ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

မင်းကင်းမြို့ ကျောက်တန်းရွာက အိမ်တစ်လုံးကို စစ်ကောင်စီ မီးရှို့
လိုအပ်နေသူတွေဆီ စာနာမှုအကူအညီ ရောက်ရှိအောင် ဆောင်ရွက်ကြဖို့ ကုလတိုက်တွန်း
မြန်မာနိုင်ငံမှာ အကူအညီ လိုအပ်နေသူတွေထံကို လူသားချင်း စာနာမှု အကူအညီ ပေးသူတွေ အဟန့်အတား မရှိ ဘေးကင်းလုံခြုံစွာ သွားရောက်နိုင်ရေး သက်ဆိုင်ရာ ဘက်အားလုံးက ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေး အတွက် အလှူရှင်တွေဘက်က ပိုပြီး ထည့်ဝင်လာရေး အတွက်လည်း ကုလသမဂ္ဂက တနလာၤနေ့မှာ ပန်ကြားပါတယ်။နိုင်ငံတွင်း ဒေသအမျာအးပြားမှာ တိုက်ပွဲတွေ ပြင်းထန်ပြီး လုံခြုံရေး အခြေအနေ မတည်မငြိမ် ဖြစ်နေတဲ့ အတောအတွင်း လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အခြေအနေတွေလည်း ယိုယွင်းဆိုးရွားနေကြောင်း မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့က ပြောဆိုထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ တဦး ဖြစ်တဲ့ Farhan Haq က တနလာၤနေ့ နယူးယောက် ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီနှစ် အစောပိုင်းက စလို့ နိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ နောက်ထပ် ၂၄၀,၀၀၀ နီးပါးရှိပြီး သူတို့ကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးဖို့လိုအပ်နေကြောင်းလည်း သူက ပြောပါတယ်။
ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ WFP နဲ့ မိတ်ဖက် အဖွဲ့တွေ ဘက်က စက်တင်ဘာလ အတွင်း ကချင်၊ ရှမ်းပြည် မြောက်ပိုင်း၊ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃၆၀,၀၀၀ နီးပါးကို စားနပ်ရိက္ခာနဲ့ ငွေကြေး ထောက်ပံ့မှု ပေးခဲ့ကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ တိုးလာနေတဲ့ အခြေအနေ၊ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ဘေးဒဏ် သင့်လွယ်တဲ့ အခြေအနေတွေ တိုးလာနေတဲ့ ကိစ္စတွေကို ကုလသမဂ္ဂနဲ့ မိတ်ဖက်တွေက တုံ့ပြန်ဆောင်ရွက်နေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံ အတွက် အရေးပေါ် ကူညီပေးနိုင်ရေး ဒေါ်လာ ၃၈၅ သန်း ကုလသမဂ္ဂက ပန်ကြားထားတာမှာ သုံးပုံ တပုံဘဲ ရရှိသေးတာကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံ အတွက် ရန်ပုံငွေ ထပ်တိုး ထည့်ဝင်ကြဖို့ ကုလသမဂ္ဂက ပန်ကြားနေတာ ဖြစ်ပါတယ်။
VOA News
မြန်မာ့အရေး အာဆီယံလုပ်ဆောင်ချက်အပေါ် ALTSEAN ဝေဖန်
မြန်မာစစ်အာဏာသိမ်းမှုအပေါ် အာဆီယံဘက်က တစည်းတလုံးတည်းဆန့်ကျင်တုန့်ပြန်နိုင်မှုမရှိတဲ့အတွက် လက်ရှိအာဆီယံကြားဝင်ဆောင်ရွက်မှုတွေဟာ ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ အာဆီယံလူထုအခြေပြုအဖွဲ့ ဦးဆောင်သူက သုံးသပ်ပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ အထူးသံတမန်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမရှိတဲ့အပေါ်မှာ သူတို့အနေနဲ့ စိတ်ပျက်မိကြောင်း တနင်္လနေ့က ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မလေးရှားနဲ့ အင်ဒိုနီးရှားက ထုတ်ဖေါ်ပြောဆိုခဲ့ကြတာပါ။
