လူ့အခွင့်အရေးချိုးဖောက်မှုများ

၂၅၅၉ ဦး ဖမ်းဆီးခံအရေးယူခံရ၊ ၁၁၉ ဦး ဖမ်း၀ရမ်းထုတ်ခံရ၊ ၄၅၉+ ဦး သေဆုံး

လူ့အခွင့်အရေးချိုးဖောက်မှုများ

လက်ရှိ မြန်မာပြည်တွင်  အရပ်သားပြည်သူများမှာ လမ်းမများ၊ ၎င်းတို့၏ နေအိမ်များတွင်းနှင့် တပ်မတော်၏ ထင်တိုင်းကြဲ ပစ်ခတ်မှုများကြောင့် မကြုံစဖူး ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။  တပ်မတော်၏ ပရမ်းပတာလုပ်ရပ်များက ဆယ်စုနှစ်များစွာဖြစ်ပွားနေသည့် ပြည်တွင်းစစ်အတွင်းတွင်  အပြစ်ကျူး လွန်သော်လည်း အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေသည်ကို သက်သေပြနေခြင်းဖြစ်သည်။

ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ နှင့် ကျဆုံးသူ စာရင်းကို အဖွဲ့၀င် အဖွဲ့အစည်းဖြစ်သော နိုင်ငံသားအကျဥ်းသား များကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အတည်ပြု မှတ်တမ်းတင်ထားသည်။  ဝမ်းနည်းစွာပင် ကျဆုံးသူစာရင်းသည် နေ့စဥ်တိုးလာလျှက် ရှိသည်။ ဤအတောအတွင်း အင်တာနက်ဖြတ်တောက်မှုကို မနက် ၁ နာရီမှ ၉ နာရီထိ  ဆက်လက် ဖြတ်တောက်နေဆဲ ဖြစ်သည်။

မတ်လ ၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မတရားအသင်း အဖြစ် ကြေငြာခဲ့သည်။ CRPH မှလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းများနှင့် တွေဆုံဆွေး နွေးမှုများကို တက်ကြွစွာကြိုးပမ်းလုပ်ဆောင်နေပြီး  ခေတ်အဆက်ဆက် ဖိနှိပ်ခံရသောတိုင်းရင်းသားများအပေါ် ကတိက၀တ်များပေးခြင်းဖြင့် SAC နှင့် ယှဥ်ပြိုင်စိန်ခေါ်၍ အင်တိုက်အားတိုက်လုပ်ဆောင်လျှက်ရှိသည်။

CRPH အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာခြင်းမှာ စစ်အာဏာရှင်တို့အား စိန်ခေါ်တုန့်ပြန်သည့် မည်သူ့ကိုမဆို သည်းခံမည်မဟုတ်ကြောင်း ပြသခြင်းဖြစ်သည်။

လူပေါင်းများစွာပါ၀င်သော ဆန့်ကျင် ဆန္ဒပြမှုများသည် နိုင်ငံအနှံ့တွင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း ရရာနည်းလမ်းဖြင့် ခုခံတော်လှန်ခြင်းအားဖြင့် လူထု၏ ရဲစွမ်းသတ္တိ ရှိမှုကို ပြတ်သားစွာတွေ့ရသည်။  ။ မတ်လ ၂၆ ရက်နေ့တွင် မြန်မာ့ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM ကို ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခဲ့ပါသည်။

