အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများသည် စစ်ကောင်စီအပေါ် သစ္စာခံမှုကိုစွန့်ခွာပြီး ပြည်သူနှင့် အတူရပ်တည်ရန် နွေဦးတော်လှန်ရေးတွင် ပူးပေါင်းရန် ရွေးချယ်ခဲ့ကြသည်။ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ ဗိုလ်မှူးကြီးအဆင့် အပါအ၀င် ခန့်မှန်းခြေတပ်သား ၂၀၀၀ ခန့်သည် တပ်မတော်ကို စွန့်ခွာခဲ့ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှလည်း စစ်ကောင်စီတပ်မှ ထွက်ပြေးလာသူများကို အကာအကွယ်ပေးမည်ဟု ထုတ်ပြန်ကမ်းလှမ်းခဲ့သည်။ စစ်ကောင်စီလက်အောက်မှ ထွက်ပြေးလာသောတပ်သားများသည် လူသတ်သည့် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက် ဆက်နွယ်ရသည်ကို အရှက်ရမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ တပ်မတော်၏ အင်အားတစ်ခုလုံးနှင့် နိုင်းယှဥ်လျှင် ပြည်သူ့ရင်ခွင်သို့ ပူးပေါင်းလာသည့်အရေအတွက်မှာ နည်းသော်လည်း ၎င်းသည် တိုင်းပြည်၏ လက်နက်ကိုင်တော်လှန်မှုတွင် အစဉ်အလာသစ်ဖြစ်သောကြောင့် သိသာထင်ရှားသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းစာနယ်ဇင်းအပေါ် နောက်ဆက်တွဲ တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုင်ခွင့်ကို အားလျော့စေသည်။ Frontier Myanmar မဂ္ဂဇင်း အယ်ဒီတာ Danny Fenster အား အကြောင်းပြချက်မရှိဘဲ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ရက်ပေါင်း  ၁၀၀ ကျော်ပြီဖြစ်သည်။ မိသားစု၀င်များမှ Danny Fenster အပါအဝင် ဖမ်းဆီးခံထားရသော သတင်းသမားများကို ပြန်လွတ်ပေးရန် တောင်းဆိုခဲ့သည်။ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ သတင်းမီဒီယာကို တိုက်ခိုက်ရန် အကြမ်းဖက်စစ်ကောင်စီသည် ဥပဒများကို ပြင်ဆင်ခဲ့သည်။ ပြင်ဆင်ခဲ့သည့်ဥပဒေများတွင် သတင်းသမားများကို နှိပ်ကွပ်သည့် ရာဇသတ်ကြီး ဥပဒေလည်းပါဝင်သည်။ သတင်းသမား  ၁၀၀ ဦးဖမ်းဆီးခံခဲ့ရပြီး ၄၆ ဦးသည် ဖမ်းဆိးထိန်းသိမ်းခံရဆဲဖြစ်ကာ နှောက်ယှက်တိုက်ခိုက်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ပြင်းထန်စွာရိုက်နှက်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းများကို ခံနေရသည်။ ကချင်ပြည်နယ် ဖားကန့်တွင် နှစ်ပတ်ကြာ အင်တာနက်ဖြတ်ပြီးနောက် သတင်းများပြတ်တောက်ခဲ့ပြီး တိုင်းရင်းသားဒေသများတွင် ဆင်ဆာဖြတ်တောက်ခြင်း၏ အကျိုးဆက်ကို ခံစားနေရသည်။

တောင်ကိုးရီးယားသည်  မြန်မာနိုင်ငံ၏ ဒီမိုကရေစီကို ထောက်ခံကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကို ပြောင်ပြောင်တင်းတင်း ငြင်းဆန်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ထောက်ခံခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မတရားဖမ်းဆီးမှုများကို အဆုံးသတ်ရန် တောင်ကိုးရီယားအရာရှိများမှ တောင်းဆိုခဲ့သည်။ ဤကာလအတောအတွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်ကောင်စီမှ တရားစွဲဆိုသည့် ပုဒ်မအမျိုးမျိုးကို ရင်ဆိုင်နေရသည်။ ဖြုတ်ချခံရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအ၀င် တိုင်းဒေကြီးနှင့်ပြည်နယ်မှ ခေါင်းဆောင်များသည် အပြစ်ရှိကြောင်းတွေ့ရှိပါက ထောင်ဒဏ် ၁၅ နှစ်အထိကျခံရနိုင်သည်။ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခြင်း၊ စီးနင်းတိုက်ခိုက်မှုနှင့် သတ်ဖြတ်မှုများကို ဆက်လက်ရင်ဆိုင်နေရသောကြောင့်  “မယုံနိုင်လောက်အောင်ဖြစ်နေသည့် အခြေအနေဟု”မိသားစု၀င်များမှ ပြောဆိုခဲ့သည်။

အရပ်သားပြည်သူများကို အကြမ်းဖက်တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးသည် စစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည်။ ​စစ်ကိုင်းတိုင်းဒေသကြီးတန့်ဆည်မြို့နယ်ရှိ ကျေးရွာ ၁၀ ရွာသည် အကြမ်းဖက်တပ်၏ စီးနင်းတိုက်ခိုက်မှုကြောင့် ရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။​ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွင် နေအိမ်ပစ္စည်းများ ဖျက်ဆီးခံခဲ့ရပြီး ရွာသားအမြောက်အများ ဖမ်းဆီးခံခဲ့ရသည်။​ စီးနင်းတိုက်ခိုက်မှုကြောင့် တန့်တည်မြို့နယ်တွင် ဒေသခံရွာသား (၄)ဦးသေဆုံးခဲ့ပြီး (၃)ဦးပျောက်ဆုံးကာ (၁၂) ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ တစ်ခြားသော ဖြစ်ရပ်တစ်ခုမှာ မွန်ပြည်နယ်တွင် အသက် (၂၇)နှစ်အရွယ်ကိုယ်၀န်ဆောင်အမျိုးသမီးသည် ခင်ပွန်းသည်နှင့်အတူ ငါးဖမ်းပြီးအပြန်လမ်းတွင် ပစ်သတ်ခံခဲ့ရသည်။ ပစ်ခတ်မှုသည် ရမ်းသမ်းပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွင် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေမှုသည် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေကြောင်းပြသနေသည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများနှင့် လူ့အခွင့်အရေးအခြေအနေ