မြန်မာ့အရေး အာဆီယံအနေနဲ့ ဘယ်လိုကိုင်တွယ်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့
ALTSEAN တည်ထောင်သူ Debbie Stothard ကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။
အခုလို စစ်ကောင်စီနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ ပွင့်ပွင့်လင်းလင်းထုတ်ဖေါ်ပြောဆိုလာတာကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ ကွဲနေတာတွေ့ရတယ်လို့ အာဆီယံယှဉ်ပြိုင်အဖွဲ့ ALTSEAN ကို တည်ထောင်သူ Debbie Stothard ကဗွီအိုအေကိုပြောပါတယ်။
အရင် စစ်အစိုးရလက်ထက်တုန်းကလည်း အာဆီယံထဲမှာ သဘောထားကွဲလွဲမှုတွေရှိခဲ့သလို အခုတခေါက် အာဏာသိမ်းချိန်မှာလည်း အာဆီယံထဲမှာ ထပ်ပြီး ကွဲနေတယ်ဆိုတာ မြင်တွေ့ရတယ်လို့ Debbie Stothard က အခုလို ပြောပါတယ်။
“ဘာကြောင့်လည်းဆိုရင် အခြေအနေတွေ ပိုပိုပြီးဆိုးလာနေတာကြောင့်ဖြစ်ပါတယ်။ အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးတုန်းက စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ နည်းနည်းလျော့နည်းသွားလိမ့်မယ်၊ တိုင်းပြည်ကိုနည်းနည်းပိုတည်ငြိမ်အောင်လုပ်နိုင်လိမ့်မယ်လို့ သူတို့က မျှော်လင့်ထားတာပါ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အခြေအနေ ပိုပြီးဆိုးလာတာပါ။ ဒါကိုကြည့်ရင် ဧပြီလ အစည်းအဝေးလုပ်ပြီးနောက် စစ်ကောင်စီရဲ့အကြမ်းဖက်မှုလုပ်ရပ်က လျော့နည်းမသွားတဲ့အပြင် အဆမတန် ဆိုးရွားလာတာကြောင့် အာဆီယံအတွက် တကယ့်ကို အကြီးအကျယ် အစော်ကားခံခဲ့ရတာဖြစ်ပါတယ်။”
အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးသံတမန် ဘရူးနိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof နဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။
“အာဆီယံ အထူးသံတမန်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအပစ်အခတ်ရပ်စဲရေး ကြေညာပြီး ရက်အနည်းငယ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်တပ်က ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် အထူးသံတမန်အနေနဲ့ NUG နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့တောင် စကားပြောဖို့ အစီအစဉ် တောင် မလုပ်တော့ပါဘူး။ အာဆီယံအနေနဲ့ တလွဲလုပ်ဆောင်နေတယ်ဆိုတာ မြင်နိုင်ပါတယ်။ အထူးသဖြင့် မြန်မာစစ်ကောင်စီကြောင့် ဒေသတွင်းတခုလုံးဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုကို တွေ့နေရတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားအစိုးရတွေက စိုးရိမ်မှုတွေ၊ စိတ်ပျက်မှုတွေ၊ ဒေါသထွက်မငတွေဖြစ်လာတယ်လို့ ကျမ မြင်မိပါတယ်။”