အာဆီယံလွတ်တော်အမတ်များအပေါ် ဖိအားပေးမှု

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရန်တောင်းဆိုသော အာဆီယံလွှတ်တော်အမတ်များ၏ ထောက်ခံမှုသည်လည်း တိုးလာလျှက်ရှိသည်။ ဥပဒေကျွမ်းကျင်သူများမှ  အာဆီယံဥက္ကဌဖြစ်သော ဘရူနိုင်းကို အင်ဒိုနီးရှား သမ္မတအကြံပေးချက်အတိုင်းလုပ်ဆောင်ရန် တောင်းဆိုလျှက်ရှိသည်။ ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများအပေါ် အကြမ်းဖက်နှိမ်နှင်းခြင်းသည် လုံး၀လက်ခံနိုင်ဖွယ်ရာ မဟုတ်ကြောင်း တွေ့ဆုံဆွေးနွေးမှုက ပြသနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နှင့်  အာဆီယံ မှ ပူးတွဲထုတ်ပြန်ချက်သည် စောင့်ကြည့်လေ့လာခြင်းနှင့် တွေ့ဆုံဆွေးနွေးရန် လက်တွေ့အားထုတ်မှုအတွက် အထောက်အကူ ပြုမည် ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အင်ဒရူး မှ စစ်ကောင်စီ၏ အကြမ်းဖက် ဖြိုခွင်းမှုကို နေ့စဥ်စောင့်ကြည့်လျှက်ရှိပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်နိုင်သည်ဟု ပြောဆိုခဲ့သည်။ မတ်လ ၂၆ ရက်နေ့တွင် ဂျီနီဗာနှင့် အမေရီကန်ဆီးနိတ် နိုင်ငံခြားရေးရာကော်မတီ၏ အရှေ့အာရှဆိုင်ရာ ကော်မတီခွဲ၏ သတင်းထုတ်ပြန်ချက် မတိုင်မှီ  မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အရေးပေါ် ထိပ်သီးညီလာခံ တရပ် ပြုလုပ်ကြရန် ဆော်သြခဲ့သည်။

 အပတ်စဥ် ရက်စက်ကြမ်းကြုတ်မှုများ အကျဥ်းချုပ်

မတ်လ ၂၂ ရက်

မန္တလေးတွင် ညပိုင်းစီးနင်းမှုကြောင့် အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် အပြင် အနည်းဆုံး ပြည်သူ (၄)ဦး ကျဆုံးခဲ့သည်။ ချမ်းမြသာစည် မြို့နယ်တွင်လည်း ​ပြည်သူများပြုလုပ်ထားသော အတားအဆီးများကို တပ်မတော်မှ ဖယ်ရှားရာတွင် တားဆီးသူမှန်သမျှကို စိတ်ထင်တိုင်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျဆုံးခဲ့သည်။

တပ်မတော်၏ ပစ်ခတ်သတ်ဖြတ်မှုတွင် အသက် (၇) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။ သတင်းများအရ သူမ၏ဖခင်၏လက်မောင်းထဲသို့ပြေး၀င်လာစဥ် သေနတ်ဖြင့်ပစ်ခတ် ခံခဲ့ရသည်။

မြန်မာပြည်ရှိ သတင်းသမားများ ဖမ်းဆီးခံရမှု အစီရင်ခံစာအရ စစ်အာဏာသိမ်းသည့် အချိန်မှစ၍ မတ်လ ၂၃ ရက်နေ့ထိ  သတင်းထောက် (၄၄) ဦး ဖမ်းဆီးထိန်းသိမ်းခံရသည်။

မတ်လ ၂၄ ရက်

မတ်လ ၂၄ ရက်နေ့တွင် တပ်မတော်၏ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ကျဆုံးသွားသောသူများအတွက် မြန်မာပြည်သူများ သည် တိတ်ဆိတ်သောနေ့ အဖြစ် အသံတိတ်သပိတ် ဆင်နွှဲကာ ဂုဏ်ပြုခဲ့သည်။ ထိုနေ့ကို ခေတ္တနားသည့်နေ့အဖြစ် အဖြစ်ရည်ရွယ်ပြီး မြန်မာပြည်တွင်း အခြေအနေကောင်းပြီး စီးပွားရေးလုပ်ငန်းများလည်း ပုံမှန်လည်ပတ်နေသည် ဟူသော အာဏာသိမ်းစစ်ကောင်စီ၏ ပြောဆိုချက်ကို  ဆန့်ကျင်စိန်ခေါ်ရန် ဖြစ်သည်။

