ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

နှစ်လအတွင်း အဆောက်အအုံ ၂၀၀ နီးပါး ဖျက်ဆီးခံရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်
RFA News
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ
စက်တင်ဘာလအတွင်းတွင် စိုးရိမ်ဖွယ်ကောင်းသော မှတ်တိုင်တစ်ခုကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ စက်တင်ဘာလကုန်အတွင် စစ်ကောင်စီ၏ အသိဉာဏ်မဲ့သော အင်အားသုံး အကြမ်းဖက် လုပ်ရပ်ကြောင့် ကလေးသူငယ်နှင့် သက်ကြီးပိုင်းအပါအ၀င် လူပေါင်း ၁၀၀ နီးပါး အသတ်ခံခဲ့ရသည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) အဖွဲ့၀င်များသည် အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်လျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အသက်စွန့်ကာ မှတ်တမ်းရယူနေသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှု ဖြစ်ပွားနေသည့် အခြေအနေများကို မီးမှောင်းထိုးကာ မြေပြင်မှ နောက်ဆုံးရ အခြေအနေများကို ပုံမှန်တင်ပြပေးနေသည်။ အင်တာနက်ဖြတ်တောက်မှုများကြောင့် အရပ်သားများ ထွက်ပြေးနေကြသည်။ ပစ္စည်းများကို ပြန်ယူရန် နေရပ်သို့ စွန့်စားကာ ပြန်သွားသော အရပ်သားများသည် တိုက်ပွဲများအတွင်း အသတ်ခံနေရသည်။ အမှောင်ထု၏ နောက်ကွယ်တွင် စစ်ကောင်စီသည် ချိုးဖောက်မှုများကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ကျူးလွန်ရန် အလားအလာ ပိုရှိကြောင်း သက်သေပြခဲ့သည်။ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် တို့တွင် သတင်းစီးဆင်းမှုသည် တားဆီးခံရပြီး လက်နက်သဖွယ် အသုံးချ နေသောကြောင့် စစ်ကောင်စီ၏ အကြမ်းဖက် ဖိနှိပ်ဖြိုခွင်းမှုများ ပြင်းထန်နေသည်။
ထို့ပြင် မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (HURFOM) အဖွဲ့၏ တွေ့ရှိချက်အရ အထူးသဖြင့် လူငယ်များကို မတရားဖမ်းဆီးခြင်း နှင့် ခေါ်ဆောင်ခြင်းများတိုးလာခဲ့သည်။ အမျိုးသမီးနှင့် မိန်းကလေးများကို ပစ်မှတ်ထားသော အကြမ်းဖက်မှုများလည်း တိုးလာကာ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများနှင့် သတင်းထောက်များ ကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကိုလည်း မသိရပေ။ စစ်ဆေးရေးဂိတ်များနှင့် ဖမ်း၀ရမ်းမပါဘဲ စီးနင်းမှုများသည် ဆိုး၀ါးနေပြီးသော အခြေအနေကို ပို၍ ဆိုး၀ါးစေသည်။ အားနည်းသော တရားစီရင်ရေးစနစ်နှင့် စစ်ကောင်စီအပေါ် ယုံကြည်မှုမရှိခြင်းတို့ကြောင့် အရပ်သားပြည်သူတို့၏ အနာဂတ်အတွက် မျှော်လင့်ချက်မဲ့စေသည်။