ရှမ်းပြည်နယ်

တိုက်ပွဲများကြောင့် ထိခိုက်သေဆုံးမှုနှင့် ရာနှင့်ချီသော အရပ်သားများ ရှမ်းပြည်မြောက်ပိုင်း လားရှိုးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ သြဂုတ်လကုန်ပိုင်းမှစ၍  ဒေသတွင်း၌ ပဋိပက္ခ ပြင်းထန်လျက်ရှိသည်။  တိုက်ပွဲများကြောင့် အရပ်သား ၈၀၀ကျော်သည် မုံးကိုးမြို့နယ်တွင် ခိုလုံလျက်ရှိပြီး တိုက်ပွဲအတွင်း အကြမ်းဖက်တပ်သား အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့သည်။ ဒေသခံတို့၏ ပြောကြားချက်အရ အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ဒေသခံများသည် လက်နက်ကြီးလာရာလမ်းကြောင်းကို မတွေ့ရှိခဲ့ကြပါ။ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး တအာင်းရွာတစ်ရွာ မီးလောင်ပျက်ဆီးခဲ့သည်။

ထို့အပြင် မူဆယ်မြိုနယ်တွင် စစ်တပ်မှအလောင်း ၁၇ လောင်းကိုစွန့်ပစ်ထားခဲ့သည်။ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသမီးအလောင်းနှစ်လောင်းကို လည်းတွေ့ရှိခဲ့သည်။

 

ချင်းပြည်နယ်

ချင်းပြည်နယ်တွင် လူဦးရေ ၉၅% သည် ခရစ်ယာန်ဘာသာ၀င်များဖြစ်ကြပြီး ဘာသာရေးအထိမ်းအမှတ် အဆောက်အအုံများအပြင်  ဗုဒ္ဓဘာသာ ဘာသာရေးဆိုင်ရာ ကျောင်းသင်္ခမ်းများကိုပါ ပစ်မှတ်ထားလာသည်။ ခရစ်ယာန်ဘုရားကျောင်းများတွင် အကြမ်းဖက် ဖျက်ဆီးမှုများ၊ ဖောက်ထွင်းမှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး ဓမ္မသီချင်းစာအုပ်များ၊ သမ္မာကျမ်းစာများနှင့် ဘာသာရေးဆိုင်သောပစ္စည်းများကို ဖျက်ဆီးခဲ့သည်။ ပြီးခဲ့သည့်အပတ် ချင်းပြည်နယ်မင်းတပ်နှင့် ဖလမ်းမြို့နယ်များအတွင်း  စီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှတန်ဖိုးကြီး ပစ္စည်းများ ခိုးယူခြင်း နေအိမ်များဖျက်ဆီးခြင်းနှင့် အဖိုးတန်ပစ္စည်းများ ဖောက်ထွင်းယူဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။ ဒေသခံရွာခံများ၏အဆိုအရ ၀ကောက်ကျေးရွာတွင် အိမ်ခြေ(၅၅) အိမ်အနက် အိမ်အလုံး (၅၀)မှာ ဖောက်ထွင်းခံခဲ့ရသည်။

 

ကရင်ပြည်နယ်

ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်သည် စစ်ကူအများအပြားပို့ကာ စစ်အင်အားဖြည့်ခဲ့သည်။ တိုက်ပွဲများသည် မသေချာ မရေရာမှုကို ထပ်မံဖြစ်စေသောကြောင့် အရပ်သားပြည်သူတို့၏ အသက်မွေး၀မ်းကြောင်းကို အန္တရာယ်ဖြစ်စေခဲ့သည်။ တပ်သားများ၊လက်နက်နှင့်ရိက္ခာများတိုး လာပြီးနောက် အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF)ပူးပေါင်းတပ်နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲများသည်  အရပ်သားပြည်သူတို့၏ လုံခြုံရေးကို ခြိမ်းခြောက်နေသောကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သုံးကြိမ်တိုင်အောင် လွတ်မြောက်ခဲ့သောရွာသားတစ်ဦးမှ “ကျွန်တော်တို့ဘာလုပ်နိုင်မှာလဲ။ တိုက်ပွဲကြားမှာ ကျွန်တော်တို့ အပစ်ခံရမှာကို ကြောက်နေရတယ်” ဟုပြောဆိုခဲ့သည်။


ပြည်မြို့တွင် စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခြင်းခံရသူ လူငယ်နှစ်ဦး အနက် တစ်ဦးမှာ နာရီအနည်းငယ်အတွင်းမှာပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံများအပြောအရသိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ကျောင်းကြီးအိုးတန်းရပ်ကွက် ရုံးလမ်းတွင် နေထိုင်သူ အသက် ၃၀ အရွယ် ကိုဇော်လင်းထက်နှင့် သူ၏ဝမ်းကွဲညီဖြစ်သူ အသက် ၂၀ အရွယ် ကိုရန်ပိုင်ဖြိုး (ခ) အငဲကို စစ်တပ်က ညနေ ၃ နာရီခန့်က ဖမ်းဆီးရာတွင် တူဖြင့်ဦးခေါင်းကိုရိုက်နှက်ခြင်း၊ သေနတ်ဒင်ဖြင့်ရိုက်ခြင်းတို့ပါ လုပ်ခဲ့သည်။
ည ၇နာရီအချိန်တွင် စစ်တပ်မှထပ်မံရောက်ရှိလာပြီးနောက် ကိုဇော်လင်းထက် မှာ ရိုက်နှက်ခံရသောဒဏ်ရာများဖြင့် သွေးထွက်လွန်ကာ တပ်မတော်ဆေးရုံ ကုတင် ၁၀၀ တွင်သေဆုံးသွားကြောင်း မိဘများကို အသိပေးကြောင်း ရပ်ကွက် နေသူများကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးရာက သွေးထွက် လွန်ကာ သေဆုံးသွားသူ

