ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက်(ဇွန် ၂၈ မှ ဇူလိုင် ၄) ၂၀၂၁
စစ်ဏာသိမ်းမှုနှင့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေသော ပြည်သူတို့၏ ကြိုးပမ်းအားထုတ်မှု အရှိန်သည် လျော့နည်းသွားခြင်းမရှိပါ။ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူများ အတွက် အကူအညီများပေးရန် နှင့် စစ်ကောင်စီမှ ကျူးလွန်သော ရာဇ၀တ်များအတွက် ပို၍ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုနေကြသည်။ အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်ခွင့်ရနေမှု အဆုံးသတ်ရမည်။ အပတ်စဉ်နောက်ဆုံးအခြေအနေ ကျဉ်းချုပ်တွင်ရှုပါ။
ယာဉ်ထိန်းရဲ အသတ်ခံရမှုဖြင့် ဖမ်းခံရသည့်မိသားစုတွင် ၁၅ နှစ်သား ပါဝင်
အသတ်ခံရသည့် ယာဉ်ထိန်းရဲအိမ်ဘေးမှ ၁၅ နှစ်သားနှင့် အိမ်သား ၅ ဦး အဖမ်းခံနေရပြီး ကျန်မိသားစု၀င်များ အဖမ်းခံရန်လည်း ရဲက ဖိအားပေးနေသည်ဟု ဆိုသည်
မန္တလေးတိုင်း၊ မြင်းခြံတွင် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရပြီး နာရီပိုင်းအတွင်း သူ၏ အိမ်နီးချင်းမိသားစုတစ်စုမှ ၆ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းသွားရာတွင် ထိုအထဲတွင် အသက်မပြည့်သေးသူတစ်ဦး ပါဝင်နေသည်။
ဇွန် ၁၈ ရက်နေ့က ဖမ်းဆီးခံရသူများအနက် ကိုရဲသူရဇော်မှာ အသက် ၁၅ နှစ်သာရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၂ ဦး ဖမ်းဆီးခံနေရခြင်း ဖြစ်သည်။
ထိုကလေး မြင်းခြံရဲစခန်းတွင် ထိန်းသိမ်းခံနေရပြီး ကျန် ၅ ဦးမှာ မြင်းခြံထောင်တွင် ရှိနေသည်ဟု ဆိုသည်။
“အာမခံနဲ့လာထုတ်ဆိုပြီး ရဲစခန်းက လှမ်းဖုန်းဆက်တာ။ (ဇွန် ၂၃)ရက်နေ့မှာ လိုက်ထုတ်တော့ သူတို့က ထုတ်မပေးဘူး။ ကျန်တဲ့သူတွေ (မိသားစုဝင်တွေ) လာအဖမ်းခံဖို့ပဲပြောတယ်” ဟု ကိုရဲသူရဇော်၏ မိခင်ဖြစ်သူ ဒေါ်ဝါဝါမင်းသူက Myanmar Now ကို ပြောသည်။
“သားအတွက်ကို ပိုစိတ်ပူတယ်ဆိုတာက သူက ကျွန်တော်ရိုက်ရင်တောင် ငိုတဲ့ကလေးဆိုတော့ သူ့အတွက် စိတ်ပူတယ်။ ခုချိန်မှာ စိတ်ဒဏ်ရာများ ရသွားမလား၊ ကြောက်သွားမလားဆိုတာ တချိန်လုံး စိတ်ပူနေရတယ်”
ဒေါ်ဝါဝါမင်းသူက ပြည်ပတွင် ရောက်နေသည်။
ရဲတပ်ဖွဲ့အလိုရှိသည်ဆိုသော မိသားစုဝင်များကိစ္စကို အားလုံး၏ လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သည်။
ဖမ်းဆီးထားသူများကို လာမည့် ဇူလိုင် ၂တွင် ပထမအကြိမ်ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ မည်သည့်ပုဒ်မဖြင့် အရေးယူခံထားရသည်ကို မသိရှိရသလို အရေးယူခံရမည့်ထဲတွင် ကိုရဲသူရဇော်ပါဝင်ခြင်းရှိမရှိ အတည်မပြုနိုင်သေးကြောင်း ဒေါ်ဝါဝါမင်းသူက ပြောသည်။
