ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

စစ်တပ်က ထိုးစစ်ဆင်နေသည့် မြိုင်တွင် မီးရှို့ခံရသည့်အိမ် ၅၀ နီးပါးရှိလာ
မီးရှို့ခံရသည့် ကျေးရွာခြောက်ရွာအပြင် အခြားကျေးရွာများတွင်လည်း စစ်တပ်ဝင်ရောက်စဉ် နေအိမ်များ ဖျက်ဆီးခံရခြင်း၊ ပစ္စည်းများ ခိုးယူခံရခြင်းများရှိသည်ဟု PDF ခေါင်းဆောင်နှင့် ဒေသခံအချို့က ဆိုသည်။
မကွေးတိုင်းအစွန်ဆုံး မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ရွာဝင်တစ်ရွာထွက် လိုက်လံစီးနင်းနေရာ ကျေးရွာ ၆ ရွာတွင် မီးရှို့ခံရသည့် နေအိမ် ၅၀ နီးပါးရှိလာပြီဖြစ်ကြောင်း PDF ခေါင်းဆောင်နှင့် ဒေသခံထံမှ သိရသည်။
ပုလဲမြို့နယ်နှင့် ထိစပ်နေသည့် မြိုင်မြို့နယ်မြောက်ဘက်ပိုင်းရှိ ချောင်းဆုံ၊ အောင်ချမ်းသာစံပြ၊ မြိုင်မြို့အနောက်ဘက်ရှိ သဒွတ်၊ ညောင်ပင်လည်၊ ဝယ်တောင်မြောက်ရွာနှင့် ပေါက်မြို့နယ်နှင့် ထိစပ်နေသည့် ကျောက်ခွက်ရေနံမှော်ရှိရာတွင် ယမန်နေ့ (ဇန်နဝါရီ ၁၆) တွင် စစ်တပ်က မီးရှို့ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင်တစ်ဦးက ပြောသည်။
“မီးလောင်တဲ့အိမ်တွေကတော့ ခန့်မှန်းခြေပဲ သိရသေးတယ်။ ဝင်ကြည့်လို့မရသေးတော့ အတိအကျ မသိရသေးဘူး။ ဝယ်တောင် မြောက်တော (မြောက်ရွာ) ကတော့ မနေ့က ၅ နာရီခွဲကနေ ညဘက် ၇ နာရီလောက်အထိ မီးလောင်နေတာ တွေ့ရတယ်။ အဝေးကနေဆိုတော့ ဘယ်နေရာတွေလောင်နေလဲ မတွေ့ရသေးဘူး” ဟု မြိုင် PDF ၏ မြောက်ပိုင်းဇုန်ခေါင်းဆောင်ဖြစ်သူ ဗိုလ် Cross ဆိုသူက ယနေ့ပြောသည်။
မြိုင်မြို့အနောက်ဘက်ရှိ သဒွတ်ရွာမှာ ယမန်နေ့ နံနက် ၉ နာရီခန့်က မီးရှို့ခံရခြင်းဖြစ်ကာ နံနက် ၁၁ နာရီ တွင် ညောင်ပင်လယ်ရွာမှာ နံနက် ၁၁ နာရီတွင် အရှို့ခံရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
မြိုင်မြို့နယ်မြောက်ပိုင်းရှိ အောင်ချမ်းသာစံပြရွာတွင် ယနေ့ညနေပိုင်းက သွားရောက်ကြည့်ရှုစဉ် စစ်တပ်က ပစ္စည်းများ မီးပုံရှို့ခဲ့သည်ကို တွေ့ရသော်လည်း ချောင်းဆုံနှင့် ဝယ်တောင် (မြောက်) ရွာတို့တွင် မီးရှို့ခံရသည့် အခြေအနေကို မသိရသေးကြောင်း PDF ခေါင်းဆောင်က ဆိုသည်။
မီးရှို့ခံရသည့် ကျေးရွာခြောက်ရွာအပြင် ဇီဖြူစခေါင်း၊ သရက်ကန်၊ ဆင်စွယ်နှင့် လက်ယက်မ စသည့် ကျေးရွာများတွင် စစ်တပ်ဝင်ရောက်စဉ် နေအိမ်များဖျက်ဆီးခံထားရကြောင်းလည်း သိရသည်။
“ဝင်မွှေတာကတော့ ရွာတိုင်းလိုလိုပဲ။ မီးရှို့တာ၊ ဖျက်ဆီးတာကတော့ စုစုပေါင်း ၁၀ ရွာလောက်ရှိပြီ။ ဖျက်ဆီးခံရတဲ့ အိမ်အရေအတွက်လဲ မသိရသေးဘူး” ဟု ဗိုလ် Cross က ယနေ့မွန်းလွဲပိုင်းတွင် Myanmar Now ကို ပြောသည်။
မကွေးတိုင်းအတွင်းမှ ရေစကြို၊ ပေါက်၊ စစ်ကိုင်းတိုင်းအတွင်းမှ ပုလဲ၊ ဆားလင်းကြီး စသည့်မြို့နယ်များနှင့် ထိစပ်နေသည့် မြိုင်မြို့နယ်တွင် စစ်ကောင်စီက ဇန်နဝါရီ ၁၀ ရက်မှစ၍ စစ်ကြောင်းများခွဲကာ ရွာစဉ်လှည့် စီးနင်းနေလျက်ရှိသည်။
