ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ကလေးသူငယ် မရှောင် ဆက်လက်ပစ်ခတ်နေမှု နိုင်ငံတကာ စိုးရိမ်မှုမြင့်တက်
မန္တလေးမှာ အစ္စလာမ်ဘာသာရေးဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်လို့ ၄ဦးဒဏ်ရာရ
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ (ဧပြီ ၅- ၁၁)
ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အရပ်သားပြည်သူများစွာ အသတ်ခံရပြီး ဖမ်းဆီးခံရသူ အရေအတွက် နေ့စဥ်တိုးလာလျှက်ရှိသည်။ မြန်မာနိုင်ငံအရေးတွင် အဓိပ္ပာယ်ရှိသော ခြေလှမ်းများအတွက် ၀င်ရောက်စွက်ဖက်မှုနှင့် တာ၀န်ခံမှုအား တရုတ်နှင့်ရုရှားမှ ဆက်လက်ပိတ်ဆို့ထားဆဲ ဖြစ်သည်။ လူပေါင်းများစွာအသတ်ခံရပြီး ဖမ်းဆီးခံရသူအရေအတွက် တိုးလာသော်လည်း တီထွင်ဖန်တီးမှုများနှင့် ဆုံးဖြတ်ချက်ခိုင်မာစွာ ဆက်လက်ဆန့်ကျင်နေဆဲဖြစ်သည်။ အပြည့်အစုံကို အပတ်စဥ် နောက်ဆုံးအခြေအနေတွင် ရှုပါ။
မြန်မာအရေး စုံစမ်းဖို့ ဖွဲ့ထားတဲ့ ကုလယန္တရားနဲ့ CRPH ရဲ့ ရှေ့နေတွေ ဆွေးနွေးမယ်
စစ်အာဏာသိမ်းတဲ့ ဖေဖေါ်၀ါရီ ၁ ရက်က စလို့ မြန်မာစစ်တပ် တောက်လျှောက် ကျူးလွန်နေတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး ရှေ့နေအဖွဲ့ ဗော်တဲရာ ဖီယက်တာ Volterra Fietta နဲ့ IIMM ကို ဦးဆောင်နေသူတို့ကြား ဆွေးနွေးကြမှာ ဖြစ်တယ်လို့ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံတမန် ဒေါက်တာဆာဆာက ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ကျုးလွန်မှုတွေအပေါ် ကိုင်တွယ်နိုင်ရေး IIMM နဲ့ကြား ဘယ်လို ပုံစံမျိုးတွေနဲ့ ပူးပေါင်းညှိနှိုင်း လုပ်ဆောင်ကြမလဲ ဆိုတာကို ဆွေးနွေးကြဖို့ ရည်ရွယ်ထားတယ်လို့ အဲဒီထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။
– အာဏာသိမ်းရက်ပေါင်း ၆၀ ကျော်အတွင်း နိုင်ငံတဝန်း ပစ်ခတ် ဖြိုခွဲမှုတွေကြောင့် သေဆုံးသူ ၅၇၀ ထိရှိလာ
– ၂၀၂၁ စစ်အာဏာသိမ်း – ကလေးတွေပါ ကျည်ထိသေဆုံးနေတဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ
– ဘဝအပျက်ခံပြီးအာဏာဖီဆန်ကြသူများ
ဓာတ်ပုံ ရင်းမြစ်,UGC
CRPH ရရှိထားတဲ့ သက်သေတွေ
အာဏာသိမ်းစစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ဖော်ပြနေတဲ့ သက်သေအထောက်အထားပေါင်း တစ်သိန်းရှစ်သောင်းအထိ CRPH ရရှိထားတယ်လို့ ဒေါက်တာဆာဆာရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။
မြန်မာစစ်တပ်က လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ ဘယ်လောက် ကျယ်ကျယ်ပြန့် ကျုးလွန်နေသလဲ ဆိုတာကို အဲဒီ အထောက်အထားတွေက ဖော်ပြနေတယ်လို့ ဆိုပါတယ်။
CRPH လက်ထဲမှာ ရှိတဲ့ သက်သေအထောက်အထားတွေထဲမှာ စစ်တပ်ရဲ့ …
၁။ ဥပဒေမဲ့ သတ်ဖြတ်စီရင်ခဲ့မှုပေါင်း ၅၄၀ ကျော်
၂။ နိုင်ငံရေးအကျဥ်းသားတွေ အထိန်းသိမ်းခံရစဥ် သေဆုံးခဲ့တဲ့ ဖြစ်ရပ်ပေါင်း ၁၀ မှုကျော်
၃။ အကျဥ်းသားတွေကို နှိပ်စက်ညှင်းပမ်းမှုတွေ