စစ်ကောင်စီ၏ လူမဆန်သော ချိုးဖောက်မှုများကို သက်သေနှင့်အတူမြင်တွေ့ရနေသော်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အရေးယူဆောင်ရွက်မှုများ နှေးကွေးနေသည်။ မြန်မာပြည်၏ ပြည်တွင်းစစ်နှင့် ပတ်သက်၍ ဆယ်စုနှစ်များစွာ သင်ခန်းစာယူနိုင်သော်လည်း နိုင်ငံတကာခေါင်းဆောင်များမှ စစ်ကောင်စီသည် အလျှော့အတင်းပြုလုပ်ရန် သို့မဟုတ် ညှိနှိုင်းလိုစိတ်မရှိကြောင်း မှတ်ယူပုံရသည်။ အကြမ်းဖက်စစ်ကေောင်စီအား အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ လူ့အခွင့်အရေးများကို ချိုးဖောက်စေမှုသည် ထိရောက်သော အရေးယူလုပ်ဆောင်ချက်များ ပြုလုပ်ရန် နှောင့်နှေးမှု၏ အကျိုးဆက်ဖြစ်သည်။ အိန္ဒိယနှင့် ရုရှားအပါအ၀င် အချို့သောနိုင်ငံများသည် အရပ်သားပြည်သူတို့၏ လူနေမှုဘ၀ကို ပျက်ဆီးဆုတ်ယုတ်စေသော အဆင့်မြင့် လက်နက်များအား စစ်ကောင်စီထံ ဆက်လက်ရောင်းချနေသည်။
ဖေဖော်ဝါရီနှင့် စက်တင်ဘာ ၂၀၂၁ ကြား လက်နက်ကိုင်ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် ပြည်တွင်း၌ လူပေါင်း ၂၀၆၀၀၀ အိုးအိမ်စွန့်ခွာခဲ့ရသည်။
New York ဒီမိုကရက်တစ် ကိုယ်စားလှယ် Gregory Meeks မိတ်ဆက်ခဲ့သော Burma Bill ဥပဒေကြမ်းသည် စစ်အာဏာသိမ်းမှုတွင် ပါ၀င်ခဲ့သောသူများအား အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် ကြိုးပမ်းလုပ်ဆောင်ခဲ့သည့် အရပ်ဖက်အဖွဲ့အစည်းတို့၏ အောင်မြင်မှု အစိတ်အပိုင်း ဖြစ်သည်။ ၎င်းဥပဒေမူကြမ်းသည် ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်မှ နှိပ်စက် ညှဉ်းပမ်း သတ်ဖြတ်မှုများအား လူမျိုးတုံးသတ်ဖြစ်မှုအဖြစ်သတ်မှတ်ပေးရန် ကုလသမဂ္ဂနှင့် အမေရိကန်အစိုးရအား တောင်းဆိုခဲ့သည်။ ပြင်သစ်အထက်လွတ်တော်မှလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား တရား၀င်အစိုးရအဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်ကို ကြေငြာခဲ့သည်။
တိုင်းရင်းသား ဒေသများရှိ ပဋိပက္ခများ
ချင်းပြည်နယ်
ထန်တလန်တွင် မိသားစုအတွက် ရိက္ခာပြန်ပို့ပေးသော ဒေသခံတစ်ဦး အပစ်ခံရကာ ဒဏ်ရာရသော သတင်းအပါ၀င် မင်းတပ်၊ ထန်တလန်နှင့် ဟားခါးတွင် လက်ရှိဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ မှတ်တမ်းပြုစုထားသည်။ ဒေသခံအများစုသည် နေရပ်ကို စွန့်ခွာနေကြပြီး ပစ္စည်းများကို ပြန်ယူရန် ကြိုးစားသော ဒေသခံများသည် ပစ်ခတ်ခံရသောကြောင့် လှည့်ပြန်ခဲ့ရသည်။ အကြမ်းဖက်မှု စစ်ပွဲ၏ တစ်စိတ်တစ်ဒေသအရ အရပ်သားများ ဖမ်းဆီးခံရခြင်းနှင့် သေဆုံးများသည် ဆက်လက်ဖြစ်ပွားနေသည်။
ကချင်ပြည်နယ်
စစ်ကောင်စီသည် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်သောကြောင့် စစ်ကူအမြောက်အများကို ကချင်ပြည်နယ်သို့ ပို့ဆောင်ခဲ့သည်။ ထိတ်လန့်ကြောက်ရွံ့နေသော ဒေသခံများသည် မိမိတို့၏ နေအိမ်များကို စွန့်ခွာကာ ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာဒေသများသို့ ဘေးကင်းလုံခြုံရေးအတွက် ထွက်ပြေးခိုလှုံနေရသည်။ စစ်ကောင်စီသည် ဆင်ခြင်တုံတရားမရှိသော အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်နေသည်။