ရပ်ကွက်နေသူတစ်ဦးက လူငယ်နှစ်ယောက်ကို ဖမ်းဆီးပုံနှင့်ပတ်သက်၍ “သူတို့က နံမည်တပ်ပြီး မေးတာ။ အဲ့ကောင်လေးကို တွေ့လည်းတွေ့ရော ရိုက်နှက်ပြီး အပြင်စွဲခေါ်သွားတာ။ အိမ်ရှေ့လည်းရောက်ကော အဲ့နားက တူနဲ့ခေါင်းကိုရိုက်တာ၊ တူအရိုးပါကျိုးသွားတယ်။ သေနတ်တွေနဲ့လည်း ထုတယ်။ သူ့အမေနဲ့အဖေဝင်ဆွဲတာတောင် ဆွဲတဲ့သူတို့ကိုလည်းရိုက်တယ်။ အဲ့မှာကောင်လေးက သွေးတွေနဲ့ ကားပေါ်စွဲတင်သွားတာ”ဟု ပြောသည်။

ကိုဇော်လင်းထက်ကိုဖမ်းဆီးပြီး နောက်တစ်နာရီခန့်အကြာတွင် အကြမ်း ဖက်တပ် စစ်သားများပြန်လည်ရောက်လာပြီး အိမ်တွင်ရှိနေသော နောက်ထပ် လူငယ်တစ်ဦးက ဖမ်းဆီးသွားပြန်သည်။
” အဲဒီလိုလုပ်နေတဲ့အချိန် စစ်သားတွေက အိမ်တွေကိုသေနတ်နဲ့ချိန်ပြီး ခြောင်းမကြည့်နဲ့။ ငါတို့ကိုတိုက်ခိုက်ရင် ဒီလိုဖြစ်မယ် ကြည့်ထား။ တိုင်နဲ့ ခေါင်းနဲ့မစောင့်နဲ့ ခေါင်းပဲကွဲမယ်ဆိုပြီး တရပ်ကွက်လုံးကို ဆဲဆိုပြီး ပြောသွားတာ”ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရမှုဖြစ်စဉ်မှာ ပြီးခဲ့ရက်ပိုင်းက ဖမ်းဆီးခံထားရသည့် အခြေခံ ကျောင်း သားများသမဂ္ဂအဖွဲ့ဝင်သုံးဦးနှင့် ဆက်စပ်ပြီး လာရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လဲ မဇ္ဇျိမမှ အတည်မပြုနိုင်သေးပါ။
ယနေ့နေ့လယ်က ခေတ္တရာမြို့တော်ခန်းမမှ ရဲကင်းစခန်းဗုံးပေါက်ကွဲမှု့ကြောင့် စစ်သားနှင့် ရဲသုံးဦးသေဆုံးကာ ငါးဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

ဗုံးပစ်ခဲ့သည်ဟူသော ဆိုင်ကယ်သမားတို့ကို စစ်သားများက ပစ်ခတ်ရာ သုံးဘီးဆိုင်ကယ်မောင်းသူ ထိမှန်သွားသည်ဟု ဆိုသည်

ယနေ့ (ဩဂုတ် ၃၀) ညနေပိုင်း မန္တလေး၊ ချမ်းမြသာစည်မြို့နယ် ဦးပွားဂုံးကျော်တံတားအနီး ရှိနေသည့် စစ်သားများက ပစ်ခတ်ခဲ့သောကြောင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဖြစ်စဉ်အနီးတွင် ရှိနေခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဗုံးပစ်သွားသည့် ဆိုင်ကယ်သမား နှစ်ဦးကို စစ်သားများက ပစ်ခတ်ရာမှ ထိုအမှုဖြစ်ပွားသည်ဟု ကြားသိရကြောင်း ဒေါ်ဦးက ပြောသည်။

“အစက ဘာလို့ သေနတ်ပစ်လဲ မသိရဘူး။ နောက်တော့မှ သူတို့ (စစ်တပ်) တပ်စွဲထားတဲ့နေရာကို ဗုံးလာပစ်တဲ့သူကို လိုက်ပစ်တာလို့ သိရတယ်။ သူတို့ပစ်တာက တံတားအောက်မှာ သုံးဘီးဆိုက်တွဲမောင်းတဲ့ ဦးလေးကြီးကို ထိသွားတယ်၊ လေးချက်လောက်ပစ်တာ ကြားရတယ်၊ ဗုံးကတော့ ပေါက်သံမကြားဘူး။ သေနတ်မှန်တဲ့ဦးလေးကို လူနာတင်ကားနဲ့ ဆေးရုံပို့ပေမဲ့ ဆုံးသွားတယ်၊ အခုတော့ သူ့အိမ်ကို (အလောင်း)ပြန်ရောက်နေပြီ” ဟု ဒေါ်ဦးက ဆိုသည်။

သုံးဘီးဆိုင်ကယ်မောင်းသူ ဦးနေဝင်းသည် ဦးပွားဂုံးကျော်၏ တောင်ဘက်ကပ်လျက်တွင်ရှိသည့် တောင်ရွာသစ်ရပ်၊ အကွက် ၈၅၃ ရပ်ကွက်တွင် နေထိုင်ပြီး ၎င်းတွင် ဇနီးနှင့် သားသမီး ရှစ်ဦးခန့် ရှိကြောင်း သိရသည်။

ဗုံးပစ်သည်ဟူသော ဆိုင်ကယ်သမား ၂ ဦး လွတ်သွားကြောင်း၊ ပစ်ခတ်မှုဖြစ်ပြီးချိန် တံတားအတက်အဆင်းနှစ်ဖက်ကို ပိတ်ဆို့ကာ စစ်ဆေးကြကြောင်း ဂုံးကျော်တံတားအနီးနေထိုင်သူများက ပြောသည်။

မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အားကောင်းပြီး စစ်တပ်သတင်းပေးဟု ယူဆရသူများ၊ အုပ်ချုပ်ရေးမှူးများ မကြာခဏ တိုက်ခိုက်ခံနေရသည်။

ဩဂုတ် ၂၉ တွင် ​​ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်း၊ ၁၁၂ လမ်းနှင့် ၁၁၃ လမ်းကြားရှိ သစ်တောရုံးအနီး ကင်းလှည့်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီယာဉ်တန်း ဗုံးထောင်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့သည်။

ဩဂုတ် ၁၉ ကလည်း ညနေပိုင်း၌ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ လူအများအပြား ဧည့်စာရင်းတိုင်နေချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ၅ ဦး ဒဏ်ရာရသွားသည်။

Myanmar Now News

တရားမ၀င် စစ်အာဏာသိမ်းသည့် အချိန်မှစ၍ ၇ လတာအတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေသည် ဆက်လက် ယိုယွင်းနေသည်။ တက်ကြွလှုပ်ရှားသူများနှင့် သတင်းစာနယ်ဇင်းသမားများသည် အကြမ်းဖက်သည့် နည်းဗျူဟာများနှင့် မတရားဖမ်းဆီးခံရခြင်း စသည့် နည်းများဖြင့် ဖိနှိပ်ခံနေရသည်။ စစ်ကောင်စီ၏ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် အပြစ်မဲ့ပြည်သူ ၁၀၀၀ ကျော်သေဆုံးခဲ့ရသည်။ ပဋိပက္ခနှင့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးနေသော်လည်း အကြမ်းဖက်စစ်တပ်သည် တိုင်းရင်းသားဒေသများဖြစ်သော ကရင်၊ ကချင် နှင့် ကယားပြည်နယ်တို့တွင် စစ်အင်အားတိုးချဲ့လျက်ရှိသည်။ တိုက်ပွဲများသည် နေရပ်စွန့်ထွက်ပြေးနေရသော အရပ်သားပြည်သူများအား ပို၍ ဆိုးကျိုးသက်ရောက်စေမည်ဖြစ်သည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ လျှပ်တပြတ် အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် သြဂုတ်လ ၁၆ ရက်နေ့တွင်  ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးသူပေါင်း ၁၈၉,၀၀၀ ရှိသည်။

တိုင်းပြည်၏ နိုင်ငံရေးနှင့် လူမှုရေးနယ်ပယ်များ ကသောင်းကနင်း ဆက်လက်ဖြစ်ပွားနေသော် လည်း အကြမ်းဖက်စစ်ကောင်စီသည် တရားမျှတမှုမရှိသော ၎င်းတို့၏ စစ်အုပ်ချုပ်ရေးကို တရား၀င်ဆက်လက်ဆုပ်ကိုင်ထားသည်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များသည် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၎င်းတို့၏ ရှေ့နေနှင့်တွေ့ခွင့်ရရန် ငြင်းဆိုခံနေရကာ တရားရုံး အမှုရက်ချိန်းသည်လည်း မကြာခဏ ရွှေ့ဆိုင်းခံနေရသည်။ ဤကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ယခင်နည်းဗျူဟာဟောင်းအတိုင်း ဆက်လက်ကျင့်သုံးနေသည်ကို တွေ့ရှိရသည်။ ဥပမာအားဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စီးနင်းတိုက်ခိုက်မှုကြောင့် လူငယ်အယောက် ၃၀ ဖမ်းဆီးခံခဲ့ရသည်။

ရိုဟင်ဂျာ လူမျိုးတုန်း အကြမ်းဖက်သတ်ဖြတ်ခံရသည့် လေးနှစ်ပြည့် ပြန်လည်အမှတ်ရခြင်း နှစ်ပတ်လည် နေ့တွင် ရိုဟင်ဂျာတို့၏ အခွင့်အရေးများ အပြည့်အ၀ပြန်လည်ရရှိရန် သွေးစည်းညီညွတ်မှုကို ပြသည့်အနေဖြင့် မြန်မာအရပ်ဘက်အဖွဲ့ ၄၃ ဖွဲ့တို့မှ တောင်းဆိုခဲ့ကြသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကြီးလေးသော ရာဇဝတ်မှုများ၏ မရေမတွက်နိုင်သော ကျူးလွန်ခံရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရန် နှင့် စစ်တပ်မှ ပြစ်ဒဏ်ကင်းလွတ်နေခွင့် ရနေမှုကို အဆုံးသတ်ရန်အတွက် ရနိုင်သမျှ နည်းလမ်းအားလုံးကို ရှာဖွေလုပ်ဆောင်ရမည်” ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ကိုဟန်ကြီးမှ ပြောသည်။ ရိုဟင်ဂျာလူမျိုးများ ကြုံတွေ့ခဲ့ရသည့် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် အတင်းအဓမ္မ အစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရမှုများပတ်သက်၍ ၀မ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ထုတ်ပြန်ကြေငြာခဲ့သည်။

အကြမ်းဖက်မှုများ အဆုံးသတ်ခြင်းရှိမည့်ပုံ မပေါ်သော်လည်း မြန်မာတပ်သားများ ကူးပြောင်းခိုလှုံနေမှုများ ရှိနေသည်။ တပ်သား အနည်းဆုံး အယောက် ၂၀၀၀ ကျော်သည် အာဏာဖီဆန်လှုပ်ရှားမှုနှင့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုများတွင် ပူးပေါင်းပါ၀င်ကြသည်။ ကယားပြည်နယ်မှ စစ်ကောင်စီဆန့်ကျင်သော ရဲတပ်ဖွဲ့၀င်များ ရာနှင့်ချီ၍ ကိုယ်ပိုင်ရဲတပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်လိုက်သည်။  ကရင်နီပြည်နယ်ရဲတပ်ဖွဲ့သည် ပြည်ထဲရေး၀န်ကြီးဌာနအောက်မှ အာဏာသိမ်းမှုကို ဆန့်ကျင်သော ရဲတပ်သား ၃၀၀ ကျော်ဖြင့်ဖွဲ့စည်းခဲ့ပြီး ရေရှည်အနေဖြင့်  မြန်မာနိုင်ငံ၏ စံပြရဲတပ်ဖွဲ့ဖြစ်လာရန် ရည်ရွယ်ကြောင်း ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ကယားပြည်နယ်