ဆိတ်ငြိမ်သောနေ့အဖြစ် သတ်မှတ်ထားသော်လည်း မန္တလေးတွင် ( ၂၃) နှစ် အရွယ် အမျိုးသားတစ်ဦးသည် ညသပိတ်ဆင်နွှဲရန် အခြားသူများနှင့် စီစဥ်နေချိန်တွင် အာဏာသိမ်းကောင်စီ၏ ပစ်သတ်ခြင်းကိုခံခဲ့ရသည်။

မတ်လ ၂၅ ရက်

ကရင်ပြည်နယ်တွင် အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်လက်ဖြစ်ပွားနေပြီး နံနက်စောစောအချိန် လုံခြုံရေးတပ်သားများ၏  အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး အနည်းဆုံး (၅) ဦးဒဏ်ရာ ရခဲ့သည်။ ထိုနေ့တွင် ဆန္ဒပြသူအနည်းဆုံး (၉) ဦးကျဆုံးခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ၏  ဖမ်းဆီးခြင်းခံခဲ့ရသော ကျောင်းသားအများစုအပါအ၀င်  ရာနှင့်ချီသောအကျဥ်သားများအား နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီမှ မထင်မှတ်ဘဲ ပြန်လွှတ်ပေးခဲ့သည်။ ဆန္ဒဆက်လက်ပြမည် ဆိုပါက အသရေဖျက်မှုဖြင့်တရားစွဲဆို ခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခံခဲ့ရသည်။​

မတ်လ ၂၇ ရက်  

တပ်မတော်နေ့တွင် တွေ့ရသော ဗီဒီယိုမှတ်တမ်းတွင် အပြစ်မဲ့ အရပ်သားပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်ခဲ့သည်။ CCTV မှတ်တမ်းအရ လူငယ် (၃) ဦးသည် ပစ်ခတ်ခံခဲ့ရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့သည်။

တနေ့တာအတွင်း သေဆုံးသူ အရေအတွက် တိုးလာလျက်ရှိပြီး ဖမ်းဆီးခံရခြင်းနှင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရမှုများလည်း တိုးလာခဲ့သည်။ အာဏာသိမ်းအစိုးရမှ တပ်မတော်၏ ဧည့်သည်တော်များဖြစ်သော ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ တက်ရောက်လာသူများကို ဧည့်ခံနေစဥ်တွင် အပြစ်မဲ့အရပ်သားပြည်သူများမှာ လမ်းမပေါ်တွင် ပစ်သတ်ခံခဲ့ရသည်။ ဒဏ်ရာရသူများထဲမှ ကလေးငယ်လေးတစ်ဦး၏ မျက်လုံးကို ရာဘာကျည်ထိမှန်ခဲ့သည်။ အမေရိကန်စင်တာသည်လည်း  သေနတ်ဖြင့်ပစ်ခတ် ခံခဲ့ရသည်။ သတင်းထောက်များစွာသည် ရက်စက်ယုတ်မာသော လုပ်ရပ်များကို မှတ်တမ်းတင်မှုကြောင့် ပစ်ခတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ညနေပိုင်းအချိန်တွင် ကရင်တိုင်းရင်းသားများ နေထိုင်ရာဒေသတွင် လေယဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၇ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းတို့ ဆက်လက်လုပ်ဆောင်နေသော အကြမ်းဖက်လုပ်ရပ်များကို ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ပြီးနောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၇ ရက်နေ့တွင် သေဆုံးသူ အရပ်သားပြည်သူ အနည်းဆုံး ၉၁ ဦးရှိခဲ့သည်။

မတ်လ ၂၈ ရက်

ထောင်ပေါင်းများစွားသော ပြည်သူများ ဆက်လက်ဆန္ဒပြမှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားရှိမြို့နယ်များတွင် လူအများအပြားသေဆုံးခဲ့သည်။ ကလေး ၄ ယောက်၏ ဖခင်တစ်ဦးအား စစ်ကောင်လက်နက်ကိုင်များမှ သေနတ်ဖြင့်ပစ်ခတ်ကာ  အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) မှ စစ်တပ်သည် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေကြောင်း  ထုတ်ပြန် ခဲ့သည်။

