1. ရန်ကုန်မှာ စစ်အုပ်ချုပ်ရေးမြို့နယ်တွေ ထပ်တိုး

      ရန်ကုန်တိုင်းအတွင်း ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်တယ်လို့ မြဝတီရုပ်သံက ထုတ်လွှင့်ကြေညာသွားပါတယ်။

      အခုထပ်တိုးထုတ်ပြန်လာတဲ့ မြို့နယ်တွေမှာ မနေ့ညပိုင်းအထိ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိထားပါတယ်။ မနေ့ညက လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့ကို မာရှယ်လော စစ်အုပ်ချုပ်ရေးကြေညာထားပြီးဖြစ်ပါတယ်။

      လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာ မြို့နယ်တို့မှာ သပိတ်စခန်းတွေကို မနေ့ န့နေ့လယ်ပိုင်းက ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့ပြီး လှိုင်သာယာ မှာ လူ ၂၀ ကျော်နဲ့ရွှေပြည်သာမှာ ၆ ဦးခန့်သေဆုံးခဲ့တယ်လို့ သတင်းတွေရရှိထားပါတယ်။

      လှိုင်သာယာ နဲ့ရွှေပြည်သာ ပစ်ခတ်မှုတွေအပြီးမှာ စက်ရုံအချို့ မီးလောင်ခဲ့ပြီးတော့ အဲဒီစက်ရုံတွေဟာ တရုတ်လုပ်ငန်းစက်ရုံတချို့ဖြစ်ပြီး မြန်မာဘက်က ထိရောက်တဲ့ အစီအမံ ဆောင်ရွက်ပြီး အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်စေပြီး ကျူးလွန်တွေကို ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးကာ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနဲ့ လူပုဂ္ဂိုလ်တွေ အသက်အိုးအိမ်စည်းစိမ် လုံခြုံ‌ရေးကို အာမခံချက်ရှိစေဖို့ကိုလည်း တရုတ်ဘက်က တောင်းဆိုလိုက်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

      အဲ့ဒီကြေညာချက်ထုတ်ပြန်ပြီး မကြာမီမှာဘဲ လှိုင်သာယာမြို့နယ်နဲ့ရွှေပြည်သာ မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး မာရှယ်လော ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

      မာရှယ်လောစစ်အုပ်ချုပ်ရေးဆိုတာ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးဆိုင်ရာတွေကို သက်ဆိုင်ရာတိုင်းမှူးကို အာဏာကုန်လွှဲအပ်လိုက်တာဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ ဒေသတွေအတွင်းမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာတွေကို တိုင်းမှူးကိုယ်တိုင်ကဖြစ်ဖြစ် ဒါမှမဟုတ် တိုင်းမှူး ကတာဝန်လွှဲအပ်တဲ့ စစ်နယ်မြေမှူးများက ဆောင်ရွက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

      Martial Law
    2. မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ခံထားရ

      ရန်ကုန်အပါအဝင် နိုင်ငံတဝန်းက မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ခံထားရပါတယ်။

      ဒီနေ့ မတ်လ ၁၅ ရက်မနက် ၁ နာရီတည်းက ဖြတ်တောက်ထားတဲ့အင်တာနက်လိုင်းတွေမနက် ၇ နာရီကျော်မှာ Wi Fi လိုင်းတွေပြန်လည်အသုံးပြုလို့ရနေပေမယ့် မိုဘိုင်းအင်တာနက်တွေကတော့ အခုထိ ပိတ်ထားခံရတဲ့အခြေအနေဖြစ်ပါတယ်။

      တယ်လီဖုန်းလိုင်းတွေလည်း ကျနေသလို ဖုန်းဆက်သွယ်ရတာလည်း တချို့ဒေသတွေမှာအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

      မြန်မာနိုင်ငံမှာ အင်တာနက်ကို နေ့စဉ် ပုံမှန် ဖြတ်တောက်နေတာ ဖေဖော်ဝါရီ ၁၄ ရက်နေ့တည်းကဖြစ်ပြီး ခုဆို ရက်ပေါင်း ၂၉ ရက်ရှိလာပြီဖြစ်ပါတယ်။ လူမှုကွန်ရက်ဖေ့စ်ဘွတ်ကိုလည်း ပိတ်ထားတာ အာဏာသိမ်းပြီးရက်ပိုင်းအကြာကတည်းဖြစ်ပါတယ်။

      Internet
  1. ဆန္ဒပြသူတွေလုပ်ထားတဲ့အတားအဆီးတွေကို ရဲကမီးရှို့ဖျက်ဆီး

    သေဆုံးသူဒဏ်ရာရသူတွေရှိသလို စက်ရုံတချို့လည်းမီးလောင်ကျွမ်းခဲ့။

    အပြည့်အစုံ ဖတ်ရန်

လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာ

လှိုင်သာယာမြို့နယ် ၁ ထိပ် အနီး အာဏာသိမ်း စစ်ကောင်စီတပ်တွေနေရာယူထားစဥ်
Image caption: လှိုင်သာယာမြို့နယ် ၁ ထိပ် အနီး အာဏာသိမ်း စစ်ကောင်စီတပ်တွေနေရာယူထားစဥ်
လှိုင်သာယာမြို့နယ် ၁ ထိပ် အနီး  ကျည်ထိမှန်သွားသူ တစ်ဦးလဲကျနေစဥ်
Image caption: လှိုင်သာယာမြို့နယ် ၁ ထိပ် အနီး ကျည်ထိမှန်သွားသူ တစ်ဦးလဲကျနေစဥ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နဲ့ရွှေပြည်သာ မြို့နယ်တို့ကို မတ်လ ၁၄ ရက်နေ့ကစပြီး မာရှယ်လော စစ်အုပ်ချုပ်ရေးကြေညာလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီ ရဲ့ မြဝတီ ရုပ်သံက ထုတ်လွှင့်ကြေညာသွားပါတယ်။

လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာ မြို့နယ်တို့မှာ သပိတ်စခန်းတွေကို ဒီနေ့နေ့လယ်ပိုင်းက ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့ပြီး လှိုင်သာယာ မှာ ၂၂ ဦးခန့် နဲ့ရွှေပြည်သာမှာ ၆ ဦးခန့်သေဆုံးခဲတယ်လို့ သတင်းတွေရရှိထားပါတယ်။

လှိုင်သာယာ နဲ့ရွှေပြည်သာ ပစ်ခတ်မှုတွေအပြီးမှာ စက်ရုံအချို့ မီးလောင်ခဲ့ပြီးတော့ လှိုင်သာယာ စနေမ မှတ်တိုင်အနီးက တပ်မတော်ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံမှာတော့ စစ်တပ်က လုံခြုံရေး အများအပြားချထားတယ်လို့လည်း လှိုင်သာယာဒေသခံတွေကပြောပါတယ်။

မြန်မာဘက်က ထိရောက်တဲ့ အစီအမံ ဆောင်ရွက်ပြီး အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်စေပြီး ကျူးလွန်တွေကို ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးကာ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနဲ့ လူပုဂ္ဂိုလ်တွေ အသက်အိုးအိမ်စည်းစိမ် လုံခြုံ‌ရေးကို အာမခံချက်ရှိစေဖို့ကိုလည်း တရုတ်ဘက်က တောင်းဆိုလိုက်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီကြေညာချက်ထုတ်ပြန်ပြီး မကြာမီမှာဘဲ လှိုင်သာယာမြို့နယ်နဲ့ရွှေပြည်သာ မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး မာရှယ်လော ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

BBC Burmese

သေဆုံးသူများအနက် အတည်ပြုနိင်သူ ၄ ဦးမှာ အသက် ၁၈ နှစ်အရွယ် မင်းခန့်စိုး၊ ၂၄ နှစ်အရွယ် ဟိန်းထက်ဒွေး၊ ၄၃ နှစ်အရွယ် လင်းလင်းကျော်နှင့် ၂၅ နှစ်အရွယ် ကျော်လင်းခိုင်တို့ ဖြစ်သည်

သင်္ဃန်းကျွန်းမြို့နယ်တွင် ညနေ ၅ နာရီဝန်းကျင်မှစတင်ကာ စစ်ကောင်စီလက်နက်ကိုင်များ၏  အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦးရှိကာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၂၀ ဦးအထိရှိနေကြောင်း သင်္ဃန်းကျွန်းဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကိုင် အဖွဲ့ဝင်များသည် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ AKK Shopping Center ထောင့်မှနေ၍ ဆန္ဒပြအရပ်သားပြည်သူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် ဘုရားလမ်းထိပ်ရှိ ဆန္ဒပြသပိတ်မှာလည်း လုစုခွဲပြီးချိန်တွင် အသံဗုံးများ တရစပ်ပစ်ခတ် ခြင်း၊ ကျည်အစစ်များဖြင့် တွေ့ရာမြင်ရာ လိုက်လံပစ်ခတ်သဖြင့် အရပ်သားပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများအနက် အတည်ပြုနိင်သူ ၄ ဦးမှာ အသက် ၁၈ နှစ်အရွယ် မင်းခန့်စိုး၊ ၂၄ နှစ်အရွယ် ဟိန်းထက်ဒွေး၊ ၄၃ နှစ်အရွယ် လင်းလင်းကျော်နှင့် ၂၅ နှစ်အရွယ် ကျော်လင်းခိုင်တို့ ဖြစ်သည်။

ကျန်သေဆုံးသူများကို ဆက်လက်အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

“စိတ်မချဘူး။ သေနတ်သံတွေကြားတော့လေ၊ သူ့ကို အရမ်းစိတ်ပူတယ်။ ထွက်သွားတာ ၄ ယောက်ပေ မယ့်လေ သူ့ကိုပဲစိတ်ထဲမှာ ထင့်နေတယ်။ သူ့ကိုပဲစိတ်ထဲမှာ မြင်ယောက်နေတယ်။ သူထိတယ်ဆိုတာကို ၆ နာရီလောက်မှာ ကြားရတယ်။ အမ သူတို့ကို တစ်သက်မကျေဘူး။ တစ်သက်ဘယ်တော့မှ မကျေဘူး။ သူများမိသားစုတွေ ခံစားဒုက္ခရောက်နေရတာ၊ သူတို့မိသားစုတွေလည်း ပြန်ခံစားရမှကို အမ ကျေနပ်မှာ” ဟု ဦးလင်းလင်းကျော်၏ ဇနီးဒေါ်သန်းသန်းသွယ် (၄၀ နှစ်) က Myanmar Now ကို ပြောသည်။