ကယားပြည်နယ်
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRO)၏ မှတ်တမ်းများအရ စစ်ဘေးရှောင်ကူညီသူ ၃၀ နီးပါးအပါအ၀င် ဖမ်းဆီးခံရသူ အရပ်သား ၂၀၀ ကျော်အထိရှိလာသည်။ ဖမ်းဆီးခံရသူများအနက် အသက်ငယ်ဆုံး ၁၅နှစ်မှ အသက်အကြီးဆုံး ၅၀ကျော်အထိဖြစ်သည်။ ကယားပြည်နယ်မှ စစ်ဘေးရှောင်ကူညီသူများသည် စစ်ဘေးရှောင်များကို ကူညီရန် ကြိုးပမ်းမှုကြောင့် ပစ်မှတ်ထားခံနေရသည်။ ပြီးခဲ့သည့်လတွင် စစ်ဘေးရှောင်အတွက် ရိက္ခာပို့ဆောင်သော ယာဥ်တစ်စီး တိုက်ခိုက်ခံခဲ့ရသည်။ ကယားပြည်နယ်တွင် စစ်ကောင်စီ၏ ၃ ရက်တာ အကြမ်းဖက်ထိုးစစ်ဆင် တိုက်ခိုက်မှုတွင် အိမ်ခြေပေါင်း ၅၀ ထိခိုက်ပျက်ဆီးခဲ့ပြီး ပစ္စည်းများလည်း ဖောက်ထွင်းခံခဲ့ရသည်။ သက်ကြီးပိုင်း အရပ်သားတစ်ဦးသည်လည်း ၎င်း၏ နေအိမ်တွင် အသတ်ခံခဲ့ရသည်။
မေလကတည်းမှ စတင်၍ ကယားပြည်နယ်တွင် လူပေါင်း ၁၃၀,၀၀၀ ကျော်နေရပ်စွန့်ခွာ ခဲ့ရသည်။
စစ်တပ်ဝင်သည့် ကန့်ဘလူမြို့တွင် ရွာသား ရိုက်နှက်ခံရ၊ ပစ္စည်းတချို့ပျောက်
ပုဏ္ဏားကြီးကျေးရွာကို ရောက်သွားသော စစ်ကောင်စီတပ်များက အမျိုးသားတစ်ဦးကို ဖမ်းဆီးရိုက်နှက်ကာ NLD ခေါင်းဆောင်တို့၏ နေအိမ်များကို ပြသခိုင်းခဲ့သည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ ပုဏ္ဏားကြီးကျေးရွာကို ယမန်နေ့ (အောက်တိုဘာ ၁၀) မနက်ပိုင်းက ရောက်သွားသော စစ်ကောင်စီတပ်များက နေအိမ် ၆ လုံးခန့်ကို ဝင်ရောက်စီးနင်းရှာဖွေကာ ရွာသားတစ်ဦးကို ရိုက်နှက်ခဲ့သည်ဟု ဒေသခံ ၂ ဦးထံမှ သိရသည်။
သေနတ်ပစ်ဖောက်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၅၀ ခန့်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဦးဆောင်သူများကို လာရောက်ရှာဖွေသည်ဟု ဆိုကာ အိမ်များအတွင်း မွှေနှောက်ဖျက်ဆီးပြီး ပစ္စည်းတချို့ ယူဆောင်သွားကြသည်ဟု အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“အစ်မတို့အိမ်ကတော့ ဘာမှ အများကြီး မပါသွားဘူး။ ပစ္စည်းတွေ မွှေနှောက်ပြီးတော့ သွေးပေါင်ချိန်စက်တော့ ပါသွားတယ်။ အစ်မအဖေ ဦးစိန်သောင်းကို PDF ခေါင်းဆောင်ဆိုပြီး ရှာသွားတာ။ အစ်မတို့မိသားစုက စစ်သားတွေ ရွာထဲဝင်ပြီဆိုကတည်းက အကုန်လုံးထွက်သွားရတာ”ဟု ထိုအမျိုးသမီးက ဆိုသည်။
ထို့နောက် အမျိုးသားတစ်ဦးကို ယာယီ ဖမ်းဆီးရိုက်နှက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင်တို့၏ နေအိမ်များ၊ PDF ထောက်ခံသည့် နေအိမ်များကို မေးမြန်းကြသည်ဟု သူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“လူကိုလည်း နှိပ်စက်တယ်။ နေပူမှာ ဝမ်းလျားမှောက်ခိုင်းတာ။ မှောက်ခိုင်းပြီးတော့မှ ရိုက်တာ။ ကျောတွေရော၊ တင်ပါးတွေရော။ နှုတ်ခမ်းတွေဘာတွေလည်း ပေါက်တယ်။ ဒဏ်ရာက တော်တော်များတယ်။ နှုတ်ခမ်းက တော်တော်ဆိုးတာ။ သူတို့ရဲ့ သေနတ်ဒင်နဲ့ ဆောင့်တာနေမှာ။ တော်တော်ကို ပေါက်ပြဲပြီးတော့ ယောင်နေတာ။ မျက်ခုံးရယ်၊ နားရွက်နားရယ်ပေါ့”ဟု ထိုမိသားစုဝင်က ဆိုသည်။
