ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့

မြန်မာစစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်ခြင်းသည် နိုင်ငံတကာ ရာဇဝတ်မှုတစ်ခုဖြစ်သည်-  ထိုလုပ်ရပ်အား လုံး၀ ရပ်တန့်ရမည်။

ဇွန်လ ၂၆ ရက်၊  ၂၀၂၁ ခုနှစ်

ယနေ့ကျရောက်သော ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့တွင် မိမိတို့အနေဖြင့် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်လှသော ညှဉ်းပန်းနှိပ်စက်မှုများကို အမြန်ဆုံးရပ်တန့်ရန်နှင့် တရားမျှတမှုအတွက် ကျူးလွန်သူများကို အပြစ်ပေး အရေးယူရန် တောင်းဆိုပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍ AJAR နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အပိုင်း ၅ ပိုင်းပါသော ရုပ်သံဇာတ်လမ်းတွဲကို ထုတ်လွှင့်မည်ဖြစ်သည်။ (AJAR ၏ YouTube channel ((click here))၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ Website/Facebook တို့တွင် ကြည့်ရှုနိုင်ပါသည်။)

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖိနှိပ်မှုများကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်တပ်သည် ၎င်းတို့ အမိန့်အား ပြည်သူလူထုမှ နာခံစေရန်အတွက် ဆယ်စုနှစ်များစွာ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့သော အရပ်သား ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံသည့်နည်းလမ်းအသုံးပြုခြင်းကို လုံး၀ရပ်တန့် မည်မဟုတ်ကြောင်း ပြသနေသည်။

နိုင်ငံတဝှမ်းရှိ ပြည်သူလူထုတရပ်လုံးနီးပါး စစ်အာဏာရှင်စနစ်ကို ရဲရင့်စွာနှင့် ငြိမ်းချမ်းစွာ ဆက်လက် ဆန့်ကျင်တော်လှန်နေချိန်တွင် စစ်အာဏာရှင်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာမူ ရက်စက်ကြမ်းကြုတ်စွာ ပြန်လည်တုံ့ပြန်လျှက်ရှိသည်။ စစ်အာဏာသိမ်းချိန်မှစ၍ ယနေ့အချိန်အထိ ကလေးငယ်များနှင့် လူငယ်များအပါအဝင် လူပေါင်း၈၈၀ခန့်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရပြီးဖြစ်သည်။  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စစ်တမ်းများအရ ဇွန်လ ၂၄ ရက်နေ့အထိ လူပေါင်း ၆၃၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး ၅၁၀၄ ဦးမှာ ယနေ့အချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်သည်။ စစ်အာဏာရှင်၏ အကြမ်းဖက်ဖြိုခွင်းမှုသည် နိုင်ငံရေးသမားများ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများ၊ သတင်းထောက်များ၊ နာမည်ကြီးအနုပညာရှင်များနှင့် နာမည်ကျော်ကြား သူများ၊ သပိတ်မှောက်အလုပ်သမားများသာမက ကလေးငယ်များနှင့် လမ်းသွားလမ်းလာများပါမကျန် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မည်သူမဆို ပစ်မှတ်ထားနေသည်။ ဖမ်းဆီးခံရသူများထဲမှ အများစုမှာ ဆိုးဝါးလှသည့် ညှဉ်းပန်းနှိပ်စက်မှုပေါင်းစုံကို ခံကြရသည်။

ဖမ်းဆီးထားစဉ်အတွင်းတွင်လည်း အိမ်သာသွားခွင့်မပေးခြင်း၊ အိပ်စက်ခွင့်မပေးခြင်းနှင့် ရိုက်နှက်ခြင်း အပါအဝင် စနစ်တကျညှဉ်းပန်းနှိပ်စက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သည့် သတင်းများလည်း ထွက်ပေါ်လာသည်။ စစ်ကြောရေးစခန်းအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို မျက်နှာကိုအဝတ်နှင့် စည်းနှောင်ဖုံးထားကာ လက်နောက်ပြန် ချည်နှောင်လျှက် (သို့မဟုတ်) လက်ထိပ်ခတ်လျှက် ကွန်ကရစ်ကြမ်းခင်းပေါ်တွင် ဒူးထောက်ခိုင်းခြင်း (သို့မဟုတ်) မှောက်ရက်အိပ်ခိုင်းပြီး သတင်းအချက်အလက် ရရှိရန် (သို့မဟုတ်) အတင်းအဓမ္မ ဝန်ခံထွက်ဆိုလာစေရန်အတွက် ထပ်တလဲလဲ ရိုက်နှက်ကြသည်။ အချို့မှာ သေနတ်ဒင်များ၊ ဖန်ပုလင်းများ၊ ကေဘယ်လ်ကြိုးများကဲ့သို့သော အန္တရာယ်ရှိသော အရာများဖြင့် ရိုက်နှက်ခံရကြောင်း ပြောဆိုကြသည်။ အထူးစိုးရိမ်ဖွယ်ရာအချက်မှာ အမျိုးသမီးများသည် စစ်ကြောရေး ကာလနှင့် ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း  လိင်ပိုင်းဆိုင်ရာနှင့် လိင်ကွဲပြားမှုကို အခြေခံသော အကြမ်းဖက်မှုများ၊ လိင်ခွဲခြားမှုနှင့် လိင်ကွဲပြားမှုဆိုင်ရာ မုန်းတီးမှုပုံစံများဖြင့် ညှဉ်းပန်းနှိပ်စက် ခံရခြင်းပင်ဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း အမျိုးသမီးများ၏ လိင်အင်္ဂါများကို ရိုက်နှက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများအပါအဝင် လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ကျူးလွန်သည့် သတင်းများလည်း ထွက်ပေါ် ခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံရသူအချို့မှာ ဆက်လက်ရှင်သန်နိုင်ခြင်း မရှိခဲ့ပေ။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ် ဖမ်းဆီးခြင်းခံလိုက်ရသော အရပ်သားပြည်သူများသည် အများအားဖြင့် ဆေးဝါးကုသခွင့် မရရှိကြဘဲ နောက်ပိုင်းတွင် ၎င်းဒဏ်ရာများကြောင့်ပင် သေဆုံးခဲ့ကြရသည်။ သိသာထင်ရှားသည့် ညှဉ်းပန်းနှိပ်စက်သည့် ဒဏ်ရာများ၊ လက္ခဏာများရှိသော်လည်း ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများကို သေဆုံးသည့်အကြောင်းအရင်းအပေါ် လုပ်ကြံဇာတ်ခင်းကာ မိသားစုထံ ပြန်ပို့ခဲ့ကြသည်။ အချို့ရုပ်အလောင်းများတွင် ကိုယ်တွင်းအစိတ်အပိုင်းများ ဖယ်ထုတ်ထားသည့် ဒဏ်ရာအမှတ် အသားများ ကိုလည်း တွေ့ရသည်။ အချို့မှာ အသက်ရှင်သန်လျှက် ၎င်းတို့၏ မိသားစုထံ ပြန်ပို့ခံရသော်လည်း ရောက်ပြီး နာရီပိုင်းအနည်းငယ်အကြာတွင်ပင် ရရှိထားသော ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြသူများလည်း ရှိသည်။ AAPP ကောက်ယူထားသည့် စာရင်းများအရ ထိုသို့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရသူပေါင်း အနည်းဆုံး ၂၄ ဦးရှိပြီဖြစ်သည်။

