အခြေခံအယူအဆ

• အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှမှု (TJ) လုပ်ငန်းစဥ်များထဲမှာ တခုမှာ “ပြန်လည်ကုစားပေး လျော်မှု (Reparation)” ဖြစ်သည်။

• ပြန်လည်ကုစားပေးလျော်မှုကို အတိတ်ကာလက လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်ခံ ရသူများ နှင့် ၎င်းတို့၏ မိသားစုများအတွက် နစ်နာခဲ့မှုများကို အသိအမှတ်ပြုကာ ကုစားပေး ခြင်းဖြစ်သည်။

• ပြန်လည်ကုစားပေးလျော်မှု (Reparation) ကို နစ်နာသူ တဦးချင်းကို ပေးအပ်ခြင်းနှင့် နစ်နာသူ လူအုပ်စုအလိုက် ပေးအပ်ခြင်းမျိုး ဆောင်ရွက်လေ့ရှိသည်။

• ပြန်လည်ကုစားပေးလျော်မှုကို အသွင်ကူးပြောင်းရေးကာလတွင် တရားဝင်ဖွဲ့စည်းပေးသည့် အမှန်တ ရားနှင့်ပြန်လည်သင့်မြတ်ရေးကော်မရှင် (TRC) များ၏ တွေ့ရှိချက်နှင့် အကြံပြုချက် များအပေါ် အခြေခံ၍ နစ်နာသူများအပေါ် သက်ဆိုင်ရာ အစိုးရများက ဆောင် ရွက်ပေးကြသည်။

ပြန်လည်ကုစားပေးလျော်မှု (Reparation) အမျိုးအစားများမှာ-

• ပေးလျော်ခြင်း (Compensation)

• ပြည်လည်ဖြည့်ဆည်းပေးခြင်း (Restitution) • ပြန်လည်ထူထောင်ပေးခြင်း (Rehabilitation)

• ကျေနပ်နှစ်သိမ့်မှု (Satisfaction) (အသိအမှတ်ပြုခြင်း၊ အထိမ်းအမှတ် အမှတ်တရများ စိုက်ထူခြင်း၊ ပြတိုက်များ တည်ဆောက်ပြသခြင်း)။

(၁) မြန်မာနိုင်ငံအကျပ်အတည်းအတွက် မြန်မာပြည်သူများ ဦးဆောင်သော ပြည်သူကိုဗဟိုပြုသည့် ဖြေရှင်းချက် ရရှိနိုင်ရန် ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်ဆောင်ရွက်ရမည်။ အာဆီယံ၏ “မြန်မာပိုင်၊ မြန်မာဦးဆောင်” ချဉ်းကပ်မှုသည် မြန်မာပြည်သူများ၏ စုပေါင်းဆန္ဒကို ထောက်ခံပံ့ပိုး ပေးသည့် စစ်မှန်သောနိုင်ငံရေးဆန္ဒဖြင့် ကျောထောက်နောက်ခံပြုရန်။

(၂) တရားမ၀င်စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံရန် သို့မဟုတ် အပေးအယူလုပ်ရန် မြန်မာနိုင်ငံ၏ တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများအပေါ် ဖိအားပေးမှုအားလုံးကို ရပ်တန့်ရန်နှင့် စစ်အုပ်စုအား လုံးလုံးလျားလျား ဖယ်ထုတ်ထားသည့် ပြည်တွင်းနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို ထောက်ခံအားပေးရန်။

(၃) စစ်အုပ်စုနှင့် စီးပွားရေး၊ စစ်ရေး အပါအဝင် ထိတွေ့ဆက်ဆံမှုအားလုံးကို အဆုံးသတ်ပြီး မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များနှင့် တရားဝင်ထိတွေ့ဆောင်ရွက်ရန်။

(၄) စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချပြီး ထောက်ခံမှုများ သို့မဟုတ် ထောက်ခံမည့် အစီအစဉ်အားလုံးကို ရပ်တန့်ရန်။

(၅) တရားဝင်မှုရှိသော သက်ဆိုင်သူများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ပေးအပ်ရန်။