မြိုင်နယ်အနောက်မြောက်ပိုင်းရှိ ဇီးဖြူးစကောင်းရွာကို ဇန်နဝါရီ ၁၄ ရက်၌ စစ်တပ်က တစ်ညတာ စခန်းချပြီးနောက် နေအိမ် ၅ လုံးကို ဖျက်ဆီးခဲ့ကြောင်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။
“ဘုန်းကြီးကျောင်းမှာ တစ်ညအိပ်တယ်။ ရွာထဲက အိမ်တွေကို ဖျက်ဆီးသွားတယ်။ အိမ်တိုင်တွေဆိုရင် တစ်တိုင်တည်း မဟုတ်ဘူး။ ပတ်ချာလည်က ရှိတဲ့အိမ်တွေကို ပြတ်လုပြတ်ခင် ခုတ်သွားတယ်။ ၅ အိမ်လောက်ရှိတယ်။ ဓားတွေနဲ့ ခုတ်ထားတယ်။ မီးဖိုချောင်ထဲက အသုံးအဆောင်တွေဆို ရိုက်ခွဲသွားတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ရွာရှိ ဈေးဆိုင်နှစ်ခုကိုလည်း ဖျက်ဆီးသွားကာ သာရေးနာရေးပွဲသုံး ရွာဘုံပိုင် ပန်းကန်၊ ခွက်၊ ဇွန်း၊ လျှပ်စစ်မီးကြီးများကို မီးပုံရှို့သွားသည်ဟုလည်း ဇီးဖြူးစကောင်းရွာခံ အမျိုးသားက ဆိုသည်။
စစ်ကောင်စီတပ်သည် ဇီးဖြူစကောင်းရွာ အရှေ့ဘက်ရှိ မြို့ခင်းသာ၊ သမင်ခြောက်၊ ကျောက်တော၊ ကျောက်ကန်ရွာတို့ကိုလည်း ဆက်လက်စီးနင်းနေသည်ဟု ကြားရသော်လည်း အသေးစိတ်မသိရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မြိုင်မြို့မြောက်ဘက် ၁၀ မိုင်ကျော်အကွာရှိ လက်ယက်မရွာကို စစ်တပ်က အင်အားရာဂဏန်းဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် ဝင်ရောက်စီးနင်းကာ တပ်စွဲပြီးနောက် ဒေသခံများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့်ပြင် အချို့ကို သတ်ဖြတ်ခဲ့သည်။
လူဦးရေထောင်ဂဏန်းရှိ လက်ယက်မရွာတွင် ဇန်နဝါရီ ၁၁ မှ ၁၄ အထိ စစ်တပ်က တပ်စွဲခဲ့စဉ် နေအိမ်များ မွှေနှောက်ဖျက်ဆီးခံရသည့်ပြင် ဖောက်ထွင်းခိုးယူခံရခြင်းများလည်းရှိကြောင်း၊ ရွာအနောက်ဘက် သင်္ချိုင်းကုန်းအနီးတွင် မီးရှို့ခံထားရသည့် ရုပ်အလောင်း ၃ လောင်းတွေ့ရှိသည်ဟု ဒေသခံ PDF အဖွဲ့များ က ထုတ်ပြန်သည့်ပြင် အခြားဒေသခံတစ်ဦးကလည်း အတည်ပြုထားသည်။
စစ်ကောင်စီစစ်ကြောင်းများ ဆက်တိုက် ဝင်ရောက်စီးနင်းနေသောကြောင့် မြိုင်မြို့နယ်အတွင်း ကျေးရွာ ၂၀ ထက်မနည်းမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း သိရသည်။
မြိုင်မြို့နယ်အတွင်း စစ်ကြောင်း ၇ ကြောင်းဖြင့် တစ်ရွာဝင်တစ်ရွာထွက် လိုက်လံစီးနင်းနေသည့် စစ်တပ်မှာ စုစုပေါင်း အင်အား ၈၀၀ ခန့်ရှိသည်ဟုလည်း မြိုင် PDF က ခန့်မှန်းထားသည်။
Myanmar Now News
မြန်မာ့အရေးကူညီပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ကုလအထူးကိုယ်စားလှယ် တောင်းဆို
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် မစ္စ Noeleen Heyzer ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ မနေ့က တွေ့ဆုံခဲ့ပြီး၊ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခအခြေအနေတွေ ပိုဆိုးမလာအောင် ကူညီဖို့နဲ့ မြန်မာနိုင်ငံက ပဋိပက္ခဒေသတွေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့တဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ တိုးပွားလာတာနဲ့အမျှ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာ မတည်ငြိမ်မှုတွေ ဖြစ်ပွားလာနိုင်ကြောင်း၊ ဒီလို အခြေအနေကို ရှောင်ရှားနိုင်ဖို့ ထိုင်းဝန်ကြီးချုပ်ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့ မစ္စ နိုလင်းဟေဇာက ပြောတဲ့အကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