မြန်မာစစ်တပ်မှ ကျင့်သုံးနေသော ဤရက်စက်ကြမ်းကြုတ်လှသော နည်းဗျူဟာများသည် လူထု ထောက်ခံမှုများသော စစ်အာဏာရှင်တော်လှန်ရေးကို နှိပ်ကွပ်ရေးနှင့် ၎င်းတို့၏ အာဏာကို ဆက်လက် တည်မြဲရေးအတွက် လူထုကြားကြောက်ရွံ့မှုများ သွတ်သွင်းကာ အကြမ်းဖက်မှုဓလေ့ကို ဖန်တီးရန် ရည်ရွယ်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ညှဉ်းပန်းနှိပ်စက်မှုကို အသုံးပြုခြင်းသည် လတ်တလော နိုင်ငံရေးဖြစ်စဉ်အတွက် အသစ်အဆန်းတစ်ခု မဟုတ်ပေ။ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ နှစ်ပေါင်း များစွာပြုစုထားသော မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် စစ်ကြောရေးနှင့် ထောင်သွင်း အကျဉ်းချသည့် ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှုကို အသုံးပြုကြသည်မှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင်ဖြစ်သည်။ ထိုထဲတွင် ရဲအချုပ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသော LGBTIQ များအပေါ် နှိပ်စက်ခြင်းများလည်း ပါဝင်သည်။ တိုင်းရင်းသား နယ်မြေများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ နွေဦးတော်လှန်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များရယူရန်နှင့် အတင်းအဓမ္မဝန်ခံစေရန် အတွက် (သို့မဟုတ်) စစ်အုပ်စု၏အတိုက်အခံများအပေါ် စာနာနားလည် ထောက်ခံမှုများကြောင့် အပြစ်ပေးရန်အတွက် စစ်အာဏာရှင်သည် အရပ်သားပြည်သူများအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်းအပါအဝင် အခြားရက်စက်သည့် ပြုမူဆက်ဆံမှုပုံစံများကို အသုံးပြုခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ ကမ္ဘာ့ကုလသမဂ္ဂသို့ တင်ပြသော အစီရင်ခံစာများတွင် “ဘာသာတရားနှင့် လူမျိုးအပေါ် တပ်မတော်သားများက နှုတ်ဖြင့် ရှုတ်ချခြင်းနှင့် လိင်အကြမ်းဖက်မှုအပါအဝင် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ရက်စက်သည့် ပြုမူ ဆက်ဆံမှုပုံစံများသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များရှိ တိုင်းရင်းသားလူနည်းစုများများ၏ လူမဆန်သည့် လုပ်ရပ်များကို ပြန်လည် ထင်ဟပ်နေသည်”ဟု  ဖော်ပြခဲ့သည်။ အမှန်စင်စစ်တွင် ညှဉ်းပန်းနှိပ်စက်မှုများနှင့် ရက်စက်သည့် ပြုမူဆက်ဆံမှုများ အပါအဝင် အရပ်သားများကို ပစ်မှတ်ထားခြင်းသည် မြန်မာစစ်အာဏာရှင်၏ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း စစ်ဆင်ရေးပုံစံများ၏ အခြေခံအကျဆုံး အမှတ်သင်္ကေတတစ်ခု ဖြစ်ကြောင်း FFM မှ လေ့လာတွေ့ရှိခဲ့သည်။

ညှဉ်းပန်းနှိပ်စက်မှုသည် ရှင်သန်လွတ်မြောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် ဆိုးဝါးလွန်းသည့် ရေရှည်အကျိုးဆက်များကို ဖြစ်စေသည်။ ၎င်းတို့အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ၊ လူမှုရေးဆိုင်ရာ ဖယ်ကျဉ်ခြင်းနှင့် စီးပွားရေးအခက်အခဲများ ရုန်းကန်နေရသည့် တပြိုင်နက်တည်းတွင် မြန်မာနိုင်ငံအတွင်း အထူးသဖြင့် လက်ရှိအခြေနေကာလအတွင်းတွင် အခြေခံထောက်ပံ့ကူညီမှုဝန်ဆောင်မှုများ လက်လှမ်းမှီမှုမှာလည်း မရှိသလောက် နည်းပါးလျှက်ရှိသည်။ ညှဉ်းပန်းနှိပ်စက်မှုမှ ရှင်သန်လွတ်မြောက်လာသူများနှင့် ၎င်းတို့၏ မိသားစုများအနေဖြင့် ကျန်းမာရေးနှင့် ဆေးဝါးကုသမှု၊ စိတ်ပိုင်းဆိုင်ရာ လူမှုရေးအကူအညီများ၊ ဥပဒေအကူအညီများနှင့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ လက်လှမ်းမီရန် အထူးလိုအပ်လျှက်ရှိသည်။ ၎င်းတို့၏ အရေးပေါ် လိုအပ်ချက်များအပါအဝင် အသက်ရှင်သန်လွတ်မြောက်သူများ၏ အတွေ့အကြုံများကို အသိအမှတ်ပြု လက်ခံပြီး နောက်ထပ်မဖြစ်အောင် သေချာစေသည့် ရေရှည်လိုအပ်ချက်များအတွက် အစီအစဉ်များ ချမှတ်ရန်လည်း လိုအပ်နေသည်။

လုံခြုံရေးတပ်ဖွဲ့များ၏ ညှဉ်းပန်းနှိပ်စက်မှုများသည် နိုင်ငံတကာဥပဒေသာမက မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေများကိုပါ ချိုးဖောက်ခြင်းဖြစ်သည်။ အချို့သော အခြေအနေများတွင် ညှဉ်းပန်းနှိပ်စက်မှုသည် ပြည်သူလူထုအပေါ် ကျယ်ပြန့်စွာ စနစ်တကျ ကျူးလွန်နေသည့် တိုက်ခိုက်မှု အစိတ်အပိုင်းဖြစ် ပါဝင်နေပါက ၎င်းလုပ်ရပ်ကို လူသားဖြစ်မှုကို ဆန့်ကျင်သည့် ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်သည်။ ယခင်က မိမိတို့ အကြိမ်ကြိမ် ဖော်ပြခဲ့သည့် အတိုင်းပင် ဆယ်စုနှစ်များစွာ အပြစ်ပေးအရေးယူမှုမှ ကင်းလွတ်နေခြင်းသည် မြန်မာစစ်တပ်အား ကြောက်မက်ဖွယ်ကောင်းသော ရာဇဝတ်မှုများကို တာဝန်ခံမှုကင်းမဲ့စွာ ဆက်လက် ကျူးလွန်ရန် ပိုမိုတွန်းအားပေးနေသည်။ ဤအခြေအနေကို လုံး၀ရပ်တန့်ရမည်ဖြစ်ပြီး တရားမျှတမှုအား အကောင်အထည်ဖော်ရန်အတွက် အချိန်ကျရောက်ပြီ ဖြစ်သည်။ မြန်မာစစ်တပ်မှ ကျူးလွန်နေသော အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် တရားမျှတမှုအတွက် ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်သူ မည်သူမဆို မှန်ကန်သော တရားစီရင်ရေးသို့ အရောက်ပို့ဆောင်ရမည် ဖြစ်သည်။

ထို့ကြောင့် မိမိတို့အနေဖြင့် အောက်ပါအတိုင်း အကြံပြုတိုက်တွန်းသည်။

နိုင်ငံတကာအသိုင်းအဝိုင်းသို့ –

  • အာဏာသိမ်းစစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)ကို အသိအမှတ်မပြုရန်နှင့် စစ်တပ်အနေဖြင့် ဂျနီဗာ သဘောတူစာချုပ်ကို လေးစား လိုက်နာကာ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး အတွက် မြန်မာစစ်တပ်အား ဖိအားပေးရန်
  • မြန်မာနိုင်ငံအခြေအနေအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းမှု ပြုလုပ်ရန်
  • မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားကို ပိုမိုအားကောင်းစေရေး ဆောင်ရွက်ရန်
  • ပေါင်းစပ်ညှိနှိုင်းထားသည့် လက်နက်ပိတ်ဆို့မှုတစ်ခု မြန်မာနိုင်ငံအပေါ် ချမှတ်ရန်
  • မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုအား ထပ်မံလုပ်ဆောင်ရန်
  • ညှဉ်းပန်းနှိပ်စက်ခံရသူများကို အသိအမှတ်ပြုခြင်းနှင့် အသိအမှတ်ပြုမှုများတွင် ပူးပေါင်းပါဝင်ရန်
  • ညှဉ်းပန်းနှိပ်စက်ခံရသူများ၏ အရေးပေါ်လိုအပ်ချက်နှင့် ရေရှည်လိုအပ်ချက်များကို ဖြေရှင်းရန် အတွက် ရုပ်ပိုင်းဆိုင်ရာ၊ ဆေးဝါးနှင့် စိတ်ပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးရန် ရည်ရွယ်သည့် လုပ်ငန်းစဉ်များမှတစ်ဆင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအပါအဝင် ညှဉ်းပန်းနှိပ်စက်ခံ ရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ကူညီပံ့ပိုးပေးရန်
  • အကြမ်းဖက်မှုဒဏ်ခံရသည့် အရပ်သားပြည်သူများအား နယ်စပ်ဖြတ်ကျော်သည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပံ့ပိုးပေးရန်

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) သို့-

  • မြန်မာ့အရေးနှင့်ပတ်သက်သည့် ၎င်း၏ “အချက် ၅ ချက်ပါ သဘောတူညီချက်” ကို အကောင်အထည်ဖော်မည့် အချိန်ကာလ သတ်မှတ်ရန်နှင့် မြန်မာစစ်အုပ်စုမှ တာဝန်ခံမှုရှိစေရေး အတွက် ထိရောက်ပွင့်လင်းစွာ ဆောင်ရွက်ရန်
  • နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားများအားလုံး ချက်ချင်းလွှတ်ပေးရေး တောင်းဆိုရန်
  • နိုင်ငံတကာအသိုင်းအဝိုင်းမှ ပြုလုပ်သည့် လက်နက်ပိတ်ဆို့မှုကို ထောက်ခံပံ့ပိုးရန်