“ယာဉ်ထိန်းရဲမိန်းမက … ညီမတို့အိမ်က PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)အကြီးစား၊ ဗုံးတွေရော၊ သေနတ်တွေရော ရှိတယ်။ သူ့ယောကျ်ားကိုသတ်တာ ညီမတို့အိမ်ပါဆိုပြီးတော့ (လုပ်တာ)။ ဗုံးတွေ၊ သေနတ်တွေလည်းမရှိပါဘူး။ တကယ်မှ မဟုတ်တာကို” ဟု ၎င်းက ဆက်ပြောသည်။
ဒေသအခြေစိုက် ဇီးရိုးပြောက်ကျားတပ်ဖွဲ့ကလည်း ယာဉ်ထိန်းရဲ တပ်ကြပ်ကြီးကို ၎င်းတို့ ပစ်သတ်ခဲ့ကြောင်း အခင်းဖြစ်သည့်နေ့ကတည်းက ထုတ်ပြန်ထားပြီးဖြစ်သည်။
မြင်းခြံမြို့ရှိ ယာဉ်ထိန်းရဲများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဆိုင်ကယ်စီးနင်းသူများကို ဖမ်းပြီး ဒဏ်ငွေ သိန်းချီတောင်းနေသဖြင့် ယခုကဲ့သို့လုပ်ကြံရခြင်းဖြစ်ကြောင်း အဆိုပါ ပြောက်ကျားတပ်ဖွဲ့က ပြောထားသည်။
ဇွန် ၁၈၊ မွန်းလွဲပိုင်းက ယာဉ်ထိန်းတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး မြတ်ကိုကိုအောင် သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးခဲ့ရာတွင် ၎င်းနေထိုင်သည့် ၁၆ရပ်ကွက်ရှိ အိမ်နီးနားချင်း မိသားစုမှ အမျိုးသမီး ၄ဦး၊ အမျိုးသား ၂ဦး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယနေ့(ဇွန် ၂၈)အထိ စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် အရပ်သားပြည်သူ ၆၃၉၉ ဦးရှိပြီး ၅၂၀၂ ဦး ဆက်လက်ချုပ်နှောင်ခံထားရဆဲဖြစ်ကာ၊ ဝရမ်းထုတ်ခံထားရသူ ၁၉၆၆ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
အဆိုပါအဖွဲ့က ထုတ်ပြန်သည့် စာရင်းများကို ငြင်းဆိုလေ့ရှိသည့် စစ်ကောင်စီကမူ ၎င်းတို့လက်ချက်ဖြင့် သေဆုံး၊ ဖမ်းဆီးခံရသူအရေအတွက်ကို အသေးစိတ်ထုတ်ပြန်လေ့မရှိပေ။
ထို့အတူ ၎င်းတို့အလိုရှိသူကို မမိ၍ ဓားစာခံသဘောဖမ်းဆီးခံရသူ များစွာရှိ နေပြီး ယင်းတို့အနက် မိုးကုတ်မြို့နေ ကလေးငယ်တစ်ဦးမှာ ယမန်နေ့ (ဇွန်၂၈) က ကျရောက်သည့် ၎င်း၏ အသက် ၅နှစ်ပြည့်မွေးနေ့ကို အချုပ်အနှောင်ဘဝဖြင့်ဖြတ်သန်းခဲ့ရသည်။
Myanmar Now News
နောက်ဆုံးရ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (ဇွန်လ ၂၀ -၂၇) ရက်နေ့ထိ
ကမာရွတ်မီဒီယာ နေသန်မောင်နဲ့ စကားပြောခြင်း
စစ်ကောင်စီကို ICC တွင် တရားစွဲမည်ဟု NUG တရားရေးဝန်ကြီးပြော
Crime Against Humanity၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ စစ်ကောင်စီကို နိုင်ငံတကာတရားရုံး ICC မှာ တရားစွဲဆိုသွားမယ်လို့ NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ဇွန်လ ၂၅ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Crime Against Humanity၊ စစ်ရာဇဝတ်မှုတွေအတွက် ခိုင်လုံတဲ့သက်သေတွေရှိနေပြီဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုအတွက်ကတော့ ပိုပြီးခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ တင်ပြနိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။