မစ္စ နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာက လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့နဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို အာဆီယံနဲ့ရထားတဲ့ သဘောတူညီချက် ငါးချက်ကို လိုက်နာဆောင်ရွက်လာအောင် တိုက်တွန်းဖို့အတွက် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်လို့ သတ်မှတ်ခံထားရပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ စစ်ဆင်ရေးတွေ ထပ်တိုးလိုက်မယ်ဆိုရင် ထိုင်းနိုင်ငံဘက်ကို စစ်ပြေးဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမယ့် အခြေအနေကို စိုးရိမ်ပူပန်နေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
RFA News
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ (၂၀၂၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ)
စစ်အာဏာရှင်ခေါင်းဆောင်များသည် တိုင်းပြည်ကို အကြမ်းဖက် ဖိနှိပ်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ ဖေဖော်၀ါရီလ ၁ ရက်နေ့မှ စတင်၍ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် အကြမ်းဖက်မှုများကြောင့် သက်ကြီးပိုင်းမျိုးဆက်များအား စိတ်ဒဏ်ရာ
ပြန်လည်ရရှိစေပြီး ပြည်သူများကြား စိုးရိမ်မှုများနှင့် ကြောက်ရွံ့မှုများတိုးလာစေခဲ့သည်။ မျိုးဆက်သစ်လူငယ်များမှ စစ်အုပ်ချုပ်ရေးစနစ်၏ ပကတိအခြေအနေကို နားလည်ပြီး တော်လှန်နေသည်။ ရက်စက်ကြမ်းကြုတ်သော အာဏာရှင် မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခြင်းသည် နိုင်ငံသားအခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ထပ်ကာ ထပ်ကာ အများ အပြားချိုးဖောက်နေသည့် ရာဇ၀တ်မှုကျူးလွန်သူများကို လက်ခံနေခြင်းဖြစ်သည်။
ခေါင်းဆောင်နှစ်ဦးကြား တွေ့ဆုံမှုခရီးစဥ် နှင့် မြန်မာစစ်အာဏာရှင်အုပ်စုကို ပံ့ပိုးကူညီနေသော ဟွန်ဆန်ကို အရပ်ဘက်အဖွဲ့အစည်း ၁၉၀ ကျော်တို့မှ ကန့်ကွက်ရှုတ်ချခဲ့သည်။ ထိုတောင်းဆိုချက်များကို ကမ္ဘောဒီးယားလူ့အခွင့်အရေးအဖွဲ့များက ထောက်ခံခဲ့ကြသည်။ ဇန်န၀ါရီလ ၇ ရက်နေ့တွင် လာရောက်မည့် ဟွန်ဆန်၏ ခရီးစဉ်ကို ဖျက်သိမ်းရန် နိုင်ငံတ၀ှမ်းရှိ တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် အရပ်သားများမှ တောင်းဆို ဆန္ဒပြခဲ့သည်။
မင်းအောင်လှိုင်သည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ဘုံသဘောတူညီချက် ၅ ချက်ကို လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။ အာဆီယံ၏ ကြိုးပမ်းမှုအားလုံးသည် စိတ်ပျက်ဖွယ်ကောင်းပြီး အဓိပ္ပါယ်ရှိသော အပြောင်းအလဲကို မဖြစ်ပေါ်စေခဲ့ပါ။ အာဆီယံမှ တပ်မတော်သားကိုယ်စားလှယ်များကို အစည်းအဝေးအများသို့ ဖိတ်ကြားခြင်းမပြုဘဲ ချန်လှပ်ထားသည့်လုပ်ဆောင်ချက်သည် စစ်အာဏာရှင်များအား ၄င်းတို့၏ စစ်ရေးနည်းဖြင့် အကြမ်းဖက် ဖြေရှင်းသည့် နည်းလမ်းကို ဟန့်တားနိုင်ခဲ့ခြင်း မရှိပေ။