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) သို့-

  • လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျူးလွန်သော ညှဉ်းပန်းနှိပ်စက်မှုများကို မှတ်တမ်းတင်ရန်
  • IIMM နှင့် ပူးပေါင်းဆောင်ရွက်ရန်
  • အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၏ ရောမစာချုပ်ကို လက်ခံခြင်းနှင့် အတိတ်မှ ရာဇဝတ်မှုများအတွက် ICC၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ကြေညာခြင်းအပါအဝင် တရားမျှတမှုအတွက် ကျူးလွန်သူများကို တရားစီရင်ရေးသို့ ခေါ်ဆောင်ရန်အတွက် ကတိကဝတ်ပြုရန်
  • ကမ္ဘာ့ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးသဘောတူစာချုပ်ကို ထောက်ခံရေးနှင့် လက်မှတ်ထိုးရေးအတွက် ကတိကဝတ်ပြုရန်
  • NUG၏ အခွင့်အာဏာအောက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အသိပညာပေးသင်တန်းများ ပံ့ပိုးပေးခြင်းဖြင့် ညှဉ်းပန်းနှိပ်စက်မှုကို တားဆီးကာကွယ်ရေး ကတိကဝတ်ပြုရန်
  • အကြမ်းဖက်မှုများမှ ရှင်သန်လွတ်မြောက်လာသူများ၏ အခွင့်အရေးများဖြစ်သည့် အမှန်တရား ရရှိရေးနှင့် ပြန်လည်ကုစားပေးလျော်ခြင်း အခွင့်အရေးများ၊ အထူးသဖြင့် ရှင်သန်လွတ် မြောက်သူများတွက် ပြန်လည်ထူထောင်ရေး အစီအစဉ်များကို လုပ်ဆောင်ရန်အလို့ငှာ အဓိပ္ပာယ်ပြည့်ဝသော အသွင်းကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ယန္တရားများကို တည်ဆောက်ရန် အတွက် ကတိကဝတ်ပြုရန်

  1. Asia Justice and Rights (AJAR)
  2. Women’s League of Burma (WLB)
  3. Network for Human Rights Documentation Burma (ND-Burma)
  4. Assistance Association for Political Prisoners (AAPP)
  5. All Arakan Student’s and Youth Congress (AASYC)
  6. Ta’ang Civil Society Organization (TCSO)
  7. Burma Civil War Museum (BCM)
  8. Union Of Karenni State Youth (UKSY)

Contacts:

secretariat@womenofburma.org

aasyc.ghq@gmail.com

admin.burma@asia-ajar.org

မန္တလေးမြို့မှာ အင်္ဂါနေ့က စစ်ကောင်စီတပ်တွေနဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF-Mdy တို့ကြား အပြန်အလှန်ပစ်ခတ်ခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်မှု ပုံစံအားလုံးကို ရှုတ်ချကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ အင်္ဂါနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံးရဲ့ပြောခွင့်ရ Stephane Dujarric က-

”ဒီကနေ့ ထိတ်လန့်စရာကောင်းတဲ့ မန္တလေးက အကြမ်းဖက်မှုသတင်းကို ကျနော်တို့ ကြားသိ တွေ့မြင်ခဲ့ရပါတယ်။ အကြမ်းဖက်မှု ပုံစံအားလုံးကို ထပ်ပြီး ရှုတ်ချပါတယ်။ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်မြန်မာပြည်သူတွေရဲ့လှုပ်ရှားမှုတွေအပေါ် ကုလသမဂ္ဂရဲ့ မဆုတ်မနစ်ထောက်ခံမှုကို ထပ်လောင်းအတည်ပြုပါတယ်။” လို့ပြောသွားပါတယ်။

ဒါအပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း မြန်မာ့အရေးဆွေးနွေးတင်ပြရာမှာ ကြီးမားတဲ့ အကြမ်းဖက်မှုတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့သတိပေးခဲ့သလို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြဖို့လည်း တိုက်တွန်းခဲ့တဲ့အကြောင်း Stephane Dujarric ကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အလားတူ မန္တလေးမှာဖြစ်ခဲ့တဲ့ မနေ့က ပစ်ခတ်တိုက်ခိုက်မှုတွေအတွက် စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ရန်ကုန်အခြေစိုက် အမေရိကန် ကနေဒါနဲ့ ပြင်သစ်သံရုံးတို့က အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။ မန္တလေးမြို့မှာ အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရတာ ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေအပါအဝင် ပစ်ခတ်မှုသတင်းတွေကို စောင့်ကြည့်နေတယ်လို့ ရန်ကုန်၊ အမေရိကန်သံရုံးက အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၂၂ ရက်နေ့ မနက်က မန္တလေးက ပစ်ခတ်မှုတွေအတွင်း လက်နက်ကိုင်တွေဖက်က ၄ ယောက်သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ဒီအတောအတွင်း အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းပြီး ငါးလနီးပါးကြာရှိနေတဲ့ မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေ ဆက်ပြီးဖြစ်နေတဲ့ သတင်းတွေအပေါ်မှာ အခြေအနေတွေဟာ ဆက်လက် စိုးရိမ်ဖွယ်ရာဖြစ်နေတယ်လို့လည်း မြန်မာ ကုလသမဂ္ဂရုံးက ပြောကြားခဲ့ပါတယ်။ အနည်းဆုံး လက်နက်မဲ့ အမျိုးသမီး၊ ကလေးနဲ့ အမျိုးသား စုစုပေါင်း ၈၇၂ ဦး သေဆုံးခဲ့ပြီး လူပေါင်း ထောင်နဲ့ချီပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း အင်္ဂါနေ့က ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သတင်းပတ်က လုံခြုံရေးကောင်စီမှာရော၊ အထွေထွေညီလာခံမှာပါ နိုင်ငံတွင်းရှိနေတဲ့ အင်အားစုအားလုံးအနေနဲ့ အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးပြီး ပြန်လည်ရင်ကြားစေ့ရေးကနေ တဆင့် အစွမ်းကုန်ထိန်းသိမ်းဆောင်ရွက်ဖို့၊ ငြိမ်းချမ်းတဲ့ အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

VOA News

အကြမ်းဖက်စစ်ကောင်စိ၏ မီးတင်ရှို့မှုကြောင့် သက်ကြီးလင်မယား စုံတွဲ အသက်ဆုံးရှုံးခဲ့ရသည်။ ကမ္ဘာ့ဒုက္ခသည်များနေ့ နှင့် ပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာ/ နိုင်ငံတကာနေ့တွင် ထိခိုက်နိုင်ချေများသော အားနည်းသောလူအုပ်စုကိုကာကွယ်ရန် လုံခြုံမှုနှင့် တာ၀န်ခံမှုကို လိုအပ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းတို့၏ တောင်းဆိုခဲ့မှုများကို တင်ပြထားပါသည်။ ပြည်သူတို့မှ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှား ဆက်လက် ပြုလုပ်နေကြသည်။ အပြည့်အစုံကို အပတ်စဉ်နောက်ဆုံးအခြေအနေ ကျဉ်းချုပ်တွင်ရှုပါ။

အကျဥ်းချုပ်

နှေးကွေးသော်လည်း ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသည့် အရပ်သားအစိုးရ အုပ်ချုပ်မှုသို့ မှန်မှန် လျှောက်လှမ်းနေသည့် အသွင်ကူးပြောင်းရေး ၁၀ နှစ်အကြာတွင် စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာရုဏ်ဦးချိန် အာဏာသိမ်းလိုက်သည်။ အကျိုးဆက်အနေဖြင့် နိုင်ငံရေး ခေါင်းဆောင်များ နှင့် တက်ကြွလှုပ်ရှားသူများကို မတရားဖမ်းဆီး ထိန်းသိမ်းလိုက်သည်။

ပါလီမန်သစ် မစတင်မီမှာပင် အာဏာသိမ်းလိုက်ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာ အထွေထွေရွေး ကောက်ပွဲမှ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စစ်တပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း ဦးစွာပြသလိုက်ခြင်းဖြစ်သည်။ ခိုင်မာ သည့် သက်သေမရှိပဲ မဲသမာမှုများရှိသည်ဟု စစ်တပ်မှ စွပ်စွဲကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်အားလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး စောဒကတက်ခဲ့သည်။ ရွေးကောက်ပွဲသည် မသမာမှုနှင့် တရား ဝင်မှုမရှိကြောင်း စစ်တပ်က ခံယူသည့်အတိုင်း စစ်အာဏာာသိမ်းမှုဖြင့် တုန့်ပြန်လိုက်ခြင်းဖြစ်ပြီး  ‘မလွှဲ မရှောင်’ လုပ်ရခြင်းဖြစ်သည်ဟု ပြောဆိုနေသည်။

အခြေအနေများက လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အုပ်ချုပ်ခဲ့သည့် စံနှုန်းများမှု လွဲချော်စေသည့် လမ်းဆုံလမ်းခွသို့ ရောက်ရှိသွားစေသည်။

