒဏ်ရာရ သူဦးရေ (၃၂)ဦး၊ ဖမ်းဆီးခံရသူဦးရေ (၁၅၇)ဦး၊ ပြန်လည် လွတ်မြောက်သည့် ဦးရေ (၃၇)ဦး၊ အဓမ္မပြုကျင့် ခံရသူ (၁)ဦးနှင့် ပျောက်ဆုံးသူ (၁)ဦးတို့ ရှိခဲ့သည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ စစ်တွေ၊ မင်းပြား၊ ရမ်းဗြဲ၊ မောင်တော၊ တောင်ကုတ်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မြေပုံမြို့နယ်တို့၌ မြေမြှုပ်မိုင်း ပေါက်ကွဲမှု (၁၈)ကြိမ်ဖြစ်ပွားခဲ့သောကြောင့် ကလေး (၄)ဦးနှင့် အမျိုးသား (၇)ဦးတို့ သေဆုံးခဲ့ပြီး ကလေး (၃)ဦး၊ အမျိုးသမီး (၁၀)ဦး၊ အရပ်သား (၁၉) ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ အဆိုပါမိုင်းပေါက်ကွဲမှုများသည် ဇန်နဝါရီလ (၇)၊ (၉)၊ (၁၁)၊ (၁၃)၊ (၂၀)၊ (၂၇) ရက်နေ့နှင့် ဖေဖော်ဝါရီ လ (၁)၊ (၂)၊ (၈)၊ (၁၀)၊ (၁၃)၊ (၁၈)၊ (၂၀)၊ (၂၂)၊ (၂၆) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ ပြင်းထန်မှုများကြောင့် စစ်ဘေးရှောင် ဦးရေမှာ (၁၀၆၆၁၄)အထိ တိုးလာခဲ့ပြီး ဒုက္ခသည်များအတွက် နေရာထိုင်ခင်းနှင့် အစားအသောက် အခက်အခဲများလည်း ရှိနေသည်။
=======
၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းကိုင်၊ နမ့်ဆန်နှင့် ကျောက်မဲမြို့နယ် တို့၌ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် တို့ကြား (၁)ကြိမ်၊ မြန်မာ့တပ်မတော်နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား(၆) ကြိမ်နှင့် မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော် (RCSS) တို့ကြား (၂)ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် အမျိုးသမီး (၂)ဦး သေဆုံးကာ လက်နက်ကြီး ကျည်ကျရောက်မှုများကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် (၁)လုံးပျက်ဆီးခဲ့သည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အတွင်း ရှမ်းပြည်နယ်အတွင်း၌ လူ့အခွင့်အရေးချိုးဖောက်မှု ပေါင်း အကြိမ်(၂၀) ဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်မှ (၆) ကြိမ်၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ (၄)ကြိမ်နှင့်ကျန်လူ့အခွင့်အရေးချိုးဖောက်မှုများအား ချိုးဖောက်သည့် အဖွဲ့အစည်းအမည်များ ဖော်ပြထားခြင်းမရှိပေ။ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၉)ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသား (၄)ဦး ဒဏ်ရာရှိကာ အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၁၁)ဦး တို့ ဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် နေအိမ်အတွင်း အတင်းအဓမ္မ ဝင်ရောက်ရှာခြင်း၊ အရပ်သားများအား ပစ်ခတ်သတ်ဖြတ်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များအား အတင်းအဓမ္မယူဆောင်ခြင်း၊ တပ်သားစုဆောင်းခြင်းနှင့် ဆက်ကြေးကောက်ခံမှုများ လည်း လုပ်ခဲ့သည်။
ရှမ်းပြည်နယ်အတွင်း လောက်ကိုင်မြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် ကျောက်မဲမြို့နယ် တာချီလိတ်မြို့ နယ် အတွင်းရှိ ရင်ကျားကန်၊ မန်ကန်၊ ပန်လော့၊ နန်းကော်၊ ပန်နှီမ်း၊ တော့ဆန်၊ မန်ခေါက်၊ မင်းကုန်း၊ အာပြောက်၊ ကွင်းစလင်းနှင့် ကျောက်ဖြူကျေးရွာစသော ကျေးရွာများ၌ မြေမြုပ်မိုင်း ပေါက်ကွဲမှု (၁၃)ကြိမ်် ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုများကြောင့် အမျိုးသား (၁)ဦး သေဆုံးကာ အမျိုးသား (၁၁) ဦးနှင့် အမျိုးသမီး (၇) ဦးတို့ ဒဏ်ရာရရှိ ခဲ့သည်။