ဦးလင်းလင်းကျော်သည် ဝမ်းဗိုက်တွင် ထုတ်ချင်းပေါက် ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် စံပြဆေးရုံတွင် သင်္ဃန်းကျွန်းအပါအဝင် အခြားမြို့နယ်များ၌ ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၄၀ ဦးကျော်ခန့် ရောက်ရှိနေပြီး အရေးပေါ်ကုသမှုများခံယူလျက်ရှိသည်။

တောင်ဒဂုံမြို့နယ် ဧရာဝဏ်လမ်းဆုံ၌လည်း ယနေ့ည ၇ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရ၍ သင်္ဃကျွန်းမြို့ နယ်စံပြဈေးရုံသို့ ရောက်ရှိလာသူများအနက် အသက် ၁၅ နှစ် အရွယ်သာ မဇူးဝင့်ဝါဆိုသူ သေဆုံးခဲ့ ဖြစ်သည်။

“ကျွန်တော်က အဖေတစ်ယောက်အနေနဲ့ ဂုဏ်ယူတယ်ဗျာ။ ဒါပေမယ့် တစ်သက်မကျေဘူး၊ သမီးက ပြောတယ် ပါပါးသေရင်မျက်ရည်မကျနဲ့တဲ့” ဟု ဆိုလျက် ဆိုနင့်ကျေကွဲစွာငိုကြွေးလျက် ဇူးဝင့်ဝါ၏ ဖခင် ဦးတင်ကိုကိုဦး Myanmar Now ကို ပြောသည်။

ဇူးဝင့်ဝါသည် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြပွဲများတွင် တောက်လျှောက်ပါဝင်ခဲ့၍ မတ်လဆန်း တွင် ဖမ်းဆီးခံခဲ့ရဖူးပြီး ပြန်လည်လွတ်မြောက်ခဲ့သည်မှာ တစ်ပတ်သာရှိသေးသည်ဟု ၎င်း၏ ဖခင်က ဆိုသည်။

ပစ်ခတ်မှုများက ၇ နာရီခွဲအချိန်တွင် ငြိမ်သက်သွားသော်လည်း လေးထောင့်ကန် လမ်းမနှင့် ရပ်ကွက်လမ်းထိပ် နေရာအချို့တွင်ပါ စစ်သားနှင့် ရဲများက ဆက်လက် နေရာယူထားဆဲဖြစ်၍ ရပ်ကွက်အတွင်းရှိ လမ်းများထဲအထိ ဝင်ရောက်လာမည်ကို ပြည်သူများက စိုးရိမ်လျက်ရှိသည်။

၇ နာရီခွဲအချိန်တွင် ပစ်ခတ်မှုများ ငြိမ်သက်သွားသော်လည်း လေးထောင့်ကန်လမ်းမနှင့် ရပ်ကွက်လမ်း ထိပ်နေရာအချို့တွင်ပါ စစ်သားနှင့် ရဲများက ဆက်လက် နေရာယူထားဆဲဖြစ်၍ ရပ်ကွက်အတွင်းရှိ လမ်းများထဲအထိ ဝင်ရောက်လာမည်ကို ပြည်သူများက စိုးရိမ်လျက်ရှိသည်။

ည ၉ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် လမ်းမကြီး၊ ဘီအိုစီမှတ်တိုင်အနီးတွင် ကျည်အတွဲလိုက်ပစ်ခတ်ခံသံများ ထွက်ပေါ်ခဲ့ပြီး အမျိုးသား သုံးဦး ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့၍ စံပြဆေးရုံးသို့ အရေးပေါ်ရောက်ရှိနေသည်။

ယမန်နေ့တွင် စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်အသုံးပြုကာ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု AAPP က ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားပြီး ယနေ့နံနက်တွင် ဖုန်းအင်တာနက်များ ပြတ်တောက်နေသည်ဟုလည်း ရန်ကုန်မြို့ခံများက ပြောသည် 

အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်များက အင်အားသုံးအကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် အသေအပျောက်အများဆုံးဖြစ်သော ရန်ကုန် လှိုင်သာယာမြို့နယ် အပါအဝင် အခြားသောမြို့နယ်များ တွင်လည်း သေဆုံးမှုများရှိခဲ့ရာ ယမန်နေ့ (မတ် ၁၄) တစ်ရက်တည်း၌ပင် သေဆုံးသူ ၃၈ ဦးထက်မနည်းရှိ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ယမန်နေ့ညပိုင်း ညဉ့်နက်သည်အထိ ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ ပစ်ခတ်ဖြိုခွင်းမှုများ၊ နောက်ဆုံးတွဲ သေဆုံးဒဏ်ရာရရှိမှုများ ကြားနေခဲ့ရပြီး ယနေ့ (မတ် ၁၅) နံနက်ပိုင်းတွင် အိမ်သုံးအင်တာနက်နှင့် ဖုန်းလိုင်း များ ရရှိသော်လည်း ဖုန်းအင်တာနက်များ ပြတ်တောက်နေသည်ဟု ရန်ကုန်မြို့ခံအချို့က Myanmar Now ကိုပြောသည်။

ဖုန်းအင်တာနက်ကို အကန့် အသတ်မရှိဖြတ်တောက်မည်ဟူသော သတင်းများ ယမန်နေ့ညပိုင်း ကတည်းက ထွက်ပေါ်နေခြင်းဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီတစ်ခုကို ကိုးကားလျက် အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း Foodpanda ကလည်း အင်တာနက်ပြတ်တောက်မည် ဖြစ်ကြောင်း ၎င်း၏ဖောက်သည်များကို အကြောင်းကြားခဲ့သည်။

