ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

မသန်စွမ်းကလေးငယ်ကို လိင်စော်ကားမှုစွပ်စွဲချက်ဖြင့် အမျိုးသားတစ်ဦးကိုဖမ်း
သက်ငယ်မုဒိမ်းမှုဖြင့်သံသယရှိသူ အသက် ၂၇ နှစ်ရှိ အမျိုးသားတစ်ဦးကို ထန်းတပင်ရဲစခန်းတွင် ဖမ်းဆီးထားသည်
စကားမပြောနိုင်သည့်အပြင် ပိုလီယိုရောဂါကြောင့် ကိုယ်အင်္ဂါလှုပ်ရှားနိုင်ခြင်းမရှိသော အသက် ၁၁ နှစ်ရှိ မသန်စွမ်းမိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှု ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်တွင် မေ ၂၉ ကဖြစ်ပွားခဲ့သည်။
ထန်းတပင်မြို့နယ် ထိန်နှစ်ပင်ရွာမှ အသက် ၁၁ နှစ်အရွယ် ပိုလီယိုရောဂါသည် မသန်စွမ်းမိန်းကလေးတစ်ဦး အဓမ္မကျင့်ခံရသောကြောင့် ထန်းတပင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး အဆိုပါအမှုကို မသန်စွမ်းကိုဗစ်နိုင်တင်းအရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီက ကူညီပေးနေကြောင်း ယင်းအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်သူဝင်းကပြောသည်။
မေ ၂၉ ည ၇ နာရီခန့်က အဆိုပါကလေးငယ်၏မိခင်မှာ အပြင်ခဏသွားရန်အတွက် ကလေးကို အိမ်နီးချင်းဖြစ်သူ အသက် ၂၇ နှစ်အရွယ် ကိုဝင်းနိုင်ဦးနှင့်အပ်ထားခဲ့ပြီး လမ်းတစ်ဝက်အရောက်တွင် ကလေးအော်သံကြားလိုက်သဖြင့် အိမ်သို့ပြန်လာကြောင်း၊ အိမ်ပြန်ရောက်ချိန်တွင် ကလေးကငိုနေသည်ကို တွေ့ရကြောင်း ကလေးမိခင်ကဆိုသည်။
ကလေးအားစစ်ဆေးကြည့်ရာ မိန်းမကိုယ်မှ သွေးများထွက်နေသည်ကို တွေ့ခဲ့ရသည့်အတွက် လမ်းလူကြီးများကို အကြောင်းကြားပြီး ထန်းတပင်မြို့မရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့သည်ဟု ၎င်းကပြောသည်။ ၎င်းတို့နေထိုင်သည်မှာ အိမ်ခန်း ၄ ခန်းတွဲဖြစ်ပြီး ကိုဝင်းနိုင်ဦးမှာ ဘေးခန်းတွင် နေထိုင်သူဖြစ်သည်။
စွပ်စွဲခံရသူ ကိုဝင်းနိုင်ဦးကို အဆိုပါညတွင်ပင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ထန်းတပင်ရဲစခန်းတွင် ချုပ်ထားကြောင်း၊ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ စွပ်စွဲခံရသူ ကိုဝင်းနိုင်ဦးက ကလေး၏မိန်းမကိုယ်ကို လက်နှင့်ထိုးခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြောင်း ၎င်းကဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထန်းတပင်မြို့မရဲစခန်းမှ ဒုရဲအုပ်ကောင်းမြတ်ဦးကို Myanmar Now မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသည့်အခါ စွပ်စွဲခံရသူ ကိုဝင်းနိုင်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၇၇ တို့ဖြင့် အမှုဖွင့်ထားကြောင်း အတည်ပြုပေးသော်လည်း အသေးစိတ်အချက်အလက်များကို ဖြေဆိုရန် ငြင်းဆန်သည်။
မုဒိန်းမှုပုဒ်မဖြစ်သော ရာဇသတ်ကြီးပုဒ်မ ၃၇၆ နှင့် ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆက်ဆံမှုဖြစ်သော ရာဇသတ် ကြီးပုဒ်မ ၃၇၇ တို့မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ဆယ်နှစ်(သို့မဟုတ်) တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မများဖြစ်သည်။
ယင်းဖြစ်စဉ်ဖြစ်ပြီး တစ်ရက်အကြာတွင် လှိုင်သာယာဆေးရုံသို့ သွားရောက်ပို့ဆောင်ခဲ့ပြီး နာရီအနည်းငယ်ကြာ ကုသမှုပေးပြီးနောက် ဆေးရုံကဆင်းခွင့်ပေးခဲ့သည်။
ယင်းသို့ပြုကျင့်ခံရမှုကြောင့် ကလေးမှာ လူစိမ်းမြင်လျှင် ကြောက်လန့်နေ့ခြင်း၊ မိခင်ကို အနားမှအပျောက်မခံခြင်း၊ ညဘက်တွင် တော်တော်နှင့် မအိပ်ခြင်းတို့ ဖြစ်နေသည်အတွက် ကလေးစိတ်ဒဏ်ရာသွားမည်ကို စိုးရိမ်ကြောင်း ကလေးမိခင်ကဆိုသည်။