ထိုသို့ရိုက်နှက်ပြီးနောက် စစ်ကောင်စီတပ်များက နေအိမ်အတွင်း ဝင်ရောက်ရှာဖွေပြီး အိမ်ရှိပစ္စည်းများကို ဖျက်ဆီးကြသည့်ပြင် ငွေ ၁၀ သိန်းနှင့် မိုဘိုင်းဖုန်းနှစ်လုံးကိုလည်း ယူဆောင်သွားခဲ့သည်ဟု သိရသည်။
ဒဏ်ရာပြင်းထန်သည့် ထိုအမျိုးသားမှာ ဆေးကုသမှုခံယူနေရသည်ဟု ၎င်းက ဆက်ပြောသည်။
ထို့နောက် နေ့လယ် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်များက အိမ်ခြေ ၂၀၀ ခန့်ရှိ ပုဏ္ဏားကြီးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့သော်လည်း NLD ထောက်ခံသူများအားလုံး ရွာတွင် မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရွာခံများထံမှ သိရသည်။
ပုဏ္ဏားကြီးကျေးရွာမှ ၂ မိုင်ခန့်အကွာ (ကန့်ဘလူမြို့ မြောက်ဖက် ၃၂ မိုင်) ချပ်သင်းစံပြကျေးရွာတွင် အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားပြီး စစ်တပ်သတင်းပေး(ဒလန်) နှင့် ပျူစောထီးတို့၏ တိုင်ကြားမှုများရှိလာလျှင် အနီးအနားရှိ ရွာများကို ဝင်ရောက်ရှာဖွေလေ့ရှိသည်ဟု ချပ်သင်းဒေသခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ချပ်သင်းတစ်တိုက်နယ်လုံးက ရွာတွေပေါ့နော်။ သူတို့ (စစ်တပ်) က သတင်းကြားတာပြုတာတို့၊ ပျူစောထီးက တိုင်တာတို့၊ ဒလန်တိုင်တာတို့ ဘာတွေဖြစ်ခဲ့ရင် သူတို့ ဆင်းတယ်။ တစ်ခါတလေလည်း သူတို့ PDF တွေ ရှာတဲ့ပုံစံမျိုးနဲ့ ဆင်းတယ်”ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁၆ တွင် ကန့်ဘလူမြို့နယ် ရီးထွေးရွာကို စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီဝင် ၅၀ ခန့်က သေနတ်၊ တုတ်၊ ဓား လက်နက်များကိုင်ဆောင်၍ ထိုကျေးရွာမှ NLD ခေါင်းဆောင် ၄ ဦး၏ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ခြိမ်းခြောက်ခဲ့ကြသေးသည်။
အောက်တိုဘာ ၁၀ နှင့် ဇွန် ၁၆ တို့တွင် ကန့်ဘလူမြို့နယ်တို့တွင် ထိုသို့ ရိုက်နှက် ဖမ်းဆီး ဖျက်ဆီးမှုများပြုလုပ်သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ကန့်ဘလူမြို့မရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းဖြေဆိုခြင်း မရှိသေးပေ။
စက်တင်ဘာလ ၁၆ ရက်နေ့က ရေအေးကျေးရွာအနီး စစ်ကောင်စီယာဉ်တန်း ရီမုလက်လုပ်ဆွဲမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသဖြင့် ကားတစ်စီး မိုင်းစထိမှန်ခဲ့သည်ဟု စစ်ကောင်စီက နောက်တစ်နေ့တွင် ကြေညာခဲ့သည်။ မိုင်းခွဲသည်ဟု ယူဆရသူကို ဖမ်းမိရန် အသေးစိတ်ပိတ်ဆို့ရှာ ဖွေစစ်ဆေးကြသည်ဟု ဆိုသည်။
Myanmar Now News
မန္တလေး နန်းတွင်းစစ်ကြောရေးရောက်နေတဲ့ ကျောင်းသားနှစ်ဦး အသက်အန္တရာယ် စိုးရိမ်ရ