“အခု အိမ်သုံးအင်တာနက်ပဲရတယ်။ ဖုန်းအင်တာနက်က မရဘူး။ ကြည့်ရတာ လိုက်လွှင့်တာတွေ (Livestreaming) ဓာတ်ပုံတွေ ဗီဒီယိုတွေ ရုတ်တရက်ပို့မရအောင် လုပ်တာလား မသိဘူး။ ဖုန်းကတော့ ဆက်လို့ရတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောကြားသည်။

လှိုင်သာယာမြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းကတည်းက စစ်ကောင်စီလက်နက်ကိုင်များနှင့် ဒေသခံပြည်သူလူထုတို့ အပြင်းအထန် ထိပ်တိုက်တွေ့ခဲ့ပြီး စစ်ကောင်စီက စစ်တပ်နှင့် ရဲအင်အားဖြည့်တင်းကာ ညပိုင်းအထိ ပစ်ခတ်ဖြိုခွင်းခဲ့သည်။

လူအမြောက်အများသေဆုံးခဲ့ရသည့်အပြင် ဒဏ်ရာရသူအရေအတွက်လည်း များပြားခဲ့ပြီး စက်ရုံသုံးခု ထက်မနည်းလည်း မီးလောင်းခဲ့သည်။ အဆိုစက်ရုံများအနက် တရုတ်နိုင်ငံသားစက်ရုံနှစ်ခု ပါဝင်ကြောင်း တရုတ် နိုင်ငံပိုင်သတင်းဌာနများက ရေးသားပြီးနောက် မီးရှို့ဖျက်ဆီးသူများကို အပြစ်ပေးအရေးယူရန် မြန်မာနိုင်ငံဆိုင် ရာတရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တရုတ်သံရုံးကြေညာချက် ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပါ စစ်ကောင်စီကလည်း လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။

ယမန်နေ့က လှိုင်သာယာမြို့နယ်တွင် စစ်မြေပြင်သဖွယ်ဖြစ်ခဲ့ပြီး စစ်တပ်နှင့် ရဲများက အင်အားဖြည့်တင်း ကာ ဆက်တိုက်ပစ်ခတ်မှုများကြောင့် အရပ်သား ၂၂ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကြောင်း AAPP က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စသည့် မြို့နယ်များတွင်လည်း စစ်တပ်နှင့် ရဲများ၏ အကြမ်းပတမ်းပစ်ခတ်မှုများကြောင့် လူအမြောက်အများ သေဆုံးခဲ့ရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ညနေ ၅ နာရီဝန်းကျင်မှ စတင်ကာ စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦးရှိကာ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၂၀ ဦးရှိခဲ့သည်။

ညအချိန်တွင် လျှပ်စစ်မီးများဖြတ်တောက်ကာ ပစ်ခတ်ဖြိုခွင်းခြင်းများလည်း ရှိခဲ့ကြောင့် မည်သူသေသည်၊ မည်မျှသေသည်ကို မသိရှိနိုင်ကြောင်း သက်ဆိုင်ရာမြို့နယ်များရှိ ဒေသခံအချို့နှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် အသင်းအဖွဲ့များထံမှ သိရသည်။

ရန်ကုန်ဆေးရုံကြီးကို ယမန်နေ့ည ၁၁ နာရီအချိန်တွင် Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ညနေ ၅ နာရီကျော်မှ စတင်ကာ ဒဏ်ရာရလူနာများများ ဆက်တိုက်ရောက်ရှိနေပြီး လူနာ ၅၀ ကျော်အနက် သေဆုံးသူ ၄ ဦးရှိပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူအများစုမှာ လှိုင်သာယာမြို့နယ်မှဖြစ်ပြီး ကြည့်မြင်တိုင်နှင့် တောင်ဒဂုံမြို့နယ်များမှ ရောက်ရှိလာသူများလည်း ရှိသည်ဟု သိရသည်။

ယမန်နေ့က ဖားကန့်၊ ပဲခူး၊ မန္တလေး၊ လွိုင်ကော်မြို့တို့၌လည်း ကျည်အစစ်များ အသုံးပြုကာ ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် အရပ်သားသေဆုံးမှုများ ရှိခဲ့သည်။

AAPP ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းပြီးနောက် ယမန်နေ့ညပိုင်းအထိ စစ်ကောင်စီလက်နက်ကိုင်များ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ ရသူ ၁၂၆ ဦးရှိပြီဖြစ်ကာ ဖမ်းဆီးထိန်းသိမ်းခံ ထားရသူ ၂၁၅၆ ဦးရှိဖြစ်သည်။ ၎င်းတို့အနက် တရားစွဲဆိုခံထားရသူ၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ များလည်း ရှိသည်။

Myanmar Now

ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ  မတ်လ ၇ ရက် ညပိုင်းက  စစ်တပ်နဲ့ရဲတွေက သေနတ်တွေ အသံဗုံးတွေနဲ့ လိုက်လံ ခြိမ်းခြောက် ပစ်ခတ် ရပ်ကွက်တွေထဲကိုလည်း စစ်ကားတွေနဲ့ ဝင်ရောက်ပြီး လူတွေကို လိုက်လံ ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။