စစ်ကောင်စီအနေနဲ့ သူတို့တရားဝင်မှုရှိရေး အာဆီယံကို အသုံးချနေတယ်ဆိုတဲ့ အမြင်တွေလည်းရှိပါတယ်။ ဒါပေမယ့် Debbie Stothard ကတော့ အာဆီယံအနေနဲ့ စစ်ကောင်စီကို အကာအကွယ်မပေးနိုင်ဘူးလို့ မြင်ပါတယ်။
“စစ်ကောင်စီကတော့ အာဆီယံမှာ အရည်အချင်းမရှိဘူး၊ မြန်မာ့နိုင်ငံရေးအကြောင်း နားမလည်ဘူးဆိုပြီး သူတို့ရပ်တည်ရေး ပိုမိုခိုင်မာဖို့ အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် အာဆီယံအနေနဲ့ သူတို့ကို အကာအကွယ်မပေးနိုင်တာရှင်းပါတယ်။ ရေတိုအကျိုးစီးပွားကြည့်တဲ့နိုင်ငံတွေ၊ ဒီမိုကရေစီနည်းလမ်းမကျလို့ဆိုပြီး သူတို့ကိုပါ ဝေဖန်လာမှာကို စိုးရိမ်နေတဲ့ နိုင်ငံတွေလောက်ပဲ အကာအကွယ်ပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်ကောင်စီရဲ့ အကြမ်းဖက် အပြုအမူတွေကြောင့် အာဆီယံဒေသတွင်း စီးပွားရေး၊ လူသားတွေရဲ့ လုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတယ်ဆိုတာ အဲဒီနိုင်ငံတွေ၊ အဓိကအဖွဲ့ဝင်နိုင်ငံတွေ ကောင်းကောင်းသိနေပါတယ်။”
ဒါကြောင့် အာဆီယံ အထူးသံတမန် ရဲ့ သြဇာပိုပြီးသက်ရောက်စေဖို့ဆိုရင် လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံကြီးတွေကပါ နောက်ကနေ ရပ်တည်ပေးဖို့ လိုအပ်နေကြောင်း Debbie Stothard က မြင်ပါတယ်။
“အာဆီယံအခန်းကဏ္ဍကို စောင့်နေလေလေ မြန်မာနိုင်ငံမှာ သေကြေပျက်စီးမှုတွေ ပိုပြီး များလာတာတွေ့ရမှာဖြစ်ပါတယ်။ အာဆီယံအထူးသံတမန်ရဲ့သြဇာ သက်ရောက်ဖို့ဆိုရင် အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီတို့ကနေ သူ့နောက်ကနေ အခိုင်အမာရပ်တည်ပေးရမှာဖြစ်ပါတယ်။ အထူးကိုယ်စားလှယ်အနေနဲ့လည်း ကိုယ့်ကိုကိုယ် ပိုပြီးယုံကြည်ဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီရော၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လက်ခံမှုမရှိပဲ အာဆီယံအထူးသံတမန်အနေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ကြေညာချက်ထုတ်နေတာ၊ အဆိုပြုနေတာဟာ ဘယ်ကိုမှ ရောက်မှ မဟုတ်ပါဘူး။ သံတမန်တဦးအနေနဲ့ လုဆောင်သင့်တဲ့ လူတိုင်းအဖွဲ့တိုင်းနဲ့ စကားပြောရမှာကို လုပ်သင့်ပါတယ်။ လက်ရှိအချိန်မှာ အထူးသံတမန်ကို စစ်ကောင်စီဘက်ကလည်း လေးစားမှုမရှိပါဘူး။ မြန်မာ့အရေးလှုပ်ရှားမှုတွေဘက်ကလည်း လေးစားမှုမရှိပါဘူး။ နိုင်ငံတကာဘက်ကလည်း သူ့ရဲ့နောက်မှာ အပြည့်အဝရပ်တည်နေတယ်ဆိုတာမျိုးလည်း မတွေ့ရပါဘူး။”
ဒါအပြင် မြန်မာနိုင်ငံကိစ္စမှာ သူတို့ ကြားဝင်ဖြေရှင်းတာကို နိုင်ငံတကာက ထောက်ခံခြင်းအားဖြင့် နာမည်ကောင်းရလိမ့်မယ်လို့ အာဆီယံက ထင်ခဲ့တဲ့ကိစ္စဆိုရင်လည်း ရလာဒ်က ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ သူကပြောပါတယ်။
“အာဆီယံနည်းဗျူဟာရဲ့ ရလာဒ်က ထင်ထားသလိုမဟုတ်ပဲ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။ အဲဒါဘာကြောင့်လည်းဆိုရင် သူတို့မှာ စည်းလုံးမှုလည်းမရှိသလို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အခြေခံတဲ့ မူလည်းမရှိကြဘူး။”
ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှာ အာဆီယံရဲ့ ဂုဏ်သိက္ခာ၊ သူတို့အစိုးရတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာကို စိုးရိမ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ စတဲ့နိုင်ငံတွေက စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ဒေသတွင်းမှာ လူသားတွေရဲ့လုံခြုံရေးကို ကြီးကြီးမား ခြိမ်းခြောက်နေပြီလို့ မြင်ခဲ့ကြတယ်လို့လည်း သူကပြောပါတယ်။ ဒီအတွက်လည်း မြန်မာကိစ္စနဲ့ ပတ်သက်လို့ ဖြေရှင်းသင့်တဲ့ နည်းလမ်းကို Debbie Stothard ကအခုလို အကြုံပြုသွားပါတယ်။
“အာဆီယံထဲမှာ ကွဲပြားမှုတွေရှိနေတဲ့အတွက် ဖြေရှင်းဖို့ နည်းလမ်းတခုတော့ရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ လိုလားတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေအနေနဲ့ လုံခြုံရေးကောင်စီမှာ မြန်မာအကျပ်အတည်းဖြေရှင်းရေး အာဆီယံ မိတ်ဖက်တွေဖြစ်တဲ့ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေနဲ့ စကားပြောဖို့လိုပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာကိစ္စကို ကိုင်တွယ်ဖို့ အချိန်တွေနှောင်းနေပါပြီ။ အမြန်ဆုံးလုပ်ဖို့ လိုအပ်ပါတယ်။ အချိန်ကြာလောလ မြန်မာနိုင်ငံတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေပိုမြင်ရေလ၊ လူတွေ ပိုပြီး သေကြေတာ၊ အိုးမဲ့ အိမ်မဲ့ဖြစ်တာတွေကို တွေ့ကြရမှာဖြစ်ပါတယ်။”
မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ဟာ စီးပွားရေးအပေါ်မှာလည်း အလွန်ဆိုးရွားတဲ့ သက်ရောက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ အရင် အစိုးရတွေလက်ထက်တုန်းက အသွင်ကူးပြောင်းရေးကာလဖြစ်တဲ့ အတွက် ပြုပြင်ပြောင်းလဲရေးတွေ၊ ရင်းနှီးမြှုပ်နှံမှုအတွက် ဖြေလျှော့မှုတွေ လုပ်ခဲ့တာကြောင့် မကြာသေးခင် နှစ်တွေတုန်းက စီးပွားရေးဟာ အလျင်အမြန်တိုးတက်လာခဲ့တာပါ။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် စီးပွားရေးအရ မငြိမ်မသက်ဖြစ်စေတာဟာ ဒေသတွင်းကိုရိုက်ခတ်မှုတွေရှိနေတယ်လို့ Debbie Stothard ကသုံးသပ်ပါတယ်။
VOA News
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ
စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်မှာ ၈ လကြာမြင့်ခဲ့ပြီဖြစ်သည်။ နေ့စဥ်နှင့်အမျှ တိုင်းပြည်သည် ယခင်အခြေအနေသို့ ပြန်မရောက်နိုင်သော အခြေအနေဖြင့် ပို၍ နက်သောချောက်ထဲသို့ ကျနေသည်။ မြန်မာကျပ်ငွေတန်ဖိုးသည် အနိမ့်ဆုံးသို့ ကျရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိ မြို့နယ် ၂၅ ခုကို အင်တာနက်ဖြတ်တောက်မှုကြောင့် ယိုယွင်းနေပြီးသော လူ့အခွင့်အရေးအခြေအနေကို ဆိုး၀ါးစေသည်။ အင်တာနက်ဖြတ်တောက်မှု နောက်တွင် စစ်ကောင်စီသည် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရဲရဲတင်းတင်း ကျူးလွန်စေသည်။ စစ်ကောင်စီစည် မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါ၊ ထီးလင်းနှင့် မြိုင်မြို့နယ် နှင့် ချင်းပြည်နယ် ဖလမ်း၊ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ပလက်၀၊ တီးတိန်၊ ထန်တလန် နှင့် တွန်းဇံမြို့နယ်များ အပါ၀င် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသရှိ မြို့နယ် တော်တော်များများ တွင် အင်တာနက် ဖြတ်တောက်ခဲ့သည်။
ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့သည် စစ်ကောင်စီ၏ စစ်ရေးအရ အဓိက ပစ်မှတ်ထားခံရသော်လည်း ခုခံတော်လှန်မှုသည် လုံး၀ လျော့သွားခြင်းမရှိပါ။ လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (မြန်မာနိုင်ငံ) ၏ ဆက်စပ်အဖွဲ့၀င် အဖွဲ့အစည်းဖြစ်သော ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၏ ထုတ်ပြန်ချက်အရ ဒေသခံ ရပ်မိရပ်ဖ နှစ်ဦးသည် စစ်ဘေးရှောင်များအရေး ဆွေးနွေးပြီးနောက် ၎င်းတို့စီးနင်းလာသည့်ယာဥ်အား စစ်ကောင်စီမှ ပစ်ခတ်တိုက်ခိုက်သဖြင့် သေဆုံးခဲ့သည်။ ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော ဒေသခံ နောက်တစ်ဦးကိုလည်း တွေ့ရှိခဲ့သည်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) မှ အကြမ်းဖက်စစ်ကောင်စီအား “ခုခံတော်လှန်ရေးစစ်” စတင်ကြောင်း ကြေငြာခဲ့သည်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်မှုကိုနှိမ်နှင်းရန် စစ်ကောင်စီ၏ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်၍ NUG မှ ယခုလအစောပိုင်းတွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်၏ ခန့်မှန်းချက်တစ်ခုအရ မြန်မာနိုင်ငံသည်အာဏာသိမ်းပြီးချိန်မှစ၍ ဆိုး၀ါးသောဆင်းရဲမွဲတေမှု လမ်းကြောင်းပေါ်တွင် ရောက်နေပြီး အလုပ်အကိုင် ၁.၂ သန်းဆုံးရှုံးခဲ့ရသည်။
မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုများသည် ၂၀၂၁ ခုနှစ် ပထမခြောက်လတာ ကာလပတ်အတွင်း အရပ်သား ၂၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဖေဖော်၀ါရီလမှ စတင်၍ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူပေါင်း ၂ သန်းကျော် ဘေးဒဏ်သင့် ထိခိုက်ခဲ့ရပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်သော စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေး၀ါးများ အရေးပေါ်လိုအပ်နေသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ မြင့်တက်လာခြင်းနှင့် မယုံကြည်မှုများတိုးလာခြင်းကြောင့် ကြောက်ရွံ့ စိုးရိမ်မှုများကို ဖြေလျော့ရန် အနည်းငယ်သာ ထိန်းချုပ်လုပ်ဆောင်နိုင်ခဲ့သည်။
အချိန်လွန်လာသည်နှင့်အမျှ စစ်အာဏာသိမ်းမှု တရား၀င်ဖြစ်ရေးကြိုးပမ်းမှု မအောင်မြင်ကြောင်း ရှင်းရှင်းလင်းလင်း တွေ့ရသည်။ အမိန့်အာဏာဖြင့်သာ အုပ်ချုပ်ရန်သိသော စစ်ကောင်စီ၏ အုပ်ချုပ်ရေးအာဏာများကို မြန်မာပြည်သူများမှ ငြင်းဆန်နေကြသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ကုလသမဂ္ဂတို့မှ စစ်ကောင်စီသည် အကြမ်းဖက်အဖွဲအစည်းဖြစ်ကြောင်း ကြေငြာရန် တာ၀န်ရှိသည်။