ဟွန်ဆန်၏မြန်မာနိုင်ငံခရီးစဥ်ကို ပြင်းထန်စွာရှုတ်ချကြောင်း အထွေထွေသပိတ်ပေါင်းစပ် ညှိနှိုင်းရေးအင်အားစု ( GSCB)မှ သဘောထားထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖြုတ်ချခံထားရသော အရပ်သား အစိုးရ ခေါင်းဆောင်များနှင့် ကမ္ဘောဒီးယား အရာရှိတို့နှင့် တွေ့ဆုံခွင့် မရှိခဲ့ပါ။
ပေးလိုက်သည့် သတင်းစကားမှာ ရှင်းရှင်းလင်းလင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည်လည်း ယခင်အတိတ်ကာလက အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်သော လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဟွန်ဆန်သည် နိုင်ငံရေး ပြိုင်ဘက်တို့၏ အသံများကို ချေမှုန်းရန် တုံ့ဆိုင်းမှုမရှိဘဲ ဖိနှိပ် အုပ်ချုပ်ခဲ့ပြီး သတင်းမီဒီယာကိုလည်း ရန်သူသဖွယ်သတ်မှတ် ခဲ့သည်။ အာဏာရှင်အချင်းချင်း ထောက်ခံမှုသည် ကောင်းမွန်သည့် နိမိတ်လက္ခဏာ မဟုတ်ဘဲ ဤအစည်းအဝေးများမှ လက်ခံရမည့် စံနှုန်းတစ်ခု သတ်မှတ်ခြင်းသည် အန္တရာယ်များသည်။
အာဆီယံသည်လည်း တစ်ခြားသော နိုင်ငံတကာအသိုင်းအ၀ိုင်းကဲ့သို့ပင် အကြမ်းဖက်စစ်အာဏာရှင်နှင့် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများအားလုံးကို ဖြတ်တောက်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အပြုသဘောဆောင်သောတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်တာ၀န်ရှိသည်။
တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ
ချင်းပြည်နယ်
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ ထုတ်ပြန်ချက်အရ ထန်တလန်ကို စက်တင်ဘာလမှ စတင်၍ ၁၈ ကြိမ်ထက်မနည်း စစ်အာဏာရှင်တပ်များမှ တမင်တကာ မီးတင်ရှို့ဖျက်ဆီးခဲ့သည်။ ချင်းပြည်နယ်တွင် ကျယ်ပြန့်စွာကျူးလွန်ခံနေရသော လူ့အခွင့်အရေးချိုးဖောက်မှုများကို CHRO မှ မှတ်တမ်းတင်ထားသည်။ ထန်တလန် တစ်မြို့ထဲတွင်ပင် အရပ်သားပေါင်း ၁၀,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ CHRO ၏ အဆိုအရ ဇန်န၀ါရီလ ၃ ရက်နေ့နောက်ဆုံးမှတ်တမ်းများအရ စက်တင်ဘာလ ၉ရက်မှ စတင်၍ ဘုရားကျောင်း ၇ ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများအပါ၀င် အဆောက်အအုံပေါင်း ၇၀၀ ကျော်အား ရည်ရွယ်ချက်ရှိရှိဖြင့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
စစ်အာဏာသိမ်းပြီးနောက် ပြင်းထန်သော ခုခံတော်လှန်ရေးလှုပ်ရှားမှုများ မပေါ်ပေါက်ခင်အထိ ချင်းပြည်နယ်သည် နှစ်ပေါင်းများစွာ ငြိမ်းချမ်းသော ဒေသအဖြစ် လူသိများခဲ့သည်။ အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆက်လက်ခြိမ်းခြောက်ခံနေရသော်လည်း သို့မဟုတ် ချင်းပြည်သူများ၏ အိုးအိမ်နှင့် အသက်အန္တာရယ်များကို အကြမ်းဖက် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ချင်းပြည်သူများသည် ထိတ်လန့်ဖွယ်ရာ ကြားထဲမှ ရဲ့ရင့်မှုကို ပြသခဲ့ကြသည်။ “မြို့ရှင်းလင်းရန်”အတွက် တပ်ကို အမိန့်ပေးထားသော သက်သေအထောက်အထား စာရွက်စာတမ်းများကို စစ်အာဏာရှင်များ တာ၀န်ခံမှုရှိစေရန်အွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အလေးအနက်ထား ဆောင်ရွက်ရန်ရမည်ဖြစ်သည်။