အာဏာသိမ်းမှုနှင့် တိုင်းရင်းသားပြည်နယ်များရှိ ပဋိပက္ခ

မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်။ ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် စခန်များတွင် အရေးပေါ် ခိုလှုံရန် ကတုတ်ကျင်းများတူးနေသည့် စစ်ဘေးရှောင်များ၏ ဓါတ်ပုံများထွက်ပေါ်လာခဲ့သည်။ ပြီးခဲ့သည့်အပတ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ တပ်မတော်အခြေစိုက် စခန်းတစ်ခုကို ၁၁ နာရီကျော်ကြာ တိုက်ခိုက်ပြီးနောက်တွင် သိမ်းယူနိုင်ခဲ့သည်။ တင်းမာမှုများမြင့်တက်နေဆဲဖြစ်သည်။

CDM လှုပ်ရှားမှု ဆန္ဒပြသူများကို စစ်တပ်မှ ဖြိုခွင်းနေစဥ် ထွက်ပေါ်လာသော ဓါတ်ပုံများက

တပ်မတော်မှ နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများကို ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခဲ့သည်ကို သတိပေးနေသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကြား တွေ့ဆုံဆွေးနွေးမှုတွင် တိုင်းရင်းသားတို့၏ လိုအပ်ချက်များအတွက် ဆက်လက် အားပေးထောက်ခံရန်လိုအပ်သည်။

နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများ        

အမေရိကန်ပြည်ထောင်စု

အမေရိကန်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် ဒုတိယပြည်ထဲရေးဝန်ကြီး တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး တို့ကို Executive Order (E.O.) 14014 အရ ဒဏ်ခတ်အရေးယူမှုစာရင်းတွင်  ထပ်တိုးခြင်းအားဖြင့် အာဏာသိမ်း မြန်မာစစ်ကောင်စီကို  အရေးယူမှု ပိုမို ပြုလုပ်ခဲ့သည်။ ထို့ပြင် အမှတ် ၃၃ ခြေမြန်တပ်မ၊ အမှတ် ၇၇ တပ်မ တို့ကို လည်း Executive Order (E.O.) 14014 အရ မြန်မာနိုင်ငံရှိ ပြည်သူလူထူ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် စု၀ေးခွင့်ကို တိုက်ရိုက်ဖြစ်စေ သွယ်၀ိုက်၍ ဖြစ်စေ တားမြစ် ကန့်သတ်ခြင်း သို့မဟုတ် မလျော်မကန် အပြစ်ပေးမှုတွင် ပါ၀င်လုပ်ဆောင်မှုအတွက် တာ၀န်ခံမှုရှိစေရန် အရေးယူဒဏ်ခတ်လိုက်သည်။

မတ်လ ၂၅ ရက်နေ့တွင် အမေရိကန်ဘဏ္ဍာရေးဌာနမှ မြန်မာ့တပ်မတော်၏ အဓိကလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင် လီမီတက် နှင့် မြန်မာစီးပွားရေးကောပိုရေးရှင်း တို့ကို ပိတ်ဆို့အရေးယူခဲ့သည်။ ဗြိတိန်မှလည်း အလားတူ ပိတ်ဆို့မှု လုပ်ခဲ့သည်။

ဥရောပ သမဂ္ဂ

ဥရောပ သမဂ္ဂ  မှ လူပုဂ္ဂိုလ် (၁၁) ဦးကို CDM နှင့်ဆက်နွယ်သော ၎င်းတို့ အခန်းကဏ္ဏ အတွက် ပိတ်ဆို့အရေးယူခဲ့သည်။ ပိတ်ဆို့အရေးယူခံရသူ (၁၁) ဦးအနက် (၁၀) ဦးသည် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်နှင့် ဒုကာကွယ်ရေး ဦးစီးချုပ် စိုး၀င်းအပါအ၀င် တပ်မတော်၏ ရာထူးအမြင့်ဆုံး အရာရှိများဖြစ်သည်။ နောက်ထပ်တစ်ဦးမှာ ရွေးကောက်ပွဲ ကော်မရှင်အသစ်၏ ဥက္ကဌ ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်သည့် ၎င်း၏ လုပ်ရပ်ကြောင့်ဖြစ်သည်။