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် (KCSN)၏ မှတ်တမ်းများအရ ကရင်နီတပ်မတော် (KA)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ကြားတိုက်ပွဲများကြောင့် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူပေါင်း ၁၂၀,၄၄၉ ဦးကို အကျိုးသက်ရောက်စေသည်။ ထွက်ပြေးတိမ်းရှောင်သူများ၏ လူဦးရေထက်၀က်ကျော်ဖြစ်သော ၅၅,၂၆၅ ဦးသည် ဒီမောဆိုမြို့နယ်ထဲမှ ဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ကြား တိုက်ပွဲများကြောင့် ဒီမောဆိုဒေသခံပြည်သူ ၈၀,၀၀၀ ကျော်မှ ၇၀% သည် စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရသည်။

အကြမ်းဖက်စစ်တပ်မှ ကရင်နီပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေပြီး စစ်ဘေးရှောင်များသည် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။ တစ်ချို့သောစစ်ဘေးရှောင်များသည် နေရာတစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းတိမ်းရှောင် နေရသည်။

 

ကချင်ပြည်နယ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အင်တာနက်လိုင်းများကို အကြမ်းဖက်စစ်ကောင်စီမှ ဖြတ်တောက်ထားသည်။   အွန်လိုင်း၀န်ဆောင်မှုများကို မည်သည့်အတွက်ကြောင့်ပိတ်လိုက်သည် မည်သည့်အချိန်တွင် ပြန်ဖွင့်ပေေးမည်ကို ဒေသခံပြည်သူများ မသိရှိကြေပေ။  အကြမ်းဖက်စစ်တပ်၏ စစ်ရေးတိုးချဲ့လှုပ်ရှားမှုကြောင့် ကချင်လူထုများသည်  ထိတ်လန့်ကြောက်ရွံ့နေပြီး စစ်ဖြစ်မည့် လက္ခဏာဖြစ်သည်ဟု ဒေသခံများမှ သံသယ၀င်နေကြသည်။

 

ကရင်ပြည်နယ်

ကရင်ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ရေးတိုးချဲ့လှုပ်ရှားလျက်ရှိသည်။ သြဂုတ်လ ၂၅ ရက်နေ့တွင် ဖာဖွန်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်းဖြင့် ထောက်လှမ်းမှုများကြောင့် ဒေသခံများကြား စိုးရိမ်မှုများတိုးလျက်ရှိသည်။ အင်အားပိုမိုတောင့်တင်းသော အကြမ်းဖက်စစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲများ၏ စစ်ဆင်ရေးလှုပ်ရှားမှုများသည် ဒေသခံရာနှင့်ချီ၍ ထွက်ပြေးတိမ်းရှောင် နိုင်စေသည်။

ကရင်သတင်းစဥ်၏ အဆိုအရ ကရင်အမျိုးသားလွတ်လပ်ရေးတပ် (KNLA)ထိန်းချုပ်ရာ တပ်မဟာဒေသ အသီးသီးတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။  ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) တို့၏ အောင်မြင်စွာ တိုက်ခိုက်မှုများကို အကြမ်းဖက်စစ်ခေါင်းဆောင်မှ တုန့်ပြန်ခြင်းဖြစ်သည်ဟု ထိပ်ပိုင်းအရာရှိတစ်ဦးမှ မှတ်ချက်ပြုခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီသည် တပ်မဟာ ၆ နှင့် ၇ တွင်ရှိသော PDF များကို လက်တုန့်ပြန် ရှင်းထုတ်လိမ့်မည်ဖြစ်သည်။ ကျွမ်းကျင်သူများမှ အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲအတွင်း အပြစ်မဲ့အရပ်သားပြည်သူများ ပို၍ ထွက်ပြေးတိမ်းရှောင်ရလိမ့်မည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် ကျွမ်းကျင်သူများမှ တောင်းဆိုနေကြသည်။


ရိုဟင်ဂျာတို့၏အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိရေး နှင့် မြန်မာစစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အဆုံးသတ်ရန် မြန်မာ CSO များက တောင်းဆိုခြင်း

[၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့] ရိုဟင်ဂျာများအတွက် တရားမျှတမှု ရှာဖွေရေးနှင့် မြန်မာနိုင်ငံတွင် ကာလရှည်ကြာ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ဖိနှိပ်မှု ဒဏ်ရာဒဏ်ချက်များကို ကုစားပေးနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟု မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ (CSO) ၄၃ ဖွဲ့က ကတိပြုလိုက်သည်။ ဤပူးတွဲထုတ်ပြန်ကြေညာချက်ကို လွန်ခဲ့သောလေးနှစ် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများကို အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခြင်းဖြစ်သည်။

“မိမိတို့သည် ရိုဟင်ဂျာများနှင့် သွေးစည်းညီညွတ်စွာရပ်တည်ပြီး ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးအတွက် ၎င်းတို့၏ ကြီးမားလှသော ရုန်းကန်လှုပ်ရှားရမှုများနှင့်အတူ ရပ်တည်လျက် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိ‌ရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး၊ မြန်မာစစ်တပ်မှ ပြစ်ဒဏ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်နေခွင့်ကို အဆုံးသတ်ရေးတို့အတွက် တောင်းဆိုလိုက်သည်။“ ဟု CSO များက ဆိုသည်။