နိဒါန်း

မြန်မာနိုင်ငံသည် ဆယ်စုနှစ်နှင့်ချီသည့် ပြည်တွင်းစစ်ပြဿနာနှင့် ငြိတွယ်ခဲ့ရသည်။ သယံဇာတ အမျိုး မျိုးထွက်ရှိသော်လည်း နိုင်ငံရေးအရ သဘောထားကွဲသူများအပေါ် ဖိနှိပ်ပြီး အာဏာနှင့် အကျိုးအမြတ် ကိုသာကြည့်သည့် ဖိနှိပ်အုပ်ချုပ်သော အာဏာရှင်ခေါင်းဆောင်များအောက် ကျရောက်ခဲ့ရသည်။ စစ်တပ်မှ အာဏာသိမ်း ထိန်းချုပ်စဥ်အတွင်း မတရားဖမ်းဆီး ထိန်းသိမ်းခံရသူ၊ ပျောက်ဆုံးသွားသူများ၊ ညှဥ်းပန်းနှိပ်စက်ခံရသူများနှင့် အသတ်ခံရသူများအတွက် တရားမျှတမှုနှင့် ပြန်လည်ကုစားပေးလျော်မှု တစုံတရာ မရှိဘဲ ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။ စစ်အာဏာသိမ်းမှုကြောင့် နယ်စပ်ဒေသတွင် တိုက်ပွဲများ ပြန်လည်ဆိုးရွားလာစေပြီး စစ်တပ်က လိုချင်တပ်မက်သည့် အာဏာနှင့် ချုပ်ကိုင်လိုမှုက တရားမျှတမှုနှင့် အဓိပ္ပါယ်ရှိသည့် ပြုပြင်ပြောင်းလဲမှုကို ဖုံးအုပ်သွားစေသည်။

စစ်အာဏာသိမ်းမှုကြောင့် စစ်အုပ်ချုပ်မှုနှင့် ကြီးစိုးလွှမ်းမိုးမှုအောက် ပြန်ရောက်သွားမည်ကို အထူးစိုး ရိမ်ကြသည်။ စစ်တပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် အရပ်သား များ ထောင်နှင့်ချီ၍ ထွက်ပြေးရသည့် ပြောင်းရွှေ့မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာသည်။ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များ ဖွဲ့စည်းလာကြခြင်းက ပြည်သူလူထုသည် စစ်တပ်ကို မဖြစ်မနေ လက် နက်ကိုင်၍ ခုခံကာကွယ်ရန် အခြေအနေသို့ တွန်းပို့ခြင်းခံရ၍ဖြစ်သည်။ အာဏာရှင်တပ်များ၏ စစ်ဆင်မှုများတွင် အထူးသဖြင့် ပြည်သူလူထုနေထိုင်ရာ ရပ်ရွာများတွင် အညှာအတာကင်းမဲ့စွာ တိုက်ခိုက်ကြသည်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃၃၀,၀၀၀[1] ကျော်ရှိသည်ဟု ထုတ်ပြန်ထားသည်။ သို့သော် အာဏာသိမ်းစစ်အုပ်စုက ထွက်ပြေးရွှေ့ပြောင်းနေရသူများအား အကူအညီနှင့် အရေးပေါ် လိုအပ်ချက်များ မပေးပို့နိုင်စေရန် ပိတ်ဆို့ထားသည်။

ယခုစာတန်းငယ်တွင် မေလ ၁ ရက်မှ ဇွန်လ ၁၅ ရက်အထိ ချင်း၊ ကချင်၊ ကရင်၊ ကယားနှင့် ရှမ်းပြည် နယ်တို့ရှိ စစ်ပြေးဒုက္ခသည်များ အပေါ် သက်ရောက်သည့် အခြေအနေများအား ဖော်ပြထားပြီး ခိုင်မာစွာ အမြစ်တွယ်နေသည့် စစ်တပ်၏ အပြစ်ပေးအရေးယူခြင်းမှ ကင်းမဲ့နေသည့် ဓလေ့အား အဆုံးသတ်စေရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းအား အားကောင်းသည့် အကြံပြုချက်များ ပါဝင်သည်။ အပြစ်ပေးအရေးယူခြင်း ကင်းမဲ့နေမှုကြောင့် ကြာရှည်နေသည့် ပြည်တွင်းစစ်ဖြစ်ပေါ် စေပြီး လူ့အခွင့်အရေးအပေါ်လည်း စိန်ခေါ်တိုက်ခိုက်မှုများ ရှိနေသည်။ ယခုစာတန်းကို ပြည်တွင်း၊ ပြည်ပ သတင်းများနှင့် ND-Burma အဖွဲ့ဝင်များ၏ အစီရင်ခံစာများ စာတန်းငယ်များအပေါ် အခြေခံ ရေးသားထားခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရာဒေသရှိ ထွက်ပြေးတိမ်းရှောင်ရမှုများ

စစ်တပ်၏ ဆယ်စုနှစ်နှင့်ချီ၍ အကြမ်းဖက်မှုများကြောင့် အရပ်သား ပြည်သူများ အတင်းအကြပ် ထွက်ပြေးတိမ်းရှောင်ရမှုများ ကြုံတွေ့ခံစားရလေ့ရှိသည်။ စစ်အာဏာသိမ်းမှုက စစ်တပ်အား စစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ရန် အားပေးအားမြှောက်ပြုနေပြီး စစ်အင်အားတိုးချဲ့မှုကိုလည်း တောရော၊ မြို့ပါမကျန် အရပ်သားများက တွေ့မြင်ကြရသည်။ တိုက်ပွဲများနှင့် အကျိုးဆက်များက အရပ်သားများအပေါ် ထိခိုက်မှုကို အချိန်ဇယားအတိုင်း အောက်ပါအတိုင်း ဖော်ပြထားသည်။

ချင်းပြည်နယ်

မင်းတပ်တွင် ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူများအား လွှတ်ပေးရန် ဒေသခံများက အာဏာသိမ်း စစ်အုပ်စုအား တောင်းဆိုသည့် မေလမှစပြီး ချင်းပြည်နယ်တွင် အခြေအနေများ ဆိုးရွားလာသည်။

အဖမ်းခံရသူများအား ပြန်မလွှတ်သည့်အတွက် အာဏာသိမ်း စစ်တပ်ကို တုန့်ပြန်ရန်အတွက် ချင်းကာ ကွယ်ရေးတပ် (CDF) ကို ဖွဲ့စည်းလိုက်ကြသည်။ အာဏာသိမ်းစစ်တပ်က စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ် ပြန်၍ တုန့်ပြန်သော်လည်း ဒေသခံများက အလေးမထားပဲ ဂရုမစိုက်ကြောင်း ပြသခဲ့ကြသည်။ စစ်တပ် သည် အပြစ်ပေးခံရမှုမှ ကင်းလွတ်နေသည့်အတွက် ဆက်လက်ပြီး မိန်းမငယ်လေးများအပေါ် လိင်ပိုင်း ဆိုင်ရာ စော်ကားခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီး ထိန်းသိမ်းခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ကြသည်။

ထွက်ပြေးလွတ်မြောက်လာသူများမှာလည်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လုံခြုံမှုမရှိပေ။ စစ်တပ်မှ ဒေသခံများအပေါ် စစ်နက်လက်အသာစီးဖြင့် စစ်ဆင်နေမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာ သူများမှာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အရေးပေါ် အကူအညီများ လိုအပ်နေသည်။ သတင်းများအရ ချင်းပြည်နယ်တွင် မေလ ၁၉ နှင့် ၂၀ ရက်နေ့ အထိ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်မှ ၁၀ ဦးသေဆုံး၍ အနည်းဆုံး ၂၀ စိုးရိမ်ရသည့် ဒဏ်ရာရသွားသည်[2]။ ND-Burma ၏ ဆက်စပ်အဖွဲ့ဝင် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ အမှုဆောင်ဒါရိုက်တာက လော့ကလုံးတွင် တိုက်ပွဲများစတင်က တည်းက ချင်းပြည်နယ်မှ အရပ်သား ၃၅,၀၀၀ ကျော် ထွက်ပြေးကြရသည်ဟု ပြောသည်။ စစ်တပ်မှ လူငယ်များအပေါ် အဓိက ပစ်မှတ်ထားနေသဖြင့် အများအပြားမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သူက ဆက်ပြောသည်။