မသန်စွမ်းကိုဗစ်နိုင်တင်း အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီက အဆိုပါကလေးငယ်အတွက် ထောက်ပံ့ငွေများ ကူညီပေးရန် စီစဉ်နေသည်ဟု ဦးမြတ်သူဝင်းကဆိုသည်။
အဆိုပါအမှုအား အမြန်ဆုံးအရေးယူနိုင်ရန်လည်း အဆိုပါကော်မတီကဆောင်ရွက်နေပြီး ဇွန် ၁ ရက်ကလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ စာပေးပို့တိုက်ကြားထားကြောင်း ဆက်လက်၍လည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် သက်ဆိုင်ရာဌာနများကိုလည်း တိုင်ကြားသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
စာရင်းများအရ မသန်စွမ်းအမျိုးသမီးများ မတရားပြုကျင့်ခံရမှုကို လိုက်ပါဆောင်ရွက်ပေးရသည်မှာ ၅ မှုထက်မနည်းရှိနေပြီး လာရောက်တိုင်ကြားခြင်းမရှိသည့် အမှုများလည်း ရှိနေသည်ဟု ဦးမြတ်သူဝင်းက ပြောသည်။
Myanmar Now
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျိုးအမြတ်အတွက် COVID-19 ကို လက်နက်အဖြစ် အသုံးချခြင်း
( ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့) ဆီဆိုင် တပ်သိမ်းမြေ ကိစ္စအပေါ် ပအိုဝ်းအရပ်ဖက်များ နှင့် မိတ်ဖက် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ သဘောထား ထုတ်ပြန်ချက်
( ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့) ဆီဆိုင် တပ်သိမ်းမြေ ကိစ္စအပေါ် ပအိုဝ်းအရပ်ဖက်များ နှင့် မိတ်ဖက် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ သဘောထား ထုတ်ပြန်ချက်
၂ဝ၂ဝခုနှစ် ဇူလှိုင်လ (၂) ရက်
ဆီဆိုင်မြို့၊ ပင်စုံကျေးရွာ အုပ်စု နှင့် နောင်ကျောကျေးရွာအုပ်စု တွင် ခမရ ၄၂၃/၄၂၄ တပ်ရင်းများမှ ဒေသခံ တောင်သူလယ်သမားများထံ စိုက်ပျိုးမြေ၊ မြေယာ အဓမ္မ သိမ်းဆည်းခြင်း၊ လယ်သမားများ စိုက်ပျိုးထားသည့် အပင်များ ဖျက်ဆီးခြင်း၊ တောင်သူလယ်သမားများအား တရားစွဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ တောင်သူများ၏ စိုက်ပျိုးရေးထွန်စက်များ သိမ်းယူခြင်း၊ တပ်သိမ်းမြေစာရင်းများ ပွင့်လင်းစွာချပြမှုမရှိခြင်း နှင့် တပ်ရင်းအတွက်လိုအပ်ပမာဏထက် ပိုမိုမြေသိမ်းထားပြီး အသုံးမပြုခြင်း၊ သတ်မှတ်ကာလတွင် စီမံကိန်းအကောင်အထည်မဖော်ထားခြင်းနှင့် ဥပဒေနှင့်မညီသော မြေအငှားချစားခြင်းများ အပေါ် မိမိတို့ အရပ်ဖက် လူမှု အဖွဲ့အစည်းများမှ သိရှိရပါသဖြင့် ပြည်သူတစ်ရပ်လုံးအကျိုးကို ရှေးရှုကာ ဤကဲ့သို့ ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။
လက်ရှိ Covid 19 ကပ်ရောဂါ ကာလတွင် စီးပွားရေး အကြပ်အတည်း အခြေအနေအမျိုးမျိုးများကြောင့် တောင်သူလယ်သမားများ စားဝတ်နေရေးအတွက် ခက်ခဲစွာ ရင်ဆိုင်နေရသည့် အချိန်ကာလလည်း ဖြစ်နေပေသည်။ မိမိတို့၏ တောင်ယာခြံသို့ ဝမ်းရေး အတွက် အရေးတကြီး စိုက်ပျိုးရမည့် အချိန်ကာလ လည်းဖြစ်နေသောကြောင့် စိုက်ပျိုးရေးများအတွက် မျိုးစေ့များ၊ ကြိုတင်ငွေများ သိန်းပေါင်းများစွာ အကြွေးဖြင့် ယူထားပြီးဖြစ်ပါသည်။ ထိုသို့ အကြပ်အတည်းကာလတွင် တပ်မတော်မှ မြေယာ သိမ်းဆည်းမှုများ လုပ်ဆောင်လျက် ရှိပြီး ယခင် ဘိုးဘွားစဉ်ဆက်က ဓလေ့ထုံးတမ်းအရ တောင်သူများ စိုက်ပျိုးလာသည့် မြေများအား အသိအမှတ်မပြုပဲ တပ်ပိုင်မြေဟု ပုံစံအမျိုးမျိုးဖြင့် ပုံဖော်လာခဲ့သည်။ ဒေသခံ လူထုများနှင့် ရာချီသော တောင်သူများ သဘောထားမှာ မိမိတို့ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သော မိမိတို့မြေယာများ ပြန်လည်ရရှိရန် ဆန္ဒထုတ်ဖော်မှုများလည်း ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
