ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

မတူပီမြို့နယ်မှာ သတင်းထောက်နဲ့ ကလေး အပါအဝင် လူ ၁၀ ဦး သတ်ဖြတ်ခံရ
ချင်းပြည်နယ် မတူပီမြို့ မြောက်ဘက် ကိုးမိုင်ခန့်အကွာ ကီလှုန်းနဲ့ လုံလှော်ရွာဘက်မှာ ဇန်နဝါရီ ၆ ရက်နေ့က ဒေသခံ ၁၀ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
အဲဒီ ရွာသား ၁၀ ဦးထဲက နှစ်ဦးရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၈ ရက်နေ့က ကစဲရွာနားမှာ တွေ့ရှိခဲ့ရသလို နောက်ထပ် ရှစ်ဦးရဲ့ ရုပ်အလောင်းကိုလည်း ဇန်နဝါရီလ ၉ ရက်နေ့က ကီလှုန်းနဲ့ လုံလှော်ရွာကြားမှာ တွေ့ရှိခဲ့ ရတာပါ။
သတ်ဖြတ်ခံရသူတွေဟာ ဆလိုင်းသွီဒင်း (Salai Tui Dim)၊ ဆလိုင်း ဗန်ထူး (Salai Van Htoo)၊ ဆလိုင်း စတီဗင် (Salai Steven)၊ ဆလိုင်း လားရင်းလ် (Salai La Ring)၊ ဆလိုင်း လာနန်း (Salai La Nang)၊ ဆလိုင်းတင်စန်း (Salai Tin San)၊ ဆလိုင်း ဖူးပါးဆာလိ (Salai Phupa Sali)၊ ဆလိုင်းလျန်ငိုင် (Salai Lian Ngai)၊ ယေဇအောင် (Salai Ze Caet Aung) ဆလိုင်းထတ်လုံး (Salia Thak Lung) တို့ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရတဲ့ သူတွေထဲက ဆလိုင်းသွီဒင်း (Salai Tui Dim) ဟာ ချင်းပြည်နယ်အခြေစိုက် Khonumthung သတင်းဌာနရဲ့ တည်ထောင်သူနဲ့ အယ်ဒီတာချုပ် ဖြစ်တယ်လို့ သတင်းဌာနရဲ့ အယ်ဒီတာ ဦးရောဘတ်က ပြောပါတယ်။
“အဲဒီ ၁၀ ယောက်ထဲမှာ ဦး Pu Tuidim ရဲ့ အလောင်း ပါသွားတယ်ပေါ့နော်။ သူတို့ ပြောပုံအရဆို မတူပီ – ဟားခါးလမ်း ကီလှုန်းကျေးရွာနားမှာ သူ့အလောင်းကို တွေ့တယ်။ အလောင်းကိုလည်း ကောင်းကောင်း မွန်မွန်နဲ့ သင်္ဂြိုဟ်ပေးလိုက်သေးတယ်လို့ သိရတယ်။ ဒါ CDF မတူပီတပ်ရဲ့ ပြောဆိုချက်အရပေါ့နော်”
ဆလိုင်းသွီဒင်း (Salai Tui Dim )ဟာ အိန္ဒိယနိုင်ငံမှာ နေထိုင်သူဖြစ်ပြီး ဇာတိဖြစ်တဲ့ မတူပီမြို့ကို ပြန်လာ ချိန်မှာ အခုလို ဖြစ်ရပ်မျိုး ကြုံခဲ့ရတာဖြစ်တယ်လို့ သူက ပြောပါတယ်။
သတ်ဖြတ်ခံရသူ ၁၀ ဦးထဲက ဆလိုင်းလာနန်း (Salai La Nang) က အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အသက် ၄၀ ကျော်ကနေ ၆၀ အရွယ်အကြား အမျိုးသားတွေ ဖြစ်ကြပါတယ်။
သူတို့ဟာ ဇန်နဝါရီလ ၆ ရက် နေ့လယ်ပိုင်းက နွားနောက်သားနဲ့ ဟင်းစားရှာထွက်တဲ့အခါ၊ အဲဒီဒေသ မှာ CDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ အဲဒီအချိန်မှာ စစ်ကောင်စီရဲ့ မတူပီ အခြေစိုက် ခြေလျင် တပ်ရင်း၊ ခလရ – ၁၄၀ တပ်က သူတို့ကိုဖမ်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့က လူ ၁၀ ဦးနဲ့အတူ အမျိုးသမီးတစ်ယောက်လည်း လိုက်ပါသွားခဲ့ပြီး သူကတော့ စစ်သားတွေ ဖမ်းဆီး ချိန်မှာ ချောက်ကမ်းပါးကနေ ခုန်ချထွက်ပြေးခဲ့တာကြောင့် ခေါင်းကွဲဒဏ်ရာ၊ မျက်နှာ ထိခိုက်ဒဏ်ရာတွေနဲ့ ပြန်ရောက်လာ နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာ အရပ်သားတွေကို ပစ်ခတ်စရာ အကြောင်းမရှိဘူးလို့ တုံ့ပြန်ပါတယ်။
“အဲဒီမှာ ကျွန်တော်တို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေကို အကြမ်းဖက် PDF အမည်ခံ ၁၀ ဦးလောက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ ဒီဘက်ကလည်း ပစ်ခတ်ခဲ့တာရှိတယ်။ အဲဒီမှာတော့ အလောင်းအချို့ ရလိုက်တာရှိတယ်။ သေနတ် ၆ လက် ရလိုက်တာရှိတယ်။ သူတို့ဆိုင်ကယ် ၄ စီး ကျန်ခဲ့တာ ရှိတယ်။ ကျန်တာကတော့ ကျွန်တော်တို့အနေနဲ့က အကြမ်းဖက်မဟုတ်တဲ့ အဖွဲ့တွေကို အကြောင်းမဲ့ ပစ်ခတ်စရာ မရှိပါဘူးဗျ”
ဒါပေမဲ့လည်း သေဆုံးသူ ၁၀ ဦးရဲ့ ရုပ်အလောင်းတွေမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒဏ်ရာတွေ မတွေ့ရဘဲ ကြိုးတုပ်ပြီး လည်ပင်းကို ဓားနဲ့လှီးထားတာ၊ ဓားနဲ့ ထိုးသွင်းထားတာတွေ တွေ့ရတယ်လို့ ဒီဒေသမှာရှိတဲ့ မတူပီ CDF တပ်ရင်း – ၂ ရဲ့ တပ်ရင်းမှူး ကိုဂျေကေက ပြောပြပါတယ်။
“အသတ်ခံရတဲ့ ပုံစံကတော့ လည်လှီးတယ်။ လည်ပင်းကို ဓားနဲ့လှီးပြီးသတ်တာ။ ကစဲရွာဘက်က ရုပ် အလောင်းမှာတော့ လည်မလှီးဘူး။ လည်ပင်းကို ဓားနဲ့ထိုးပြီး သတ်တာ။ ဓားအချက်ရေ ခုနှစ်ချက် ရှိတယ်။ အလောင်း အရေအတွက်ကတော့ ၁၀ လောင်းပါပဲ။ အဲဒီထက်တော့ မရှိပါဘူး။ နှစ်ယောက် ကတော့ ကစဲရွာဘက်မှာ ဒီဘက် လာရင်းနဲ့ သတ်ခံလိုက်ရတာပေါ့။ အဲဒါက နှစ်လောင်း။ ကီလှုန်းရွာနဲ့ လုံလှော်ရွာကြားမှာတော့ အလောင်းက ရှစ်လောင်းရှိတယ်”
သတ်ဖြတ်ခံရသူတွေရဲ့ ရုပ်အလောင်းကို တွေ့ရှိတဲ့ နေရာအနီးတစ်ဝိုက်မှာပဲ မြေမြှုပ်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီသတ်ဖြတ်မှုဟာ ချင်းပြည်နယ်မှာ စစ်တပ်က နောက်ထပ်ကျူးလွန်လိုက်တဲ့ စစ်ရာဇဝတ်မှု တစ်ခု ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။
“စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ။ ကလေးအပါအဝင် သတင်းသမား အပါအဝင်ပေါ့နော်။ Khonumthung က ဂျာနယ်လစ် ပါနေတယ်။ သာမန်ရွာသားတွေကို လိုက်လံ ဖမ်းဆီးပြီးတော့ လူသားဒိုင်းအနေနဲ့ အသုံးပြုပြီး သတ်ဖြတ်တာက စစ်ရာဇဝတ်မှုပဲလို့ ကျွန်တော်တို့ မြင်တယ်”
ဒါ့အပြင် မတူပီ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့တာ၊ လှုပ်ရှားတာတွေကြောင့် လူ့အခွင့် အရေးတွေ ချိုးဖောက်ခံရမှု ထပ်ရှိလာမှာကို စိုးရိမ်နေရတယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိ မတူပီမြို့နယ်ထဲမှာ ငလိုင်၊ ကစဲ၊ တီဘော၊ ကီလှုန်း အပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံ လေးထောင်ဝန်းကျင်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး အများစုက အိန္ဒိယနိုင်ငံဘက်နဲ့ နီးစပ်ရာ ဆွေမျိုး အိမ်တွေမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
RFA Burmese News
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကို အမေရိကန်တိုက်တွန်း
မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က တိုက်တွန်းလိုက်ပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမေရိကန်ပြည်ထောင်စုကိုယ်စား ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းပြောကြားလိုက်တာပါ။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေးနဲ့ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေကို ဂုဏ်ပြုပါကြောင်း၊ စစ်အာဏာရှင်ရဲ့ နှိပ်စက်မှုတွေ ခံစားနေရကြရပေမဲ့ ပိုပြီးကောင်းမယ့် အနာဂတ်ရဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်ကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်က ပြောင်းလဲမသွားပါကြောင်းလည်း ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
ဒါ့အပြင် မတရားထိန်းသိမ်းထားသူ အားလုံးကို လွှတ်ပေးဖို့၊ စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်ပေးဖို့ စစ်အာဏာရှင်ကို ထပ်မံတောင်းဆိုကြောင်းလည်း ရေးသားထားပါတယ်။
RFA Burmese News
ကူညီရေးဝန်ထမ်းတွေ သေဆုံးရတဲ့ တိုက်ခိုက်မှုကို အရေးယူဖို့ စာနာမှုအဖွဲ့တွေတောင်းဆို
ကယားပြည်နယ် အတွင်း ဒီဇင်ဘာလ ၂၄ ရက်နေ့က လူသားချင်း စာနာမှုဝန်ထမ်း ၂ ဦးအပါအဝင် အရပ်သား ၃၅ ဦးထက်မနည်း အသတ်ခံခဲ့ရတဲ့ပေါ် ရှုတ်ချကြောင်းနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN တို့ အနေနဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ မြန်မာနိုင်ငံတွင်းက လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်း ၁၄ ဖွဲ့က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
အခုလိုအရပ်သားတွေနဲ့ လူမှု ကူညီရေး လုပ်သားတွေကို ကမ်းကုန်လောက်အောင် ဆိုးရွားတဲ့ တိုက်ခိုက်မှု အတွက် အလွန်ကိုဘဲ မခံမရပ်နိုင် ဖြစ်ရကြောင်းနဲ့ ဒီကိစ္စ အတွက် တာဝန်ရှိသူတွေကို အရေးယူရမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
အရပ်သားတွေနဲ့ လူသားချင်း စာနာမှု ဆိုင်ရာ ဝန်ထမ်းတွေကို မတိုက်ခိုက်ဖို့ နိုင်ငံတကာ လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေတွေက တင်းတင်းကြပ်ကြပ် တားမြစ်ထားကြောင်းနဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ ပိုမို လိုအပ်နေချိန်မှာ အခုလို တိုက်ခိုက်မှုတွေကြောင့် ကူညီထောက်ပံ့ရေး ဝန်ထမ်းတွေ အတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်ပြီး အကူအညီ လိုသူတွေထံ ရောက်ရှိဖို့ အကန့်အသတ်တွေ ဖြစ်စေတယ်လို့လည်း ဖော်ပြပါတယ်။
ဝန်ထမ်း ၂ ဦးအသတ်ခံရတဲ့ Save the Children အဖွဲ့နဲ့ အတူရှိကြောင်းနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဝန်ထမ်းတဦး တိုက်ခိုက်ခံရတာဟာ အားလုံးတိုက်ခိုက် ခံရတာဘဲဖြစ် တယ်လို့ ၁၄ ဖွဲ့က ဖော်ပြထားပါတယ်။
ASEAN အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားတဲ့ အချက် ၅ ချက်ကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း၊ ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနဲ့ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့လည်း အရပ်သားတွေနဲ့ ကူညီထောက်ပံ့ရေး လုပ်သားတွေကို နောက်ထပ် တိုက်ခိုက် မခံရအောင် အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ တိုက်တွန်းပါကြောင်း အဖွဲ့ ၁၄ ဖွဲ့က တောင်းဆိုထားပါတယ်။
အဲဒီ အဖွဲ့ ၁၄ ဖွဲ့ထဲမှာ Christina Aid, IRC, Norwegian Aid, Danish Refugee Council တို့လို အဖွဲ့တွေလည်း ပါဝင်ပါတယ်။
VOA News