ကရင်ပြည်နယ်

စစ်တပ်မှ မော်တာများကို ကျေးရွာနှင့် လယ်ယာလုပ်ငန်းခွင်သို့ ပစ်ခတ်မှုကြောင့် ထိခိုက်၊ သေဆုံးမှုများ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည်။ ဒေသခံပြည်သူများမှာ အတင်းအကြပ်ဖမ်းဆီးခံရခြင်းနှင့် အဓမ္မလုပ်အားပေး စေခိုင်းခြင်းလည်း ခံနေရသည်။ စစ်အာဏာသိမ်းပြီးချိန်မှစ၍ လေကြောင်းတိုက် ခိုက်ခိုက်မှုများကြောင့် အရပ်သား အနည်းဆုံး ၁၆ ဦးသေဆုံးပြီး ၂၀ ဒဏ်ရာရကာ ၇၀,၀၀၀ ကျော် ထွက်ပြေးနေရသည်။ အာဏာသိမ်းစစ်တပ်မှ မြေပြင်နှင့် ဝေဟင်မှ ပစ်ခတ်တိုက်ခိုက်သည်နှင့် မိသားစု များမှာ မဖြစ်မနေ ထွက်ပြေးကြရပြီး တောထဲတွင် ပုန်းအောင်းနေရသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ များ၏ အဆိုအရ ဇွန်လ ၂ ရက်တွင် PDF နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓသာသာကရင့်တပ် မတော် (DKBA) ခွဲထွက် ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်း စစ်တပ်တို့အကြား တိုက်ပွဲကြောင့် မြဝတီတောင်ဘက်၊ ဖလူးရှိ ရွာသား နောက်ထပ် ၅၀၀ ကျော် ရွှေ့ပြောင်းထွက်ပြေးကြရသည်။

အာဏာသိမ်းချိန်မှစပြီး ကရင်ပြည်နယ်တွင် စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား ၁၃ ဦး ဒဏ်ရာရပြီး ၁၈ ဦး သေဆုံး၍ အရပ်သားများ၏ အိုးအိမ် ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံး ရသည်။

ကယားပြည်နယ်

ကယားပြည်နယ်တွင် အထူးသဖြင့် ဒီမောဆိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေသည်။ အာဏာသိမ်း စစ်တပ်နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF) အကြားတိုက်ပွဲများကြောင့် အချိန်တိုအတွင်း မှာပင် ပြည်နယ်လူဦးရေ၏ သုံးပုံတပုံနီးပါး ရွှေ့ပြောင်းထွက်ပြေးနေရသည်။ ထောင်နှင့်ချီသည့် အရပ် သားများ တောထဲထွက်ပြေးနေရပြီး စစ်ပြေးဒုက္ခသည်ဦးရေ ၁၀၀,၀၀၀ ကျော်အထိရှိလာချိန်တွင် အ ရေးပေါ်လိုအပ်သည့် ဆေးဝါး၊ အမိုးအကာနှင့် စားနပ်ရိက္ခာများ ပြတ်လပ်ကုန်သည်[3]

မေလ ၂၄ ရက်နေ့ နံနက်တွင် လွိုင်ကော်ရှိ ဘုရားရှိခိုးကျောင်းတွင် ဗုံးပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှု ကြောင့် အရပ်သား ၄ ဦး သေဆုံးသွားသည်။ သေဆုံးသွားသူများမှာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ယောက် ဖြစ်ပြီး ၄င်းတို့၏ အိမ်အနီးတွင် တိုက်ပွဲဖြစ်ပွားသဖြင့် ဘုရား ကျောင်းတွင် ခိုလှုံနေကြခြင်းဖြစ် သည်[4]။ နောက်ထပ် ၆ ယောက်မှာ စိုးရိမ်စရာ ဒဏ်ရာများ ရရှိသွားသည်။ စစ်တပ်မှ ကယားပြည်နယ် အတွင်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေပြီး ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်နေစေ သည်။ အရပ်သားများမှာ လိုက်လံဖမ်းဆီးခံရခြင်းနှင့် ရမ်းသမ်းပစ်ခတ်မှုများ ခံနေရသည်။ ပေါက်ကွဲသံများနှင့် ရဟတ်ယဥ်သံများကို ညဘက်တွင် ကြားကြရသည်။ ဒေသခံ သတင်းမီဒီယာများ အရ ဒီမောဆိုမြို့နယ်အတွင်း အချို့နေရာများတွင် ဖုန်း၊ အင်တာနက်နှင့် လျှပ်စစ်မီးများ ဖြတ်တောက်ခံ ရသည်။ KPDF မှ ခုခံတိုက်ခိုက်မှုအတွက် အရပ်သားများအား ဒဏ်ခတ်ရန် စစ်တပ်မှ လိုက်လံရှာဖွေသ ဖြင့် ရာနှင့်ချီသည့် ဒေသခံများ နီးစပ်ရာ တောထဲတွင် ပုန်းအောင်းနေကြရသည်။ ထွက်ပြေးပုန်းရှောင် နေရသူများအား အကာအကွယ်ပေးရန် ကူညီသူများမှာလည်း အန္တရာယ်ကြီးကြီးမားမားနှင့် ကြုံနေရ သည်။ ယာယီစစ်ရှောင်စခန်းတွင် ခိုလှုံနေသည့် ဒုက္ခသည်များအား စားနပ်ရိက္ခာဝေငှသည့် လူငယ်နှစ်ဦး မှာ ပစ်သတ်ခြင်းခံရသည်။

မည်သို့ပင်ဆိုစေကာမူ ကယားပြည်နယ်အတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုမှာ ဆက်လက်ဖြစ်ပေါ် နေပြီး လက်နက်ကြီး၊ လက်နက်ငယ်မျးဖြင့် ၄င်းတို့အား ပစ်ခတ်နေသည့်အတွက် မြို့နယ်အတွင်း စစ်တပ်ချထားမှုကို အားလုံးက မလိုလားကြောင်း ပြသနေသည်။

ကချင်နှင့် ရှမ်းပြည်နယ်

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အာဏာသိမ်း စစ်တပ်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ တရုပ်နိုင်ငံမှ အာဏာသိမ်း စစ်တပ်၏ လေတပ်အတွက် သယ်ဆောင်လာသည်ဟု သံသယဖြစ်ဖွယ် စစ်တပ်၏ ဆီသယ်ယာဥ် ၆ စီး မူဆယ်တွင် တိုက်ခိုက်ခံရမှုလည်း အပါအဝင်ဖြစ်သည်[5]။ KIA, မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် အာဏာသိမ်း စစ်တပ်တို့အကြား တိုက်ပွဲများကြောင့် အရပ်သား ရာနှင့်ချီ၍ နေရပ်စွန့်ခွာမှုများ ဖြစ်စေပြီး အရေးပေါ် ခိုလှုံရန် ဗုံးခိုကျင်းများလည်း တူးနေကြသည်။ မေလ ၁၉ ရက်တွင် ရှမ်းပြည်ပြန်လည်တည်ဆောက်ရေး ကောင်စီ (RCSS)နှင့် တအာန်းလွတ်မြောက်ရေးတပ်မတော် (TNLA), ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် သီပေါမြို့နယ်ရှိ ရွာသား ၁,၀၀၀ ကျော် ထွက်ပြေးပြောင်းရွှေ့ကြရသည်။ ထို့အပြင် ကချင် ဒုက္ခသည် ၃,၀၀၀ ကျော်မှာလည်း တိုက်ပွဲများကြား မှ လွတ်မြောက်ရန် ၄င်းတို့ ကျေးရွာများမှ ထွက်ပြေးကြရသည်[6]။ စစ်တပ်အနေဖြင့် စားနပ်ရိက္ခာများ သယ်ဆောင်သည့် လမ်းကြောင်းကိုလည်း ပိတ်ဆို့ထားကြောင်း ကချင်နှစ်ချင်းခရစ်ယာန်အသင်း ဥက္ကဌ မှ ထပ်မံပြောဆိုသည်။ သိပ်မကြာမီကပင် ရှမ်းပြည်တောင်ပိုင်းရှိ စစ်ပြေးဒုက္ခသည်များအား စားနပ် ရိက္ခာနှင့် ဆေးဝါးများပေးပို့သည့် ကားတန်းမှာ မီးရှို့ဖျက်ဆီးခံရသည်[7]

ND-Burma ၏ အဖွဲ့ဝင် ကချင်အမျိုးသမီးအစည်းအရုံး- ထိုင်းနိုင်ငံ (KWAT) ၏ နောက်ဆုံးထုတ်ပြန် သည့် “သေစေလောက်သည့် လက်တုန့်ပြန်မှုများ။ မြန်မာနိုင်ငံ မြောက်ပိုင်း ဆုံးရှုံးမှုများအတွက် လက် တုန့်ပြန်သည့်အနေဖြင့် အာဏာသိမ်းစစ်အုပ်စုက အရပ်သားများအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်

အစီရင်ခံစာအရ အာဏာသိမ်းစစ်တပ်အနဖြင့် ကျည်အစစ်များအသုံးပြုပြီး လက်နက်မဲ့ ဆန္ဒပြပြည်သူ များအပေါ် နှိမ်နင်းမှု၊ တက်ကြွလှုပ်ရှားသူများအား ထိန်းသိမ်းဖမ်းခြင်းနှင့် ညှဥ်းပန်းနှိပ်စက်ခြင်းများကို ဖော်ပြထားသည်[8]။ အသက်ရှင်လွတ်မြောက်သူများမှာ ခေါင်းကို ရိုက်နှက်ခံရခြင်းနှင့် စီးကရက်မီးဖြင့် အထိုးခံရခြင်းတို့ ခံခဲ့ကြရသည်[9]