ယခင် တပ်မတော် တပ်ရင်း မရောက်ရှိခင်ကာလတွင် ဒေသခံတောင်သူများမှ ဓလေ့ထုံးတမ်းအစဉ်အလာအရ စိုက်ပျိုးရေးလုပ်ငန်း အမျိုးမျိုးအား တည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်စားသောက်လျက် ရှိနေခဲ့ကြပါသည်။ ၁၉၉၂ ခုနှစ် စစ်တပ်ရောက်ရှိလာပြီး နောက်ပိုင်း တပ်မတော် တပ်ရင်းများမှ လမ်းအရှေ့ဘက်သို့ နေရာ အခြေကုတ်ယူခဲ့ပါသည်။ ထို့နောက် စစ်တပ်မှ လမ်းနောက်ဘက်သို့ ထပ်မံနေရာခြေကုတ် ပြန်ယူပြီး တပ်ရင်း တည်ထောင်ခဲ့သည်။ တပ်မတော် ရောက်ရှိလာပြီးသည့် နောက်ပိုင်း စစ်တပ်အတွက် လိုအပ်သော တပ်တည်ဆောက်ရေး၊ ရေ နှင့် ရိက္ခာများအား ဒေသခံလူထုများမှ ကူညီထောက်ပံ့ပေးခဲ့ရသည်။ စစ်တပ်ရောက်ရှိလာပြီး နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် ရွာများ ပြောင်းရွေ့ခံခဲ့ရမှုများလည်း ကြုံခဲ့ရပြီးဖြစ်သည်။ ထိုသို့ ယခုလက်ရှိ တည်ဆောက်ထားသော ခမရ ၄၂၃/၄၂၄ တပ်ရင်း မြေနေရာများအား ပထမအကြိမ် သိမ်းယူခဲ့စဉ်ကလည်းဒေသခံတောင်သူများမှ နားလည်ပေးခဲ့ပြီးဖြစ်ပြီး ယခု တရားမဝင် သိမ်းဆည်း ဧက မှာ ၂၀၄၈.၄ ဧကဖြစ်သည်။ ယခုအခါ ဒေသခံတောင်သူများမှ နှစ်စဉ်မိမိလက်ရှိစိုက်ပျိုး လုပ်ကိုင်လာသော မြေနေရာများအား ထပ်မံအသိမ်းခံလာရသည်ကို တွေ့မြင် သိရှိရသည့်အတွက် တောင်သူများကိုယ်စား အလွန်ပင် ဝမ်းနည်းသနားညှာသာမိပါသည်။
ထိုသို့ ထပ်မံသိမ်းယူလာရာတွင်လည်း မြေယာဥပဒေအရ စနစ်တကျ သိမ်းယူထားခြင်းများ မရှိသကဲ့သို့ မြေသိမ်း မြေလွဲမိန့်စာရင်းများလည်း ပွင့်လင်းစွာချပြခြင်းမရှိသည့်အပြင် ၎င်းမြေများသည် တောင်သူလယ်သမားများ နှစ်စဉ် စိုက်ပျိုးလျက် ရှိနေသည်။ လက်ရှိ မြေသိမ်းဥပဒေ၏ သိမ်းဆည်းမြေများ လုပ်ထုံးလုပ်နည်းနှင့်လည်း ကိုက်ညီမှု မရှိပါ။ လုံးဝ အသုံးမပြုသည်ကို တွေ့နေရသည့်အပြင် စာရင်း နှင့် လက်တွေ့မြေပြင်လွဲချောမှုများ ရှိနေသည်။ တပ်တည်ဆောင်ခြင်း သည်လည်း ဒေသအတွက် လုံးဝ အကျိုးမရှိသည်ကို တွေ့ရှိရသည်။ ယခုနှစ်တွင်လည်း တောင်သူများမှ နှစ်စဉ် အမြဲလိုပင် အစိုးရထံမှ ငွေချေးငှားကာ စိုက်ပျိုးနေရသည့်အတွက် စိုက်ပျိုးခွင့်မရပါက အကြွေးနွံနစ်ပြီး နောက်ဆက်တွဲ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး နှင့် ဘဝ ပျက်စီးစေနိုင်မည် ဖြစ်ပါသည်။
ဒီမိုကရေစီ ကြိုးပမ်းစဉ်ကာလ၊ ငြိမ်းချမ်းရေးတည်ဆောက်စဉ်ကာလ တွင် ယခုကဲ့သို့ လုပ်ရပ်များ လုပ်ဆောင်ခြင်းသည် ဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့် မညီသည့်အပြင် စစ်အာဏာရှင် စနစ်ဆိုး အသက်သွင်းနေသလိုဖြစ်နေပြီး ဥပဒေ မသိနားမလည်သော တောင်သူများအား ဖိနှိပ်နေသလို လူထုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်။ ၁၉၉၁ ခုနှစ်တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် Pa-O National Organization (PNO) နှင့် မြန်မာတပ်မတော်မှ လက်နက် နှင့် ဒီမိုကရေစီ လှဲလည်ခြင်း အမည်ဖြင့် သော်လည်းကောင်း ၊ ၂၀၁၃ ခုနှစ်တွင်လည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် Pa-O National Liberation Organization (PNLO) နှင့်မြန်မာတပ်မတော်မှ ငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်ဆဲရေး သဘောတူစာချုပ်စသည်ဖြင့် အသီးသီး ချုပ်ဆိုခဲ့ပြီးသော်လည်း လက်ရှိ တပ်မတော် တပ်ရင်း၏ လုပ်ရပ်များသည် တောင်သူလယ်သမားများ၏ ဘဝကို အကာအကွယ် မပြုသည့်အပြင် ဖျက်စီးရာရောက်နေပြီး အမျိုးသား သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးကိုလည်း ထိခိုက်လာစေနိုင်သည်ကို မိမိတို့ လူမှုအဖွဲ့အစည်းများအနေဖြင့် ရှုမြင်မိသည်။
