ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

နောက်ဆုံးရ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (မေလ ၃ -၉) ရက်နေ့ထိ
ပညာရေး ဝန်ထမ်းများသည် အာဏာသိမ်းစစ်ကောင်စီ၏ ကျောင်းပြန်တက်ရန် ဖိအားပေးခြိမ်းခြောက်မှုများကို တုန်လှုပ်ခြင်းမရှိဘဲ “စစ်ကျွန်ပညာရေး”ကို ဆန့်ကျင် သပိတ်မှောက်ကြသည်။ ကူးစက်ရောဂါဖြစ်ပွားမှုနှင့် စစ်အာဏာသိမ်းမှုကြား တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် တိုင်းရင်းသားဒေသများတွင် တင်းမာမှုများတိုးလျှက်ရှိပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည်လည်း အပြင်းအထန် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်။အပြည်အစုံကို အပတ်စဥ် နောက်ဆုံးအခြေအနေ
နောက်ဆုံးရ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (ဧပြီ ၂၂ – မေ ၂) ရက်နေ့ထိ
လူထုစွမ်းအားကြောင့် ဆန့်ကျင်ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွဲနေသော တပ်မတော်ကို ဆက်လက်အားနည်းစေသည်။ အကြမ်းဖက်ဖြိုခွဲမှုများ၊ ညသန်းခေါင် ဖမ်းဆီးမှုများ နှင့် အာဏာဖီဆန်လှုပ်ရှားမှုကို စည်းရုံးလှုံ့ဆော်နေသူများအား ပစ်မှတ်ထားနေသော်လည်း ပြည်သူလူထုသည် ရင်ဆိုင်ကျော်လွှားနေသည်။ တစ်ချိန်ထဲမှာပင် တိုင်းရင်းသားဒေသရှိ စစ်ရေးပဋိပက္ခများကြောင့် အရေးပေါ်အကူအညီများ လိုအပ်လျှက်ရှိသည်။အပြည့်အစုံကို အပတ်စဥ် နောက်ဆုံးအခြေအနေ
နောက်ဆုံးရ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (ဧပြီ ၁၉ -၂၅) ရက်နေ့ထိ
အမျိုးသမီးလူ့အခွင့်အရေးလှုပ်ရှားသူများနှင့် လူငယ်များသည် အာဏာဖီဆန်လှုပ်ရှားမှုကြောင့် နေ့စဥ် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။ ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ ပစ်တင်ရှုတ်ချမှုသည် တပ်မတော်မှ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်နေမှုများကို မရပ်တန့်စေနိုင်ပါ။ အာဆီယံ အစည်းအ၀ေးကျင်းပနေချိန်တွင် အရပ်သားပြည်သူများသည် လမ်းမပေါ်တွင် ဆက်လက် သတ်ဖြတ်ခံခဲ့ရသည်။ အပြည့်အစုံကို အပတ်စဥ် နောက်ဆုံးအခြေအနေ
ယင်းမာပင်မြို့နယ်တိုက်ပွဲအတွင်း ပြည်သူ ၅ ဦးကျဆုံး
စစ်ကောင်စီလက်နက်ကိုင်များနှင့် တိုက်ပွဲအတွင်း ကပိုင်ရွာသား ၂ ဦး၊ သီးကုန်းရွာသား ၂ ဦးနှင့် ကြိုပင် ရွာသား ၁ ဦးတို့ ကျဆုံးခဲ့သည်ဟု သိရသည်
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ယမန်နေ့ (ဧပြီ ၂၀) က စစ်ကောင်စီလက်နက်ကိုင်များနှင့် ဒေသခံများ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ ဒေသခံ ၅ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်။
ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက တပ်စွဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၁၀ ဦး သေဆုံးခဲ့သည်ဟု ယမန်နေ့ညပိုင်းတွင် သတင်းများထွက်ပေါ်နေသော်လည်း တိုက်ပွဲဖြစ်ပွားရာတွင် ပါဝင်သူများ၏ အဆိုအရ ၅ ဦးသာ ကျဆုံးသည်ဟု လူမှုကယ်ဆယ်ရေးသမားတစ်ဦးက Myanmar Now ကို ပြောသည်။
“၁၀ ယောက်ကျတယ်ဆိုတဲ့ သတင်းမှားတယ်။ ကျွန်တော်တို့က ခေါင်းဆောင်တွေနဲ့ ချိတ်ပြီး ပြောနေတာပါ” ၎င်းက ဆိုသည်။
စစ်ကောင်စီလက်နက်ကိုင်များနှင့် တိုက်ပွဲအတွင်း ကပိုင်ရွာသား ၂ ဦး၊ သီးကုန်းရွာသား ၂ ဦးနှင့် ကြိုပင် ရွာသား ၁ ဦးတို့ ကျဆုံးခဲ့သည်ဟု သိရသည်။
အလောင်းတော်ကဿပဘုရားသွားရာ လမ်းရှိ ယင်းမာပင်မြို့နယ် သီးကုန်းရွာနှင့် ကပိုင်ရွာတို့အကြား၌ စစ်ကောင်စီလက်နက်ကိုင်များက အင်အာ ၂၀၀ ကျော်ဖြင့် လာရောက်တပ်စွဲနေသဖြင့် အာဏာသိမ်းမှုဆန့်ကျင်သည့် ဒေသခံများက ပြန်လည်ခုခံရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရွာသားတချို့က တူမီးသေနတ်ဖြင့် ခုခံခဲ့သောကြောင့် တူမီးသေနတ်ကျည် မထိနိုင်သည့် အကွာအဝေးမှနေ၍ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရွာသားများ၏ တည်နေရာကို စုံစမ်းရန် စစ်တပ်က ဒရုန်းများအသုံးပြုစုံစမ်း၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Myanmar Now