မြန်မာစစ်အာဏာရှင်အုပ်စုကို ဟွန်ဆန်က ပံ့ပိုးကူညီခြင်းအား ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနှင့် ကမ္ဘောဒီးယား အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပူးတွဲကြေညာချက်
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ (၄) ရက်
ဤကြေညာချက်ကို လက်မှတ်ရေးထိုးထားသော ကျွန်ုပ်တို့မြန်မာနှင့်ကမ္ဘောဒီယား အရပ်ဘက် လူမှုအဖွဲ့ အစည်းများက မြန်မာနိုင်ငံ စစ်အာဏာရှင်အုပ်စုကို ပံ့ပိုးကူညီနေသော ဟွန်ဆန်၏လုပ်ရပ်အား ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုံ့ချပြီး နိုင်ငံတကာအနေဖြင့် စစ်အုပ်စု၏အကြမ်းဖက်ရမ်းကားမှုလုပ်ငန်းများကို ချက်ချင်း တားဆီးနိုင်ပြီး အရေးယူတုံ့ပြန်နိုင်ရန် အရေးပေါ် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် တိုက်တွန်းလိုက်သည်။
မြန်မာစစ်အာဏာရှင်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁) ရက်နေ့တွင် အာဏာသိမ်းရန် ကြိုးပမ်းပြီးချိန်မှစ၍ ပြင်းထန်သော အကြမ်းဖက်မှုများကို အသုံးပြု၍ နိုင်ငံတဝှမ်းပြည်သူများကို ထိတ်လန့် ကြောက်ရွံ့အောင် ဆောင်ရွက်နေသည်။ မြန်မာပြည်သူများသည် စစ်အာဏာရှင်အုပ်စုကို ပြင်းပြင်းထန်ထန် ဆက်လက်တွန်းလှန်နေဆဲဖြစ်ရာ အောင်မြင်လာသည့်အလျောက် စစ်အုပ်စုသည် (၁၁) လ ကြာသည့်တိုင် တိုင်းပြည်ကို ထိထိရောက်ရောက် ထိန်းချုပ်ရန် မစွမ်းဆောင်နိုင်ကြပါ။ သို့သော် စစ်အုပ်စုသည် အထူးသဖြင့် တိုင်းရင်းသားလူမျိုးစု ဒေသများတွင် လူသားမျိုးနွယ် အပေါ်ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု မြောက်သော လူမဆန်သည့် အကြမ်းဖက်မှုများကို ဆက်လက် ကျူးလွန်နေဆဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းများအရ ယနေ့အချိန်အထိ ကလေးသူငယ် အနည်းဆုံး ၁၀၀ ဦး အပါအဝင် ပြည်သူပေါင်း ၁,၃၉၈ ဦး သတ်ဖြတ်ခံခဲ့ရပြီး ပြည်သူ ၁၁,၃၂၈ ဦး ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ချုပ်နှောင်ခံထားရသူများသည် ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အစားအစာနှင့်ရေ မလုံလောက်ခြင်းတို့ ကြုံတွေ့နေကြရသည်။ အမျိုးသမီးများသည် ထောင်တွင်းတွင်လည်းကောင်း ထောင်ပြင်တွင် လည်းကောင်း မုဒိန်းကျင့်ခြင်းနှင့် အုပ်စုဖွဲ့မုဒိန်းကျင့်ခြင်း ခံခဲ့ ရသည်။ စစ်အုပ်စု၏ စစ်သားများက အများပြည်သူပိုင် ပစ္စည်းများကို လုယက်ခြင်းနှင့် ဖျက်ဆီးခြင်း ပြုလုပ် ခဲ့သည်။ ဖေဖော်ဝါရီလမှစ၍ အိုးအိမ်စွန့်ခွါထွက်ပြေးရသူပေါင်း ၂၈၀,၀၀၀ ကျော်ရှိသည်။ မြို့များ၊ ရွာများ သည် မီးရှို့ခြင်း သို့မဟုတ် အမြောက်ဖြင့်လည်းကောင်း လေယဉ်ဖြင့်လည်းကောင်း ပစ်ခတ် ချေမှုန်းခြင်း ခံခဲ့ရသည်။ ကျန်းမာရေးအဆောက်အအုံများနှင့် ကျန်းမာရေးလုပ်သားများလည်း အန္တရယ်ပြုခြင်း ခံခဲ့ရ သည်။ လူသားချင်း စာနာမှုအကူအညီများအား ပိတ်ဆို့ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ခံခဲ့ရသောကြောင့် အကူ အညီ အရေးတကြီးလိုအပ်နေသူများထံသို့ မရောက်နိုင်ပဲ ဖြစ်ခဲ့ရသည်။
မကြာသေးခင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်အာဏာရှင်အုပ်စုသည် ကရင်နီပြည် နယ်၊ ဖရူဆို မြို့နယ် အနောက်ပိုင်းရှိ မိုဆိုကျေးရွာအနီးတွင် အမျိုးသမီးနှင့် ကလေးသူငယ်များ အပါ အဝင် အပြစ်မဲ့ ပြည်သူ (၄၀) ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး လက်ပြန်ကြိုးတုတ်ကာ ကားပေါ်တင်၍ အရှင်လက်လက် မီးရှို့ သတ်ဖြတ်ခဲ့သည်။ ဒီဇင်ဘာလ (၇) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဒုန်းတောကျေးရွာ တွင် အလားတူသတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့ပြီး ပြည်သူ (၁၁) ဦး မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုမတိုင်ခင် စစ်အာဏာ ရှင်အုပ်စုသည် ဇူလိုင်လ တစ်လအတွင်းတွင် လူမဆန်သောနည်းလမ်းဖြင့် သတ်ဖြတ်မှုများ (၄) ကြိမ် ကျူးလွန်ခဲ့ပြီး ပြည်သူအနည်းဆုံး (၄၀) ဦးခန့် သေဆုံးခဲ့သည်။
ကရင်နီပြည်နယ်တွင် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည့် တစ်ချိန်ထဲတွင် ဒီဇင်ဘာလ (၁၅) ရက်နေ့မှစ၍ အကြမ်းဖက်စစ်အုပ်စုသည် ကရင်ပြည်နယ်အတွင်းရှိ လေးကေ့ကော်နှင့် အနီးတစ်ဝိုက်ကို လက်နက်ကြီးများ အသုံးပြု ကာပစ်ခတ်ခြင်း၊ ထို့နောက် ဆက်လက်၍ လေကြောင်းဖြင့်တိုက်ခိုက်ကာ ဂျက်လေယာဉ်များဖြင့် ရမ်းကား ဗုန်းကြဲခဲ့သည်။ ထိုသို့ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူ (၁၀,၀၀၀) ကျော် အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ကြရပြီး တစ်ဝက်ခန့်မှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလုံနေကြရသည်။ စစ်အုပ်စုက အမြောက်ဖြင့်ပစ်ခတ်ခြင်းကြောင့် နယ်စပ်အနီး ထိုင်းနိုင်ငံနယ်နမိတ်အတွင်းရှိ လူနေအိမ်တချို့ ပျက်စီးသွားသောကြောင့် အချို့သော ထိုင်းရွာသားများလည်း ရွေ့ပြောင်းခဲ့ကြရသည်။
ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလ ၂၀၂၂ ခုနှစ်အတွက် ထိပ်တန်း ဦးစားပေးလုပ်ငန်းမှာ တရားမဝင် စစ်အာဏာရှင်အုပ်စုလက်အောက်ရှိ မြန်မာနိုင်ငံအား အာဆီယံအဖွဲ့ဝင်နိုင်ငံ အဖြစ် အပြည်အဝ ပြန်လည် လည်ပတ်နိုင်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၊ (၁၅) ရက်နေ့ ဖနွမ်းပင်မြို့ Hyatt Regency Hotel ဖွင့်လှစ်ပွဲတွင် တက်ရောက်စကားပြောခဲ့သော ဟွန်ဆန်က လူသိ ရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည်။ ဟွန်ဆန်သည် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့ တွင် လာရောက်ရန် စီစဉ်ထားပြီး လူသတ်စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဆွေးနွေးရန်ရှိပြီး ဤသို့ ဆွေးနွေးခြင်းသည် စစ်အာဏာရှင်အုပ်စုက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်ရမ်းကားသည့်လုပ်ငန်းကို အားပေးရာရောက်လိမ့်မည်။ ဟွန်ဆန်အနေဖြင့် မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းကို ၎င်းတစ်ဦး တည်း အစီအစဉ်ဖြင့်ဖြေရှင်းရန် မဖြစ်နိုင်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အတွေ့အကြုံ အပေါ်အခြေခံ၍ ကောင်း ကောင်းနားလည်ထားသင့်သည်။ ခမာနီအာဏာရှင်အုပ်စုကို အဆုံးသတ်ရန် နိုင်ငံတကာနှင့် ကုလသမဂ္ဂတို့၏ တုံ့ပြန်ဆောင်ရွက်မှုများ လိုအပ်ခဲ့သည်။ လူတစ်ဦးတစ်ယောက်တည်းက ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မဟုတ်ပါ။
၂၀၁၇ ခုနှစ်မှစ၍ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပေါ်နေသည့် တစ်ချိန်ထဲတွင် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြည်သူတစ်ရပ်လုံးအပေါ် အကြမ်းဖက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်ကာ လူသား မျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန်နေသည်။ ကြမ်းကြုတ်သော ခမာနီ အာဏာရှင်အုပ်စု၏ လူမျိုးတုန်းသတ်ဖြတ်မှုကို သန်းပေါင်းများစွာသော ကမ္ဘောဒီးယားပြည်သူများက ဓါးစာခံ အဖြစ်ဖြစ်စေ လွတ်မြောက်လာသူများအဖြစ်ဖြစ်စေ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ကို ထောက်ထားပြီး လူမျိုးတုန်း သတ်ဖြတ်မှုနှင့် ရင်ဆိုင်နေရသော နိုင်ငံတစ်နိုင်ငံ၏ ကြီးစွာသော ဝေဒနာများနှင့် နာကျင်မှုများကို ဟွန်ဆန် အနေဖြင့် ကောင်းကောင်းနားလည်ထားသင့်သည်။ ဟွန်ဆန်အနေဖြင့် စစ်အုပ်စုကို တရားဝင်မှုလုံဝမပေးရန် လိုအပ်သည်။ လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ရင်ဆိုင်ခဲ့ရသည့် သန်းပေါင်းများစွာသော ကမ္ဘောဒီးယားပြည်သူများ ၏ ဝေဒနာကို လုံးဝမမေ့ပျောက်ရန် လိုအပ်သည်။
လက်ရှိအာဏာလက်ကိုင်ထားသူများနှင့် ဆွေးနွေးမှုမရှိပဲ မြန်မာနိုင်ငံအတွက်အဖြေမရှာနိုင်ကြောင်း ဟွန်ဆန်က ထပ်လောင်းပြောကြားခဲ့သော်လည်း အာဏာဟူသည် မြန်မာပြည်သူထံမှသာ ဆင်းသက်လာ သည်သာဖြစ်ပြီး မြန်မာပြည်သူများကိုယ်တိုင်က ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများ ကျူးလွန်နေသည့် ရာဇဝတ်သား စစ်အုပ်စုနှင့် ဆွေးနွေးလိုမှုအလျင်းမရှိကြောင်း အပြင်းထန်ဆုံး ထုတ်ဖော်ကြေညာထားပြီး ဖြစ်သည်။
ဟွန်ဆန်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် မြန်မာနိုင်ငံ အမျိုးသားညီညွှတ်ရေးအစိုးရကို ပြောက် ကျားသူပုန်များ သို့မဟုတ် ယှဉ်ပြိုင်အစိုးရဟု ရည်ညွှန်းခဲ့သည့်အပေါ် မြန်မာပြည်သူများအနေဖြင့် လုံးဝ ကန့်ကွက်ကြောင်းနှင့် ထိုသို့ရည်ညွှန်းခြင်းကို အဆိုးရွားဆုံးစော်ကားမှုအဖြစ် ရှုမြင်ကြောင်း ဤနေရာတွင် အသိပေးကြေညာလိုက်သည်။
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား နှစ်စဉ်ကျင်းပသော ဒေသတွင်းထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့် မပြုရန် အာဆီယံက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဆုံးဖြတ်ချက်ချခဲ့ခြင်းသည်မှာ မကြုံစဖူး မှန်ကန်သော ခြေလှမ်းတစ်ခုဖြစ်သည်။ သို့သော် ပိုမိုဆိုးရွားလာသော မြန်မာနိုင်ငံအကျပ်အတည်း ကို ဖြေရှင်းရန် အာဆီယံအနေဖြင့် ရှေ့ဆက် ပြတ်သားသော ခြေလှမ်းများ ဆက်လှမ်းရန် လိုအပ်သည်။ မကြာခင်က ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သည့် အလွန်ပြင်းထန်သော အကြမ်းဖက်မှုဖြစ်စဉ်များက ပိုမို မြန်ဆန်၍ အားကောင်းသော နိုင်ငံတကာစုပေါင်းတုန့်ပြန်ဆောင်ရွက်မှုများ ရှိရန်လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ ပြည်သူများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်ရမ်း ကားမှုလုပ်ငန်းများ အဆုံးသတ်ရန်နှင့် ၎င်းတို့အား နိုင်ငံတကာ တာဝန်ယူမှုတာဝန်ခံမှု ယန္တရားများမှတစ်ဆင့် အရေးယူနိုင်ရန် ခိုင်မာသောလုပ်ငန်းများ ချမှတ်ဆောင်ရွက်ရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအသိုင်း အဝိုင်းတစ်ခုလုံးကို ကျွန်ုပ်တို့တိုက်တွန်းသည်။