(၆) စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ ကျူးလွန်မှုများအတွက် နိုင်ငံတကာဥပဒေအောက်တွင် မြန်မာစစ်တပ်ကို တာဝန်ခံစေရန် နိုင်ငံတကာနှင့် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများတွင် ပူးပေါင်းပါဝင်ရန်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ လူ့အခွင့်အရေးနေ့တွင် အသစ်ထုတ်ဝေသော အကျဉ်းချုပ်စာတမ်း “လေကြောင်း တိုက်ခိုက်ခြင်း” 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၀ ရက်။

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) က “လေကြောင်းမှ တိုက်ခိုက်မှုများ” အမည်ရှိ နောက်ဆုံးရအကျဉ်းချုပ် စာတမ်းကို လူ့အခွင့်အရေးနေ့တွင် ထုတ်ဝေပါသည်။ ယခု အကျဉ်းချုပ် စာတမ်းထဲတွင်  ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ကချင်ပြည်နယ်၊ ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုများကို ထည့်သွင်းဖော်ပြထားပါသည်။ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်မှုပုံစံအားလုံးကို ND-Burma မှ ရှုတ်ချပြီး စစ်အာဏာရှင်တပ်၏ တိုက်ခိုက်မှုကို အမြဲကြောက်ရွံ့ နေရသော အရပ်သားများကို အကာအကွယ်ပေးရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ချက်ချင်းအရေးယူ ဆောင်ရွက်ရန် တောင်းဆိုထားပါသည်။

ND-Burma ကွန်ရက် အဖွဲ့ဝင်များမှရရှိသော သတင်းအချက်အလက်များကို စုပေါင်း၍ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာဖြင့် ပြုစုထားသော သုတေသနစာတမ်း ဖြစ်ပါသည်။ ကချင်ပြည်နယ်၊ ကရင်နီ ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နိုဝင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု (၂၅) ကြိမ်ဖြစ်ပွားခဲ့ပြီး အရွယ် ရောက်ပြီးသူ (၂၅) ဦး နှင့် ကလေး (၁၀) ဦး သေဆုံးကာ လူကြီး (၂၃) ဦး နှင့် ကလေး (၅၁) ယောက် အပါအဝင် စုစုပေါင်း (၇၄) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ဤလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း တကျောင်း နှင့် ဘုန်းကြီး ကျောင်း  တကျောင်း၊ ဆေးရုံ၊ လက်ဖက်ရည်ဆိုင်၊ ရုံးဌာန အဆောက်အဦး (၅)လုံး နှင့် ကား (၆) စီး အပါအဝင် အနည်းဆုံးစုစုပေါင်း အ‌ဆောက်အအုံ (၇၇) လုံး  ပျက်စီးဆုံးရှုံးခဲ့ပါသည်။ ထိုလေကြောင်း တိုက်ခိုက်မှု အားလုံး ကို အာဏာသိမ်းစစ်အာဏာရှင်တပ်မ ကျူးလွန်ခဲ့ခြင်းဖြစ်ပါသည်။

စစ်အာဏာရှင်တပ်အတွင်း လက်ရှိဖြစ်ပျက်နေသော   စိတ်ဓာတ်ပျက်ပြားမှုများနှင့် ဘက်ပြောင်းနေမှု များကြောင့် အားနည်းလာကာ နိုင်ငံတစ်ဝန်းတ္ငင် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လျှက် ရှိနေပါသည်။ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များ၏ သိသာထင်ရှားသော အောင်မြင်မှုများ သည် စစ်အာဏာရှင်တပ်၏ သမိုင်းဝင်ရှုံးနိမ့်မှုဖြစ်သကဲ့သို့ တိုင်းရင်းသား လူမျိုးစုများ ပိုင်ဆိုင်သည့် နယ်မြေများ ပြန်လည်သိမ်းယူနိုင်ခြင်းပင် ဖြစ်ပါသည်။ မြန်မာစစ် အာဏာရှင်တပ်၏ အမြဲမပြတ် တပ်ဖြန့်လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သား ပြည်သူများ ကိုပင် သီးသန့် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ပါသည်။ အားနည်းထိခိုက်လွယ်ပြီး ကာကွယ်မှုမဲ့ နေသော စစ်ရှောင်နေရာများ နှင့် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသူများအပေါ် စစ်အာဏာရှင်များ၏ တိုက်ခိုက် နေမှုက ၎င်းတို့၏ သရဲဘောကြောင်ခြင်း နှင့် လူ့အသက်များကို ပေါ်ပေါ်ထင်ထင် တန်ဖိုးမထား လျစ်လျူရှုနေ သည်ကို ထင်ရှားစေပါသည်။