ထွက်ပြေးတိမ်းရှောင်မှုများ၏ သက်ရောက်မှုများ

အတင်းအကြပ် ထွက်ပြေးတိမ်းရှောင်ရသည့်အတွက် ပြည်သူများသည် သက်ရောက်မှုများစွာနှင့် ကြုံတွေ့ကြရသည်။ အိုးအိမ်စွန့်ခွာထွက်ပြေးကြရသည့်အတွက်ကြောင့် အကျိုးဆက်အနေဖြင့် အားလုံးမှာ စိတ်ပိုင်းဆိုင်ရာနှင့် တချို့ဖြစ်ရပ်များတွင် ရုပ်ပိုင်းဆိုင်ရာ အနာတရများ ခံစားကြရသည်။

ကံမကောင်းစွာပင် လက်ရှိအခြေအနေအရ နှစ်သိမ့်ဆွေးနွေးခြင်းကဲ့သို့ စိတ်ကျန်းမာရေးအတွက် ကုစားပေးသည့် ဝန်ဆောင်မှု အနည်းငယ်သည်ပင် အင်တာနက် ဆက်သွယ်မှုလှိုင်း အားနည်းသည့် ဝေးလံ ခေါင်သီသော နေရာများတွင် ရွှေ့ပြောင်းနေရသူများအတွက် ရရှိနိုင်ရန် ခက်ခဲသည်။ ထိုအခြေအနေတွင် အသက်ရှင်ရပ်တည်ရေးသည် ပထမဦးစားပေး ဖြစ်လာသည်။

(က) အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေး အာမခံချက်

စစ်ပြေးဒုက္ခသည်များသည် ၄င်းတို့၏ ရှေ့ရေးအတွက် စီးပွားရေး အာမခံချက် အပါအဝင် အခြေအနေအချို့ပေါ်တွင် စိုးရိမ်ပူပန်နေကြသည်။ ကလေးများ ကျန်းမာဘေးကင်းစွာ နေထိုင်ရရေးနှင့် ပညာသင်ကြားခွင့် ဆက်လက်ရရှိရေး။ ထွက်ပြေးတိမ်းရှောင်ရမှုကြောင့် အခွင့်အလန်း ရရှိနိုင်သည့် လမ်းကြောင်းများ ပျက်စီးသွားခြင်း စသည်တို့ဖြစ်သည်။

လက်ရှိစီးပွားရေး ဝန်းကျင်တွင် လုပ်ကိုင်ဆောင်ရွက်ရန် မျှော်လင့်ချက်အပေါ် ခြိမ်းခြောက်မှုအသစ်များ ရှိနေကြောင်းကို ပြသနေသည်။ စစ်တပ်အား ဆန့်ကျင်ပြီး ထူထောင်ထားကြောင်း ညွှန်းဆိုသည့် မည် သည့် ပိုင်ဆိုင်မှု သို့မဟုတ် လုပ်ငန်းမဆို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီး၊ ထိန်းသိမ်းခံရခြင်းနှင့် ညှဥ်ပန်းနှိပ် စက် သို့မဟုတ် အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်ခြင်း။ ထို့အပြင် စီးပွားရေး လုပ်ငန်းအတော်များများ မှာလည်း မဖြစ်မနေ ရပ်ဆိုင်းလိုက်ရသည်။ မြို့နယ်အချို့မှာလည်း လူများစွန့်ခွာသွားသည့် ခြောက်ကပ် သည့် မြို့များ ဖြစ်လာနေသည်[10]။ ထိုအခါ ဖောက်သည်များ မရှိတော့သည့်အတွက် အမြတ်အစွန်း ရရှိ ရန် နည်းလမ်းလည်း မရှိတော့ပေ။

ဝင်ငွေရနိုင်မည့် နည်းလမ်းများ အကန့်အသတ်ဖြစ်လာပြီးနောက် ခိုလှုံစရာနှင့် စားနပ်ရိက္ခာ ရရှိရေး အပေါ်သာ နေ့စဥ် အာရုံစိုက်နေရသဖြင့် စစ်ပြေးဒုက္ခသည်များ၏ အနာဂတ်သည် ပို၍ မသေခြာ မရေရာဖြစ်လာသည်။

(ခ) ကျန်းမာရေးနှင့် ပညာရေး

ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် တိုင်းရင်းသားအဖွဲ့များသည် စစ်ပြေးဒုက္ခသည်များအတွက် ဆောက်ရွက်ပေးရန် ပျက်ကွက်နေသည့် လုပ်ငန်းကို အဓိပ္ပါယ်ရှိစွာ ဖြည့်ဆည်းပေးနေသည်။ တောတောင်ထဲတွင် နေထိုင်ခြင်းသည် မခန့်မှန်းနိုင်ဘဲ ကြမ်းတမ်းသည့် သဘာဝ ဘေးအန္တရာယ်များ ကို ကြံ့ကြံ့ခံရင်ဆိုင်၍ ဖြတ်သန်းရခြင်းဖြစ်သည်။ လွန်ခဲ့သည့်လက မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ခိုလှုံစရာ နေရာများနှင့် ထောက်ပံ့ထားသည့် ရိက္ခာများကို ပျက်စီးစေပြီး တောတွင်းတွင် သွားလာရန် အထူးသဖြင့် သက်ကြီးရွယ်အိုများအတွက် အခက်အခဲဖြစ်စေသည်။ ရိက္ခာကို အကန့်အသတ်ဖြင့်သာ ဝေငှပေးရခြင်းနှင့် လူသားချင်း စာနာသည့် အကူအညီများ ပေးပို့သည့် လမ်းကြောင်းများအား စစ်အာဏာရှင်များက ပိတ်ဆို့ထားသည့်အတွက် စစ်ပြေးဒုက္ခသည်များမှာ ငတ်မွတ်ခြင်းကို ဘေးဒုက္ခသဖွယ် ခံစားကြရသည်။

လူသားချင်းစာနာသည့် အကြပ်အတည်းသည် ရေမသန့်ရှင်းမှုကြောင့် ကူးစက်ပျံ့နှံ့သည့် ရောဂါနှင့် ဝမ်းလျှောခြင်းကို ခံနိုင်ရည်မရှိသည့် အထူးသဖြင့် အမျိုးသမီးနှင့် ကလေးများကို ပို၍ အခက်တွေ့စေသည်[11]။ မတ်လနှောင်းပိုင်းက ကရင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက် မှုကြောင့် အရပ်သားများ ထိုအချိန်မှစ၍ မဖြစ်မနေ ထွက်ပြေးရွှေ့ပြောင်းကြရပြီး အနည်းဆုံး ကလေး ၂၀၀ မှာ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွားမှုကို ခံစားကြရသည်[12]။  အမျိုးသမီးနှင့် မိန်းမပျို လေးများမှာ တိုက်ပွဲများအတွင်း ဖြစ်လေ့ရှိသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကြုံတွေ့ ခံစးကြရသည်။ စစ်တပ်များ တိုးချဲ့ချထားမှုကြောင့် ၄င်းတို့အတွက် ကျိုးကြောင်းဆီလျော်စွာ စိုးရိမ်ပူပန်မှုကိုဖြစ်စေသည်။

လူငယ်များနှင့် ကလေးများမှာ ၄င်းတို့ရပ်ရွာရှိ အိုးအိမ်နှင့် ကျောင်းများ၏ အဝေးတွင် စိုးရိမ်ကြောက်လန့်စွာနေထိုင်ရသဖြင့် ပညာသင်ကြားရေးမှာလည်း ဆိုင်းငံ့ထားရသည်။ ကလေးများမှာ ၄င်းတို့၏ အခြေခံအကျဆုံးအခွင့်အရေးဖြစ်သည့် ပညာဆည်းပူးသင်ယူမှုနှင့် ကျောင်းနေခွင့်များ တရားမျှတမှုကင်းမဲ့စွာဖြင့် ငြင်းပယ်ခံနေရသည်။

(ဂ) ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး

စစ်ပြေးဒုက္ခသည်များအား အကာအကွယ်ပေးရန် အပူတပြင်းလိုအပ်နေသည်။ မည်သည့်အချိန် မဆို စစ်အစိုးရ၏ ပစ်မှတ်ထားမှုကို ခံရနိုင်သည်။ ထိုခြိမ်းခြောက်မှုက စစ်တပ်အတွက် ပေါ်တာထမ်းပေးရင်း မြေမြှုပ်မိုင်း တက်နင်းနိုင်ခြင်း သို့မဟုတ် တိုက်ပွဲအတွင်း လူသားဒိုင်းကာ အဖြစ်အသုံးချခံရခြင်းတို့ကို ဆက်လက်ဖြစ်ပေါ်စေသည်[13]။ မြန်မာနောင်း၏ သတင်းတပုဒ်အရ အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးတဦးသည် ဗုံးများပါသည့် အိတ်ကို အတင်းအကြပ် ထမ်းပိုးသယ်ဆောင်ပေးရသည်။ အကယ်၍ အဆိုပါ ကလေးသည် ထွက်ပြေးမည်ဆိုပါက ပစ်ခတ်ခံရမည်ဟု အာဏာသိမ်းစစ်တပ်က ခြိမ်းခြောက်ထားသည်[14]။ စစ်တပ် စစ်ကြောရေး စခန်းများတွင် ထိန်းသိမ်းခံရသူများမှာလည်း ထိုင်ရ၊ ထရအဆင်မပြေလောက်သည့် အခြေအ နေထိ ရိုက်နှက်ခံရသည်။ ထိုအခြေအနေအောက်တွင် လူငယ်များမှာ လုံခြုံမှုကင်းမဲ့နေသည်။