မနေ့ညနေက ဆေးရုံတွေနဲ့ ကျောင်းတွေမှာ စစ်တပ်တွေ ဝင်ရောက်တပ်ချပြီးနောက်မှာ ညပိုင်း ၉ နာရီလောက်ကနေ  သန်းခေါင် ၁၂ နာရီကျော်လောက်အထိ လှည့်လည်  ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာပါ။

ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ အလုံ၊ စစ်ချောင်း၊ လှိုင်၊ ကမာရွတ်၊  ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊  တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ အင်းစိန် စတဲ့ ရန်ကုန်တမြို့လုံး လိုလိုမှာ သေနတ်သံတွေ ကြား​နေရပြီး တာမွေမြို့နယ် ဘက်မှာ စက်သေနတ်နဲ့ အတွဲလိုက်ပစ်သံတွေပါကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှိုင်မြို့နယ်မှာတော့ အန်အယ်လ်ဒီ ပါတီဝင် ဦးပီတာကို စစ်သားနဲ့ ရဲတွေက  နေအိမ်ကို ဝင်ရောက်ဖျက်ဆီးပြီး သေနတ်နဲ့ ချိန်ကာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သားဖြစ်သူ အယ်အယ်လ်ဒီ လွှတ်တော်အမတ် ဦးစည်သူမောင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။

တာမွေမြို့နယ် ကျောက်မြောင်း အောင်မင်္ဂလာလမ်းမှာတော့  ရပ်ကွက်ထဲက လူငယ်လူလတ်ပိုင်း ၂  ဦး ရဲ့နေအိမ်ကို စစ်တပ်နဲ့ ရဲက ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာလည်း ညဘက် ရဲနဲ့ စစ်တပ်က ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။

Photo- Credit – မူလပိုင်ရှင်

DVB News

Published on Mar 7, 2021

မြို့ပြအရပ်ဘက် အဆောက်အအုံများတွင် စစ်တပ်က အတင်းအဓမ္မ ဖြန့်ကြက်နေရာယူနေခြင်းမှာ အာဏာသိမ်းမှု ဆန့်ကျင်သူများကို အရှိန်မြှင့်ဖမ်းဆီးရန်ဖြစ်သည့်အပြင် တင်ရင်းတပ်ဖွဲ့များနှင့် ရဲတပ်ရင်းများတွင် အင်အားလျော့ပါးလာ၍လည်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက ပြောသည် 

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် မြို့ကြီးအသီးသီးရှိ  ဘာသာရေး အ ဆောက်အအုံများ၊ ဆေးရုံများနှင့် တက္ကသိုလ်ကျောင်းများတွင် အတင်းအဓမ္မ ဝင်ရောက်ကာ တပ်စွဲ လျက်ရှိသည်။

မွန်၊ ကချင်၊ ရခိုင်နှင့် ကယားပြည်နယ်များ အပါအဝင် မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ နှင့် ပဲခူးတိုင်းအတွင်းရှိ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စစ်ကောင်စီ ၏ လက်နက်ကိုင်များက တပ်စွဲရန် ကြိုးပမ်းခဲ့ရာတွင် ဒေသခံပြည်သူများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ လည်း ရှိခဲ့သည်။

မန္တလေးနည်းပညာတက္ကသိုလ်သို့ ယနေ့ (မတ် ၇) နံနက် ၆ နာရီခန့်တွင် စစ်ကားလေးစီးရောက်ရှိလာပြီး တပ်စွဲရန် ကြိုးပမ်းခဲ့ရာ ကျောင်းနှင့်အနီးဝန်းကျင်ရှိ ပြည်သူများက ကန့်ကွက်ခဲ့ကြသဖြင့် စစ်တပ်က မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွင်းရာတွင် ဒဏ်ရာရသူ အချို့ရှိခဲ့သည်။

ကျောင်းလုံခြုံရေးတာဝန်ရှိသူ အသက် ၃၅ နှစ်အရွယ် ကိုကျော်သူမှာ မျက်လုံးအောက် မျက်ခမ်းစပ်တွင် ပြင်းထန်ဒဏ်ရာရခဲ့သဖြင့် ခွဲစိတ်ခဲ့ရပြီး အခြားတစ်ဦးမှာလည်း ပေါင်တွင် ရာဘာကျည်ထိမှန်ဒဏ်ရာ ရခဲ့သည်။

“ဆရာနှစ်ဦးလည်း ရိုက်ခံရသေးတယ်။ အခု သူတို့က ကျောင်းထဲတပ်စွဲထားပြီ။ ကျွန်တော်တို့ ထွက်လာ တော့ကို ပစ်နေသေးတယ်။ နောက်ထပ်အခြေအနေ မသိရသေးဘူး” ဟု ကိုကျော်သူက ယနေ့ နေ့လယ်ပိုင်း ပြောသည်။

မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်၊ မန္တလေးဆေးရုံကြီး၊ မဟာမြတ်မုနိဘုရား၊ မန္တလေဘူတာကြီး၊ ဗထူး ကွင်း၊ လျှပ်စစ်ရုံးများ၊ စည်ပင်နှင့် တိုင်းအစိုးရရုံးများတွင် စစ်ကောင်စီတပ်ဖွဲ့များက နေရာယူထားသည် ကို Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာတွင်လည်း ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်က မုံရွာတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့ကို တပ်မ ၃၃နှင့် တိုင်းရဲတပ်ဖွဲ့က တပ်စွဲရန် ဝိုင်းခဲ့ရာတွင် ဒေသခံပြည်သူများ နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