၄။ ငြိမ်းချမ်းစွာဆန္ဒပြကြသူတွေကို သေစေလောက်တဲ့ လက်နက်တွေ၊ အဆမတန် အင်အားနည်းနာတွေ သုံး ဖြိုခွဲတာမျိုး နေရာအနှံ့ လုပ်ဆောင်ခဲ့ပုံတွေ အပါအ၀င် ငြိမ်းချမ်းစွာ စု၀ေးခွင့်အပေါ် ချိုးဖောက်ပုံတွေ
၅။ ဥပဒေနဲ့မညီပဲ ဖမ်းဆီးတာမျိုး ကျယ်ကျယ်ပြန့်ပြန့်လုပ်ပုံတွေ
၆။ စာနယ်ဇင်းသမားတွေ၊ သတင်းဌာနတွေနဲ့ ဓာတ်ပုံဆရာတွေ အပေါ် ပစ်မှတ်ထားပုံတွေ
၇။ အင်တာနက် အသုံးပြုခွင့် အပေါ် ကန့်သတ်မှု အပါအ၀င် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် အပေါ် ထိန်းချုပ်တဲ့ လုပ်ရပ်တွေ စတာတွေကို ဖော်ပြနေတဲ့ သက်သေတွေ CRPH လက်ထဲမှာ ရှိတယ်လို့ CRPH ရဲ့ ရှေ့နေအဖွဲ့နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့ပေးတဲ့ IIMM ကြား ဆွေးနွေးပွဲ မတိုင်ခင် ဒေါက်တာဆာဆာက ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်,GETTY IMAGES
မြန်မာအရေး စုံးစမ်းတဲ့ လွတ်လပ်တဲ့ ယန္တရား အဖွဲ့ IIMM
IIMM အဖွဲ့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင်း ဆုံးဖြတ်ချက်နဲ့ ၂၀၁၈ စက်တင်ဘာ ၂၀၁၈ မှာ စပြီး ဖော်ဆောင်ထားရှိလာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲ ၂၀၁၁ က စပြီး ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရာဇ၀တ်မှုမြောက်တဲ့ ကျုးလွန်မှုတွေ၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေ အခိုင်အမာ ရရှိအောင် စုစောင်း၊ ထိန်းသိမ်း၊ စိစစ်ဖို့ တာ၀န်နဲ့ အဲဒီ လွတ်လပ်တဲ့ ယန္တရားတစ်ရပ် ထူထောင် ထားရှိတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျုးလွန်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေနဲ့ အညီ ရာဇ၀တ်ကြောင်း ဆိုင်ရာ အရေးယူ တရားစီရင်မှုတွေ ဖြစ်လာခဲ့ရင် သက်ဆိုင်ရာ ရုံးတော်တွေ အတွက် အထောက်အကူ ဖြစ်စေအောင် IIMM က အမှုကိစ္စတွေကို အသင့် ပြင်ဆင်ပေးဖို့ တာ၀န်လည်း ရှိပါတယ်။
IIMM ကို ဦးဆောင်နေသူက နိုင်ငံတကာ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး နှစ်ပေါင်း ၂၀ အတွေ့အကြုံရှိပြီး ၊ ကိုယ်တိုင် အမှုစွဲရှေ့နေ တစ်ယောက်ဖြစ်တဲ့ အမေရိကန်က နီကိုလပ်စ် ကွမ်ဂျီယန် Nicholas Koumjian ဖြစ်ပါတယ်။
IIMM ရဲ့ လက်ထောက်အကြီးအကဲကတော့ ဂျပန်နိုင်ငံက မစ္စ ကာအိုရူး အိုကူအီဇုမိ Kaoru Okuizumi ဖြစ်ပါတယ်။ သူကတော့ ဥပဒေစိုးမိုးရေးနဲ့ ပဋိပက္ခတွေအတွင်း ပေါ်ပေါက်တဲ့ လိင်ပိုင်း အကြမ်းဖက်မှုတွေ အပေါ် ကိုင်တွယ်တဲ့ ကုလသမဂ္ဂ အဖွဲ့ကို ဦးဆောင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်,UNHRC
IIMM ကနေ ၂၀၁၉ နဲ့ ၂၀၂၀ တို့အတွက် နှစ်လည်အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ပြီး ဂျနီဗာ လူ့အခွင့်အရေးကောင်စီနဲ့ နယူးယောက် အထွေထွေညီလာခံတွေမှာ တင်သွင်းထားသလို၊ မြန်မာအမှုကို ကြားနာနေတဲ့ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး ICJ မှာလည်း IIMM ရဲ့ အစီရင်ခံစာကို ကိုးကားအသုံးပြုတာ တွေ့ရပါတယ်။
စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး ကျုးလွန်သူတွေ၊ တာ၀န်ရှိသူတွေ အပေါ် အပြစ်ပေး အရေးယူနိုင်ဖို့ နည်း အမျိုးမျိုးသုံး လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။
ဒါ့ကြောင့် သူတို့ရဲ့ ဥပဒေ အကြံပေး နိုင်ငံတကာ ရှေ့နေအဖွဲ့ ဗော်တဲရာ ဖီယက်တာ က ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့ အသီးသီးနဲ့ ဆက်သွယ်ဆောင်ရွက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။
CRPH က လုပ်ဆောင်မယ်လို့ ပြောထားတာထဲမှာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC မှာ မြန်မာစစ်တပ်က တာ၀န်ရှိသူတွေကို တရားစွဲနိုင်ဖို့ ကိစ္စလည်း ပါ၀င်ပါတယ်။
မြန်မာဟာ ICC ရဲ့ အဖွဲ့၀င် နိုင်ငံမဟုတ်ပေမယ့် မြန်မာအရေး စုံစမ်း အရေးယူပေးဖို့ မြန်မာဘက်က လျှောက်ထားနိုင်တဲ့ နည်းလမ်း အပါအ၀င် ဥပဒေကြောင်းအရ ချည်းကပ်မှုတွေ ပြုလုပ်နေတယ်လို့ CRPH ဘက်က ထုတ်ဖော် ပြောဆိုထားပါတယ်။
တခါ၊ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC ကလည်း ၂၀၁၉ နို၀င်ဘာ လလယ်ကတည်းက ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ထဲက အခြေအနေတွေကို စုံစမ်းဖို့ ရုံးတော်ရဲ့ အမှုစွဲရှေ့နေကို ခွင့်ပြုထားပါတယ်။
ပင်လည်ဘူးမြို့သား အများအပြား တိမ်းရှောင်ထွက်ပြေး
ပင်လည်ဘူးမြို့သားတွေ တော်တော်များများ မြို့ကို စွန့်ခွာထွက်ပြေးကုန်ကြပါပြီ။ စွန့်ခွာ ထွက်ပြေးကြသူတွေဟာ မြို့တစ်ဝက်မကဘူးလို့ မြို့ခံတစ်ယောက်က ဆိုပါတယ်။
တချို့အိမ်တွေက အိမ်တံခါးပိတ်ပြီး အားလုံးရွှေ့ပြောင်းကြပါတယ်။ တချို့အိမ်တွေမှာတော့ လူကြီးတွေသာ အိမ်စောင့်ကျန်ရစ်ပြီး လူငယ်တွေက ရှောင်တိမ်းသွားကြတယ်လို့ ဆိုပါတယ်။
အခုအခါမှာ စစ်ပွဲကြီးကြီးမားမား ဖြစ်လာမှာကို ကြောက်လန့်စိုးရိမ်ကြလို့ အိုးအိမ်စွန့်ခွာပြီး နီးစပ်ရာရွာတွေဆီ ရွှေ့ပြောင်းကုန်ကြတာပါ။ ပင်လည်ဘူးမြို့ကနေ ကားတွေ ဆိုင်ကယ်တွေတန်းစီထွက်ခွာပြီး အလျင်အမြန် ရွှေ့ပြောင်းနေကြတယ်လို့လည်း မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။
ပင်လည်ဘူးမြို့ဆီဦးတည်ပြီး ကောလင်းမြို့ကနေ စစ်ကားတွေစစ်ကူလာနေတယ်ဆိုတဲ့ သတင်းတွေ ကြိုတင်ရထားတဲ့အတွက် အားလုံး တက်သုတ်ရိုက်ရွှေ့ပြောင်းနေကြတာလည်းဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်,NAING ZIN LAT
စျေးတွေ၊ အိမ်ဆိုင်တွေ၊ ကျောင်းတွေ၊ ရုံးတွေ အားလုံးလည်းပိတ်သွားကြပါပြီ။
ပင်လည်ဘူးမြို့မှာ ဧပြီလ ၅ ရက်နေ့က ဆန္ဒပြသူတွေကို ရဲကဖမ်းဆီးခဲ့ပြီးနောက် ရဲအဖွဲ့နဲ့ တူမီးသေနတ်ကိုင် အရပ်သားတွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။