တိုင်းရင်းသားဒေသများရှိပဋိပက္ခများ
ချင်းပြည်နယ်
ချင်းပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဘေးကင်းလုံခြုံရာသို့ ဒေသခံ ထောင်နှင့်ချီ နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဒေသတွင်း ကျန်ရစ်ခဲ့သော သူများသည် စစ်အကြမ်းဖက်တပ်နှင့် ထိပ်တိုက်ရင်ဆိုင်ရပါက ဖမ်းဆီးခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ခံရနိုင်သည်။ ချင်းဒေသကာကွယ်ရေးအဖွဲ့(CNF)မှ အကြမ်းဖက်စစ်ကောင်စီကို ခြုံခိုတိုက်ခိုက်ပြီးနောက် ထန်တလန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးမှုများကို အတည်မပြုနိုင်သေးပါ။ သေနတ်သံများကို မိနစ် ၃၀ ခန့်ကြားခဲ့ရကြောင်း ဒေသတွင်း ကျန်ရစ်ခဲ့သူများမှ ပြောကြားခဲ့သည်။ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီသည် မြို့တွင်းသို့ လက်နက်ကြီးများဖြင့် တုန့်ပြန်ပစ်ခတ်သောကြောင့် နေအိမ် ၁၈ လုံးမီးလောင်ပျက်ဆီးခဲ့ရသည်။ သင်းအုပ်ဆရာတစ်ပါး အသတ်ခံခဲ့ရပြီး ဒေသခံအားလုံးနီးပါး လုံခြုံမည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။
ချင်းပြည်နယ် ကန်ပက်လက်ဒေသတွင် အသတ်ခံရသော ဒေသခံ၏ အလောင်းများတွင် သေနတ်ဒဏ်ရာများကို တွေ့ရှိခဲ့ရသည်။ စစ်ကောင်စီတပ်သည် အရပ်သား ရုပ်အလောင်း (၂) လောင်းအား မီးရှို့ပြီး မြောင်းထဲတွင်ပစ်ချထားခဲ့သည်။ နိုင်ငံအတွင်း အင်တာနက် ဖြတ်တောက်မှုများသည် စစ်ကောင်စီတပ်ကျူးလွန်သော ရာဇ၀တ်မှုများအား တာ၀န်ခံရန် ရှောင်လွှဲစေသည်။
ကယားပြည်နယ်
အကြမ်းဖက်စစ်ကောင်စီသည် ကယားပြည်နယ်တွင်း အရပ်သားများနေထိုင်ရာ အရပ်များတွင် မြေမြုပ်မှိုင်းများ ထောင်ခြင်းဖြင့် နိုင်ငံသားတို့၏ အခွင့်အရေးကိုချိုးဖောက်နေသည်။ အကျိုးဆက်အနေဖြင့် ဒေသခံရွာသားများသည် မြို့ထဲသို့သွားရောက်စဥ် မိုင်းနင်းမိသောကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရှိပြီး သေဆုံးခဲ့သည်။ စစ်ကောင်စီထောင်ထားသော မြေမြှပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည် ၃၀ ခန့်ကို ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ ရှင်းလင်းခဲ့သည်။
ကယားပြည်နယ် ဒီမောဆိုမြို့နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရပ်သား (၂) ဦးသေဆုံးခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူတို့၏ နေအိမ်များကို မီးတင်ရှို့ပြီး ပစ္စည်များမွှေနှောက်ရှာဖွေခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေသောနေရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀၀ ကျော် တပ်စွဲထားသည်။
ရှမ်းပြည်နယ်
ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ အချင်းချင်းကြားတိုက်ပွဲနှင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကြား တိုက်ပွဲများကြောင့် ဒေသခံအရပ်သားများ ထိခိုက်သေဆုံးမှုများရှိပြီး နီးစပ်ရာကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးဒေသတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် (၉)နှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့သည်။ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲရာတွင် အမျိုးသမီးတစ်ဦးသည်လည်း ဦးခေါင်းတွင် နှင့် တခြားနေရာများတွင် ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိပြီး ပြန်လည်သက်သာ လာခဲ့သည်။
လွန်ခဲ့သောနှစ်ပတ်တွင် ရှမ်းပြည်နယ် မုံကိုးဒေသတွင် စစ်ကား ၁၅ စီးဖြင့်စစ်အင်အား ဖြည့်တင်းခဲ့သည်။ ရှမ်းလက်နက်ကိုင်အဖွဲ့များသည် လက်ရှိဖြစ်ပွားနေသော နယ်မြေစိုးမိုးမှု နှင့် အငြင်းပွားမှု တိုက်ပွဲများကြောင့် စစ်ကောင်စီ၏ အပစ်ခတ်ရပ်စဲရေးကို ပယ်ချခဲ့သည်။
မိုဟစ်အူလာ လုပ်ကြံခံရမှု ရိုဟင်ဂျာ ငါးယောက်ကို ထပ်ဖမ်းထား
လုပ်ကြံခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်ခေါင်းဆောင် ဦးမိုဟစ်အူလာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းမှာ၂ဝ၁၉ ခုနှစ်က တွေ့ရစဉ်Photo: Reuters
ဒီးမော့ဆိုတွင် စစ်တပ်၏ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှစ်ဦးရှိလာ
တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် စစ်ကောင်စီတပ် ပြန်ဆုတ်သွားချိန်တွင် မြေမြှုပ်မိုင်းအများဆုံး တွေ့ရှိရသည်ဟု ဆိုသည်
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သော မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှစ်ဦးအထိ ရှိလာပြီး ခြေထောက်ပြတ်သည်အထိ ဒဏ်ရာရသူများလည်း ရှိကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့တွင် အောက်တိုဘာ ၁ ရက်က မိုင်းရှင်းလင်းရေးလုပ်နေသည့် တပ်ဖွဲ့ဝင်တစ်ဦး မိုင်းထိသေဆုံးခဲ့ကာ နောက်တစ်ရက်တွင် ကုန်းသာရွာ၌ အသက် ၄၀ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး နေအိမ်ပြန်လာစဉ် ခြံဝတွင် မိုင်းနင်းမိရာမှာ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖွဲ့ဝင်တစ်ဦးက စက်တင်ဘာ ၂၄ မှ ၂၆ အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ ဒီးမော့ဆိုမြို့နယ်တွင် ကုန်းသာနှင့် သေးဆူလဲရွာတို့တွင် စစ်ကောင်စီတပ် ပြန်ဆုတ်သွားပြီးနောက် မြေမြှုပ်မိုင်းအများဆုံး တွေ့ရှိရသည်ဟု ဆိုသည်။
“မြေမြှုပ်မိုင်းက အများကြီးထားခဲ့တယ်။ ကျွန်တော်တို့ ခုချိန်ထိ မြေမြှုပ်မိုင်း တော်တော်လေး ရှင်းပြီးသွားပြီ။ အဲဒါကို စိတ်ချရတာ မရှိသေးဘူး။ မြေမြှုပ်မိုင်းက ရှိနေတုန်းပဲ” ဟု အဆိုပါ KNDF အဖွဲ့ဝင်က Myanmar Now ကို ပြောသည်။
ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၌ စက်တင်ဘာ ၂၉ နံနက်ပိုင်းက ရိက္ခာသယ်ရန် နေအိမ်ပြန်လာသည့် စစ်ရှောင်အမျိုးသားတစ်ဦး မိုင်းထိသေဆုံးကာ အခြားသူနှစ်ဦးလည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် ဒီးမော့ဆိုမြို့နယ် သေးဆူလဲရွာ၌ စက်တင်ဘာ ၂၈ ညပိုင်းက ဒေသခံ စစ်ရှောင်သုံးဦး နေအိမ်သို့ ရိက္ခာပြန်ယူစဉ် အမျိုးသားတစ်ဦးမှာ မိုင်းနင်းမိပြီး ညာဘက်ခြေဖဝါး ပြတ်ထွက်ကာ ဘယ်ခြေထောက်တွင်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု သိရသည်။