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (ဧပြီလ ၁၂-၁၈)
ဓါတ်မီးသပိတ် နှင့် အခြားသပိတ်မျိုးစုံဖြင့် မြန်မာပြည်အနှံ့ စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင် နေကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရသစ် ဖွဲ့စည်းကြောင်း ကြေငြာခြင်းသည် အာစီယံအနဖြင့် စစ်ကောင်စီကို အသိအမှတ်မပြုရန် ဖိအားပေး သကဲ့သို့ ဖြစ်စေသည်။ အပြည့်အစုံကို အပတ်စဥ် နောက်ဆုံးအခြေအနေတွင် ရှုပါ။
မြင်းခြံတွင် စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး
နံနက်ပိုင်းတွင် ခြေထောက် ကျည်ထိမှန်သွားသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ထိုသူ၏ ရုပ်အလောင်း လာရောက်ထုတ်ယူရန် အကြောင်းကြားလာသည်
မန္တလေးတိုင်း၊ မြင်းခြံမြို့ သပိတ်ခံတပ်များကို စစ်ကောင်စီ၏ တပ်များက အင်အားအလုံးအရင်းသုံးပြီး ပစ်ခတ်ဖြိုခွဲနေမှုကြောင့် ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် ပြည်သူတစ်ဦး သေဆုံးခဲ့သည်။
ယနေ့ (ဧပြီ ၁၉ ) မနက် ၆ နာရီခန့်မှ စတင်ကာ မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်၊ အမှတ် ၃ နှင့် အမှတ် ၄ ရပ်ကွက်တို့ရှိ သပိတ်ခံတပ်များကို စစ်ကောင်စီ၏ တပ်များက ပစ်ခတ်ဖြိုခွဲခဲ့သည်။
အမှတ် ၆ ရပ်ကွက်မှ လမ်းမတော်ခံတပ်ကို စစ်ကောင်စီ၏ တပ်များက ယမန်နေ့ (ဧပြီ ၁၈) ရက်နေ့ ညပိုင်းက လေးနာရီကျော်ကြာ ပစ်ခတ်ဖြိုခွဲရှင်းလင်းခဲ့သော်လည်း ယနေ့မနက်ပိုင်းတွင် ပြည်သူများက ခံတပ်ကို ပြန်လည်တည်ဆောက်ခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီတပ်က နံနက် ၆ နာရီကတည်းက အမှတ် ၆ ရပ်ကွက်ကို ပစ်ခတ်ဖြိုခွဲနေပြီး အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်များကို ဝင်ရောက်ပစ်ခတ်ခဲ့သည်။
ကျဆုံးသူမှာ မနက် ၁၀ နာရီဝန်းကျင်ကတည်းက ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ၎င်းကို လက်နက်ကိုင်များက ခေါ်ဆောင်သွားခဲ့သည်။
ထိုသို့ လူနာကောက်ယူခွင့် မပေးရုံသာမက အမှတ် ၆ လူငယ်လူမှုကူညီရေးအသင်းကားကိုလည်း ထုရိုက်ဖျက်ဆီးခဲ့သည်။
မည်သည့်အချိန်တွင် ကွယ်လွန်သွားသည်ကို မသိရသေးကြောင်း၊ ညနေပိုင်းမှ ရုပ်အလောင်းလာရောက်ထုတ်ယူရန် အသိပေးလာကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူ၏ အမည်၊ အသက် စသည့် အချက်တို့နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို စုံစမ်းနေသော်လည်း ယနေ့ညပိုင်းအထိ မသိရသေးပေ။
ထိုသူသည် အမှတ် ၁၁ ရပ်ကွက်မှဖြစ်သည်ဟု သိရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက် ခံတပ်များကို ဖြိုခွဲရာတွင် နေအိမ်တစ်လုံးနှင့် ဆိုင်ကယ် ၄ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်၊ လမ်းမတော်လမ်းမှ ခံတပ်သည် လမ်းမပေါ်တွင် သဲအိတ်များ အဆင့်ဆင့်ကာရံထားပြီး အလံနက်လွှင့်ထူထားသည့် အတောင့်တင်းဆုံးခံတပ်ဖြစ်ခြင်း၊ အဆိုပါခံတပ် ဖြိုခွဲခံရချိန်တွင် အမှတ် ၄ ရပ်ကွက်မှ ထကြွပေးသည့်အတွက် ယင်းရပ်ကွက်နှစ်ခုကို ပစ်မှတ်ထားဖြိုခွင်းခြင်းဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်သည်။
မြင်းခြံမြို့တွင် လက်နက်ကိုင်တပ်များက နှစ်ရက်ဆက်တိုက်ပစ်ခတ်ဖြိုခွဲမှုကြောင့် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦး ဖမ်းဆီးခံထားရသည်။
လက်နက်ကိုင်တပ်များက ကျည်အစစ်များဖြင့်သာမက လက်ပစ်ဗုံးများပါ အသုံးပြုပြီး ပစ်ခတ်နှိမ်နင်းသည့်အတွက် ဒေသခံများက ရိုးရာလက်လုပ် တူမီးသေနတ်များ၊ လက်လုပ် ဂက်စ်သေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်။
ပြည်သူများ၏ ခုခံမှုကြောင့် လက်နက်ကိုင်များ ထိခိုက်ဒဏ်ရာရမှုများရှိသော်လည်း အရေအတွက်အတိအကျ မသိရသေးဟု ဒေသခံများက ပြောသည်။
မြင်းခြံမြို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များ၏ ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးရသူ အရပ်သားပြည်သူ ၂၄ ဦးအထိ ရှိလာပြီဖြစ်သည်။
Myanmar Now