ဒီးမော့ဆို ဒေသခံတချို့ မြေမြှုပ်မိုင်းကြောင့် ထိခိုက်
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ဒေသခံရွာသားတချို့ မြေမြှုပ်မိုင်းနင်းမိလို့ ခြေလက်ဆုံးရှုံးခဲ့ကြပါတယ်။ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွကြား တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ တိမ်းရှောင်နေကြတဲ့ဒေသခံတွေ လိုတဲ့ပစ္စည်းတွေ အိမ်ပြန်သွားယူစဉ် နေအိမ်တွေနားမှာ မြေမြှုပ်မိုင်းတွေ နင်းမိနေတာဖြစ်ပါတယ်။ လုံခြုံရေးစိတ်မချရသေးချိန် ခုလို မြေမြှုပ်မိုင်းအန္တရာယ် ထပ်ရှိလာတဲ့အတွက် အိုးအိမ်စွန်ထွက်ပြေးနေသူတွေ နေရပ်ပြန်ဖို့ ပိုစိုးရိမ်စရာဖြစ်လာတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံတော်တော်များများ အိုးအိမ်စွန့်ပစ်ပြီး တော်တောင်တွေထဲမှာ သွားရောက်ခိုလှုံနေကြပါတယ်။ အဲဒီလို တောထဲ ဘေးကင်းရာ သွားနေကြသူတချို့ နေအိမ်မှာကျန်ခဲ့တဲ့ ဆေးဝါး အသုံးအဆောင်ပစ္စည်းတွေ ပြန်ယူစဉ် မြေမြှုပ်မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပါတယ်။ အောက်တိုဘာ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာကို ပြန်လာတဲ့ အသက် ၄၂ နှစ်အရွယ် ဒေါ်နန်းငဲဟာ သူ့ရဲ့ ဦးလေး ခြံဝင်းထဲမှာ မိုင်းနင်းမိလို့ ညာခြေထောက် ပြတ်ရှဒဏ်ရာရှိရပြီး ကျန်တဖက်မှာလည်း ပြင်းပြင်းထန်ထန်ထိခိုက် ထားတယ်လို့ မိုင်းနင်းမိသူရဲ့ သူငယ်ချင်းဖြစ်သူ ဒေါ်ကွယ်မြက အခုလို ပြောပြပါတယ်။
“သူ့အဒေါ်အိမ်ဝင်သွားတဲ့အချိန် ဘာမှမဖြစ်ဘူး။ ထွက်လာတဲ့အချိန်ကျမှ သူ့ဦးလေးဆိုင်ကယ်ဘေးနား ငှက်ပျောသီးရှိလို့ ငှက်ပျောသီး တလုံးယူစားမယ်ဆိုပြီးမှ ဆိုင်ကယ်နားသွားလိုက်တာနဲ့ နင်းမိသွားတာ။ နင်းမိတဲ့အချိန်တုန်းက ခြေကတော့ တခါတည်းကို အဲ့ဒီတဖက်ကတော့ ပြတ်သွားတာ။ တခါထဲကို လဲကျသွားတာပေါ့နော်။ ထမိန်တောင်မှ မပါတော့ဘူးပေါ့နော်။ ဘောင်းဘီတိုနဲ့ပဲ အဲ့လိုမျိုးလဲကျသွားတာပေါ့၊ ကျန်တဲ့တဖက်ကတော့ ဒဏ်ရာကတော့ ကြီးကြီး နှစ်ပေါက်၊ အပေါက်ကြီးကြီး နှစ်ပေါက်တော့ ရှိတာပေါ့။ အရိုးတောင်မှ မြင်ရသေးတာပေါ့။ အဲ့ဒီကျန်တဲ့ တဖက်ကလေ၊ အဲ့ဒါတွေ သဲတွေရော ကျောက်တွေက အကုန်လုံးအထဲမှာ အကုန်လုံး ဝင်ကုန်တယ်၊ အဲ့ဒါကို မနည်း ခြစ်ထုတ်ပေးရရတာပေါ့နော်။ အနာထဲပေးတဲ့အချိန်ဆို၊ တအားတော့ ခံစားရတာပေါ့၊ အိမ်တွေကလည်း ဆုံးရှုံးသွားတယ်၊ အိမ်ဆုံးရှုံးတာမကတော့ အခုက အဲ့လိုမျိုး ဘဝပါ ပျက်ပြီးမှ စိတ်ဒဏ်ရာတွေ အများကြီးရခဲ့တာပေါ့။”
မိုင်းနင်းမိသူ ဒေါ်နန်းငဲမှာ ၁၃ နှစ်အရွယ် သမီးတဦးနဲ့ ၉ နှစ်ဦးအရွယ် သားတဦးရှိပြီး မိုင်းနင်းမိတဲ့ဒဏ်ရာ အခြေအနေစိုးရိမ်နေရပါတယ်။
တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ်ဖွ့ဲတွေက ကျေးရွာနေအိမ်အတွင်း တပ်စွဲနေရာယူပြီး ပြန်လည်ထွက် ခွာချိန် ကုန်းသာရွာက နေအိမ် ၅၀ ကျော် မီးရှို့ဖျက်စီးခံရတယ်လို့ ကုန်းသာပရဟိတက VOA ကို ပြောပါတယ်။ အဲ့ဒီ မီးလောင် သွားတဲ့အထဲမှာ ဒေါ်ကွယ်မြနဲ့ မိုင်းနင်းမိသူ ဒေါ်နန်းငဲတို့ရဲ့အိမ်တွေလည်း ပါသွားပါတယ်။ မီးလောင်သွားတဲ့အိမ်တွေအတွက် ပရဟိတအဖွဲ့အစည်းတွေက တအိမ် တသိန်းနှုန်းနဲ့ ထောက်ပံ့ပေးတဲ့ ငွေကိုပြန်လာယူရင်း အခုလို မြေမြှုပ်မိုင်းနင်းမိတာလို့ ဒေါ်ကွယ်မြက ရှင်းပြပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့ကလည်း သေးဆူလဲကျေးရွာမှာ စစ်ပြေးဒုက္ခသည် အမျိုးသားတယောက် ရိက္ခာလာပြန်ယူရင်း သူ့ရဲ့ နေအိမ်ခြံဝင်းထဲကဝက်ခြံဘေးမှာ မြေမြှုပ်မိုင်းနင်းမိပြီး ညာခြေထောက် ဆုံးရှုံးခဲ့ပါတယ်။ အဲဒီမိုင်းတွေဟာ စစ်တပ်တွေ စခန်းချခဲ့တဲ့ နေရာတွေမှာ ပေါက်ကွဲတာဖြစ်တယ်လို့ မြေမြှုပ်မိုင်းနင်းခံရသူတွေကို ကူညီပေးခဲ့တဲ့ ကုန်းသာရွာပရဟိတက အခုလို ပြောပါတယ်။
“နေရာတော်တော်များကို သွားပြီးတော့ မိုင်းတွေရှိတဲ့နေရာတို့၊ ပေါက်ကွဲတဲ့နေရာတို့ ကျနော်တို့လေ့လာတဲ့အခါမှာ စကစတွေ စခန်းချထားတဲ့နေရာမျိုးပေါ့နော်၊ နောက်စကစတွေ သူတို့တပ်ဆုတ်သွားတဲ့ နေရာမျိုးတွေမှာ အဲ့လိုမျိုးလမ်းတွေမှာပဲ ကျနော်တို့ တွေ့ရှိရတယ်ပေ့ါနော်။ ဒေသခံတွေက အများအားဖြင့် သုံးတဲ့မိုင်းတွေကျတော့- သူတို့က လက်လုပ်မိုင်းတွေ များတယ်ပေါ့နော်၊ သေးဆူလဲမှာ တွေ့ရတဲ့ မိုင်းတလုံးက သူ့ရဲ့နံပါတ်တွေ ဘာတွေ၊ အဲ့ဒါကို ကျနော်တို့ ကြည့်တဲ့အခါမှာ ဒါအရပ်ဖက်အဖွဲ့အစည်းအနေနဲ့လည်း သူတို့လည်း အတည်ပြုပေးတယ်ပေါ့နော်။”
အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ကရင်နီတပ်မတော် KA ကလည်း တချို့နေရာမှာ မိုင်းအန္တရာယ်ရှင်းလင်းပေးပြီး အမှတ်အသားနဲ့ တွေ့ရှိရတဲ့ မိုင်းတွေဟာ စစ်ကောင်စီမိုင်းဖြစ်ကြောင်း KA အဖွဲ့က ဆိုတယ်လို့ ကုန်းသာရွာ ပရဟိတက ပြောပါတယ်။ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ပြန်ကြားရေးတာဝန်ခံကတော့ သူတို့အနေနဲ့ မိုင်းတွေ လိုက်လံ ရှင်းပေးနေတယ်လို့ VOA ကို ခုလိုပြောပါတယ်။
“မိုင်းတွေ အားလုံးက စစ်ကောင်စီက ထောင်ထားတဲ့ မိုင်းတွေပါပဲခင်ဗျ၊ စစ်ကောင်စီထောင်ထားတဲ့ဟာတွေပဲ။ မြေမြှုပ်မိုင်းသော် လည်းကောင်း၊ နင်းမိုင်းသော်လည်းကောင်း၊ စစ်ကောင်စီထားတဲ့ဟာ အားလုံးပါပဲ၊ ကျနော်တို့ လိုက်လံရှင်းလင်းပေးတာရှိတယ်။ ဒါပေမယ် အကုန်ထိန်ပြောင်အောင်တော့ မရှင်းနိုင်သေးဘူးပေါ့လေ။ ကျန်ရှိနေပါသေးတယ်။”
စစ်တပ်က မိုင်းတွေထောင်ခဲ့တယ်လို့ ဒေသခံတွေပြောတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်မှုရရှိဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေ အပြန်အလှန်ပစ်ခတ်တိုက်ပွဲမှာ ကုန်းသာရွာက အသက် ၇၀ အရွယ် အဘိုးအိုတဦး