စစ်တပ်၏ ၀င်ငွေလမ်းကြောင်းအားလုံးကိုဖြတ်တောက်ပြီး ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှုကို ပိတ်ဆို့ရေး ဥပဒေထုတ်ပြန်ရမည်။

KNU/KNLA မူတြော်ခရိုင် တပ်မဟာ (၅) ဒေဘိုးနိုရွာကို အကြမ်းဖက်စစ်အုပ်စုက လေယာဥ်နဲ့ ညနေ(၆)နာရီဝန်းကျင်ကနေစပြီး ပစ်ခတ်သောကြောင့် ဒေသခံ အပြစ်မဲ့ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယမန်နေ့ ၂၇ ရက်နေ့ မနက်တွင် KNU တပ်မဟာ (၅)မှ သီးမူးထာတွင် တပ်စွဲထားသော စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ (ခမရ ၃၄၉)တပ်စခန်းကို သိမ်းပိုက်ခဲ့တဲ့နေ့တွင် စစ်ကောင်စီမှလေယာဥ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။
ထိုသို့ တိုက်လေယာဉ်ဖြင့် ဝင်ရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၇ ဦး ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့သည်။

■ ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းချက်ကြောင့် နယ်ကို ရွှေ့ပြောင်းနေကြရတဲ့ အလုပ်သမားတွေအရေး သိပ်ကို စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများအဖွဲ့ (IOM) က ဒီကနေ့ သတင်းထုတ်ပြန် ပြောဆိုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
မတ်လ ၁၅ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် နယ်တွေကနေ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအခြေချနေထိုင်သူတွေဟာ လှိုင်သာယာမြို့နယ်ကနေ ထွက်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
IOM ကတော့ ရွှေ့ပြောင်းအလုပ်သမား ၁ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပြီး အများစုက သူတို့ဌာနေဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကို ပြန်သွားခဲ့ကြတာဖြစ်ပါတယ်။
အစားအစာပြတ်လပ်ပြီး ဘဏ်ဝန်ဆောင်လုပ်ငန်းတွေ ယာယီရပ်ဆိုင်းနေတာ အပါအဝင် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ ပူပင်သောကတွေနဲ့ နေရပ်ပြန်ခဲ့ကြတာဖြစ်တယ်လို့လည်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
စုဆောင်းငွေတွေကို ချွေချွေတာတာသုံးစွဲနေရပြီး၊ ရွှေ့ပြောင်းအလုပ်သမား တော်တော်များများဟာ အစားအသောက်လို အခြေခံလိုအပ်ချက်တွေ မပြည့်စုံဘူးလို့လည်း သူက ပြောဆိုသွားခဲ့ပါတယ်။
RFA News
■ မြန်မာနိုင်ငံက ရဲနဲ့စစ်တပ်က နေ့စဉ်နဲ့အမျှ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာတရားစီရင်ရေးလုပ်ငန်းစဉ်တွေကနေ အရေးယူရေးအပါအဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဒီကနေ့ သဘောတူ ချမှတ်လိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီကနေ့ကျင်းပတဲ့ ၄၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီညီလာခံကနေ ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ထဲမှာ – အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အပါအဝင် နိုင်ငံတကာတရားရုံးတွေနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်ဖို့ ပါဝင်ပါတယ်။
ဆုံးဖြတ်ချက်မချခင် မူကြမ်းအဆိုကို ဦးဆောင်တင်သွင်းခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ ပေါ်တူဂီအမြဲတမ်းကိုယ်စားလှယ် Rui Macieira ကတော့ –
“မြန်မာစစ်တပ်ဟာ ရက်ရက်စက်စက် ဖိနှိပ်တာတွေကို တိုးပြီး လုပ်ဆောင်လာနေတယ်။ ဒီလုပ်ရပ်တွေအတွက် တာဝန်ခံမှု ရှိရမှာဖြစ်ပါတယ်။ အင်အားအလွန်အကျွံအသုံးပြုနေတာတွေ ရပ်ပြီး မြန်မာပြည်သူတွေကို သူတို့ရဲ့အခွင့်အရေးအတိုင်း လုပ်ဆောင်ခွင့်ပြုရပါမယ်။ မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးကြေညာထားတာကို ရုပ်သိမ်းပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို အာဏာပြန်လည်လွှဲအပ်ဖို့ကိုလည်း ဥရောပသမဂ္ဂ EU အနေနဲ့ မြန်မာစစ်တပ်ကို တောင်းဆိုပါတယ်။ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံးကို ပြန်လွှတ်ပေးရပါမယ်။”