ကုန်းသာရွာ တစ်ရွာတည်း၌ပင် မြေမြှုပ်မိုင်း အလုံး ၃၀ ခန့် တွေ့ရှိခဲ့ရကြောင်း၊ ခေတ်မီစက်ကိရိယာ မရှိသဖြင့် ရှင်းလင်းရန် အခက်အခဲရှိကြောင်း အထက်ပါ KNDF အဖွဲ့ဝင်က ပြောသည်။
“ရိက္ခာပြန်လာယူတောင်မှ တက်နင်းမိတယ်ဆိုတော့ ရွာသားတွေက ဘယ်လိုမှ ပြန်လာနေလို့ မဖြစ်သေးဘူး။ အတတ်နိုင်ဆုံး ကျွန်တော်တို့ဘက်က ပညာရှင်တွေနဲ့ မိုင်းရှင်းလင်းနေတုန်းပါပဲ။ ကျွန်တော်တို့မှာ ခေတ်မီတဲ့ စက်ကိရိယာမရှိတဲ့အတွက် လုပ်ရကိုင်ရ မလွယ်ဘူး” ဟု ၎င်းက ပြောသည်။
ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်ကောင်စီတပ်သည် မြေမြှုပ်မိုင်းများကို နေအိမ်ခြံတံခါးဝ၊ အိမ်သာသွားသည့်လမ်း၊ မီးဖိုချောင် စသည့် လူသွားလူလာများသည့် နေရာများတွင် ရည်ရွယ်ချက်ဖြင့် ထောင်ထားခဲ့သည်ဟု ပြောသည်။
“ဒီအချိန်မှာက သူတို့ ဘာမှ မသိတော့ဘူး။ ရှိတဲ့လူ မိတဲ့လူကို မိုင်းထောင်မှာပေါ့လေ။ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုလည်း ရည်ရွယ်သလို ပြည်သူကိုလည်း သူတို့ရည်ရွယ်ပြီး လုပ်နေတာပေါ့” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်မှာ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာမှ စက်တင်ဘာ ၂၆ ရက်တွင် ပြန်ဆုတ်သွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စစ်တပ်ဆုတ်ခွာပြီး နောက်တစ်ရက်တွင် လက်နက်ကြီးထိမှန်သေဆုံးသည့် ရွာသားတစ်ဦးကို သင်္ဂြိုဟ်ရန် ပို့ဆောင်စဉ် သုသာန်အဝင်လမ်းတွင် မိုင်းပေါက်ကွဲသဖြင့် နာရေးကား ထိခိုက်ခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၂၉ က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာတွင်လည်း စစ်တပ်က မြေမြှုပ်မိုင်းများ ထောင်ထားသဖြင့် နယ်မြေရှင်းလင်းရေးမလုပ်နိုင်သေးကြောင်း KNDF တပ်ဖွဲ့ဝင်က ပြောသည်။
ဒီးမော့ဆိုတွင် အင်အားဖြည့်တင်းရန် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမှ လွိုင်ကော်သို့ စစ်ကြောင်းထိုး ချီတက်လာသော စစ်ကောင်စီတပ်မှာ ကရင်နီကာကွယ်ရေးတပ်ဖွဲ့များနှင့် သုံးရက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် စက်တင်ဘာ ၃၀ တွင် တပ်ပြန်ဆုတ်ခဲ့ရသည်။
စစ်ကောင်စီ၏ အင်အား ၃၀၀ ခန့်ရှိ ခြေလျင်စစ်ကြောင်းကို ကယားပြည်နယ်အဝင် ကုန်းသာရွာတဝိုက်တွင် KNDF အပါအဝင် ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်နှင့် ဒီးမော့ဆိုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီက ၎င်းတို့ကို အပြင်းအထန်ဆန့်ကျင်နေသည့် ကရင်နီဒေသတွင် လူနေအိမ်များကို မီးရှို့ခြင်း၊ လမ်းသွားလမ်းလာများကို သတ်ဖြတ်ခြင်းအပြင် တပ်ပြန်ဆုတ်ချိန်တွင် မြေမြှုပ်မိုင်းထောင်ထားခဲ့သည်။
Myanmar Now News