ICC ကို အမှုသက်သေတွေတင်သွင်းတဲ့အခါ အာဏာသိမ်းပြီး စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုသာမက အရင်တုန်းက စစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုပါ နိုင်ငံတကာတရားရုံးကို ပူးတွဲတင်ပြနိုင်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးဦးသိန်းဦးက ပြောပါတယ်။
“စစ်တပ်က အရင်က ကျူးလွန်တဲ့ပြစ်မှုတွေကိုပါ ပူးတွဲတင်သွားဖို့ရှိပါတယ်။ စစ်တပ်က ကျူးလွန်ပြီး အရေးမယူနိုင်ခဲ့တဲ့ အမှုတွေကိုပါ ပူးတွဲတင်သွားမှာ ဖြစ်ပါတယ်။”
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ် လေးသိန်းကျော်ကို မှတ်တမ်းရရှိထားပြီး အဲဒီအထဲက ဖြစ်စဉ် တစ်သိန်းခွဲကျော်ကို နိုင်ငံတကာစံချိန်နဲ့အညီ မှတ်တမ်းပြုစုထားတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ပြောပါတယ်။
ကမ္ဘာ့အဆင့်ရှေ့နေအဖွဲ့အစည်းကိုလည်း ဌားရမ်းထားတယ်လို့ ဆိုပါတယ်။
“ဖြစ်စဉ်ပေါင်း လေးသိန်းကျော်ရပြီ။ ICC မှာသွားဖို့က အပြည်ပြည်ဆိုင်ရာ အသွားအလာနဲ့ကိုက်ညီတဲ့ပုံစံရှိတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးကော်မတီနဲ့လည်း လက်တွဲနေတယ်။ ကမ္ဘာ့ရှေ့နေအဖွဲ့အစည်းကြီးကိုလည်း ငှားထားတယ်။ ၂ သောင်း ၈ ထောင်ကျော် အခိုင်မာဆုံးဖြစ်စဉ်တွေကိုရွေးတယ်။ အဲ့ဒီထဲကမှ ၄၀၀ ကိုပြန်ရွေးမယ်။ အဲ့ဒီထဲကမှ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ၂၀၀ ရွေးမယ်။ သက်သေအထောက်အထားတွေနဲ့ ခိုင်ခိုင်မာမာတည်ဆောက်နေတာဖြစ်တယ်။ ကမ္ဘာ့လုံခြုံရေးကောင်စီကနေသွားတဲ့ လမ်းရှိသလို သွားတဲ့လမ်း သုံးလေးခုရှိတယ်” လို့ ဒေါက်တာဆာဆာကပြောပါတယ်။
စစ်ကောင်စီက ကျူးလွန်တဲ့ပြစ်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အရေးယူနိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ကျူးလွန်တဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့ ဥပဒေအပေါ်မှာ ဘယ်သူမှမရှိဖို့ ဆောင်ရွက်နေတာဖြစ်ပြီး ထိုက်တန်တဲ့ပြစ်ဒဏ်တွေ ချမှတ်နိုင်အောင် ဆောင်ရွက်မယ်လို့ NUG တာဝန်ရှိသူတွေက ပြောပါတယ်။
DVB News
ညှဉ်းပန်းနှိပ်စက်မှုများ ချက်ချင်းရပ် (မြန်မာပြည်ထဲက ညှဉ်းပန်းနှိပ်စက်မှုများ)
မြန်မာနိုင်ငံအတွင်းရှိ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍ AJAR နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အပိုင်း ၅ ပိုင်းပါသော ရုပ်သံမှတ်တမ်း