ယခု အကျဉ်းချုပ်စာတန်းထဲတွင် မှတ်တမ်းတင်ထားသော လေကြောင်းတိုက်ခိုက်မှုများသည် စစ်ဘေး စစ်ဒဏ် ကြောင့် စိတ်ဒဏ်ရာရှိနေသော ပြည်သူများ အိပ်စက်ချိန် အနားယူချိန်များဖြစ်သည့် မနက်အစောပိုင်း နှင့် ညနေပိုင်းအချိန်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDPs) များ၏ ယာယီတဲများ နှင့် စစ်ရှောင်စခန်းများ အပါအဝင် ဒေသခံလက်ဖက်ရည်ဆိုင်များကို လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ကြ ခြင်းဖြစ်သည်။ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီးများ နှင့် ကလေးသူငယ်များ ပါဝင်နေပြီး စစ်အာဏာရှင်တပ်များ၏ မသက်ညှာသော တိုက်ခိုက်မှုများကြောင့် မိသားစုဝင်များသည် ကြီးမားသော ပျက်စီး မှုများ နှင့် ဆုံးရှုံးမှုများ ကို ဆက်လက်ခံစားနေကြရပါသည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) မှ မြန်မာ့စစ်ရာဇဝတ်သား မင်းအောင်လှိုင်ကို ၎င်း၏ ရိုဟင်ဂျာ လူနည်းစုများအပေါ် အချိန်ကြာမြင့်စွာ နှိပ်စက်ညှဥ်းပန်းမှုများ ကျူးလွန်ထားသော ရာဇဝတ်မှုများအတွက် ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားချက်ကို ND-Burma မှ ကြိုဆိုပါသည်။ လူတစ်ဦးချင်းစီတွင် အသက်ရှင် သန်ပိုင်ခွင့်၊ ဘေးဥပါဒ်မှ လွတ်ကင်းပြီး အသက်ရှင်နေထိုင်ခွင့်၊ အခြေခံလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများအား အပြည့်အဝ ကာကွယ်စောင့်ရှောက်ခံရရန် အခွင့်အရေးရှိပါသည်။  စစ်အာဏာရှင်များသည် ဥပဒေ၏ အထက် တွင် မရှိသလို၊ ယခု ဝရမ်းထုတ်ဆင့်ရန် လျှောက်ထားမှုအဆင့်သည် ရှေ့ဆက်မည့် ခြေလှမ်းအတွက် အရေး ပါလွန်းပြီး မြန်မာပြည်ငြိမ်းချမ်းရေးနှင့် တရားမျှတမှုဖြင့် အာဏာရှင်စနစ် ချုပ်ငြိမ်းသွားစေရန်ဦးတည်နေပါ သည်။