မြေသည် တောင်သူများ၏ အသက် နှင့် ငြိမ်းချမ်းရေး ဖြစ်သည်။ မြေမရှိပါက တောင်သူများ ဘ၀ ရပ်တည်၍ မရနိုင်ပါ။ တောင်သူ လူထုများအား ကောင်းမွန်သော ဥပဒေ နှင့် လုပ်ဆောင်ချက်များဖြင့် အခွင့်အရေးကာကွယ်ပေးခြင်းသည် တိုင်းပြည်၏ ပစ္စုပ္ပန် နှင့် အနာဂတ်အတွက် အကာအကွယ်ပေးခြင်း၊ ငြိမ်းချမ်းရေး နှင့် ကောင်းမွန်သော ဖက်ဒရယ် နှင့် ဒီမိုကရေစီ စနစ် တည်ဆောက်ခြင်းသာဖြစ်သည်။ မိမိတို့ အရပ်ဖက် အဖွဲ့အစည်းများသည် လူထုများ မတရားသဖြင့် ရင်ဆိုင်ခံစားနေရသည့် လူထု နှင့် တောင်သူလယ်သမားများအတွက် အဓိက ဝိုင်းဝန်းရပ်တည်ပြီး ချိတ်ဆက်လုပ်ဆောင်သွားကြမည်ဖြစ်ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
ထို့ကြောင့် မိမိတို့ အနေဖြင့် တောင်းဆိုလိုသည်မှာ
(က) တပ်မတော်
(၁) စစ်တပ်မှ သိမ်းဆည်းထားသော မြေများနှင့် အကောင်အထည်ဖော်ထားခြင်းမရှိသော မြေများအား မူလလုပ်ပိုင်ခွင့်တောင်သူများနှင့် လက်ရှိလက်ငုပ်လုပ်ကိုင်နေသော တောင်သူလယ်သမားများထံ ချွင်းချက်မရှိ တရားဝင် ပြန်လည်စွန့်လွှတ် အပ်နှင်းရန်။
(၂) တိုင်းရင်းသား ပြည်သူလူထုများ ကျင့်သုံးနေသော ဓလေ့ထုံးတမ်းမြေယာ စနစ်ကို အသိအမှတ်ပြုရန် နှင့် ပိုင်ဆိုင်ခွင့်၊ စီမံခွင့်အား အပ်နှင်းရန်။
(၃) မြေယာများသိမ်းယူထားသော သက်ဆိုင်ရာ တပ်ရင်းဌာနများအနေဖြင့် မြေသိမ်းခြင်း၊လျော်ကြေးနစ်နာကြေးပေးခြင်း၊ အကောင်အထည်ဖော်ထားခြင်းမရှိသော မြေနေရာများအား ဥပဒေအညီ မူလလုပ်ပိုင်ခွင့်ရ တောင်သူများအား ပြန်လည်စွန့်လွှတ်ပေးခြင်း စသည့် တည်ဆဲမြေယာဥပဒေများပါ ပြဌာန်းချက်များအား လေးစားလိုက်နာပေးရန်။
(ခ) NLD အစိုးရ
(၁) တပ်သိမ်းမြေကိစ္စ နှင့် စပ်လျဉ်း၍ တရားဥပဒေအတိုင်း လူထု၊ တောင်သူလယ်သမားများအခွင့်အရေး မရှုံးဆုံးစေရေးအတွက် သက်ဆိုင်ရာ မြေယာကော်မတီ၊ ကော်မရှင် နှင့် မြေယာစီမံခန့်ခွဲရေးအဖွဲ့ အဆင့်ဆင့်များ အနေဖြင့် ကွင်းဆင်း စစ်ဆေးမှုများ အမြန်ဆုံး ဆောင်ရွက်ပြီး ဒေသခံ လူထုများအား တည်ဆဲမြေယာဥပဒေပါ မြေယာပိုင်ဆိုင်ခွင့်၊ တရားဝင်မြေယာလုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့် လျှောက်ထားခွင့် နှင့် လျှော်ကြေးနစ်နာကြေးများ ရပိုင်ခွင့်တို့အား အမြန်ဆုံး တရားဝင် ကူညီဆောင်ရွက်ပေးရန်။
(၂) နိုင်ငံတော်ရှိ ဆင်းရဲမွဲသေမှု ပပျောက်ရေး၊ တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင့်ရေး စသည့်မူဝါဒလမ်းညွှန်ချက်များ နှင့် ဥပဒေများအရ တောင်သူများ၏ လက်ရှိတပ်သိမ်းမြေများကြောင့် ကြွေးမြီများ၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာမှုအပေါ် တရားမျှတမှုများ အမြန်ဆုံးရရှိရန် တာဝန်ယူကူညီ ဆောင်ရွက်ပေးရန်
(၃) ယခုကာလ မိုးဦးကျတွင် တောင်သူများအား အချိန်မှီ စိုက်ပျိုးခွင့်ရရှိရေး နှင့်ဒေသအလိုက် ဓလေ့ထုံးတမ်း ကိုအခြေခံ၍ တောင်သူများ မြေပိုင်ဆိုင်ခွင့် နှင့်လွတ်လပ်စွာ စိုက်ပျိုးခွင့် ရရှိရန် အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန်။
(ဂ) ပအိုဝ်းအမျိုးသားရေး၊ နိုင်ငံရေး ခေါင်းဆောင်များ