စစ်အာဏာရှင်အုပ်စုသည် မြန်မာနိုင်ငံအကျပ်အတည်း၏ အဓိကအကြောင်းအရင်း ဖြစ်သည်။ ၎င်းတို့သည် မြန်မာပြည်သူများကို ကြီးမားသော ဒုက္ခဝေဒနာများ ဖြစ်စေရုံသာမက ဒေသတွင်းနိုင်ငံများ၏ အေးချမ်းမှုနှင့် တည်ငြိမ်မှု ကိုလည်း ခြိမ်းခြောက်နေသည်။ မြန်မာစစ်အာဏာရှင်အုပ်စုသည် အာဆီယံ၏ အချက်(၅)ချက်ပါ သဘောတူညီချက်ကို လိုက်နာရန် စစ်မှန်သည့်စိတ်ဆန္ဒမရှိကြောင်းနှင့် မြန်မာနိုင်ငံ အကျပ်အတည်းကိုကိုင်တွယ်ရန် အာဆီယံတစ်ဖွဲ့တည်း အနေဖြင့် မစွမ်းဆောင်နိုင်ကြောင်း ဟွန်ဆန်၊ အာဆီယံ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်ထားရမည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွှတ်ရေးအစိုးရကို အသိ အမှတ်ပြုပြီး ကုလသမဂ္ဂနှင့် NUG နှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ မြန်မာပြည်သူများအပေါ် အကြမ်းဖက် ရမ်းကားမှုလုပ်ငန်းများ ချက်ချင်းရပ်တန့်ရန် စစ်အာဏာရှင်အုပ်စုအား ပြင်းပြင်းထန်ထန်တောင်းဆိုရမည်။ အာဆီယံအပေါ် အများယုံကြည်မှု ပျက်စီးမည့်ကိန်း ဆိုက်နေသည်။ ထို့ကြောင့် အာဆီယံအနေဖြင့် မြန်မာစစ် အာဏာရှင်အုပ်စု၏ မရပ်မနား အကြမ်းဖက်နေမှုများကို အဆုံးသတ်ရန် ထိရောက်သော ဖိအားပေးမှုများ ပြုလုပ်ရမည်ဖြစ်ပြီး မြန်မာပြည်သူများ၏ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းမှုကို ပံ့ပိုးကူညီ ရမည်။
ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာစစ်အာဏာရှင်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်သော စီးပွားရေးလုပ်ငန်းများအားလုံးကို ဖြတ်တောက်ရမည်ဖြစ်ပြီး စစ်အုပ်စုကို တရားဝင်မှုပေးသည့် လုပ်ငန်းများ နှင့် ဆောင်ရွက်ချက်များသည် စစ်အုပ်စုကကျူးလွန်နေသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ် မှုများနှင့် စစ်ရာဇဝတ်မှုများတွင် ကြံရာပါ ဖြစ်စေနိုင်သောကြောင့် အားလုံးရပ်နားရမည်။
အာဆီယံ၏ အချက်(၅)ချက်ပါသဘောတူညီချက်ကို ထောက်ခံကြသော အာဆီယံကိုယ်တိုင်သာမက ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ဟွန်ဆန်တစ်ဦး တည်း၏ သီးခြားလုပ်ဆောင်မှုများကြောင့် မြန်မာစစ်အာဏာရှင်အုပ်စုကို တရားဝင်မှုဖြစ်စေခြင်း ပြည်သူများ ကို ထပ်မံဒုက္ခပေးရာတွင် အားပေးအားမြှောက်ဖြစ်စေခြင်း မရှိအောင် အခိုင်အမာ ဆောင်ရွက်ရမည်။ သို့မဟုတ်ပါက မြန်မာပြည်သူများကို သာမက ကမ္ဘာဒီးယားပြည်သူများကိုလဲ စော်ကားရာကျပြီး အာဆီယံ၏ ယိုယွင်းလာသည့်ဂုဏ်သိက္ခာကို ကမ္ဘောဒီးယား ဥက္ကဋ္ဌ တာဝန်ယူထားစဉ်ကာလတွင် ပိုမိုထိခိုက်စေနိုင်သည်။ ဟွန်ဆန်နှင့် မင်းအောင်လှိုင်တို့ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကြမ်းကြတ်သော ရာဇဝတ်မှုများကို ပြန်လည်တည့်မှတ်ရန် လိုအပ်ပြီး ကမ္ဘောဒီယားနှင့် မြန်မာနိုင်ငံ ပြည်သူများအတွက် ဒီမို ကရေစီနှင့် လူအခွင့်အရေး ပြန်လည်တည်ဆောက်ရမည် ဖြစ်သည်။
ကမ္ဘောဒီးယားပြည်သူများကိုယ်တိုင် ဒီမိုကရေစီအပြည့်အဝ ရရှိရေးအတွက် မနားမနေ ရုန်းကန်နေ ရပြီး လက်ရှိ အချိန်တွင်လည်း ၂၀၂၂ ခုနှစ်တွင် လွတ်လပ်မျှတသောရွေးကောက်ပွဲ ရရှိရန် တောင်းဆိုနေကြ သည်။ မြန်မာပြည်သူ များအနေဖြင့် လူ့အခွင့်အရေးကို ပိတ်ပင်ခြင်းနှင့် ချိုးဖောက်ခြင်း ပြုလုပ်လေ့ရှိသော ဖိနှိပ်သည့် အာဏာရှင် ခေါင်းဆောင်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းနေသော ကမ္ဘောဒီးယားပြည်သူများ နှင့်အတူ ရပ်တည်လျက် ရှိပါသည်။ မြန်မာပြည်သူများသည် သွေးထွက်သံယိုပြည့်နှက်ခဲ့သော စစ်အာဏာ သိမ်းရန် ကြိုးပမ်းမှုကို (၁၁) လကြာ ပြတ်ပြုတ်သားသား ဆန့်ကျင်ခဲ့သည့်နည်းတူ အကြမ်းဖက်စစ်အာဏာရှင် အုပ်စု၏ ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟူသော အစီအစဉ်ကိုလည်း ပြတ်ပြတ်သားသား ကန့်ကွက်ကြပါသည်။
ဤကြေညာချက်တွင် လက်မှတ်ရေးထိုးထားသော ကျွန်ုပ်တို့ မြန်မာနိုင်ငံ အရပ်ဘက် လူမှုအဖွဲ့ အစည်းများအနေဖြင့် ဟွန်ဆန်မှ မြန်မာနိုင်ငံသို့ လာရောက်ခြင်းကို လုံးဝမကြိုဆိုပါကြောင်းနှင့် ဤကြေညာ ချက်တွင် လက်မှတ်ရေးထိုးထားသော ကျွန်ုပ်တို့ ကမ္ဘောဒီးယား အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေဖြင့် လည်း ဟွန်ဆန်၏ ရပ်တည်ချက်သည် ၎င်းကိုယ်တိုင်၏ အမြင်သာဖြစ်ပြီး ကမ္ဘောဒီယားပြည်သူများ၏ ဆန္ဒကို ကိုယ်စားပြုမှုမရှိပါကြောင်း အပြင်းထန်ဆုံး ထုတ်ဖော်ကြေညာလိုက်ပါသည်။
ဆက်သွယ်ရန် –
ကြေညာချက်လက်မှတ်ရေးထိုးသူများ
ပါဝင်ထောက်ခံသူများ
English version.