“သူတို့ကတော့ အာဏာဖီဆန်မှု (CDM)ကို ဖိနှိပ်ဖို့ မဟုတ်ပါဘူးလို့ပြောတာပဲ။ လုံခြုံရေးအရ ယူတာပါ လို့ပြောတယ်။ ကျွန်တော်အထင်ကတော့ မြို့ပြတွေမှာ အုပ်ချုပ်ရေးယန္တရား မရှိတော့တဲ့အခါကျတော့ ထိန်းချုပ်နိုင်ဖို့နဲ့ စစ်ရေးအရ ပြင်ဆင်တာလို့ မြင်တယ်” ဟု မုံရွာမြို့နယ်ဆရာသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့တွင်လည်း မြို့နယ်ဆေးရုံကို ယနေ့နံနက်ပိုင်းတွင် စစ်တပ်ချထားရာတွင် ဒေသခံ များက ကန့်ကွက်သဖြင့် သေနတ်ဖြင့် ပစ်ခတ်သည့်အပြင် လူနေရပ်ကွက်အတွင်း မျက်ရည်ယိုဗုံးများ ပစ်ခတ်ကာ စစ်ကောင်စီ၏ လက်နက်ကိုင်များက လူစုခွဲခဲ့သည်။

“သူတို့က မဆုတ်ပါဘူး။ မြို့နယ်ပြည်သူ့ ဆေးရုံမှာ တပ်စွဲထားတာ။ သူတို့ ၁၂ ယောက်လောက် အိပ်မယ် လို့ပြောတယ် ကျွန်တော်တို့ဆီကို ဆက်သွယ်လာတယ်။ သူတို့ထိပ်တိုက် မတွေ့ချင်ဘူး။ ပြည်သူတွေက ပိတ်ဆို့မှုတွေလုပ်ရင် ပစ်ခတ်မှုတွေလုပ်ရပါမယ်လို့ ပြောတယ်။ အထက်အမိန့်ရ မဆုတ်ပါဘူးလို့ ပြော တယ်”ဟု ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌ ဦးကျော်မိုးအေးက ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ဆေးရုံတွင် စစ်တပ်နှင့် ရဲများ ဝင်ရောက်တပ်စွဲစဉ် ဒေသခံပြည် သူများနှင့် ထိပ်တိုက်တွေ့ဆုံနေစဉ်။  မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ဆေးရုံတွင် စစ်တပ်နှင့် ရဲများ ဝင်ရောက်တပ်စွဲစဉ် ဒေသခံပြည် သူများနှင့် ထိပ်တိုက်တွေ့ဆုံနေစဉ်။ရေးမြို့နယ်ဆေးရုံတွင် စခန်းချထားသည်မှာ နယ်မြေခံတပ်များဖြစ်ပြီး ထိုသို့ တပ်ချထားမှုကို ကန့်ကွက် သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် လူနှစ်ဦး ရာဘာကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့ဆေးရုံသို့ စစ်တပ်ဝင်ရောက်လာသော ကြောင့် ဆေးရုံအုပ်ကြီးက တားဆီး ခဲ့ရကြောင်း Mizzima သတင်းတွင် ဖော်ပြသည်။

“ဘာအကြောင်းကိစ္စရှိလို့ လာတယ်ဆိုတာတော့ မသိဘူး။ ဆရာဝန်ကြီးက ထွက်ပြောတော့ သူတို့ အထက်ကိုတင်ပြနေတာတော့ တွေ့တယ်။ မနက် ၈ နာရီကျော်လောက်ထိနေပြီး ပြန်သွားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ယမန်နေ့ကတည်းက မြို့ပြအဆောက်အအုံများတွင် နေရာ ဝင်ရောက်တပ်စွဲရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်း ပုသိမ်မြို့တကောင်းဘုရားတွင် စစ်တပ်လာထားသဖြင့် ဒေသခံများက သံပုံးတီးမောင်းထုတ်ခဲ့ကြောင်း DVB သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ တကောင်းဘုရားတွင် ယမန်နေ့က စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များက ဝင်ရောက်နေရာယူတပ်စွဲထားသည်ကို တွေ့ရစဉ်။ ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ တကောင်းဘုရားတွင် ယမန်နေ့က စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များက ဝင်ရောက်နေရာယူတပ်စွဲထားသည်ကို တွေ့ရစဉ်။ကယားပြည်နယ် လွိုင်ကော်ကွန်ပျူတာတက္ကသိုလ်တွင် တပ်စွဲရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသခံပြည်သူများ ပူးပေါင်းကန့်ကွက်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း ကယား(ကရင်နီ)ပြည်နယ် ကျောင်းသား သမဂ္ဂအင်အား စုကော်မတီ၊ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂတို့က ယနေ့ သတင်းထုတ်ပြန်ထားသည်။