အာဏာရှင်များ၏ ဖိနှိပ်မှုအောက်တွင် ဒုက္ခကြီးမားစွာခံစားခဲ့ရသော ပြည်သူများအတွက် ပြန်လည် ကုစားပေးလျော်ခြင်းများဖြင့် အသွင်ကူးပြောင်းရေး ဆိုင်ရာတရားမျှတမှုကို လုပ်ဆောင်ရန်နှင့် အသိအမှတ်ပြု ရန် အရေးကြီးပါသည်။  ND-Burma ၏ အကျဉ်းချုပ်စာတန်းတွင် ဖော်ပြထားသော အရပ်သားများအပေါ် လေ ကြောင်းတိုက်ခိုက်မှုနှင့် ဗုံးကြဲတိုက်ခိုက်မှု ကိစ္စရပ်များအပေါ် အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့များ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အလေးအနက်ထားဆောင်ရွက်ကြရမည် ဖြစ်ပြီး တရားမ၀င် စစ်အာဏာရှင်များနှင့် လက်ရှိဆက်ဆံရေးအားလုံးကို အဆုံးသတ်ကြရမည်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာမှ တာဝန်ရှိသူများ အနေ ဖြင့်လည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်နေသူများ ဆောင်ရွက်နေသည့် “ပြည်သူများ ခံစားခွင့်ရှိသည့် လူ့ အခွင့်အရေးများ ကိုယ်တိုင် သိရှိလာစေရန်အတွက် အသိပေးမှုများနှင့် ဆန့်ကျင်ဖက်ရပ်ဝန်းအား ပြန်လည် တွန်းလှန်ရဲသော သတ္တိများပေးနေခြင်း ကဲ့သို့သော” အဓိပ္ပါယ်ပြည့်ဝသည့် လုပ်ဆောင်မှုများ ဆက်လက်ဖော် ဆောင်နိုင်ရန်အလို့ငှာ ကူညီထောက်ပံ့မှုများ ပေးရမည်ဖြစ်ပါသည်။

မြန်မာပြည်၏ အနာဂတ်သည် မြန်မာပြည်သူပြည်သားများသာ ပိုင်ဆိုင်ပါသည်။

ပိုမိုသိရှိလိုပါက:

နိုင်အဲမွန်

Signal: +66 86 1679 741

ဆန်ထွယ်

Signal o: +66 64 9369 070


လူအခွင့်အရေး မှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma)  သည် အဖွဲ့ပေါင်း ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသား လူမျိုးစုများ၊ အမျိုးသမီးများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကိုယ်စားပြုပါဝင်ကြပါသည်။ ၂၀၀၄ ခုနှစ်မှစတင်ကာ လူအခွင့်ရေး ချိုးဖောက်မှုများ နှင့် ချိုးဖောက်ခံရသူများ၏ တရားမျှတမှုနှင့် ချိုးဖောက်သူများ တာဝန်ယူ တာဝန်ခံမှု ရှိစေရန် မှတ်တမ်းတင်လျှက်ရှိသည်။ ကွန်ရက်တွင် အမြဲတမ်းအဖွဲ့ဝင် (၉) ဖွဲ့နှင့် ဆက်စပ်အဖွဲ့ဝင် (၄) ဖွဲ့ တို့ဖြင့် ဖွဲ့စည်းထား သည်။

ဤအကျဉ်းချုပ်စာတမ်းမှာ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) က ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ကရင်နီပြည်နယ်တို့တွင် စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထား၍ ကျူးလွန်သော လေကြောင်းတိုက်ခိုက်မှုများ၏ သက်ရောက်မှုများ အား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ဆန်းစစ်သုံးသပ်ထားခြင်းဖြစ်သည်။ 

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကောက် ခံရရှိသော အချက်အလက်များနှင့် အွန်လိုင်းမှ ရှာဖွေတွေ့ရှိသော သတင်းအချက်အလက်များကို စုပေါင်း၍ ပြုစုထားသော စာတမ်းဖြစ်သည်။ ထိုတွေ့ရှိချက်များအရ နိုဝင်ဘာလအတွင်းတွင် အထက်ဖော်ပြပါ ဒေသ (၃) ခုကို  စစ်အာဏာရှင်မှ လေကြောင်းတိုက်ခိုက်မှု (၂၅) ကြိမ် ပြုလုပ်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုများကြောင့် အရွယ်ရောက်ပြီးသူ (၂၅) ဦး နှင့် ကလေး (၁၀) ဦး သေဆုံးခဲ့ပြီး  လူကြီး (၂၃) ဦး နှင့် ကလေး (၅၁) ဦး စုစုပေါင်း (၇၄) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ဤလေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘာသာရေးဘုရားကျောင်း (၁) ကျောင်း၊ ဘုန်းကြီးကျောင်း  (၁)ကျောင်း အပါအဝင် ဆေးရုံ၊ လက်ဖက်ရည်ဆိုင်၊ ရုံးဌာန အဆောက်အဦး (၅)လုံး နှင့် ကား (၆) စီး စုစုပေါင်း အ‌ဆောက်အအုံ (၇၇) လုံး ပျက်စီး ဆုံးရှုံးခဲ့ပါသည်။