နိဂုံး

တိုင်းပြည်၏ ဒီမိုကရေစီ အကူးအပြောင်းအား စစ်တပ်အနေဖြင့် သိသိကြီးနှင့် တမင်တကာ ကြိုးကိုင် ခြယ်လှယ်နေပြီး အဓိပ္ပါယ်ရှိသည့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှု များကို လမ်းလွဲ စေရန် ပြုလုပ်နေသည်။ အကျိုးဆက်အနေဖြင့် တိုင်းပြည်သည် ပရမ်းပတာဖြစ်ကာ နစ်မြုပ်သွားသည်။ ထိုသို့ ပေါ့ဆမှု၏ ဆိုးကျိုးသက်ရောက်မှုသည် နှစ်ပေါင်းများစွာ ကြာရှည်နေပြီဖြစ်သည်။ အကြောက်တ ရားများကြောင့် ပြည်သူလူထုမှာ ၄င်းတို့ပိုင်ဆိုင်မှုများကို စွန့်လွှတ်၍ ဒုက္ခသည်များအဖြစ် တောင်းခံ ခိုလှုံနေရသကဲ့သို့ အခြေခံ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များမှာ ငြင်းပယ်ခံနေရသည်။

ထိုသို့ဖြစ်ပေါ်နေမှုက ထပ်ကာ ထပ်ကာ ဖန်တရာတေနေသည့် သမိုင်းဖြစ်သည်။ လုပ်ပိုင်ခွင့်နှင့် အရင်းအမြစ်များရှိပြီး ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပေါ်မလာနိုင်စေရန် အဆောတလျင် တားဆီးပေးနိုင်မည့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အတိတ်မှ သင်ခန်းစာများကို ကျယ်ကျယ်လောင် လောင် ဖော်ထုတ်ဖွင့်ချရမည်ဖြစ်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ရေးကို ပြဌာန်းရမည်ဖြစ်ပြီး မြန်မာစစ်တပ်အား နိုင်ငံတကာ တရားခုံရုံးသို့ လွှဲပြောင်းပေးရမည်ဖြစ်သည်။ ထိုသို့ မလုပ်ဆောင်ပါက ကုလသမဂ္ဂအနဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမည်ဆိုသည့် သံန္နိဌာန်ကို ချိုးဖောက်ရာ ကျပါသည်။ နေ့စဥ် မြန်မာပြည်သူများမှာ အခြေခံအခွင့်အရေးများ ငြင်းပယ်ခံနေရပြီး တိုက်ပွဲများအကြား ဆက်လက် ရှင်သန်နိုင်မှုကို ခြိမ်းခြောက်ခံနေရသကဲ့သို့ ဘဝလုံခြုံရေးအတွက် မရေရာသည့်အချိန်တွင် ၄င်းတို့၏ လိုအပ်ချက်များကို လျစ်လျူမရှုသင့်ပေ။

ထို့အပြင် မြန်မာစစ်တပ်၏ ကြမ်းတမ်းရက်စက်သည့် ချိုးဖောက်မှုများကို ခံစားရသည့် အတိတ်နှင့် ပစ္စုပန်မှ နစ်နာသူများအတွက် ပြန်လည်ကုစားပေးလျော်မှုမှာလည်း အလွန်ကြန့်ကြာနေသည်။ စစ်အာဏာရှင်များ ရယူလိုသည့် ဖိနှိပ်အုပ်ချုပ်ခွင့် အခွင့်အာဏာရရှိရန်အတွက် တက်ကြွလှုပ်ရှားသူ၊ အလုပ်သမား၊ စီးပွားရေးလုပ်ငန်းရှင်၊ ကျောင်းသား သို့မဟုတ် နိုင်ငံရေးသမား  မခွဲခြားပဲ မည်သူ့ကိုမဆို ဂရုမထား ပစ်မှတ်ထားနေမည်ဖြစ်သည်။ ထိုင်းမြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များ ဘေးရန်ကင်းစွာ အိမ်ပြန်ရန် မဖြစ်နိုင်သကဲ့သို့ ထွက်ပြေးပြောင်းရွှေ့မှု အကြပ်အတည်းသည်လည်း ပိုမိုဆိုးရွားသည့် အသွင်ပေါ်နေသည်။ စစ်အာဏာရှင်တို့၏ လုပ်ရပ်များ ရပ်တန်းက ရပ်စေမည့် အဆောတလျင် အရေးယူဆောင်ရွက်မှုများ မရှိပါက အတင်းအဓမ္မဖမ်းဆီး ထိန်းသိမ်းခံရသူများနှင့် ရက်ရက်စက်စက် သတ်ဖြတ်ခံရသူ အရေအတွက်မှာ တိုးမြင့်နေဦးမည်ဖြစ်သည်။

အကြပ်အတည်း ပေါင်းစုံအား ဖော်ထုတ်၍ တုန့်ပြန်ဆောင်ရွက်ရာတွင် စစ်တပ်၏ အသိတရားမဲ့သည့် လုပ်ရပ်နှင့် ထပ်ကာ ထပ်ကာ ချိုးဖောက်နေသည့် အကြမ်းဖက်မှုများအား ချက်ခြင်းရပ်တန့်စေမည့် အရေးယူမှုများ ချမှတ်ရန် လိုအပ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အကြံပြုချက်

  • လူသားချင်းစာနာသည့် အကူအညီများပေးနေသော ဒေသခံ အဖွဲ့အစည်းများအား ၄င်းတို့၏ လူမှုအသိုင်းအဝိုင်းသို့ တိုက်ရိုက်အကူအညီ အထောက်အပံ့ပေးနိုင်မည့် ငွေကြေးနှင့် အရင်းအမြစ်များအား ပေးပို့ကူညီရန်။ အကူအညီများ ပေးရန်အတွက် စစ်အာဏာရှင်တို့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ၄င်းတို့အား တရားဝင်ကြောင်း အသိအမှတ်ပြုရာရောက်သည့် လုပ်ဆောင်မှုများ မပြုလုပ်ရန်။
  • ဒေသခံအဖွဲ့အစည်းများမှ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အသက်ကယ် အထောက်အပံ့များ ဖြန့်ဝေပေးရန်အတွက် ငွေကြေးအကူအညီ အခွင့်အလန်းများရရှိနိုင်မည့် လမ်းကြောင်းများ သည် အခြေအနေနှင့်အညီ ပြောင်းလွယ် ပြင်လွယ် ရှိစေရမည်။
  • မြန်မာစစ်တပ်၏ နိုင်ငံရေးနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့သည့် အချက်အလက်များ ရှိထား သော ဒေသခံအမြင်များမှ မြန်မာနိုင်ငံ၏ အခြေအနေကို နားလည်ရန်အတွက် ဒေသခံ တက် ကြွလှုပ်ရှားသူများနှင့် အမျိုးသားညီညွတ်ရေး အစိုးရတို့နှင့် တက်ကြွစွာ ဆွေးနွေး ထိတွေ့ပါဝင်ရန်။
  • ဇွန်လ ၁၈ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက် အပေါ် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှု ပိတ်ပင်ရေး ချမှတ်ရန်၊ ပစ်မှတ်ထား အရေးယူမှုနှင့် စစ်အာဏာရှင်များ တာဝန်ခံ တာဝန်ယူမှု ရှိစေရေးအတွက် အရေးယူဆောင်ရွက်ရန်တို့ကို လုံခြုံရေးကောင်စီမှ ဆက်လက်လုပ်ဆောင်ရန်။

[1] Myanmar: Humanitarian Snapshot, June 2021 (covering conflict-affected areas under 2021 Humanitarian Response Plan), 16 June 2021

[2] New Clashes Between Myanmar’s Military and Ethnic Armies Exacerbate Refugee Crisis, 20 May 2021

[3] Number of IDPs Surpasses 100 000 in Kayah State, Development Media Group, 14 June 2021

[4] Four killed as military shells a Catholic church near Loikaw, 24 May 2021, Myanmar Now

[5] New clashes break out between KIA, regime forces in northern Shan State, 18 May 2021, Myanmar now