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းနေတာတွေ၊ အကြောင်းမဲ့ ဖမ်းဆီးတရားစွဲထောင်ချနေတဲ့ လုပ်ရပ်တွေကို အပြင်းအထန် ရှုတ်ချထားပြီး၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး IIMM အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ထောက်ခံကြောင်း လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးထွဋ် ကတော့ – နိုင်ငံတကာ တရားရေးစနစ်နဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ တရားရေးယန္တရားတွေကို ထိခိုက်စေနိုင်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
“မြန်မာနိုင်ငံဟာ ရောမသဘောတူစာချုပ်ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့် ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးမှာ တရားစီရင်ပိုင်ခွင့် မရှိဘူးဆိုတာ လုံးဝ ရှင်းပါတယ်။”
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၅၂ ရက်မြောက်ရှိခဲ့ပါပြီ။ RFA က သီးခြားပြုစုထားတဲ့ စာရင်းတွေအရ ဒီကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အပါအဝင် သေဆုံးသူစုစုပေါင်း အနည်းဆုံး ၂၆ဝ ရှိသွားပြီဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ဒီကနေ့ ၄၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ Thomas Andrews ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် နောက်တစ်နှစ် ထပ်မံ သက်တမ်းတိုး ခန့်အပ်ကြောင်း မဲပေးဆုံးဖြတ်ခဲ့ကြပါတယ်။
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ (ဃ)ရပ်ကွက် စိန်ပန်းလမ်းတွင် သံပုံးတီးသူများကို စစ်ကောင်စီအကြမ်းဖက်တပ်က “မိုက်ကြလားဟေ့ ထွက်ခဲ့စမ်း” ဟု အော်ဟစ်ကာ ပစ်ခတ်သဖြင့် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးကြောင်း ကူညီပေးနေသည့် ဆရာဝန်တစ်ဦးက အတည်ပြုသည်။
၆၆၊၆၇ လမ်း၊ မနော်ဟရီ၊ စိန်ပန်းလမ်းကြားတွင် ၁၆ နှစ်အရွယ် မောင်ဖိုးထီ၏ ကျောကို ကျည်ဆံထိမှန်ကာ ကျဆုံးကြောင်း ဆွေမျိုးနီးစပ်တော်စပ်သူများက ပြောသည်။
ယနေ့ (မတ် ၂၄) ည ၈ နာရီခွဲက စတင်၍ ပစ်ခတ်နေခြင်းဖြစ်ပြီး အနည်းဆုံး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။
ယင်းမှာ လတ်တလောအခြေအနေကို သိရှိရခြင်းဖြစ်ပြီး လူဦးရေ ထပ်တိုး ထိခိုက်နိုင်ဖွယ်ရှိကြောင်း ကယ်ဆယ်ရေးအသင်းတစ်ခုက ပြောသည်။
“ကျွန်မတို့သံပုံးတီးပြီးတော့ သူတို့ဝင်လာတာ၊ဘယ်သူတွေမိုက်တာလဲဟ၊ခုနက ဘယ်သူတွေတီးကြတာလဲဟ ထွက်ခဲ့ကြပါဆိုပြီးလှည့်ပစ်နေတာ၊ကင်းသမားတွေထိတယ်လို့ပြောတယ်။ ကျွန်မ ကြားတာ ဗိုက်ထိတစ်ဦး ခြေထောက်တစ်ဦး ကယ်ဆယ်ရေးမလာသေးဘူး ၊ဒီအတိုင်းထားထားရတယ်ပြောတယ်။ ကျွန်မတို့လည်းထွက်မကြည့်ရဲဘူး”ဟု စိန်ပန်းလမ်းနေ ပြည်သူတစ်ဦးက ယနေ့ည ၉ နာရီခန့် ကပြောသည်။”
လူနာတင်ကားဝင်၍ မရသည့် အခြေအနေကနေ ည ၉ နာရီခွဲဝန်းကျင်တွင် လူနာကယ်ဆယ်၍ ရပြီး သက်ဆိုင်ရာ ဆေးခန်းများသို့ ပေးပို့နိုင်ကြောင်း ကယ်ဆယ်ရေးဆရာဝန်တစ်ဦးက အတည်ပြုသည်။
စစ်ကောင်စီအကြမ်းဖက်တပ်က မန္တလေးတွင် ပစ်ခတ်မှုမှာ ယနေ့(မတ်၂၄)ထိ လေးရက် ဆက်တိုက်ဖြစ်လာသည်။ မန္တလေးမြို့ ပစ်ခတ်မှုကြောင့် ဆန္ဒပြရာတွင် မပါဝင်ဘဲ အိမ်ဝင်းခြံဝင်းအတွင်း၌ ရှိနေသည့် ၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး၊ ၁၄ နှစ်အရွယ် ယောကျာ်လေးတစ်ဦးလည်း သေဆုံးခဲ့ရသည်။
မတ် ၂၁မှ ၂၃ ထိ သုံးရက်ဆက်တိုက် ပစ်ခတ်မှုကြောင့် ပြည်သူ စုစုပေါင်း ၂၂ ဦး ကျဆုံးခဲ့ရပြီး ဒဏ်ရာ ရရှိသူ ၃၅ ဦး ထက် မနည်း ရှိခဲ့သည်။
မှတ်ချက်။ ။ (နောက်ဆုံးရအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်စွက်ပြင်ဆင်နေပါသည်။)
Myanmar Now