လက်နက်ကြီးထိမှန်သေဆုံးခဲ့တာကြောင့် သူ့ ရုပ်အလောင်းကို စက်တင်ဘာ ၂၇ ရက်နေ့က လူနာတင်ယာဉ်နဲ့ မီးသဂြိုဟ်ဖို့ သယ်သွားရာမှာ လမ်းဘေးထောင်မိုင်းထိမှန်ခဲ့လို့ ကားခေါင်းပိုင်းပျက်စီးသွားခဲ့ပေမဲ့ လူကို ထိမှန်ဒဏ်ရာရတာတော့ မရခဲ့ပါဘူး။
ကုန်းသာရွာဘက်မှာ တိုက်ပွဲတွေ ငြိမ်သွားတာ တပတ်လောက်ရှိနေပေမဲ့ ခုလို မြေမြှုပ်မိုင်း အန္တရာယ်တွေရှိနေတာကြောင့်
လူဦးရေ ၁,၇၀၀ လောက်ရှိတဲ့ ကုန်းသာရွာမှာ ပြန်လာတဲ့သူက လူဦးရေ ၁၀၀ တောင်မပြည့်ဘဲ တော်တော်များများက နေရပ်ပြန်ဖို့ စိုးရိမ်နေကြပါတယ်။
“တချို့တော်တော်များများက ကြောက်တာပေါ့နော်၊ တချို့ ဘယ်လိုမျိုးဖြစ်လဲဆိုတော့ သူတို့ ပြန်လာရင်တောင်မှ နေဖို့ အိမ်မရှိဘူးပေါ့နော်၊ တချို့လည်း အိမ်ရှိနေတဲ့လူတွေကလည်း သူတို့အိမ်ရှေ့မှာ မိုင်းတွေဘာတွေထောင်ထားသလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ကြောက်ပြီးတော့ မလာတာ များတာပေ့ါနော်၊ နောက် သူတို့က လာချင်တယ်ဆိုရင်လည်း ကျနော်တို့နဲ့ ဆက်သွယ်ပြီးတော့ လာလို့ရမရပေါ့နော်၊ နောက်မိုင်းရှင်းလင်းထားတာ လုပ်ပြီး မလုပ်ပြီး အရင်ဦးဆုံး ကျနော်တို့က အဲ့လိုမျိုးမေးမြန်းတာပေ့ါနော်။”
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေဆဲဖြစ်တယ်လို့ နိုင်ငံတကာမြေမြှုပ်ပိုင်းတားဆီးရေးအဖွဲ့ ICBL က ၂၀၂၁ ဇွန်လထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ဘက်ကရော လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကပါ မြေမြှုပ်မိုင်း သုံးစွဲမှုတွေ ထပ်တွေ့ရတယ်လို့ အဲဒီအစီရင်ခံစာထဲမှာ ပြောထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ် မင်းတပ်နဲ့ ကယားပြည်နယ်ထဲက နေရာတွေမှာ စစ်တပ်က မြေမြှုပ်မိုင်းတွေ ထောင်တဲ့သတင်းတွေ ရရှိတယ်လို့နိုင်ငံတကာမြေမြှုပ်ပိုင်းတားဆီးရေးအဖွဲ့ ICBL အဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
VOA News
ထီးချိုင့်မြို့၊ လေသာရွာကို စစ်တပ်စီးနင်းစဉ် PDF တချို့ သေဆုံး
စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာတွင် PDF ၄ ဦး သေဆုံး၊ တချို့ဖမ်းဆီးခံရကာ လက်နက်တချို့ ဆုံးရှုံးခဲ့ရသည်ဟု ထီးချိုင့် PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာရွာကို ယနေ့ (အောက်တိုဘာ ၁၁) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် တိုက်ပွဲဖြစ်ပွားရာ ထီးချိုင့်ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) ၄ ဦး သေဆုံးခဲ့သည်ဟု ထိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
နံနက် ၄ နာရီခွဲခန့်တွင် စစ်သား အင်အား ၁၀၀ ကျော်က မြို့၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ လေသာရွာသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။