PDF ဖိုင်ဖြင့်ရယူရန် English I Khmer I မြန်မာဘာသာ
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ
နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း AAPP ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းမှ စတင်၍ လူပေါင်း ၁၃၉၃ ဦး ကျဆုံးခဲ့ပြီး ၁၁,၂၉၆ ဦးဖမ်းဆီးခံခဲ့ရကာ ၈၀၀၀ ကျော်သည် ယနေ့ထက်တိုင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ထုတ်ပြန်ချက်အရ ဒီဇင်ဘာတစ်လ တည်းမှာတင် အရပ်သားပြည်သူ ၅ ဒါဇင်ကျော် အသတ်ခံခဲ့ရပြီး အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သောင်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်ကာလအတွင်း အမျိုးသမီး ၁၀၀ နီးပါး အသတ်ခံခဲ့ရသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ထုတ်ပြန်ခဲ့သည်။
မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးအလားအလာသည် မကြားသေးခင် ကာလများထက်ပင် ပို၍ ဝေးကွာနေသည်။ မအောင်မြင်သော စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက် စစ်အာဏာရှင်သည် လူငယ်တို့၏ မျှော်လင့်ချက်နှင့် အိပ်မက်များကို ရိုက်ချိုးပစ်ခဲ့ပြီး မတည်ငြိမ်မှုနှင့် စိုးရိမ်မှုများကို တိုးလာစေသည်။ အာဏာသိမ်းစစ်တပ်မှ အကြောက်တရားများဖြင့် လွှမ်းမိုးရန်လုပ်ဆောင်နေသော်လည်း အရပ်သားပြည်သူများ၊ ခုခံတော်လှန်တိုက်ခိုက်သူများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ အသက်အရွယ်မရွေး၊ ကျား မနှင့် လူမှုစီးပွားနောက်ခံ အခြေခံသောသူများအားလုံးတို့၏ တော်လှန်သည့် စိတ်ဓါတ်သည် ပျက်ပြားသွားခြင်းမရှိပါ။
ပြီးခဲ့သည် ၁၁ လတာကာလအတွင်း တွေ့မြင်ရသည့် ခုခံတော်လှန်ရေးသည် မြန်မာပြည်သူတို့၏ စွမ်းအားနှင့် ရဲစွမ်းသတ္တိတို့ကို ကိုယ်စားပြုသည့် စံနမူနာဖြစ်သည်။ သို့သော်လည်း ဆိုးရွားပြင်းထန်သော အကြမ်းဖက်မှုကြား နိုင်ငံတကာအသိုင်းအဝိုင်းသည် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် အလွန်နှေးကွေးလွန်းလှသည်။ ဒါဇင်နှင့်ချီသော ထုတ်ပြန်ချက်များ၊ ရှုံ့ချမှုများ ထုတ်ပြန်မှုများရှိခဲ့သော်လည်း အရေးယူဆောင်ရွက်မှုများ မရှိခဲ့ပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ပြုလုပ်ခဲ့သော တံခါးပိတ်အစည်းအဝေးများသည် အကျပ်အတည်းနှင့် အရေးပေါ်အခြေအနေတို့ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်။
နှစ်ကုန်လာခဲ့သော်လည်း တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ လျော့ပါးသွားခြင်းမရှိပါ။ ဆန့်ကျင်ဘက်အားဖြင့် အကြမ်းဖက်စစ်တပ်၏ လေကြောင်းနှင့်မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ကို တွေ့ရှိရသည်။ နယ်စပ်ဒေသသို့ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်စဉ် အမျိုးသမီး၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများပါဝင်ပြီး အစားအသောက်၊ အမိုးအကာ နှင့် အဝတ်အစားများ လုံလောက်မှုမရှိပါ။
ကရင်ပြည်နယ်တွင် ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် စစ်အစိုးရက လေးကေကော်ကျေးရွာအနီးတွင် လေကြောင်းမှ တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်။ “တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာနိုင်ခြေ မြင့်မားလာနိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတိပေး ထုတ်ပြန်ခဲ့သည်။ KNU အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများမှလည်း မြန်မာနိုင်ငံတွင် စနစ်တကျနှင့် နေရာအနှံ့ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းများကို စုပေါင်းဖြေရှင်းရန် တိုက်တွန်းထားသည်။
နှစ်သစ်သည် အရေးယူမှုနှင့် တာဝန်ခံမှုရှိရန် အတွက် အသစ်တဖန်မွေးဖွားလာသည့် အခွင့်အရေးဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လိုအပ်သည်ထက်ပို၍ သည်းခံနိုင်စွမ်းရှိသော မြန်မာပြည်သူများအတွက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် မပျက်ကွက်သင့်ပေ။ အချိန်ကိုမဖြုန်းတီးသင့်သလို စစ်အာဏာရှင်များ၏ အဆုံးမရှိသော စစ်ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် တာဝန်ခံရန် စစ်မှန်၍ အဓိပ္ပါယ်ရှိသော ခြေလှမ်းများ လှမ်းရမည် ဖြစ်သည်။
တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ
ကရင်ပြည်နယ်
ကရင်ပြန်နယ်တွင် အကြမ်းဖက်မှုများ တစ်နှစ်ပတ်လုံး အခါအားလျော်စွာဖြစ်ပွားနေပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ လတ်တလောတွင် အကြမ်းဖက်မှုများ ပိုများလာနေသည်။ ကရင်ငြိမ်းချမ်းရေးထောက်အကူပြုကွန်ရက်၏ အဆိုအရ ထိုင်းအာဏာပိုင်များသည် ပစ်ခတ်သံကြားမှ စစ်ဘေးဒုက္ခသည်များကို နယ်စပ်ဖြတ်ကျော်ခွင့်ပြုထားသောကြောင့် စစ်ဘေးဒုက္ခသည်၏ အရည်အတွက်မှာ အတက်အကျရှိနိုင်သည်။ ခဏတာခိုလှုံပြီးနောက် စစ်ဘေးရှောင်များသည် ကရင်ပြည်နယ်တွင်းသို့ ပြန်ရန် ဖိအားပေးခံရသည်။