ND-Burma အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သော ပအိုဝ်းလူငယ်အဖွဲ့ (PYO)၊ ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT)နှင့် တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့ (TSYU)   တို့ အပါအဝင် မြန်မာ နိုင်ငံရှိဒေသအနှံ့တွင် ကွင်းဆင်းဆောင်ရွက်နေသည့် အဖွဲ့ဝင်များရှိပါသည်။ တင်ပြထားသော အမှုပေါင်း (၂၅) မှုအနက်တွင် (၁၄) မှုကို ND-Burma ၏အဖွဲ့အစည်းများမှ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပါသည်။ အဖွဲ့ဝင်များ၏ မှတ်တမ်းတင် ကြိုးပမ်းချက်များသည် စစ်အာဏာရှင်တို့ ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူ တာဝန်ခံမှုရှိစေရန်အတွက် သက်သေများကို စုဆောင်းရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဆက်လက်လုပ်ဆောင် လျက်ရှိသော မှတ်တမ်းတင်ပြုစုနိုင်ရန် ကြိုးပမ်းမှုများသည် စစ်အာဏာရှင်တို့အား ၎င်းတို့၏ ရာဇ၀တ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် အတွက် လိုအပ်သော နောက်ထပ် သက်သေအထောက်အထားများကို အဓိက စုဆောင်းနေခြင်း ဖြစ်ပါသည်။

လေကြောင်းတိုက်ခိုက်မှုများ များပြားလာခြင်းကြောင့် ပစ်မှတ်ထားတိုက်ခိုက် ခံရသောနေရာများအတွက် စစ်ရှောင်နေရာများတွင် လုံလောက်သော နေရာထိုင်ခင်းနှင့် အမိုးအကာများ၊ အစားအစာနှင့် ဆေးဝါးအထောက်အပံ့များ မရရှိခြင်းအပါအဝင် ရေရှည်စိန်ခေါ်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။ စစ်အာဏာရှင်တပ်၏ စဉ်ဆက်မပြတ် ကြားဖြတ်တိုက်ခိုက်ခြင်း နှင့်ပိုမိုဆိုးရွားလာသော ထိုးစစ်များကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းနှင့် ထိုအကူအညီများကို ဘေးကင်းလုံခြုံစွာ ပေးအပ်နိုင်ရေးများအတွက် အတားအဆီးများဖြစ်‌ပေါ်လျက်ရှိသည်။

စစ်အာဏာရှင် စစ်ကောင်စီ ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်မှုများကိုခံစားနေရသော ပြည်သူများအတွက် လိုအပ်နေသောအရေးပေါ် အကူအညီများကို စစ်အာဏာရှင်တပ် မှ ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်လျက်ရှိသည်။ ပြည်သူအများစုအပေါ် အဓိကထား တိုက်ခိုက် နေသော တိုက်ခိုက်မှုများ အထူးသဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများအတွက် တာဝန်ရှိသူမှာ စစ်ကောင်စီသာ ဖြစ်ပါသည်။