“လေးနှစ်ကြာပြီးဖြစ်ပေမယ့်လို့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရရှိရေးဟာ ရှက်ဖွယ် ကောင်းလောက်ပင် ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ဆိုးယုတ်လှတဲ့ ရာဇဝတ်မှုတွေအတွက် တစ်ဦးတစ်ယောက်မှ ပြစ်ဒဏ်ပေးခံရတာ မရှိသေးဘူး။” ဟု ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက ပြောသည်။ “လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုသားတွေဟာ အပြစ်ပေး အရေးယူခံရမှု လုံးဝမရှိတဲ့အတွက် အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကြမ်းဖက်မှုတွေကို ဆက်လုပ် နေတာဖြစ်တယ်။ သူတို့ လုံးဝရပ်တန့်သွားအောင် တားဆီးရပါမယ်။ ပိုနေမြဲကျားနေမြဲ အခြေအနေကို ဆက်လက်ထိန်းထားမယ့်အစား မတူကွဲပြား စုံလင်မှုကို အားသာချက်အဖြစ်ပြောင်းယူပြီး လူသားမျိုးနွယ်အတွက် သွေးစည်းညီညွတ်စွာဖြင့် အားလုံးပါဝင်မှုရှိတဲ့ မြန်မာနိုင်ငံတည်ဆောက်ရေးကို လုပ်ဆောင်ရမှာဖြစ်တယ်။” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

၂၀၁၇ ခုနှစ်အတွင်း လူမျိုးတုံးသတ်ဖြတ်သည့် အကြမ်းဖက်မှုလှိုင်းလုံးကြောင့် ရိုဟင်ဂျာ ၈၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအခါ ထိုနိုင်ငံတွင် ရိုဟင်ဂျာ ဒုက္ခသည်ဦးရေ ၁.၁ သန်းကျော်ကို လက်ခံထားရသည်။ မကြာသေးမီက စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုသည် ရိုဟင်ဂျာတို့၏ နေရပ်ပြန်နိုင်ရေး အလားအလာကို အမှောင်ကျစေခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များသည် ငွေကြေးထောက်ပံ့မှု မလုံလောက်သော ဒုက္ခသည်စခန်းများတွင် ပြည့်ကျပ်သိပ်သည်းစွာ နေထိုင်နေရပြီး မီးဘေး၊ ရေဘေး၊ COVID-19 ကပ်ရောဂါဘေးနှင့် လုံခြုံမှုနှင့် သင့်လျော်မှုမရှိသော ဘာရှန်ချာ (Banshar Chan) ကျွန်းသို့ ပြောင်းရွှေ့ခံရမည့်ဘေးများကို ရင်ဆိုင်ရင်း အခြေအနေများ ဆက်လက်ယိုယွင်းလာနေသည်။

“နွေဦးတော်လှန်ရေးရဲ့ ပြီးခဲ့တဲ့လ‌တွေထဲမှာ အမျိုးသမီးတွေဟာ ဖိုဝါဒကြီးစိုးမှု အဆုံးသတ်ရေးနဲ့ လူ့အခွင့်အရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲတွေရဲ့ ရှေ့တန်းမှာ ရှိနေခဲ့ပါတယ်။” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ နော်ဆဲဆဲက ပြောသည်။ “မတူကွဲပြားစုံလင်မှုကို တန်ဖိုးထားပြီး စစ်တပ်ကြီးစိုးမှုနဲ့ အမျိုးသမီးခွဲခြားနှိမ်ချဖိနှိပ်တဲ့ဝါဒ ကင်းရှင်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်တဲ့ နေရာမှာ ရိုဟင်ဂျာအမျိုးသမီးတွေအပါအဝင် မြန်မာနိုင်ငံရဲ့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရမ်းကို အရေးကြီးပါတယ်။ ဒီအတွက် နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ရိုဟင်ဂျာအမျိုးသမီးတွေ ပါဝင်ကိုယ်စားပြုရပါမယ်။” ဟု ၎င်းကဆက်ပြောသည်။

ပူးတွဲထုတ်ပြန်ကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့အနေဖြင့် ၎င်းတို့၏ အာဏာကိုအသုံးပြု၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် “အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေလေးခု” ကဲ့သို့သော လူမျိုးခွဲခြားရေး နှင့် လူမျိုးကွဲမုန်းတီးရေးဥပဒေများကို ဖျက်သိမ်းပစ်ရန် တောင်းဆိုထားသည်။ ထိုအမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေလေးခုသည် လိင်ကွဲပြားမှုနှင့် လိင်သဘောထားခံယူမှုကွဲပြားမှုအပေါ် အခြေခံသော ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများကို သက်ဆိုးရှည်စေသည့်အပြင် ဆယ်စုနှစ်နှင့်ချီသော စစ်တပ်အုပ်စိုးမှုမှ ဖြစ်တည်လာခဲ့သည့် အမျိုးသမီးခွဲခြားနှိမ်ချ ဖိနှိပ်သည့်ဝါဒနှင့် ဖိုဝါဒကြီးစိုးရေးစနစ်ကိုလည်း အကျိုးပြုနေသည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေက မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။” ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ကိုဟန်ကြီးက ပြောသည်။ “လွန်ခဲ့တဲ့လေးနှစ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုက မြန်မာစစ်တပ်ရဲ့ စနစ်တကျနဲ့ ရက်စက်ကြမ်းကြုတ်မှုကို စဉ်ဆက်မပြတ် ကျူးလွန်နေတဲ့ သရုပ်လက္ခဏာကို ဖော်ပြနေတာဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေရဲ့ မရေမတွက်နိုင်တဲ့ ကျူးလွန်ခံရသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရေး နဲ့ စစ်တပ်က ပြစ်ဒဏ်ကင်းလွတ်နေခွင့် ရနေမှုကို အဆုံးသတ်ဖို့အတွက် ရနိုင်သမျှ နည်းလမ်းအားလုံးကို ရှာဖွေလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။” ဟု ၎င်းကဆက်ပြောသည်။