ရှမ်းပြည်နယ်
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် TNLA အတွက် အခွန်ကောက်ခံပေးသူနှစ်ဦး အမည်မသိ သေနတ်သမား၏ အနီးကပ်ပစ်သတ်ခံရပြီးနောက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲတွင် လက်နက်ကြီးကျရောက်မှုကြောင့် မိသားစုတစ်စုထဲမှ ဒေသခံ ၆ ဦး ဒဏ်ရာရခဲ့သည်။ ထိခိုက်ဒဏ်ရာရသည့်အထဲတွင် ကလေးငယ် ၃ ဦးပါ၀င်သည်။
ရှမ်းပြည်နယ်တွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သက်ဆိုင်သူများအားလုံးကို အကြမ်းဖက်မှုအဆုံးသတ်ပြီး အရပ်သားများ ဘေးကင်းရေးအတွက် အဖြေရှာညှိနှိုင်းရန် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (SSUC) မှ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။
ကယားပြည်နယ် (ကရင်နီ)
စစ်ကောင်စီ၏ ကရင်နီလူမျိုးများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးမှတ်တမ်းပြုစုပြီး လိုအပ်သော အရေးယူဆောင်ရွက်မှုလုပ်ငန်းများကို ချမှတ်အကောင်အထည်ဖော်ဆောင်သွားမည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ထုတ်ပြန်လိုက်သည်။ ကယား(ကရင်နီ)ပြည်နယ်မှ လူဦးရေး လေးပုံတစ်ပုံခန့်သည် စစ်ကောင်စီ၏ အကြမ်းဖက် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည်။ အထိခိုက်လွယ်ဆုံးသော သူများကို ရှင်သန်နေထိုင်ရန် အခက်ခဲဆုံးသောအခြေအနေသို့ တွန်းပို့သည့် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည်။
ထုတ်ပြန်ချက်သည် ကယားပြည်နယ် (ကရင်နီ)တွင် အမျိုးသမီးများ၊ ကလေးသူငယ်မျာနှင့် လူကြီးများအပါအ၀င် လူပေါင်း ၃၀ ကျော် အစုလိုက်၊ အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံရသော သက်သေများထွက်လာပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကြွင်းကျန်ခဲ့သော ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခဲ့သည့် ဆရာ၀န်မှ “အသက်ရှင်နေခဲ့စဉ်မှာ ဘယ်လိုပုံစံမျိုးတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာကို မှန်းဆလို့ မရနိုင်လောက်အောင် ဘ၀မှာတစ်ခါမှမကြုံတဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုဟု” သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ကယား(ကရင်နီ) မြို့တော် လွိုင်ကော်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အရပ်သား လေးဦးထက်မနည်း သေဆုံးပြီး ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ကယား(ကရင်နီ)ပြည်နယ်တွင် အရပ်သား လက်နက်ကိုင် တော်လှန်ရေးတပ်များသည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အကြမ်းဖက် စစ်ကောင်စီတပ်များ အသုံးပြုနေသည့် ‘မြေလှန်စနစ်’ နည်းဗျူဟာသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဆုံးရှုံးစေသည့်တိုင် ၄င်းတို့အား ဆန့်ကျင်နေသူများကို ချေမှုန်းရန် စစ်အာဏာရှင်များမှ အသုံးပြုမည်ကို ပြသနေသည်။