လေကြောင်းတိုက်ခိုက်မှုများသည် ညသန်းခေါင်ယံ အချိန်နှင့် မနက်အစောပိုင်း အချိန်များတွင် မကြာ ခဏ တိုက်ခိုက်လေ့ရှိသည်။ ထိုတိုက်ခိုက်မှုကို သတိပေးရန် (သို့မဟုတ်) ဘေးကင်းသော နေရာသို့ ရှောင်ရှားရန်အတွက် အချိန်အနည်းငယ်မျှသာ ရပါသည်။ စစ်အာဏာရှင်သည် ယာယီတဲများ၊ စစ်ရှောင်စခန်းများ၊ နေအိမ်များ၊ ရွာများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ နှင့် ဆေးခန်းများတွင် ရွှေ့ပြောင်းနေထိုင်သူများကို ပစ်မှတ်ထား အကြမ်း ဖက်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိပါသည်။  အသက်ရှင်ကျန်ရစ် သူများသည်လည်း ၎င်းတို့အပေါ် မဆင်မခြင် ပစ်မှတ်ထားသော တိုက်ခိုက်မှုများနှင့် မသေချာ မရေရာမှုများကို ခံစားခဲ့ရသောကြောင့် နောက်ဆက်တွဲ စိုးရိမ်ပူပန်မှုများ နှင့် စိတ်ဒဏ်ရာများစွာ ခံစားနေရကြောင်းကိုလည်း ဖော်ပြခဲ့ကြသည်။

စစ်အာဏာရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာနေပြည်သူများ၏ အသက်မွေးဝမ်းကြောင်းများ အားလုံးကို  အဖက်ဆယ်မရအောင်ဖျက်ဆီးခဲ့ပါသည်။ စစ်အာဏာရှင်တပ် သည် သူတို့တိုက်ခိုက်မှုများ အပြီးတွင်လည်း  အစားအသောက်များ၊ ကျွဲ၊ နွား စသည့် ခြံမွေး တိရိစ္ဆာန်များ နှင့် ပစ္စည်းဥစ္စာများ ကိုပါ မကြာခဏ ဝင်ရောက် သိမ်းဆည်းခြင်း များလည်းရှိနေပါသည်။ ပြည်သူများ၏ လက်ရှိကြုံတွေ့ခံစားနေရသော ဆင်းရဲဒုက္ခများသည် နိုင်ငံတကာအသိုက်အဝန်း၏ ညှိနှိုင်းဆောင်ရွက်မှုများ နှင့် အရေးပေါ်တုံ့ပြန်မှုများ မရှိခြင်းကြောင့် ပိုမိုဆိုးရွားပြင်းထန်လာပါသည်။

Screenshot

မြောက်ပိုင်းညီနောင် မဟာမိတ်(၃)ဖွဲ့၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့တွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးမှာ မြို့သိမ်းတိုက်ပွဲများဖြင့် အရှိန်အဟုန်ပြင်းထန်လာချိန် တရုတ်နိုင်ငံ၏ ကြားဝင် ညှိုနှိုင်းမှုကြောင့် စစ်အာဏာရှင်တပ်နှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့ အကြား ဆွေးနွေးမှု (၃)ကြိမ် ပြုလုပ်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၁၁)ရက်နေ့တွင် ဟိုင်ဂင်သဘောတူညီချက်1ဖြင့် ရှမ်းမြောက်ဒေသတွင် အပစ်ရပ် ခဲ့ကြသည်။ သို့သော် စစ်အာဏာရှင်တပ်က ရှမ်းမြောက်ဒေသရှိ မြို့နယ်များကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ စစ်အာဏာရှင်တပ်၏ လုပ်ဆောင်ချက်များကြောင့် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့တချို့ပါဝင်ကာ ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယလှိုင်း အဖြစ် အပစ်ရပ်ပြီး (၄)လကျော် အကြာ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့တွင် ကြေညာခဲ့သည်။ စစ်အာဏာရှင်တပ်က လေကြောင်း အသုံးပြု တိုက်ခိုက်မှုကို ၁၀၂၇ ဒုတိယလှိုင်းမှ စတင်၍ တိုးမြှင့် ပြုလုပ်ခဲ့သည်။2 (Graph – 1)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့၊ စစ်အာဏာရှင်တပ်က အာဏာသိမ်းခဲ့ပြီးနောက် (၃)နှစ် ကျော် အတွင်း ပထမဦးဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်အဖြစ် (၈)ကြိမ်မြောက် မဟာမဲခေါင်ထိပ်သီးအစည်းအဝေးကို တတ်ရောက်ရန် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၅)ရက်နေ့မှ (၁၀)ရက်နေ့ အထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။3 အာဏာသိမ်း စစ်ခေါင်းဆောင် တရုတ်နိုင်ငံခရီးစဉ်မှ ပြန်လာပြီး နောက်ပိုင်း နိုဝင်ဘာလ (၁၀)ရက်မှ စတင်၍ နိုဝင်ဘာလ (၃၀)ရက်နေ့ အထိ ပြည်နယ်နှင့်တိုင်းဒေသကြီး (၉)ခုတွင် လေကြောင်း အသုံးပြု တိုက်ခိုက်မှု (၃၀၆) ကြိမ် ပြုလုပ်ခဲ့ သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို လျှောက်ထားလိုက်တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း ရိုဟင်ဂျာ အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက ကြေညာချက်တွေ ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာတွေကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန်က ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်တာပါ။