ထိုင်းနိုင်ငံတွင်း လက်ရှိ နေရာအသီးသီးတွင် ခိုလှုံနေကြသော နောက်ဆုံးရ ဒုက္ခသည် အရေအတွက်မှာ ၅၀၀၀ ခန့် ရှိသည်။ သို့သော်လည်း အကြမ်းဖက်မှုမှ ထွက်ပြေးလာသူများကို ပြန်ပို့ရန် ထိုင်းအာဏာပိုင်များက သိသိသာသာဖိအားပေးနေသည်ဟု မြေပြင်သတင်းများက ဖော်ပြသည်။ စစ်ပွဲဇုန်မှ ထွက်ပြေးလာသော အပြစ်မဲ့ အရပ်သားများကို အန္တရာယ်ရှိသော ပတ်ဝန်းကျင်သို့ ပြန်ပို့ခြင်းသည် ဥပဒေမဲ့သောလုပ်ရပ်ဖြစ်သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ၏ အဖွဲ့၀င်အဖွဲ့စည်းဖြစ်သော မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေရှင်း (HURFOM)၏ အစီရင်ခံစာအရ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ဒါလီကျေးရွာတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အနည်းဆုံး အိမ်ထောင်စု ၆၀ နှင့် ကျေးရွာသား ၂၄၀ ခန့် KNU ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး
အင်တာနက်ဖြတ်တောက်မှုနှင့် အရေးပေါ်လိုအပ်နေသည့် လူသားချင်စာနာမှုအကူအညီများကို တားဆီးပိတ်ဆို့နေသည့်ကြား အာဏာသိမ်းစစ်တပ်၏ နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် လူပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဒီဇင်ဘာလ ၂၈ ရက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ လေကြောင်းနှင့် မြေပြင်ဆက်လက်တိုက်ခိုက်မှုများကြောင့် အရပ်သား ၂၀ ဦးသေဆုံးခဲ့ရပြီး ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်နေသော စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများမှ လက်တုံ့ပြန် တိုက်ခိုက်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လွန်ခဲ့သည့်ရက်များအတွင်း ရဟတ်ယာဥ်ဖြင့် လာရောက်တိုက်ခိုက်ပြီးနောက် မမှတ်မိနိုင်လောက်အောင် မီးလောင်ကျွမ်း ပျက်ဆီးနေသော ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်။ သေဆုံးသူ ခုနစ်ဦးတွင် အမျိုးသမီး နှစ်ဦး ပါဝင်ကြောင်း သိရသည်။ အချို့သော ရုပ်အလောင်းများကို ပျက်စီးဆုံးရှုံးသွားသော နေအိမ်အနီးတွင် မြေမြုပ်လျက်သား တွေ့ရှိရသည်။ နိုင်ငံတ၀ှမ်း အညှာတာကင်းမဲ့ကာ အကြမ်းဖက် တိုက်ခိုက်မှုများထဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ အရပ်သားသေဆုံးမှုနှုန်း တိုးလာသောကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ကာ လက်ရှိအကျပ်အတည်းတွင် ကြောက်မက်ဖွယ်ကောင်းသော ဆုံးရှံးပျက်ဆီးခြင်းများကို ထပ်တိုးစေသည်။
ရှမ်းပြည်နယ်
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာမှ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံခဲ့ရသော ကျေးရွာသားများထဲမှ နှစ်ဦး သေဆုံးခဲ့သည်။ အသက် ၆၇ နှစ်နှင့် ၄၉ နှစ်ကြားရှိ အမျိုးသားနှစ်ဦးသည် အောက်တိုဘာလကုန်တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ရွာသား ၁၉ ဦးတွင် ပါဝင်ခဲ့သည်။ ၎င်းတို့၏ကျေးရွာသို့ စစ်တပ်မှ ဝင်ရောက်စီးနင်းစဉ် သေဆုံးသူ နှစ်ဦးသည် သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်ရန် ရွာတွင် ကျန်ရစ်ခဲ့သူများဖြစ်သည်။ အကြမ်းဖက်စစ်တပ်သည် မတရားဖမ်းဆီးခြင်းနှင့် နေအိမ်မွှေနှောက်ရှာဖွေ ခိုးယူခြင်းအပါ၀င် နယ်မြေရှင်းလင်းရေးများကိုလုပ်ဆောင်နေသောကြောင့် သေဆုံးသွားသူနှစ်ဦး၏ ရုပ်အလောင်းများကို မိသားစု၀င်များထံ ပြန်ပေးခြင်းမရှိပါ။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရစဥ် အရပ်သားပြည်သူများများ ညှဉ်ပမ်းနှိပ်စက်ခံရမှုများ တိုးလာပြီး ကျောင်းဆရာ တစ်ဦးအပါ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့၀င် ဇနီးမောင်နှံ သေဆုံးခဲ့သည်ဟု အစီခံစာများအရ သိရှိရသည်။ဤကဲ့သို့ ရက်စက်ယုတ်မာသောလုပ်ရပ်များကို အကြမ်းဖက်စစ်အာဏာရှင်အား ဆန့်ကျင်ခုခံတော်လှန်နေများတွင် စစ်ကောင်စီမှ ကျူးလွန်လျက်ရှိသည်။
စစ်ကောင်စီက ကလေးမှ ရွာသား၂၀ ကို သတ်ပြီး ၅၇ အိမ်မီးရှို့ဟု ဒေသခံတို့ ပြော
စစ်ကိုင်းတိုင်း ကလေးမြို့ပြင်ကို လေတပ်နှင့် ကြည်းတပ် ဝင်တိုက်စဉ် တိုက်ပွဲအတွင်း ပိတ်မိသူတို့သေဆုံးသည်ဟု ဒေသခံများက ပြောသည်၊ စစ်ကောင်စီကမူ PDF တို့ သေဆုံးခြင်းဖြစ်သည် ဆိုသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီ၏ လေတပ်နှင့် ကြည်းတပ် လက်ချက်ကြောင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သား ၂၀ သေဆုံးပြီး အိမ် ၅၇ လုံး မီးလောင်သွားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ပြောသည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ ဟားခါးလေး စသည့် ရွာများတွင် တိုက်ပွဲပြင်းထန်စဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး စာရင်းပြုစုထားသည်ဟု ပကဖအဖွဲ့က ပြောသည်။