စစ်အုပ်စု၏ ဖေဖော်ဝါရီလ အာဏာသိမ်းရန် ကြိုးပမ်းမှု၏ အရင်းအမြစ်မှာ စစ်တပ်မှ ပြစ်ဒဏ် ကင်းလွတ်ခွင့် လုံးဝရနေခြင်းကြောင့်ဖြစ်သည်။ “တရားမျှတမှုရရှိရေးနှင့် တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရေး အတွက် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံ၏ တက်ကြွမှု မရှိခြင်း၊ အချို့နေရာများတွင် လုပ်ဆောင်ချက်လုံးဝကင်းမဲ့နေခြင်းတို့က စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ပိုမိုအတင့်ရဲလာစေပြီး ယနေ့အထိ ဆက်လက်ကျူးလွန်နေစေသည်။ စစ်တပ်၏ ချိုးဖောက်မှုများနှင့် ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေမှုကို အဆုံးသတ်ရမည် ဖြစ်သည်။” ဟု CSO များကဆိုသည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ကြီးလေးသောရာဇဝတ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး နိုင်ငံတကာအသိုင်းအဝိုင်းမှ လုပ်ဆောင်သွားရန် ယင်းပူးတွဲထုတ်ပြန် ကြေညာချက်တွင် တောင်းဆိုထားပြီး ထိုအထဲတွင် နိုင်ငံတကာတရားရုံး (ICJ)၊ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) နှင့်  အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့်အရ အမှုဖွင့်ထားသော အာဂျင်တီးနားနိုင်ငံရှိ တရားရုံးတို့ကို ထောက်ခံအားပေးခြင်းများပါဝင်သည်။ ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအတွက် အထူးခုံရုံး (Ad-hoc Tribunal) တစ်ခု တည်ထောင်ရေး သို့မဟုတ် မြန်မာနိုင်ငံအခြေအနေကို ICC သို့ လွှဲပြောင်းရေး အလားအလာများအပါအဝင် အခြားတာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ရေးနည်းလမ်းများကို ကြိုးပမ်းလုပ်ဆောင်သွားရန်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုထားသည်။

ထိုမျှသာမက ထိုပူးတွဲထုတ်ပြန်ကြေညာချက်တွင် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရေး သေချာစွာ လုပ်ဆောင်နိုင်‌‌ရေး ICC ၏ ရောမသဘောတူစာချုပ်ကို ချက်ချင်းလက်မှတ်ရေးထိုးရန်လည်း NUG ကို တိုက်တွန်းထားသည်။

အယ်ဒီတာများသို့မှတ်ချက်

  • မြန်မာစစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိမှု အဆုံးသတ်ရေးနှင့် ရိုဟင်ဂျာများ၏ အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိရေး တောင်းဆိုသော အရပ်ဘက်လူထုအဖွဲ့အစည်း ၄၃ ဖွဲ့၏ ပူးတွဲထုတ်ပြန် ကြေညာချက်ကို ဤနေရာတွင် ရယူဖတ်ရှုနိုင်သည်။

— ဆုံး —

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • ဒေါ်ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ info@progressive-voice.org
  • နော်ဆဲဆဲ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ wlb-secretariat@protonmail.com
  • ကိုဟန်ကြီး၊ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)၊ officendb@protonmail.com

အရပ်ဘက်လူထုအဖွဲ့အစည်း ၄၃ ဖွဲ့၏ ပူးတွဲထုတ်ပြန် ကြေညာချက် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ

ရခိုင်ဒေသတွင် စစ်ကောင်စီတပ်နှင့် AA တို့ သိသိသာသာ သြဇာတိုးချဲ့နေချိန်တွင်  ရခိုင်ပင်လယ်ပြင်ရှိ စစ်ရေယာဉ်ပေါ်မှ ၃ ရက်ကြာ စမ်းသပ်ပစ်ခတ်မှု ပေါ်ပေါက်လာသည်

တိုက်ပွဲများရပ်တန့်နေသော ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား အင်အားတိုးချဲ့မှုများနှင့် စောင့်ကြည့်မှုများပြုလုပ်နေချိန် စစ်ကောင်စီရေတပ်က ရခိုင်ပင်လယ်ပြင်တွင် ၃ ရက်ကြာ လက်နက်ကြီး ပစ်ခတ်စမ်းသပ်နေသည်။

သြဂုတ် ၂၁ မှ ၂၃ အထိ စစ်တပ် စစ်ရယာဉ်က စစ်တွေမြို့နယ် သဲချောင်း၊ ပလ္လင်ပြင် ကျေးရွာအနီး ပင်လည်ပြင်မှ နောက်ဘက် ၁၀ မိုင်ခန့်အကွာသို့ စမ်းသပ်ပစ်ခတ်နေခြင်း ဖြစ်သည်။

ထိုနေရာများသည်  စစ်တွေခရိုင်အတွင်းရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ပေါက်တော စသည့် မြို့နယ်များနှင့် ထိစပ်နေသော ပင်လယ်ပြင် ဖြစ်ပြီး ထိုနေရာသို့ ငါးဖမ်းစက်လှေများကို သွားလာခြင်းမပြုလုပ်ကြရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးပိုင်းမှတစ်ဆင့် သတိပေးတားမြစ်ထားကြောင်း သိရသည်။

သြဂုတ် ၂၁ ညနေပိုင်းတွင် စစ်တွေခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ရေလုပ်ငန်းလုပ်ကိုင်နေသူများအား ပင်လယ်ပြင်သို့ မထွက်ကြရန် ညွန်ကြားထားကြောင်း ငါးဖမ်းစက်လှေပိုင်ရှင်တစ်ဦးဖြစ်သူ ပေါက်တောမြို့နယ် ဆင်တမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှထွန်းစိန်က ပြောသည်။