ဒီလျှောက်ထားချက်ကို ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) က လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားမှုဟာ ရိုဟင်ဂျာတွေတင်မက မြန်မာနိုင်ငံသားအားလုံးအတွက် ကောင်းတဲ့ ဆောင်ရွက်ချက်ဖြစ်ကြောင်း BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

“မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ တောက်လျှောက်လုပ်နေတာ နှစ်ပေါင်းများစွာရှိပြီ၊ အဲအတွက်ကြောင့် ဒီလိုမျိုး လျှောက်ထားချက်မထွက်လာခဲ့ဘူး၊ ဒီနေ့မှ လျှောက်ထားချက်ထွက်လာတယ်ဆိုတာ ဒါဟာ တကယ်ကို အားရစရာကောင်းတယ်၊ ရိုဟင်ဂျာတွေအတွက်ပဲမဟုတ်ဘူး မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် ကောင်းတဲ့ဆောင်ရွက်ချက် ဖြစ်ပါတယ်”

အာရက္ခတပ်တော် (AA) အနေနဲ့လည်း ရိုဟင်ဂျာတွေကို အကြမ်းဖက် ဖိနှိပ်တာတွေ မလုပ်ဖို့ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ဆောင်ရွက်ချက်ကို ကြည့်ပြီး သတိပြုရမယ်လို့ ဦးထွန်းခင်က ပြောပါတယ်။

အလားတူ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်မှုတွေရဲ့ နောက်ဆက်တွဲ အရေးယူခံရတာတွေကို မခံစားရဘဲ ဆယ်စုနှစ် တွေကြာအောင် လွတ်မြောက်နေခဲ့ကြောင်းနဲ့ တရားမျှတမှု ရဖို့ တဖြည်းဖြည်းနဲ့ နီးကပ်လာပေမဲ့ ဒီကိစ္စက ရေရှည်သွားရမဲ့ ခရီးဖြစ်ကြောင်း Burma Campaign UK ရဲ့ အမှုဆောင်ဒါရိုက်တာ Anna Roberts က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ICC က ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ စတင်စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုအပြီးမှာ စစ်ခေါင်းဆောင်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ ယုံကြည်ရတဲ့ ခိုင်လုံမှုရှိကြောင်း ICC ရှေ့နေချုပ်ရုံးက ဆုံးဖြတ်ခဲ့တာပါ။

မြန်မာစစ်တပ်ဟာ ဒီရာဇဝတ်မှုတွေကို ရဲ၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ရိုဟင်ဂျာမဟုတ်တဲ့ အရပ်သားတွေရဲ့ အကူအညီနဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့လျှောက်လဲချက်မှာ ဗီဒီယို၊ ဓာတ်ပုံ၊ မျက်မြင်သက်သေနဲ့ စာရွက်စာတမ်း သက်သေအထောက်အထားအစုံ ပါဝင်တယ်လို့ ဖော်ပြပါတယ်။

အခုလျှောက်လဲချက်ဟာ လိုအပ်တဲ့စံနှုန်းအတိုင်း ကိုက်ညီမှုရှိ မရှိကို ICC တရားသူကြီးတွေက ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

RFA Burmese