သေဆုံးသူ ၄ ဦးမှာ ထီးချိုင့်ဒေသခံများဖြစ်ကြသော PDF များဖြစ်သည့် ဦးတင်ညွန့်နှင့် လူငယ်များဖြစ်သော ကိုဖြိုးမင်းထက်၊ ကိုလွင်မိုးနှင့် ကိုအောင်ကိုဝင်းတို့ ဖြစ်ကြောင်း၊ ယမန်နေ့က ဖမ်းဆီးခံရသူတစ်ဦးဦးကို စစ်ကြောမေးမြန်းရာမှ PDF တပ်ဖွဲ့ဝင်များ ရှိနေသည့် နေရာကို သိရှိသွားခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
“ကလေးတွေက အကုန် ထောင်ချောက်ထဲ ကျပြီးတော့မှ အဝိုင်းခံလိုက်ရတာ” ဟု ပြောရေးဆိုခွင့်ရှိသူ PDF အမျိုးသားက ဆိုသည်။
တိုက်ပွဲအတွင်း လူငယ်တချို့ဖမ်းဆီးခံရကာ လက်နက်တချို့လည်း ဆုံးရှုံးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်များက လေသာရွာအတွင်း ဆက်လက်တပ်စွဲနေသည့်အတွက် ထိခိုက်ဆုံးရှုံးမှုဖြစ်စဉ် အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထီးချိုင့်မြို့နယ် မြောက်ဘက်ကျေးရွာများကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်စီးနင်းနေပြီး လေသာရွာရှိ ရွာခံအများအပြားမှာ စစ်ကောင်စီတပ်ရန်ကြောင့် လွန်ခဲ့သည့် နှစ်ရက်ခန့်ကတည်းက ရွာမှ တိမ်းရှောင်သွားကြသည်။
“အရင်ရက်တွေထဲက ထွက်ပြေးကြတာ။ အလယ်တောရွာကို ဝင်မွှေပြီး ဖမ်းနေကတည်းက ရွာသားတွေက ထွက်ပြေးကြတာ” ဟု ထီးချိုင့် PDF တာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီ၏ တပ်မ ၃၃ တပ်များနှင့် နယ်မြေခံတပ်အချို့မှာ ထီးချိုင့်မြို့ပေါ်ရှိ ဘောလုံးကွင်းအတွင်း တပ်စွဲထားပြီး ကျေးရွာများကို ယခုရက်ပိုင်းအတွင်း ဝင်ရောက်စီးနင်းနေသည်။
ယမန်နေ့ကလည်း အင်းတိန်ကျေးရွာမှ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ထီးချိုင့်မြို့ပေါ်အသွား ဆိုင်ကယ် Tool Box အတွင်း ကျည်ဆန်ခွံတစ်ခု တွေ့ရှိသည်ဟု ဆိုကာ အဖမ်းခံရပြီး စစ်ကြောမေးမြန်းခံရစဉ် ၂၄ မပြည့်မီ သေဆုံးခဲ့သည်။
ထီးချိုင့် PDF အဖွဲ့သည် စက်တင်ဘာ နောက်ဆုံးအပတ်မှ စတင်ပြီး တော်လှန်ရေးလှုပ်ရှားမှုများကို ပိုမို အရှိန်မြှင့်လာပြီး မြို့နယ်အတွင်းမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန်၊ ည ၈ နာရီနောက်ပိုင်း ဒေသခံများ အပြင်မထွက်ရန်၊ မန္တလေး-မြစ်ကြီးနားလမ်းကို ည ၈ နာရီကျော်လျှင် အသုံးမပြုရန် စသည့် ကြေညာချက်များ ထုတ်ခဲ့သည်။
ဒေသတွင်း ကမ်းနီရဲကင်းစခန်းနှင့် အလယ်တောကင်းစခန်းမှ ရဲများက စခန်းကို စွန့်ခွာပြီး ထီးချိုင့်မြို့ပေါ်ရှိ ရဲစခန်းတွင်း သွားရောက် ပူးပေါင်းနေကြသည်။ စစ်တပ်လာလျှင် ထိုစခန်းများတွင် တပ်စွဲလေ့ရှိသောကြောင့် အောက်တိုဘာ ၃ နှင့် ၄ ၌ အဆိုပါ ရဲကင်းစခန်း ၂ ခုကို ထီးချိုင့် PDF က မီးရှို့ခဲ့သည်။
ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) ကို မေလအတွင်း စတင်ဖွဲ့စည်းခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် လက်တွဲကာ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည်။
Myanmar Now News