(၁) လက်ရှိဖြစ်ပေါ်နေသော ကိစ္စရပ်များအပေါ် ရေတို၊ ရေလတ်၊ ရေရှည် မူဝါဒ နှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနများသို့ ဒေသခံပြည်သူများ၏ ကိုယ်စား မိဘလူကြီးသဖွယ် ဒေသခံပြည်သူများ အကျိုးအတွက ရှေ့ရှုကာ ညှိုနှိုင်းတိုင်ပင် ပြဿများ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန်။
(၂) တောင်သူလယ်သမားများ လူထုများ၏ မြေယာ အခွင့်အရေး မဆုံးရှုံးစေရေး အခြေခံ၍ အောက်ခြေမှ အထက်ခေါင်းဆောင်များသို့ အဆင့်ဆင့် စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ပေးနိုင်ရန်နှင့် ရည်ရှည်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြေယာမူဝါဒ လမ်းညွန်ချက်ကောင်းများ ပေါ်ထွန်းလာစေရေး အားထုတ်ပေးရန်။
(၃) ငြိမ်းချမ်းရေး လမ်းစဉ် နှင့် လွတ်တော် လမ်းကြောင်းများတွင် လူထုများ လက်တွေ့ရင်ဆိုင်နေရသော မြေ ကိစ္စရပ်များအား ထိရောက်စွာ ဆွေးနွေးအဖြေရှာရန်။
ဆက်သွယ်ရန်
(၁) နန်းဘို ဝ၉၇၈၈၇၄၂၄၁၁
(၂) ခွန်ကျော်နိုင် ဝ၉၇၇၉၄၄၉၄၅၆
(၃) ခွန်ခေတ်စံ ဝ၉၉၆ဝ၈ဝ၈၉၇၇
(၄) ခွန်ဦး ဝ၉၇၆၅၆ဝဝ၈၁၂
(၅) ခွန်ဇော် ဝ၉၄၂၈၃၄၉၅ဝ၇
ထောက်ခံသည့် အဖွဲ့အစည်းများ —
(၁) ပအိုဝ်းအမျိုးသမီး သမဂ္ဂ PWU
(၂) DEMO
(၃) Taunggyi Youth Center
(၄) Pa-O Youth Organization (PYO)
(၅) Kaungrwai Social Action Network (KSAN)
(၆) Shan State Peace Task Force (ရှမ်းပြည်နယ် ငြိမ်းချမ်းရေး အလုပ်အဖွဲ့)
(၇) Peace World Gender Organization
(၈) တောင်ရိုး လူငယ်ကွန်ယက် (ရှမ်းတောင်)
(၉) Farmers And Landworkers Union (Myanmar)
(၁၀) ကျွန်းတထောင်မြေ ဖောင်ဒေးရှင်း
(၁၁) Green Rights Organization
(၁၂) NeT Organization
(၁၃) Youth Circle
(၁၄) National Ethnic Youth Alliance (NEYA)
(၁၅) Educational Initiatives (EI)
(၁၆) Pa-O Health Working Committee (PHWC)
(၁၇) Pa-O National Youth Conference
(၁၈) Student and Youth Congress of Burma (SYCB)
(၁၉) Karen Youth Organization
(၂၀) Zomi Student and Youth Organization
(၂၁) Kayan New Generation Youth
(၂၂) Kuki Student’s Democratic Front
(၂၃) All Arakan Students’ & Youths Congress
(၂၄) All Burma Students’ Democratic Front
(၂၅) Mon Youth Progressive Organization
(၂၆) Pa-O farmer Development Union (PFDU)
(၂၇) Shan State Ethnic Youth Federation (SSEYF)
(၂၈) Wan Lark Development Foundation
(၂၉) Social Program Aid for Civic Education (SPACE)
(၃၀) Peace working committee
(၃၁) Peasant legal Aid Network (PLAN)
(၃၂) Kachin Youth Organization (KYO) (Shan State)
(၃၃) Action Group for Resource Accountability in Myanmar (AGRAM)
(၃၄) Arakan Oil Watch (AoW)
(၃၅) Bridging Rural Integrated Development Grassroots Empowerment (BRIDGE)
(၃၆) Kachin Development Networking Group (KDNG)
(၃၇) Human Rights Foundation of Mon Land (HURFOM)
(၃၈) Karen Environmental and Social Action Network (KESAN)
(၃၉) Karenni Evergreen (KEG)
(၄၀) Kayah Earthrights Action Network (KEAN)
(၄၁) Kuki Women’s Human Rights organization (KWHRO)
(၄၂) Kyauk Phyu Rural Development Association (KRDA)
(၄၃) Lahu Development Network (LDN)
(၄၄) Lahu National Development Organization (LNDO)
(၄၅) Mungchying Rawt Jat (MRJ)
(၄၆) Network for Environmental and Economic Development (NEED)