အဆိုပါသမဂ္ဂများက စာသင်ကျောင်းသည် စစ်တပ်စွဲရန် နေရာမဟုတ်၊ တက္ကသိုလ်သည် စစ်အာဏာရှင် စနစ်ကို စတင်တိုက်ဖျက်မည့်နေရာဖြစ်ကြောင်း ကြေညာထားပြီး နောင်တွင်လည်း လက်သင့်ခံရန် မရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိခဲ့သော လက်နက်ခဲယမ်းများကိုလည်း လွိုင်ကော်ရဲစခန်းတွင် အပ်နှံပြီးဖြစ်ကြောင်း ကြေညာထားသည်။

ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံစသည့် အရေးကြီးသည့် နေရာများတွင်လည်း စစ်တပ်နှင့်ရဲတပ်ဖွဲ့က တပ်စွဲထားပြီးဖြစ်ကာ မေဓာဝီဆေးရုံ၌ စစ်ကား ခုနှစ်စီး၊ ရဲကားတစ်စီးတပ်စွဲထားရာ တပ်မ ၇၇ ပါဝင်သည်ကို ယမန်နေ့တွင် Myanmar Now က မျက်မြင်တွေ့ရှိ ခဲ့သည်။

ထို့အတူ ယနေ့ညနေပိုင်းတွင် ရန်ကုန်ဆေးရုံကြီး၊ ဝေဘာဂီဆေးရုံ၊ အနောက်ပိုင်းဆေးရုံ၊ ဂန္ဓီဆေးရုံနှင့် ဒဂုံတက္ကသိုလ်တို့ကို တပ်စွဲရန် စစ်တပ်နှင့် ရဲများရောက်လာသည်ဟု သက်ဆိုင်ရာဆေးရုံများရှိ ကျန်းမာ ရေးဝန်ထမ်းများက Myanmar Now ကို အတည်ပြုပြောကြားသည်။

ရန်ကုန်ဆေးရုံကြီးတွင် ရဲတပ်ဖွဲ့က တပ်စွဲရန် ကြိုးပမ်းခဲ့သည်ကို ပြည်သူလူထုက ကန့်ကွက်သဖြင့် ညနေ ၇ နာရီကျော်နောက်ဆုံးထား ဆုတ်ခွာရန် ဆေးရုံကြီး တာဝန်ကျပါမောက္ခတစ်ဦးက ပြောထားသော်လည်း ဆက်လက်တပ်စွဲနေသဖြင့် ညိနှိုင်းနေရဆဲဖြစ်သည်ဟု ရန်ကုန်ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ယနေ့ ညပိုင်းတွင် Myanmar Now ကို ပြောသည်။

ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဂန္ဓီဆေးရုံကြီးရှေ့တွင် ယနေ့ည ၇ နာရီကျော်အထိ တပ်စွဲထားသည့် စစ်တပ်ကို ပြည်သူများက ကန့်ကွက်နေဆဲဖြစ်သဖြင့် စစ်ကောင်စီ၏ လက်နက်ကိုင်များက လူစုခွဲခိုင်းနေသည်ဟု ထိုနေရာတွင် ရောက်ရှိနေသူအချို့က ပြောသည်။

 ပြည်နည်းပညာတက္ကသိုလ်တွင် စစ်တပ်က ယနေ့ ဝင်ရောက်တပ်စွဲခဲ့သည်ကို တွေ့ရစဉ်။ပြည်နည်းပညာတက္ကသိုလ်တွင် စစ်တပ်က ယနေ့ ဝင်ရောက်တပ်စွဲခဲ့သည်ကို တွေ့ရစဉ်။ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်တွင် စခန်းလာချသည့် ရဲတပ်ဖွဲ့ကို “ပြည်သူ့ဆေးရုံ၊ ပြည်သူသာလုံခြုံရေးယူမည်” ဟုဆိုကာ ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ ကြပြီး ပဲနွယ်ကုန်းတောရကြီးကျောင်းတိုက် ဆရာတော်လာရောက်ညှိနှိုင်းပေးပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များ ပြန်လည်ထွက်ခွာခဲ့ကြသည်။

သို့သော်  ဒေသခံများ အပြင်းအထန် ကန့်ကွက်နေသည့်ကြားမှ ပခုက္ကူ၊ ပူတာအို၊ ပုသိမ်၊ မိတ္ထီလာမြို့များ ရှိ တက္ကသိုလ်ကျောင်း၊ ဆေးရုံနှင့် ဘုရားစေတီပုထိုးများ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များ အမိအရ နေရာယူတပ်စွဲခဲ့သည်။

တိုင်းနှင့်ပြည်နယ် ၉ ခုရှိ တက္ကသိုလ်ပေါင်း ၃၂ ခုတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ များက ဝင်ရောက်တပ်စွဲထားကြောင်း ကျောင်းသားသမဂ္ဂများ စုပေါင်းတည်ထောင်ထားသည့် DHA NA လူမှုကွန်ရက်စာမျက်နှာက စုစည်းဖော်ပြထားသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များက အရပ်ဖက်အဆောက်အအုံများတွင် ထိုသို့အတင်းအကျပ် တပ်စွဲနေခြင်းမှာ NLD ပါတီဝင်များနှင့် အာဏာသိမ်းမှု ဆန့်ကျင်သူ များကို အရှိန်မြှင့်ဖမ်းဆီးရန်ဖြစ်သည်ဟု ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

မတ် ၆ ရက်မှစတင်ကာ ညစဉ်ညတိုင်း လူဖမ်းပွဲများဆင်နွှဲနိုင်ရန် စစ်ကောင်စီက စီစဉ်ထားကြောင်း၊ ထို့အပြင် တပ်ရင်းတပ်ဖွဲ့များသည် မူလအင်အားထက် အရေအတွက်လျော့နည်းနေသည်ဟုလည်း ၎င်းက ပြောသည်။