[6] Fighting in Myanmar’s Kachin State Drives More Refugees Into Camps, With Food Aid Blocked by Government Troops, 17 May 2021, Radio Free Asia

[7] Tatmadaw Destroys Food Destined for IDPs in Southern Shan State, 14 June 2021, Network Media Group

[8] Deadly reprisals: regime steps up attacks on civilians in retaliation for conflict losses in northern Burma, 16 June 2021, the Kachin Women’s Association Thailand

[9] Ibid

[10] Mindat becomes a ghost town under military rule, 14 June 2021, Myanmar Now

[11] Displaced Women, Children Face ‘Humanitarian Crisis’ Following Myanmar Coup, 13 May 2021, Radio Free Asia

[12] Ibid

[13] Junta troops use locals as human shields in Moebye clash, 7 June 2021, Myanmar Now

[14] Ibid

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ ထုတ်ပြန်သည့် “ဖျက်ဆီးခံရခြင်းနှင့် ရွှေ့ ပြောင်းခံရခြင်းမြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် လူထုဘဝလုံခြုံရေးအတွက် အာမခံမှုမရှိသည့် အန္တရာယ် အနေအထားတွင် ရောက်ရှိနေခြင်းစာတန်းတွင် စစ်အာဏာရှင် များ၏ အကြမ်းဖက်လုပ်ရပ် ရပ်တန်းကရပ်ရန် ဖော်ပြထားသည်။

 

၂၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက်

မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် ပြည်တွင်း ရွှေ့ပြောင်းနေထိုင်ရမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။ ဖေဖော်ဝါရီ ၁ရက် စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တို့၏ အကြမ်းဖက် မှုမှ လွတ်မြောက်စေရန် တောရော မြို့ပါမကျန် ပြည်သူများသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရ သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma မှ ထုတ်ပြန်သည့် ဖျက်ဆီးခံရ ခြင်းနှင့် ရွှေ့ပြောင်းခံရခြင်းမြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် လူထုဘဝလုံခြုံရေး အတွက် အာမခံမှုမရှိသည့် အန္တရာယ် အနေအထားတွင် ရောက်ရှိနေခြင်း စာတန်းငယ်တွင် နယ်စပ်ဒေ သတလျှောက် တိုက်ပွဲများ ပြန်လည်ဆိုးရွားလာစေပြီး စစ်တပ်က လိုချင်တပ်မက်သည့် အာဏာနှင့် ချုပ်ကိုင်လိုမှုက တရားမျှတမှုနှင့် အဓိပ္ပါယ်ရှိသည့် ပြုပြင်ပြောင်းလဲမှုကို မမြင်တွေ့နိုင်တော့လောက် အောင် ၄င်းတို့အား ဖုံးကွယ်သွားစေသည့် အာဏာသိမ်းမှုကို ပြစ်တင်ရှုံ့ချထားသည်။ အာဏာသိမ်းပြီး ချိန်မှစ၍ တသန်း၏ လေးပုံတပုံကျော်သော လူဦးရမှာ အတင်းအကြပ် ထွက်ပြေး ရွှေ့ပြောင်းနေရ သည်။   မြန်မာနိုင်ငံတွင် စစ်တပ်အုပ်ချုပ်မှု ရပ်ဆိုင်းရန်နှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ပြစ်မှု ကျူးလွန်သူ စစ်အာဏာရှင် ခေါင်းဆောင်မျာအား ချက်ခြင်းအရေးယူရန် ကွန်ရက် အဖွဲ့ဝင် များက တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ပြည်သူများ မည်သည့်နေရာတွင် နေထိုင်စေကာမူ လုံခြုံမှုမရှိကြောင်း စာတန်း တွင် နိဂုံးချုပ်ထားသည်။ စစ်အာဏာရှင်တပ်များက လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် ဥပဒေမဲ့ ကြမ်းတမ်းစွာ ဖြိုခွင်းပြကြသည်။ ထိန်းသိမ်းထားစဥ် ညှဥ်းပန်းနှိပ်စက်ခြင်းကြောင့် ထိပ်ပိုင်း ခေါင်းဆောင်တချို့ သေဆုံးကြရသည်။ အမျိုးသမီးနှင့် မိန်းမပျိုလေးများမှာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံရသည်။ တိုက်ပွဲများက ကျေးလက်တောရွာနှင့် မြို့ကြီး ပြကြီး မကျန် ဖြစ်ပွားနေသည့်အတွက် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများ အမြောက်အများ ဖြစ်နေသည်။ စစ်အာဏာရှင်များက လူသားချင်းစာနာ ထောက်ထားမှုမရှိစွာ ပြုကျင့်ကြသဖြင့် ဝေးလံခေါင်သီသည့် ဒေသများရှိ ပြည်သူများမှာ ငတ်မွတ်မှုနှင့် လိုအပ်သည့် အသက်ရှင် ရပ်တည် ရေး အကူအညီများမှာ ငြင်းပယ်ခံနေရသည်။

ပဋိပက္ခများ၏ အကျိုးဆက်များကို ရပ်ရွာအသိုင်းအဝိုင်းက အချိန်ကြာမြင့်စွာ ထမ်းပိုးထားရသည်။ လက်ရှိအခြေအနေအရ ပြည်သူများ၏ဘ၀ လုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အထူးသဖြင့် ယခုလို ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ပေးရမည် ဖြစ်သည်။ အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက် ကျူးလွန်ခံရသည့် နစ်နာသူများသည် ၄င်းတို့အပေါ် ကျူးလွန်မှုများအတွက် တရားမျှတမှု ရရှိရန် လိုအပ်သည်။ ထိုသို့ဆောင်ရွက်ခြင်းမရှိ ပါက မြန်မာပြည်သူများသည် ၄င်းတို့ မလိုလားသည့် အနာဂတ်နှင့် အတင်းအကြပ် ပေါင်းစပ်ပေး ခြင်း ခံရမည်ဖြစ်သည်။ ပြည်သူများ၏ ဘဝလုံခြုံ စိတ်ချမှုကို အာမခံသည့် စည်ပင်ဖွံ့ဖြိုးသော အနာဂတ်ကို ပိုင်ဆိုင်ခွင့်ရှိသည်။

ထို့အပြင် စစ်အာဏာရှင်များ ချိုးဖောက်ကျူးလွန်မှုများအတွက် တရားမျှတမှု ယန္တရားများမှ တဆင့် တာဝန်ယူ တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းမှ ဖိအားပေး ရမည်ဖြစ် သည်။ လူသားချင်းစာနာသည့် အကူအညီများပေးနေသော အဖွဲ့များအနေဖြင့် ၄င်းတို့၏ လူမှုအသိုင်းအ ဝိုင်းသို့ အကူအညီ အထောက်အပံ့များ တိုက်ရိုက် ပေးအပ်နိုင်ရမည်ဖြစ်သည်။

အကူအညီများပေးရန်အတွက် စစ်အာဏာရှင်တို့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ၄င်းတို့အား တရားဝင်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုရာရောက်သည့် လုပ်ဆောင်မှုများ မပြုလုပ်ရန်နှင့် လက်ရှိနှင့် အနာဂတ်မျိုးဆက်အတွက် မြန်မာနိုင်ငံတွင် အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထိန်းသိမ်းမြှင့်တင်ပေးရမည်။

ဆက်သွယ်ရန်

၁.  ကိုတိန်ဦး
aasyc.ghq@gmail.com 

၂.   မမွန်းနေလီ
moon.nayli@tutanota.com


 ND-Burma အကြောင်း

ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၄ ဖွဲ့ပါဝင်သည်။

 

အဖွဲ့ဝင်အဖွဲ့အစည်းများ

 ၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး

၂။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

၃။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

၄။ အနာဂါတ်အလင်းတန်းဆုံမှတ်

၅။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၆။ ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ

၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း

၈။ တအာင်းကျောင်းသားလူငယ်များ အဖွဲ့

၉။ ထားဝယ် အမျိုးသမီးသမဂ္ဂ

ဆက်စပ်အဖွဲ့ဝင်းများ

၁။ ချင်းလူ့အခွင့်အရေးအဖွဲ့

၂။ ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်

၃။ ပအိုဝ်းလူငယ်များအစည်းအရုံး

၄။ ရှေ့ပြေးအသံ

ကချင်အမျိုးသမီး အစည်းအရုံး- ထိုင်းနိုင်ငံမှ ယနေ့ထုတ်ဝေသော အကျဉ်းချုပ် စာတမ်း အသစ်တွင် ၂၀၂၁ ခုနှစ် ဧပြီလမှ မေလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ခရိုင်နှင့် ကချင်ပြည်နယ် မြို့ပြနှင့် ကျေးလက်‌‌ဒေသများတွင် စစ်အုပ်စု၏ ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို ဖော်ပြထားသည်။
အစီရင်ခံစာအပြည့်အစုံအား မြန်မာဘာသာဖြင့်ရယူရန် [Burmese]