ဧပြီလ ၅ ရက်တစ်ရက်လုံး ည ၈ နာရီခွဲအချိန်လောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အရပ်သား ၃ ဦးကျဆုံးခဲ့ပါတယ်။ ကိုအောင်နိုင်ဝင်း၊ ဦးဂျပန်ကြီးနဲ့ အမည်မသိသေးတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လူတချို့လည်းဒဏ်ရာရခဲ့ကြပါတယ်။
ရဲစခန်းအနီးမှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်ရုံး၊ စာရင်းစစ်ရုံးဟောင်း၊ ဥပဒေရုံးဟောင်း၊ တရားရုံးဟောင်းတွေ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ထွေအုပ်ရုံးပြာပုံထဲမှာတော့ မီးလောင်ထားတဲ့ အလောင်း နှစ်လောင်းကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။ အရပ်သားအလောင်းလား၊ ရဲအလောင်းလား၊ ထွေအုပ်အလောင်းလား ကွဲကွဲပြားပြားမသိရသေးပါဘူး။
ဓာတ်ပုံ ရင်းမြစ်,NAING ZIN LAT
“ရဲစခန်းက အဆောက်အအုံက သိပ်ခိုင်လို့ဗျ။ သူက RC နဲ့လုပ်ထားတာ။ မျက်နှာစာမှာ လေးထပ်နဲ့သုံးထပ်အတွဲဗျ။ အဲသလိုမဟုတ်ရင် ရဲစခန်းလည်းပြာကျလောက်တယ်။ ရဲတွေလည်း အကုန်သက်သာကြမယ်မထင်ဘူး။” လို့ မြို့ခံ ကိုနိုင်ဇင်လတ်က ဘီဘီစီကို ပြောပါတယ်။
ဧပြီလ ၆ ရက် မနက် ၄ နာရီအချိန်မှာ မီးပြန်လောင်ပါတယ်။ ရဲစခန်းကို ထပ်မံပစ်ခတ်တိုက်ခိုက်မှုလည်းဖြစ်ပွားပါတယ်။ မနက် ၆ နာရီအချိန်မှာ တိုက်ပွဲပြီးဆုံးပါတယ်။
ဧပြီလ ၆ ရက် မနက်စောစောကတည်းက ရဲအဖွဲ့ကို စစ်ကူပေးဖို့ စစ်ကား ၈ စီးနဲ့ ရိုးရိုးကား ၁ စီးကောလင်းဘက်ကနေ လာခဲ့ကြပါတယ်။ လမ်းတစ်လျှောက်လုံးမှာ လမ်းဘေးတစ်လျှောက်ကရွာတွေအားလုံးက သစ်ပင်တွေခုတ်လှဲပြီး လမ်းပိတ်ဆို့ထားကြတဲ့အတွက် တဖြည်းဖြည်းချင်းသာရှေ့တိုးလာနိုင်ပါတယ်။ ပင်လည်ဘူးကို ညအချိန်ကျမှရောက်ပါတယ်။
ထူးခြားတာက သံဃာနှစ်ပါးကို အတူတူပင့်ဆောင်လာတဲ့အချက်ပါ။ သံဃာက ဘာ့ကြောင့်ပါသလဲဆိုတာ မရှင်းလင်းပါဘူး။ သံဃာတွေကို ရှေ့ဆုံးကဘန်းပြပြီး ချီတက်လာတာလားလို့ မှန်းဆကြသူတွေရှိပေမဲ့ ဘာ့ကြောင့်ဆိုတာ ဘယ်သူမှသေသေချာချာမသိပါဘူး။
စစ်ကားတွေမြို့ကိုရောက်တော့ တူးမီးကိုင်တပ်ဖွဲ့တွေကို တစ်ယေက်မှ ရှာလို့မရတော့ပါဘူး။ မြို့ထဲမှာ ဟိုဟိုသည်သည် တွေ့တဲ့နေရာတချို့ကို သေနတ်နဲ့ကြုံရာကျပန်းလိုက်ပစ်ပါတယ်။
မြို့ပေါ်မှာ စစ်တပ်အင်အား အလုံးအရင်းနဲ့ဖြည့်တင်းထားလို့ တူးမီးသေနတ်သမားတွေ ပျောက်ခြင်းမလှပျောက်နေကြသလို ဆန္ဒပြသူတွေကလည်း ရပ်နားထားကြလိမ့်ဦးမယ်လို့ ထင်ကြောင်း မြို့ခံတစ်ဦးကပြောပါတယ်။
BBC Burmese
မြန်မာနိုင်ငံ နောက်ဆုံး လူ့ခွင့်အရေးအခြေအနေ (မတ်လ ၂၉ – ဧပြီ ၄)၂၀၂၁
စစ်အာဏသိမ်းအဖွဲ့မှ အင်တာနက်ကန့်သတ်မှုများ ဆက်လက်ပြုလုပ် နေသော်လည်း မြန်မာပြည်သူများအနေဖြင့် တိတ်ဆိတ် ငြိမ်သက်သွားခြင်းမရှိပေ။ ကုလသမဂ္ဂအနေဖြင့် လုံလောက်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆို သကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ဆက်လက်ပြု လုပ်နေသည်။ မြန်မာနိုင်ငံအပေါ် ပြင်းထန်သည့် အရေးယူဆောင်ရွက်မှုများ ချမှတ်ရန် လိုအပ်နေ သည်။ အပြည့်အစုံကို အပတ်စဥ် နောက်ဆုံးအခြေအနေတွင် ရှုပါ။