“လက်ရုံးတပ်၊ ဆေးတပ်တွေကအစ သုံးနေရပြီ။ ရဲတပ်ရင်းက ကလေးတွေလည်း ပြေးကုန်ကြပြီ။ ရေတပ် လည်းပါတယ်။ သူတို့တပ်ရင်းတွေကို မြို့နယ်တွေခွဲပေးပြီး တပ်စွဲခိုင်းနေပြီ။ အင်ဂျင်နီယာတပ်ကအစ ပါတယ်” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှ ယမန်နေ့ (မတ် ၆) အထိ လူပေါင်း ၁,၇၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထား ရကာ တရားစွဲဆိုခံထားရသူများ ရှိသည့်နည်းတူ ပြန်လည်လွတ်မြောက်လာသူ ၃၁၈ ဦးရှိသည်။

Published on Mar 7, 2021

ယမန်နေ့ညပိုင်းက ဖမ်းဆီးခံရပြီး သေဆုံးခဲ့သူ ဦးခင်မောင်လတ်သည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် NLD အမတ်များအတွက် ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည် 

ရန်ကုန် ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရပ်ကျေးဥက္ကဋ္ဌကို ယမန်နေ့ (မတ်လ ၆) ညပိုင်းတွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အလောင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့သည်ဟု သိရသည်။

ထိုသို့ဖမ်းဆီးခံရပြီးနောက် မည်သို့သေဆုံးခဲ့သည်ကို မသိရသော်လည်း အလောင်းလာထုတ်ရန် ပန်းဘဲတန်းရဲစခန်းက မိသားစုကို အကြောင်းကြာင်းခဲ့ခြင်း ဖြစ်သည်။

ယနေ့ (မတ် ၇) နေ့လယ်ပိုင်းတွင် မိသားစုက မင်္ဂလာဒုံစစ်ဆေးရုံမှ အလောင်းပြန်ထုတ်လာပြီး ရေဝေး သုဿန်သို့ ပို့ဆောင်နေကြောင်း၊ သေဆုံးရသည့်အကြောင်းရင်းကို ယခုချိန်ထိ မသိရှိရ သေးကြောင်း မိသားစုနှင့်နီးစပ်သူ ရှေ့နေ ဦးမောင်မောင်က ပြောသည်။

အလောင်းကို စစ်ဆေးရုံက ရင်ခွဲစစ်ဆေးပြီးဖြစ်သော်လည်း သေဆုံးရသည့်အကြောင်းရင်းကို မိသားစုက မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

အကောင်းပကတိ ရှိနေသည့် လူတစ်ဦးကို ညတွင်ဖမ်းဆီးသွားပြီး မနက်ပိုင်းတွင် အလောင်းထုတ်ယူ ခိုင်းသည်နှင့် ပတ်သက်၍ အခြေအ​နေမှန်ကို ရဲက သေမှုသေခင်းဖွင့်ပေးပြီး တရားရုံးက စစ်ဆေးပေး ရလိမ့်မည်ဟု ရှေ့နေဦးမောင်မောင်က ပြောသည်။

“စစ်ဆေးရုံကနေ သွားယူလာတာဖြစ်တဲ့အတွက် အဖြေမှန် ဘာရနိုင်လဲဆိုတာထက် တရားရုံးကို အားကိုးရမဲ့ အခြေအနေဖြစ်နေတယ်။ ဆေးစာကနေ ဘယ်လိုထွက်လာမလဲဆိုတာ အဖြစ်မှန်လည်း ရေးနိုင်သလို သူတို့ (စစ်တပ်) ရေးချင်တာလည်း ရေးနိုင်တယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ လက်နက်ကိုင်များ၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူ NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်ကို အစ္စလာမ်ဘာသာရေးထုံးတမ်းအတိုင်း ရေဝေးမွတ်စလင်သုဿန်၌ ယနေ့ ညနေ ပိုင်းတွင် သင်္ဂြိုလ်မည်ဟု သိရသည်။

ဦးခင်မောင်လတ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးနေဖူးဗဆွေ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ပန်းဘဲတန်းကိုယ်စားလှယ် ဦးစည်သူမောင်၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သူဖြစ်သည်။

“သူ့နေအိမ်နဲ့ အခြားပန်းဘဲတန်းမြို့နယ် EC တွေရဲ့နေအိမ်တွေကို ဝင်ရောက်ရာမှာ အကြမ်းဖက် ရိုက်နှက် ဖျက်ဆီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်” ဟု ရွေးကောက်ခံအမတ် ဦးစည်သူမောင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် မတ် ၅ ရက်ကလည်း မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးရွာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌနှင့် ကလေးတစ်ဦး ဓားဖြင့်ခုတ်ခံရပြီး  သေဆုံးခဲ့သည်။

စစ်အာဏာသိမ်းပြီး တစ်ကျော်အချိန်အတွင်း NLD ပါတီဝင်များ ထပ်မံဖမ်းဆီးရလျက်ရှိသည့် နည်းတူ ၅၀၅ (က) (ခ) စသော ပုဒ်မများဖြင့် တရားစွဲဆိုမှုများလည်း ရှိနေသည်။