ကော့ကရိတ်တွင် စစ်တပ်က ရဟတ်ယာဉ်အပြင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်နေ
နံနက် ၈ နာရီကတည်းက လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်နေခြင်းဖြစ်ကာ မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်မှ စက်သေနတ်ဖြင့် မိနစ် ၂၀ ကြာ ပစ်ခတ်ခဲ့သည်ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယနေ့ (ဇန်နဝါရီ ၁၀) နံနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်ပြင် ရဟတ်ယာဉ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
ကော့ကောရိတ်မြို့ အရှေ့တောင်ဘက်ရှိ ကျေးရွာများကို နံနက်ပိုင်းကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကာ မွန်းလွဲပိုင်းတွင် ရဟတ်ယာဉ်ပါ အသုံးပြုတိုက်ခိုက်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
“လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တာ။ အခုလည်း ပစ်တာ။ လေယာဉ်ပျံပါ လာပစ်တယ်။ ဒီနေ့ ဘယ်နှယောက်ထိလဲ မသိသေးဘူး။ အခု သူတို့က လေယာဉ်ပျံနဲ့ ရမ်းသန်းပြီးပစ်တော့ ရွာသားတွေပဲ ထိတာ။ လက်နက်ကြီးနဲ့လည်း ပစ်တယ်”ဟု ၎င်းက Myanmar Now ကို ယနေ့ ညနေပိုင်းတွင် ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယနေ့ အရပ်သားများ ထိခိုက်ဒဏ်ရာရမှုအခြေအနေ မသိရသေးကြောင်းလည်း ပဒိုစောတောနီးက ပြောသည်။
KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကော့ကရိတ်မြို့ အရှေ့တောင်ဘက်ရှိ မောင်းမရွာသစ်၊ မြို့ဟောင်း၊ မိဂသိန်ရွာများတစ်ဝိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က မြေပြင်ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် နံနက် ၈ နာရီကတည်းက လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်နေခြင်းဖြစ်ကာ မွန်းလွဲ ၂ နာရီခန့်တွင် ရဟတ်ယာဉ်မှ စက်သေနတ်ဖြင့် မိနစ် ၂၀ ကြာ ပစ်ခတ်ခဲ့ကြောင်း၊ ရွာသစ်ရွာအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားတစ်ဦး ထိခိုက်သေဆုံးသည်ဆိုသော်လည်း အတည်မပြုနိုင်သေးကြောင်း ထိုဒေသရှိ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အထိခိုက်အကျဆုံး မရှိ။ ရွာထဲမှာတော့ မီးလောင်တယ် ပြောတယ်။ လက်နက်ကြီးကြောင့်လား၊ လေယာဉ်ကြောင့်လား မပြောတတ်သေးဘူး။ လက်နက်ကြီးက လေယာဉ်လာတုန်းလည်း ထုတယ်။ လေယာဉ်ပျံသွားလည်း ထုတ်တယ်”ဟု ၎င်းက ပြောသည်။
Kawkareik_refugee_web_2022_jan_10.Jpeg
စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးတွင် ရဟတ်ယာဉ်နှစ်စင်း အဆင်သင့်ချထားကာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟုလည်း အဆိုပါ PDF တပ်ဖွဲ့ဝင်က ဆိုသည်။