လေကြောင်းမှ တိုက်ခိုက်ခံရသော နတ်ချောင်းရွာမှ သေဆုံးသူ အရပ်သားများထဲတွင် ၆ ဦးကို အမည်၊ အသက် မသိရှိရသေးပေ။
စာရင်းတွင် ၇၂ နှစ် အရွယ် ဦးထူးအောင်၊ ၆၂ နှစ်အရွယ် ဦးမင်းဒင်၊ ၆၀ အရွယ်များဖြစ်ကြသော ဒေါ်ဝင်းမြင့်ရီနှင့် ဦးအေးကို၊ ၅၈ နှစ်အရွယ် ဦးမောင်ကြည်၊ ၅၇ နှစ်အရွယ် ဦးဌေးမောင်တို့ ပါဝင်ပြီး ကျန်သေဆုံးသူတို့မှာ အသက် ၂၀ ၀န်းကျင်နှင့် ၄၀ ဝန်းကျင်ကြား ဖြစ်ကြသည်ဟု သိရသည်။
တိုက်ပွဲကာလ ချက်ချင်းတိမ်းရှောင်နိုင်သူတို့သာ ဘေးလွတ်ရာသို့ ရောက်သွားကြသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော နတ်ချောင်းဒေသခံတစ်ဦးက ရှင်းပြသည်။
အပြစ်ရှိသူတို့သာ ထွက်ပြေးကြောင်း၊ အပြစ်မရှိသူတို့ကို ထိခိုက်အောင် ပြုလုပ်မည် မဟုတ်ကြောင်း ရွာသို့ အကြိမ်ကြိမ်ဝင်ရောက်ဖူးခဲ့သော စစ်ကောင်စီတပ်သားတို့က သတင်းဖြန့်ခဲ့ကြောင်း၊ အဆိုပါဝါဒဖြန့်ချက်ကြောင့် ရွာသားတချို့ တွေဝေသွားကြကြောင်း အဆိုပါ အသက် ၄၀ အရွယ် အမျိုးသားက ပြောသည်။
“ရွာထဲကို သူတို့ ဖြတ်တိုင်းဖြတ်တိုင်း အဲလိုစကားတွေ ပြောတယ်။ ဒီလိုအနေအထားမှာ လေပေါ်ကနေ ပစ်တော့ လက်နက်ကြီးတွေ ပစ်တာမျိုးတွေ၊ ရွာထဲမှာ လှည့်ပြီးတော့ စစ်ဆေးမေးမြန်းပြီး ပစ်သတ်တာမျိုးတွေ လုပ်တယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သားတို့ ရွာမှ ထွက်ခွာသွားမှန်း သေချာမှ ရွာထဲ ဝင်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း ပြန်လုပ်နိုင်ခြင်းဖြစ်သည်ဟု သိရကြောင်း တိုင်းဒေသကြီးလွှတ်တော် ကလေးမဲဆန္ဒနယ် ၁ မှ ရွေးကောက်ခံထားရသူ ဒေါ်သန့်ဝေကျော်က ပြောသည်။
“တချို့အလောင်းတွေက လမ်းပေါ်မှာ။ အခု ဝင်တဲ့အချိန်မှာ ကောက်လို့ မရတော့လို့ကို လမ်းပေါ်တင် မီးရှို့လိုက်ရတယ်။ ရက်ကြာလို့” ဟု ထိုရွာနှင့် အဆက်အသွယ်ရှိသော ဒေါ်သန့်ဝေကျော်က Myanmar Now ကို ပြောသည်။
Natchaung_1.Jpg
စစ်ကောင်စီတပ်က ထိုဒေသတွင် ဆက်ရှိနေပြီး သေဆုံးသူတို့၏ မိသားစုဝင်များ ရှောင်တိမ်းနေရသည်။ ၎င်းတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲကာလ စစ်ကောင်စီတပ် မီးရှို့သွားသည့် နေအိမ်အရေအတွက်မှာ နတ်ချောင်းတွင် အိမ်ခြေ ၃၈ လုံး၊ ချောင်းခွတွင် ၁၈ လုံး၊ ဟားခါးလေးတွင် ၁ လုံး ဖြစ်သည်ဟု သိရသည်။
ကျေးရွာ ၃ ရွာခန့်၏ သေဆုံးပျက်စီးမှုကို မသိရသေးကြောင်း ပကဖအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နတ်ချောင်း၊ နတ်မြောင်းဒေသရှိ အနည်းဆုံး ကျေးရွာ ၆ ရွာမှ ရွာလုံးကျွတ်မှ လူဦးရေ သောင်းဂဏန်းကျော် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး အများအပြားမှာ ချင်းပြည်နယ်၊ ဝေဘူလမြို့ဘက်တွင် ရှိနေကြောင်း၊ အနွေးထည်၊ စောင်၊ စားနပ်ရိက္ခာ အဓိကလိုအပ်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“ရက်ရှည်လာရင် စားနပ်ရိက္ခာ လိုလာမယ်။ ခက်တာက စားနပ်ရိက္ခာပို့မယ်ဆိုရင်တောင် ဘယ်က ပို့မလဲဆိုတဲ့ ပြဿနာရှိတယ်။ ဝေဘူလဘက် ရှောင်နေတဲ့ စစ်ရှောင်တွေအတွက် ခုအနေအထားဆို ဘာမှ ပို့လို့ မရဘူး။ မြေပြန့်ကနေ သူတို့က လမ်းကြောင်းမှာ ထိုင်ထားတာကိုး” ဟု ၎င်း ကဆိုသည်။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၂ မှ စ၍ နတ်ချောင်းရွာအထက်တန်းကျောင်းတွင် တပ်စွဲခဲ့သည်။
နောက်တစ်နေ့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ကလေး(PDF)၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တို့ ပူးပေါင်းကာ ထိုနေရာကို ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲတွင် စစ်ရဟတ်ယာဉ် ၂ စီး လာရောက်ပစ်ခတ်ပြီး ဒီဇင်ဘာ ၂၆ တွင် ရဟတ်ယာဉ် ၃ စီးဖြင့် စစ်သည်နှင့် လက်နက်အင်အား ဖြည့်တင်းကြသည်ကို တွေ့ရကြောင်း ဒေသခံတို့က ပြောသည်။
ဒီဇင်ဘာ ၂၂ မှ ၂၉ အတွင်း သီတင်းတစ်ပတ်ကျော် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၅၇ ဦး ကျဆုံးသည်ဟု ကလေး (PDF) ၏ ထုတ်ပြန်ချက်များကို စုစည်းတွက်ချက်မှုအရ သိရသည်။
အဆိုပါ ကိန်းဂဏန်းကို Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် PDF ( ၉) ဦး သေဆုံးသည်ဟု ဖော်ပြထားသည်။ PDF ကမူ သေဆုံးသူတို့မှာ အရပ်သားများဖြစ်သည်ဟု တုံ့ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားရာ ဒေသမှာ လက်နက်ကိုင်တော်လှန်ရေး အားအလွန်ကောင်းသော ချင်းပြည်နယ်သို့ သွားရောက်ရန် လမ်းကြောင်းများအနက် တစ်ခုဖြစ်၍ မဟာဗျူဟာကျသော နယ်မြေဖြစ်နေသည်။
အာဏာသိမ်းစစ်ကောင်စီတပ် ချင်းပြည်နယ်တွင်လည်း အရပ်သားများကို သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
ချင်းဒေသမီးရှို့မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာကလည်း အပြင်းအထန်ကန့်ကွက်နေချိန်တွင် စစ်ကောင်စီက ထိုရှို့မီးမှာ ဒေသခံ လက်နက်ကိုင်တို့၏လက်ချက်ဖြစ်သည်ဟု အကြိမ်ကြိမ် သတင်းထုတ်ပြန်နေသည်။
Myanmar Now News