ထိုသို့အကြောင်းကြားလာသည့်အတွက် လက်နက်ကြီးများ ပစ်ခတ်စမ်းသပ်မည့်ဘက်သို့ ထွက်သွားကြသည့် ငါးဖမ်းစက်လှေများကို ဆက်သွယ်အသိပေးခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“ငါးလုပ်ငန်းဦးစီးဌာနက ကျွန်တော်တို့က မနေ့ကပြောထားတယ်။ သဲချောင်းကျေးရွာနဲ့ ပလ္လင်ပြင်ကျေးရွာအနီးက ပင်လယ်ပြင်ကနေ နောက်ဘက် ၁၀ မိုင်အကွာကိုပစ်မယ်လို့ ပြောပါတယ်။ အဲဒီဘက်ကို ထွက်သွားတဲ့ ဘုတ် (စက်လှေ) တွေကို လည်း ဖုန်းဆက်ပြီး ကြောင်းကြားထားတယ်” ဟု ဦးလှထွန်းစိန်က ပြောသည်။

လက်နက်ကြီးပစ်ခတ်သံများကို ယမန်နေ့က မကြာခဏ ကြားနေရသည်ဟု ပေါက်တောမြို့နယ်က  ဆံတော်ရှင်ဘုရားတည်ရှိ ကျွန်းအနီးတွင် ငါးဖမ်းနေသူတစ်ဦးက ပြောသည်။

“လက်နက်ကြီးပစ်သံက ကြားရတဲ့အချိန်ကြားရတယ်။ မကြားရတဲ့အချိန်လည်းမကြားလိုက်ရဘူး။ ဒီနေ့ ၈ ကြိမ် ၉ ကြိမ်လောက် ကြားလိုက်ရတယ်” ဟု အဆိုပါ ငါးဖမ်းသမားက ဆိုသည်။

အာဏာသိမ်းပြီးနောက် နှစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီ ၁၉ တွင် စစ်ကောင်စီက မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာ စခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်းစခန်းတို့တွင် စစ်ကောင်စီက အမြှောက်ပစ်လေ့ကျင့်ခဲ့ပြီးနောက် ယခု ဒုတိယအကြိမ် ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် AA က အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းကို လုပ်ဆောင်နေစဉ် စစ်ကောင်စီတပ်က ဩဂုတ် ဒုတိယပတ်မှ စတင်ကာ မြောက်ပိုင်းမြို့နယ်တချို့တွင် လက်နက်၊ ရိက္ခာနှင့် လူအင်အားများ တိုးချဲ့လာသည့်အပြင် လက်နက်ကြီးပစ်ခတ်စမ်းသပ်ခြင်းများပါ လုပ်ဆောင်လာခြင်းဖြစ်သည်။

ထိုသို့ တိုက်တိုက်ဆိုင်ဆိုင် ပစ်ခတ်စမ်းသပ်ခြင်းမှာ စစ်ရေးအရ ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများလည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း စစ်တွေအခြေစိုက် ရခိုင်မျိုးနွယ်စုများအစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက မှတ်ချက်ပြုသည်။

“နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်တစ်ခုအနေနဲ့တော့ လက်နက်တွေကို စမ်းသပ်ပစ်ခတ်တာက လုပ်ရိုးလုပ်စဉ်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အခုအချိန်မှာ AA က အုပ်ချုပ်ရေးတွေ၊ တရားရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်လုပ်တယ်ဆိုတာ စစ်ရေးအရ ဖိအားပေးတာမျိုး၊ ခြိမ်းခြောက်တာမျိုး သဘောထားပါကောင်းလည်းပါနိုင်တယ်။ သမရိုးကျလုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ဦးဇော်‌ဇော်ထွန်းက ပြောသည်။

လက်နက်ကြီးပစ်ခတ်စမ်းသပ်ခြင်းကို မည်သည့်အတွက်ကြောင့်ပြုလုပ်သည်ဖြစ်စေ လက်ရှိတွင် ပြည်သူလူထုများအနေဖြင့် ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် စိတ်မသက်မသာဖြစ်နေသည့်အချိန်တွင် ထိုသို့ စစ်ရေးလှုပ်ရှားမှုပြုလုပ်ခြင်းမှာ လူထုအပေါ် စိုးရိမ်မှုများစေကြောင်း ဦးဇော်ဇော်ထွန်းက မှတ်ချက်ပြုသည်။

လက်နက်ကြီးများပစ်ခတ်စမ်းသပ်နေသောကြောင့် ဒေသခံကျေးရွာသားများနှင့် ရေလုပ်သားများကို ပင်လယ်ပြင်နှင့် ကမ်းခြေဘက် မသွားကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဖုန်းဖြင့်ဆက်သွယ်ကာ အကြောင်းကြားလာကြောင်း ရသေ့တောင်မြို့နယ် မယူကမ်းဒေသ၊ ကုန်းတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းဌေးက ပြောသည်။

“ကျွန်တော်တို့ ကျေးရွာအုပ်ချုပ်ရေးပိုင်းက စာရေးကြီးဆီကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဖုန်းနဲ့ ပြောတယ်လို့ သိရပါတယ်။ လက်နက်ကြီး စမ်းသပ်ဖို့လို့ ပြောပါတယ်။ ဘယ်အချိန်ပစ်မယ်ဆိုတာကိုတော့ မပြောဘူး။ ရွာက လူတွေကိုတော့ ကမ်းခြေတွေနဲ့ ပင်လယ်ပြင်တွေကို မသွားဖို့မှာထားပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ စစ်တပ်၏ လက်နက်ကြီးစမ်းသပ်ပစ်ခတ်မှုနှင့် AA အကြား ဆက်စပ်မှုရှိမရှိ မသိရသေးပေ။

AA စစ်ဦးစီးချုပ်က ​​စစ်တပ်၏ စစ်ရေးလှုပ်ရှားလာခြင်း၊ ခြိမ်းခြောက်လာခြင်းတို့ကြောင့် သတိထားစောင့်ကြည့်နေသည်ဟု သြဂုတ် ၁၅ တွင် အမေရိကန်အခြေစိုက် အာရက္ခမီဒီယာနှင့် အွန်လိုင်းဆက်သွယ်မေးမြန်းခန်း၌ ဖြေကြားထားသည်။

Myanmar Now News