အရပ်သားများ ထိခိုက်မှုအခြေအနေကို စုံစမ်းမရသေးသော်လည်း မောင်းမ၊ မြို့ဟောင်း၊ ရွာသစ်၊ မိဂသိန်စ သည့် ကျေးရွာများတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မီးလောင်မှုရှိကြောင်း၊ ပျက်စီးမှုအခြေအနေ အတိအကျမသိရသေးကြောင်း ကော့ကရိတ်မြို့ခံတစ်ဦးထံမှ သိရသည်။
“လက်နက်ကြီးကျတဲ့ နေရာတွေကတော့ မီးလောင်တာရှိတယ်။ လက်နက်ကြီးတွေကျတာက လူနေအိမ်နဲ့ သိပ်မဝေးဘူး။ မြို့ဟောင်းရွာ ဘုန်းကြီးကျောင်းဆိုရင် စုတ်ပြတ်သတ်နေတာပဲ” ဟု ထိုဒေသခံက ဆိုသည်။
ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီ၏ တပ်မ ၁၁ နှင့် တပ်မ ၂၂ က နယ်ခြားစောင့်တပ် (BGF) နှင့်အတူ မြေပြင်၌ ထိုးစစ်ဆင်တိုက်ခိုက်နေသည့်နည်းတူ ကော့ကရိတ်မြို့ပေါ်၌ တပ်စွဲထားသည့် ခလရ ၉၇ နှင့် မြို့တောင်ဘက် သုံးမိုင်အကွာရှိ အမြောက်တပ် ၃၃၃ ကလည်း ၁၂၀ မမ၊ ၁၀၅ မမ အမြောက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု သိရသည်။
ကော့ကရိတ်မြို့တွင် ယမန်နေ့ (ဇန်နဝါရီ ၉) က စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အရပ်သားနှစ်ဦးအနက် အသက်မပြည့်သေးသူတစ်ဦးမှာ ဦးခေါင်းတွင် လက်နက်ကြီးထိမှန်ဒဏ်ရာကြောင့် သေဆုံးခဲ့သည်ဟု အထက်ပါ မြို့ခံက ပြောသည်။
သေဆုံးသွားသူမှာ ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အုတ်ဖုတ်အလုပ်သမားတစ်ဦးဖြစ်ကြောင်း၊ အမည်မသိရသေးဟုလည်း ၎င်းက ပြောသည်။
ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက မြို့ဟောင်းရွာအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသဖြင့် အမျိုးသမီး ၆ ဦး၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ၎င်းတို့၏ မြေပြင်တပ်များ အထိနာနေချိန်တွင် လေကြောင်းကို အဓိကအသုံးပြု၍ တိုင်းရင်းသားဒေသများသာမက မြေပြန့်ဒေသများတွင်ပါ အရပ်သားများအပေါ် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပဒိုစောတောနီးက ပြောသည်။
“သူတို့မြေပြင်တပ်တွေက တော်တော်လေး နေရာတိုင်းမှာ အထိနာနေတော့ …..နောက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ဟိုလိုက်ဗုံးကြဲပြ၊ ဒီလိုက်ဗုံးကြဲပြတွေနဲ့ သူတို့စိတ်ဓာတ်ပြန်တက်လာမလား မျှော်လင့်ချက်နဲ့ လုပ်နေတဲ့ပုံပဲ။ သိတဲ့အတိုင်းပဲ ဟိုနေရာမှာလည်း ကွဲ၊ ဒီနေရာမှာလည်း ကွဲ။ အခြေအနေမလှဘူး” ဟု ၎င်းက ပြောသည်။
ကော့ကရိတ်မြို့နယ်တွင်း တိုက်ပွဲများကြောင့် ကျေးရွာ ၁၃ ရွာမှ ဒေသခံရွာသား ၂၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေသည်ဟု ကရင်ပြည်နယ်အခြေစိုက် Klo FM အမည်ရ သတင်းဌာနက ယမန်နေ့တွင် ရေးသားသည်။
Myanmar Now News
ဝက်လက်မြို့ဒေသခံတို့ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ အသုံးချ