(၄၇) Shan Sapawa Environmental Organization (Sapawa)
(၄၈) Shan State Farmers Network (SSFN)
(၄၉) Tarkapaw Youth Group (TKP)
(၅ဝ) Tavoyan Women’s Union (TWU)
(၅၁) Inntha Ethnic Youths Network
(၅၂) SaNar (စာနာ အဖွဲ့)
(၅၃) Badeidha Moe Civil Society Organization
(၅၄) သံဖြူဇရပ် မြို့နယ်ဆုံးဆိုင်ရာ မွန်လူငယ်အဖွဲ့အစည်း
(၅၅) Citizen’s Action for Transparency
(၅၆) အားသစ်ရောင်ခြည် အဖွဲ့ (ရန်ကုန်)
(၅၇) Alinsaetamarn Library & Resource Center
(၅၈) Kadu youth Development Association
(၅၉) Burma Environmental Working Group (BEWG)
Yellow Need to confirm individual orgs for below (Burma Environmental Working Group) confirm
And waiting other confirmation for new endorsement
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (သတင်းလွှာ)
ဤသတင်းလွှာကို ထုတ်ဝေသည့်အချိန်သည် တကမ္ဘာလုံး၌ COVID-19 ကမ္ဘာအနှံကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိပါသည်။ COVID-19 ပြန့်ပွားမှုကိုရပ်တန့်ရန်နှင့် ခုခံအားအားနေသာ လူမှုအသိုင်းအဝိုင်းများကို ကာကွယ်ရန်၊ ကမ္ဘာအနှံသွားလာလှုပ်ရှားမှုနှင့် ခရီးသွားလာမှုတို့အပေါ် သိသိသာသာ ကန့်သတ်ချက်များဖြစ်ပေါ်လာသည်။
မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သော အဆိုးဝါးဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေချိုးဖောက်မှုများ၏ အထောက်အထားများအား ယန္တရားက ဆက်လက်စုဆောင်း၊ ပေါင်းစည်း၊ ထိန်းသိမ်း စီစစ်သုံးသပ်လျှက်ရှိကြောင်း သက်ဆိုင်သူများအားလုံးကို အသေအချာပြောဆိုလိုပါသည်။ ယန္တရားသည် ဆက်လက်၍ သက်ဆိုင်သူများအားလုံးနှင့်လည်း နည်းမျိုးစုံဖြင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (သတင်းလွှာ) ရယူရန်
အမ်းမြို့နယ်က ဒေသခံ ၁၉ ဦး ဖမ်းဆီးခံထားရ
ရိုဟင်ဂျာသိန်းချီ ထွက်ပြေးရတဲ့ ရခိုင်မြောက်ပိုင်း ရာဇဝတ်မှုတွေ အရေးယူနိုင်ရေး အမှုဖွင့်
ရခိုင်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ် အရေးယူနေပါတယ်ဆိုတဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်ချက်တချို့ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အကြံပြုချက်တွေအတိုင်း ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေး တရားစွဲဆိုမှုတွေ လုပ်ဆောင်နေပါတယ်လို့ မေလ ၁၅ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာတာပါ။ နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနဲ့ တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့မှာပါတဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်က နေရာ ၁၃ ခုမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေထဲကနေ အခုချိန်အထိ အမှုဖွင့် အရေးယူဆောင်ရွက်နေတာဟာ အမှုပေါင်း ၉၁ မှုအထိ ရှိနေပါကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက မေလ ၁၅ ရက်နေ့က ကြေညာတာပါ။
အခုလို ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲပါတဲ့ တရားစီရင်မှု စုံစမ်းစစ်ဆေးမှုတွေဟာ အထူးသဖြင့် ရခိုင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့ စိုးရိမ်နေတဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင် ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ သက်သေပြဖို့ လိုတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အကြံပြုပါတယ်။
“မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအပိုင်းနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတကာမှာရောပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရော တော်တော်များများက သံသယရှိတယ်။ တကယ့်ကို သက်သေအထောက်အထား အခိုင်အလုံရှိတဲ့ သာမန် အရပ်သားအမှုတွေတောင် ပျောက်သွားတာရှိတယ်။ အခုလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တယ်၊ နောက်တခုက ကျူးလွန်တဲ့သူတွေက အစိုးရနဲ့ သက်ဆိုင်တဲ့အဖွဲ့တွေ နောက် အာဏာရရှိထားတဲ့ အဖွဲ့တွေက ကျုးလွန်တဲ့အမှုမျိုး ဆိုလို့ရှိရင် ပြည်တွင်းမှာရှိတဲ့ တရားစီရင်ရေးက အကောင်အထည် ဖော်နိုင်မလားဆိုတာ အမြဲတမ်း သံသယရှိသလို မေးခွန်းလည်း ထုတ်ခံထိပါတယ်။ ဒါကို နိုင်ငံတကာကလည်း အဓိက ထောက်ပြတယ်။
“ဒီလို ပြည်တွင်းတရားစီရင်ရေးမဏ္ဍိုင် အားမကောင်းတဲ့အတွက် နိုင်ငံတကာ တရားစီရင်မှုကိုပဲ သွားပါဆိုတဲ့ တိုက်တွန်းမှုတွေ ရှိလာတယ်။ ဒါကြောင့် အခုစုံစမ်းတယ်လို့ ကျနော်တို့သိတယ်။ ဟုတ်ကဲ့ ကောင်းပါတယ်။ စုံစမ်းပြီးတော့ ထိရောက်သော အရေးယူမှု ရလား မရလား အရင်တုန်းကလို ရခိုင်ဒေသမှာပဲ အပြစ်မဲ့ပြည်သူကို သတ်ဖြတ်ပါတယ်ဆိုတဲ့ တပ်မတော်သားတွေကို အရေးယူတာ ကျနော်တို့သိတယ်။ နောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လပိုင်းလောက်ပဲ နေပြီးတော့ ပြန်လွတ်သွားတယ်ဆိုတဲ့ ကိစ္စက ဂုဏ်တက်မယ့်အစား ပိုပြီးတော့ နာမည်ပျက်စရာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်လို့ ရှေ့နေချုပ်ရုံးက လုပ်ဆောင်တာ ကောင်းပါတယ်။ အမှန်အတိုင်း သွားနေပါတယ်ဆိုတဲ့ လမ်းကြောင်းဆိုတာကို ပြောနိုင်ပေမယ့် ယုံကြည်မှုရဖို့ကတော့ တော်တော်အားနည်းနေတုန်း ဖြစ်မှာပါ။”
ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင် အဖွဲ့ဝင်လည်းဖြစ် ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေး ဦးဆောင်လှုပ်ရှားသူလည်းဖြစ်တဲ့ ဟာဂျီဦးအေးလွင်ကတော့ အခုလို ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ရခိုင်အရေး စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူမှုတွေကို ထုတ်ပြန်ကြေညာချက်အပေါ် ကြိုဆိုထောက်ခံပြီး တကယ်ပဲ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကျူးလွန်သူတွေကို အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့လိုတယ်လို့ အကြံပေးပါတယ်။
“တစ်အချက်ကတော့ အခုကျူးလွန်ခဲ့တယ်ဆိုတဲ့ ဟာတွေကို အသိအမှတ်ပြုပြီလေ။ ဒါကတော့ ကောင်းတဲ့ခြေလှမ်းတခုပေါ့နော်။ အဲ့တော့ တကယ်ကျူးလွန်ခံရလို့ ဒုက္ခရောက်သွားတဲ့ သူတွေကတော့ နစ်နာသူ VICTIMS တွေကတော့ သူတို့ကြုံရတဲ့ ဒုက္ခတွေကတော့ ပြန်ကုစားဖို့ လွယ်တော့မှာမဟုတ်ဘူး။ သို့သော် ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကို ပြစ်မှုနဲ့ပြစ်ဒဏ် မျှအောင် အရေးယူဆောင်ရွက်ဖို့တော့ လိုတယ်။ မဟုတ်လို့ရှိရင် ပြစ်မှုကို ကာကွယ်ပေးတဲ့ Impunity ဆိုတဲ့ ကာလထဲကို ဝင်သွားလိမ့်မယ်။ အဲ့ဒါကြောင့် တကယ်ပြစ်မှုကျုးလွန်တယ် ဆိုတဲ့သူတွေကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ နောက်နောင် ဒီလိုကိစ္စရပ်တွေ မဖြစ်ရလေအောင် အဟန့်အတား ဖြစ်သွားစေပါတယ်။ အဲ့ဒါကြောင့် တိတိကျကျ တရားခံများကို ဖော်ထုတ်ဖို့ရယ် အထောက်အထားတွေကို ခိုင်မာအောင် တည်ဆောက်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