======
၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ကရင်ပြည်နယ် ကမမောင်းမြို့နယ်၊ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်တို့၌ မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား (၂)ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ကြား (၁)ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲများပြီးတွင် မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးအလုံး (၄၀)ကျော်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ (၂)ဦး သေဆုံးခဲ့သည်။
ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှု (၃)ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲခြင်းကြောင့် (၁)ဦး သေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့သည်။ ကရင်ပြည်နယ် KNU တပ်မဟာ (၅) နယ်မြေ၌ လမ်းဖောက်ရာတွင် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းအား KNUမှ မိုင်းဖောက်ခွဲမှု ပြုလုပ်ခဲ့သောကြောင့် မြန်မာ့တပ်မတော်မှ အရာရှိ (၁)ဦးသေဆုံး၍ အဆိုပါလမ်းဖောက် ဆောင်ရွက်မှုအတွက် စားနပ်ရိက္ခာများ ပို့ဆောင် သည့် တပ်မတော်ယာဥ်တန်းကိုလည်း ဒေသန္တရမိုင်း တစ်လုံးဖြင့် မိုင်ထောင်ဖောက်ခွဲခဲ့သဖြင့် မော်တော်ယာဥ် (၁)စီးနှင့် ဆန်အိတ်များ ပျက်စီးဆုံးရှုံးခဲ့သည်။
======
ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ကချင်ပြည်နယ် မိုးမောက်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ် တို့၌ မြေမြုပ်မိုင်းပေါက်ကွဲမှု (၂) ကြိမ်ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံးခဲ့ပြီး အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၂)ဦးတို့ ဒဏ်ရာရခဲ့သည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ
တိုက်ပွဲဖြစ်ပွားသည့် ရက်များမှာ တိုက်ပွဲဖြစ်ပွားသည့်ရက်ပေါင်း (23) ရက်ဖြစ်ပွားခဲ့ပြီး မတ်လ 12,17,18,21,26,29,30,31 ရက်နေ့များတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသည်ကို နှစ်ဖက်ထုတ်ပြန်ချက်များနှင့် သတင်းမီဒီယာများ၏ ဖော်ပြချက်များ အရ သိရသည်။
သတင်းဖော်ပြချက်များအရ လက်နက်ကိုင်တိုက်ပွဲများကြောင့် သေဆုံးသူ (၁၂၈)ဦး၊ ဒဏ်ရာရရှိသူ (၁၄၇) ဦး၊ ဖမ်းဆီးခံရသူ (၃၄) ဦးနှင့် လက်နက်ကြီး လက်နက်ငယ်များ ကျရောက်မှုကြောင့် နေအိမ် (၄၇) လုံး ပျက်စီးခဲ့သည်။ အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ပိုမိုများပြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများတွင် ကြည်း၊ ရေ၊ လေ၊ တပ်များအပါအဝင် ဂျက်တိုက်ယာဥ်များ၊ ရှော့ကတ်ဒုံးကျည်များ၊ ဗုံးခွဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများ၊ အသုံးပြုတိုက်ခိုက်မှုများရှိခဲ့သည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ မီးချောင်းတံတားအနီး မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးပစ်ကူသည့် (ဗျူဟာကုန်း)၌ ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ရက် (၄၀) ကျော်ကြာသည်ကို တွေ့ရသည်။
မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း (၂၀)ခုဖြစ်ပွားကာ သေဆုံးသူဦး ရေ အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၁) ဦး၊ ဒဏ်ရာရသူဦးရေ အမျိုးသမီး (၂) ဦး၊ ဖမ်းဆီးခံရသည့်သူဦးရေ (၁၁၇)ဦး၊ ပြန်လည်လွတ်မြောက်သူဦးရေ (၅၈)ဦးတို့ ဖြစ်သည်။ ယခုလအတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုး ဖောက်မှုများပုံစံများမှာ ညှင်းပမ်းနှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လူနေအိမ်နှင့် အဆောက်အအုံများအား အကြောင်းမဲ့ မီးရှို့ဖျက်စီးခြင်း၊ ဆက်သွယ်ရေးဖြတ်တောက်ခြင်းများ ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်မှုများကြောင့် စစ်ဘေးရှောင်ဦးရေမှာ ဖေဖေါ်ဝါရီလ၌ (၁၀၆၆၁၄)ဦးရှိခဲ့ပြီး မတ်လ အတွင်း၌ (၁၂၈၄၀၀)အထိ တိုးလာကာ ဒုက္ခသည်များအတွက် နေရာထိုင်ရေး နှင့် အစားအသောက် အခက်အခဲများ လည်း ရှိသည်။ သောက်သုံးရေ ရရှိရန် အခက်အခဲများလည်း ရှိနေသဖြင့် လက်ရှိရင်ဆိုင်နေရသော COVID-19 ရောဂါကာကွယ်ရေး အတွက် လက်ဆေးရန်ပင် မဖြစ်နိုင်ဟု ရခိုင်အမျိုးသားပါတီ ဒေါ်အေးနုစိန်မှ ပြောခဲ့သည်။
မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့၌ မြေမြှုပ်မိုင်း ပေါက်ကွဲမှု (၈) ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါပေါက်ကွဲမှုကြောင့် ကလေး (၂)ဦးနှင့် အမျိုးသား (၂)ဦး သေဆုံးခဲ့ပြီး အရပ်သား (၁၃)ဦးဒဏ်ရာရရှိခဲ့သည်။
ရှမ်းပြည်နယ်
၂၀၂၀ခုနှစ် မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းကိုင်၊ မိုင်းတုံနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းခတ်မြို့နယ်တို့၌ မြန်မာ့တပ်မတော်နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)တို့ကြား (၆)ကြိမ်၊ မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော် (RCSS) တို့ကြား (၂၀)ကြိမ်၊ မြန်မာ့တပ်မတော်နှင့် ကောင်းခါးပြည်သူ့စစ်တို့ကြား (၁)ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်ထုတ်ပြန်ချက်များနှင့် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ ယင်းလက်နက်ကိုင် တိုက်ပွဲများကြောင့် (၂)ဦး သေဆုံးခဲ့ပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့သည်။
မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ရှမ်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင် များမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်။ သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ လူ့အခွင့်အရေး ချိုးဖောက်မှု ပေါင်း (၇)ကြိမ်ရှိခဲ့ပြီး မြန်မာ့တပ်မတော်မှ (၄)ကြိမ်၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)မှ (၂)ကြိမ်နှင့် ကျန်လူ့အခွင့်အရေးချိုးဖောက်မှုများအား ချိုးဖောက်သည့် အဖွဲ့အစည်းအမည် ဖော်ပြထားခြင်း မရှိပေ။ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် သေဆုံးသူ အမျိုးသား (၁)ဦး၊ ဒဏ်ရာရသူ အမျိုးသား (၁)ဦး၊ ဖမ်းဆီးခံရသူ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၈)ဦး ရှိခဲ့သည်။ ချိုးဖောက်သည့် ပုံစံများမှာ ဒေသခံများအား ဖမ်းဆီးခြင်း၊ နေအိမ်အတွင်း အတင်းအဓမ္မ ဝင်ရောက်ရှာခြင်း၊ အရပ်သားများအား ပစ်ခတ်သတ်ဖြတ်ခြင်း၊ တပ်သားစုဆောင်းခြင်း နှင့် ဆက်ကြေးကောက် ခံခြင်းများ ဖြစ်သည်။
မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မိုင်းကိုင်မြို့နယ် ကောင်းမူးရွာနှင့် နန်းလှရွှေကျေးရွာမှ ဒေသခံ (၁၀၇)ဦး၊ ကျေးသီးမြို့နယ်နှင့် မိုင်းနောင်မြို့နယ်တို့မှ ဒေသခံ (၂၆၀)ကျော်၊ မိုင်းကိုင်မြို့နယ်မှ ဒေသခံ (၄၆၀) ကျော်၊ မိုးမိတ်မြို့နယ်မှ (၃၀၀)ကျော်တို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
သတင်းဖော်ပြချက်များမှ တွေ့ရှိချက်များအရ မတ်လအတွင်း ရှမ်းပြည်နယ်၌ မိုင်းပေါက်ကွဲ၍ သေဆုံးဒဏ်ရာရသူများ မရှိကြောင်း တွေ့ရသည်။
မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်တို့၌ မြန်မာ့တပ်မတော်နှင့် ကရင် အမျိုးသား အစည်းအရုံး(KNU)တို့ကြား တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်မှ (၁)ဦး သေဆုံးခဲ့သည်။ ယခုကဲ့သို့ တိုက်ပွဲဖြစ်ရခြင်းမှာ မြန်မာ့တပ်မတော်ဖက်မှ (KNU) တပ်မဟာ(၅) ဧရိယာအတွင်းသို့ လမ်းဖောက်လုပ်ခြင်းကြောင့် နှစ်ဘက် စစ်ရေးပဋိပက္ခ ဖြစ်ပွားရခြင်း ဖြစ်ပြီး မြန်မာ့တပ်မတော်ဘက်မှ တပ်အင်အား တိုးချဲ့မှုများလည်း ပြုလုပ်ခဲ့သည်။ ထို့အပြင် ဒွယ်လုံးမြို့နယ် မယ်ဝိုင်းကျေးရွာအနီး KNU-ကရင်အမျိုးသား အစည်းအရုံး၏ မူတရော်(ဖာပွန်) ခရိုင်သစ်တောဌာန တောခေါင်း (၂)ဦးသည် ဆိုင်ကယ်ဖြင့်သွားစဉ် မြန်မာ့တပ်မတော်မှ ပစ်ခတ်ခဲ့သော ကြောင့် တောခေါင်း (၁)ဦး သေဆုံးခဲ့သည်။
ကရင်ပြည်နယ် ဘားအံမြို့ အုန်းတပင်ကျေးရွာ၌ လက်ပစ်ဗုံးပေါက်ကွဲခဲ့သောကြောင့် ဒေသခံ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ သေဆုံးခဲ့သည်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ စစ်ဘေးရှောင်များအား နိုင်ငံတကာရောက် ကရင်များမှ ထောက်ပံ့ကူညီသွားမည်ဟု နော်ဝေနိုင်ငံ ရောက် စောဆာ့ကပေါ်ဝါးမှ ပြောခဲ့သည်။
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း
မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း မွန်ပြည်နယ် ရေးမြို့ ရေးချောင်းဖျားဒေသ ကမ်းနီကျေးရွာ၌ မြေမြှုပ်မိုင်းပေါက်ကွဲမှု (၁)ကြိမ် ဖြစ်ပွားကာ ဒေသခံ (၁)ဦး ဒဏ်ရာရှိခဲ့ပြီး တနင်္သာရီတိုင်း ရေးဖြူမြို့နယ် မျောက်ချောကျေးရွာအနီး၌ မြေမြှုပ်မိုင်း ပေါက်ကွဲမှု (၁)ကြိမ် ဖြစ်ပွားကာ ဒေသခံ (၂)ဦး ဒဏ်ရာရရှိခဲ့သည်။
ကချင်ပြည်နယ်
မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့တို့၌ မြေမြုပ်မိုင်းပေါက်ကွဲမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ (၄)ဦး ဒဏ်ရာရခဲ့သည်။
ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မန်စီ၊ မိုးကောင်းနှင့် မိုးမောက်မြို့နယ်အတွင်းရှိ ရွာပေါင်း (၁၇)ရွာမှ တိုက်ပွဲရှောင်များအား စစ်ရှောင်စခန်းများမှ နေရပ်ပြန်နိုင်ရေး မြန်မာ့တပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO) နှင့် ကချင်လူသားချင်းစာနာမှုကော်မတီ (KHCC)တို့ ညှိနှိုင်းဆွေးနွေးခဲ့ပြီး တိုက်ပွဲရှောင်များ ပြည်လည်နေရာချထားရေး အတွက် ဂျပန်နိပွန်ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ (၅)သန်းထောက်ပံ့ပေးခဲ့သည်။ ကချင်ပြည်နယ်၌ စစ်ရှောင်စခန်း ပေါင်း (၁၆၉)ခုရှိပြီး တိုက်ပွဲရှောင်လူဦးရေ (၁၇၀၀၀၀)ကျော် ရှိသည်ဟု စစ်ရှောင်များ ကူညီပေးနေသည့် အဖွဲ့အစည်းများမှ ဖော်ပြထားသည်။ စစ်ရှောင်စခန်းများတွင် သောက်သုံးရေနှင့် လတ်တလော ရင်ဆိုင်နေရသည့် ကိုရိုနာဗိုင်းရပ်အား ကာကွယ်နိုင်ရန် ကာကွယ်ရေးပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိသည်။