မန္တလေး မှာ မတ်လ ၂၃ ရက် ညနေပိုင်းပစ်ခတ်မှုတွေထပ်ဖြစ်ပြီး ၇ နှစ် အရွယ်ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံးသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။

သေနတ်ကျည်ထိမှန်ခဲ့သူက‌တော့ မန္တလေး အောင်ပင်လယ်ရပ်က ၇နှစ်သမီးလေး မခင်မျိုးချစ် ဖြစ်ပြီး အိမ်မှာ ရှိနေစဥ် ဗိုက်ကို ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

သူ့ရဲ့ အသက်၁၉ နှစ်အရွယ် အကိုဖြစ်သူကို လည်းဖမ်းသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

မခင်မျိုးချစ် ကျည်မှန်သွားတာကို ဆေး အဖွဲ့ကဆရာဝန်တွေဆီအမြန်ရောက်အောင်သွားပြီး ကြိုး စားခဲ့ ပေမဲ့ အသက်မကယ်လိုက်နိုင်ဘူးလို့အကူအညီပေးသူတွေက ပြောပါတယ်။

ဒါ့အပြင်ဒီကနေ့ ညနေပိုင်းက လည်း ၅၇ လမ်းနဲ့ ၁၀၃ လမ်းထောင့်မှာပန်းရံ လုပ်ကိုင်သူတစ်ဦး သေနတ်ကျည်မှန်ပြီးသေဆုံးခဲ့ပါတယ်။

မန္တလေး မှာ မတ်လ ၂၃ ရက်နေ့ ပစ်ခတ်မှုကြောင့် မနက်ပိုင်း ဦးနဲ့ ညနေပိုင်းက နှစ်ဦး တစ်ရက်တည်းမှာ သေဆုံးသူ ၄ ဦး အထိ ဘီဘီစီက အတည်ပြုထားနိုင်ပြီဖြစ်ပါတယ်။

BBC News