“အပြစ်ပေးသလို ဒီလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်အောင် လူမှုအသိုင်းအဝိုင်းကြား သဟဇာတဖြစ်အောင် ဘာသာပေါင်းစုံတွေကလည်း ဝိုင်းကြိုးစားနေကြပါတယ်။နောက် နှစ်နိုင်ငံချင်းရော UNHCR, UNDP စတဲ့ ကုလနဲ့ရော သဘောတူညီချက်တွေ လက်မှတ်ထပ်ထိုးနေတာတွေရှိတယ်။ အဲ့တော့ နစ်နာသူ ထွက်ပြေးရသူတွေဟာ အခုဆိုရင် သူတို့ရဲ့ နေရင်းမှာပဲ ပြန်အခြေချနေချင်ကြတယ်။ နောက် သူတို့ပိုင်ဆိုင်တဲ့ အိုးအိမ် လယ်ယာ ကျွဲနွားတွေ ပြန်မရနိုင်တောင် လျော်ကြေးပေးရမယ်။ သူတို့ အသက်မွေးဝမ်းကြောင်းမှု လူတွေပြန်ရောက်လာရင်လည်း လုပ်ဖို့လိုအပ်တယ်။ အဲ့ဒါလေးတွေလည်း အဓိကဦးစားပေး လုပ်ဖို့လိုတယ်လို့ ကျနော်က ထင်ပါတယ်ခင်ဗျာ။”
လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကတော့ ဒီစီရင်မှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အများပြည်သူ ကြားနာနိုင်တဲ့ ခုံရုံးတွေဖွင့်ပြီး အသိပေးသင့်တယ်လို့ ဆိုပါတယ်။
“ဒါမျိုးကိစ္စတွေ စွပ်စွဲခံထိတဲ့သူတွေကို ဘယ်လိုမျိုး အရေးယူလဲ၊ ဘယ်လိုအချက်တွေနဲ့ ဘယ်လောက်အထိ အရေးယူသလဲဆိုတာ ပွင့်လင်းမြင်သာသော တရားစီရင်မှု အမိန့်ချမှတ်မှုတွေကို ပြည်သူလူထုသိအောင် လုပ်ဆောင်စေချင်ပါတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ လူအများကြားနာနိုင်တဲ့ တရားရုံးနဲ့ ကြားနာရမယ်ဆိုတဲ့ အချက်ပါတယ်။ ဘယ်လိုအရေးယူပြီးတော့ ဘယ်လောက်ထိ လုပ်ဆောင်ထားသလဲဆိုတာကို ရီပို့ထဲမှာတင်မကဘဲ ပြည်သူတွေကြားထဲမှာလည်း ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
“နောက်တခုက ရီပို့တင်ခါနီးမှ ဒီလိုအမှုတွေကို ဖြေရှင်းတာမျိုး မဟုတ်ဘဲနဲ့ ရခိုင်ပြည်နယ်မှာ တလျှောက်လုံးဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုင်ရှင်မဲ့ဆိုပြီး ပျောက်သွားတဲ့ အမှုတွေကလည်း အများကြီးပဲ။ ဒီအမှုတွေကို စဉ်ဆက်မပြတ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ထိရောက်သော အရေးယူသော တရားဥပဒေစိုးမိုးမှုနဲ့ တရားစီရင်မှု အားကောင်းဖို့ဆိုတဲ့ စနစ်ကြီးကို ထူထောင်နိုင်မှဖြစ်မှာပါ။ ရီပို့တင်ခါနီးမှ အမှုတွေ တင်ပြတာမျိုး ဆိုရင်တော့ ဟန်ပြသဘောမျိုးပဲ မြင်ကြမှာ သေချာပါတယ်။”
ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ စုံစမ်းခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် Independent Commission Of Enquiry (ICOE) ရဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲကပဲ ထုတ်ပြန်ခဲ့တဲ့ အပြီးသတ် အစီရင်ခံစာထဲမှာ ရခိုင်ပြည်နယ် မင်းကြီးရွာ၊ ချွတ်ပြင်ရွာ၊ မောင်နုရွာနဲ့ ဂူတာပြင်ကျေးရွာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ အစုလိုက် အပြုံလိုက် သတ်ခံခဲ့ရတယ်ဆိုတာ ထည့်သွင်းဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာတရားခုံရုံး (ICJ) မှာ တရားစွဲဆိုခံထားရပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် သွားရောက်ဖြေရှင်းခဲ့ရတာပါ။ ရခိုင်ပြည်အရေးမှာ ရာဇဝတ်ပြစ်မှု ကျုးလွန်သူတွေကို တရားရုံးတင် စုံစမ်းစစ်ဆေးမှုတွေ ဖော်ထုတ်အရေးယူမှုတွေဟာ နိုင်ငံတကာကိုရော ပြည်သူလူထုကိုပါ ပွင့်လင်းမြင်သာစွာနဲ့ အများပြည်သူ တက်ရောက်နိုင်တဲ့ တရားခွင်တွေ ဖွင့်လှစ်ပြီး ထုတ်ဖော်ပြသင့်တယ်လို့ လူ့အခွင့်အရေး ဆောင်ရွက်နေသူတွေက ထောက်ပြပြောဆိုနေကြတာ ဖြစ်ပါတယ်။
VOA News