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က အရပ်သားတို့ကို ဖမ်းပြီး စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားနေသဖြင့် ဝင်တိုက်ရ ခက်နေသည်ဟု PDF က ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၉) တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်သားအများအပြား ရောက်လာသော်လည်း ရွာသားတို့ကို ဖမ်းဆီးပြီး အကာအကွယ်ယူထားကြသောကြောင့် ဝင်မတိုက်ဘဲ ဆုတ်ခွာပေးလိုက်ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပြောသည်။
ညောင်ပင်ကြီးတော ကျေးရွာအပြင်ဘက် တောရဘုန်းကြီးကျောင်းအနီးသို့ ရဟတ်ယာဉ်နှင့် ရောက်လာသည့် စစ်သားများ၊ ကုန်းကြောင်းရောက်လာသည့် စစ်သားများက စစ်ကြောင်းနှစ်ခုခွဲပြီး ချီတက်ခဲ့သည်ဟု ဝက်လက်ဒေသခံများနှင့် PDF ထံမှ သိရသည်။
“သူတို့က ပြည်သူတွေဖမ်းထားပြီး၊ ကြားထဲ ညှပ်ပြီး တောထဲ လျှောက်သွားတာပေါ့ဗျာ၊ ဟိုသွား ဒီသွားနဲ့။ သူတို့က မိုင်းကြောက်လို့ အဲလိုလုပ်တာပေါ့” ဟု ဝက်လက်မြို့နယ်အရှေ့ပိုင်းတွင် အခြေစိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ပြည်သူတွေက ကြားညပ်နေတော့ တိုက်ပွဲက ဖော်လို့မရဘူး၊ ပြည်သူတွေက ကြားထဲ ညပ်နေတော့ ပစ်ဖို့နေနေသာသာ ထောင်ထားတဲ့ မိုင်းတွေတောင် မခွဲနိုင်ဘူး”
စစ်သည်အင်အား ၇၀ နှင့် ၅၀ ခန့် ရှိကြသည့် စစ်ကြောင်းနှစ်ခုက ရှားကွဲရွာနှင့် သစ်စိမ့်ရွာတို့မှ ရွာသူရွာသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မည်သူ့ကိုမဆို ဖမ်းဆီးနေသဖြင့် ထွက်ပြေးကြရသည်ဟု ဝက်လက်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“လမ်းမှာတွေ့တဲ့ရွာသူရွာသားတွေ၊ အိမ်ထဲပုန်းတဲ့သူတွေ၊ ဘုန်းကြီးကျောင်းမှာတွေ့တဲ့သူတွေ အကုန်ဖမ်းပြီး စစ်တာ။ ဘုရားပေါ်မှာ ထိုင်ခိုင်းပြီး PDf ခေါင်းဆောင်ပုံတွေပြပြီး မေးတာ။ ဝက်လက်မြို့နယ်မှာ တစ်ရွာဝင်တစ်ရွာထွက် ပတ်နေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။
သစ်စိမ့်ဘက်မှာ လူသားဒိုင်းလုပ်ခံရသူတွေကိုတော့ ဘာမှမလုပ်ဘူး။ ပြန်လွှတ်ပေးတယ်။ ရှားကွဲမှာ လူသားဒိုင်းလုပ်ခံရတဲ့သူတွေကတော့ ရိုက်နှက်ပြီးမှ ပြန်လွှတ်တာ။ ညနေပိုင်းတော့ အကုန်ပြန်လွှတ်ပေးတယ်”
ဖမ်းဆီးပြီး အကာအကွယ်အဖြစ် အသုံးချခံရသူအရေအတွက်မှာ ၁၀၀ ကျော်သည်ဟု ဒေသခံတို့က ဆိုသည်။
ရွာသားများကို ဖမ်းဆီးပြီး အကာအကွယ်ယူသည်၊ ရိုက်နှက်သည် ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန် စစ်ကောင်စီပြန်ကြားရေးအဖွဲ့ဝင်တို့ကို ယနေ့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိကြပေ။
ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အဆိုပါစစ်ကြောင်းနှစ်ခုက ရွေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲငယ်တစ်ခု၏ စခန်းတစ်ခုကို ပိတ်ဆို့ စီးနင်း သိမ်းပိုက်နိုင်ခဲ့သည်။
စခန်းမှ အဆောက်အအုံများနှင့် ရိက္ခာများ ဖျက်ဆီးသွားသည်ဟု ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုမှိုင်းက ပြောကြားသည်။
“စခန်းတွေ အကုန်ဖျက်ဆီးခံလိုက်ရတယ်။ လူတွေကတော့ ဘေးကင်းရာရောက်တယ်။ လက်နက်တွေကတော့ နေရာရွှေ့နိုင်တယ်” ဟု ကိုမှိုင်းက ပြောကြားသည်။
“ဆုံးရှုံးတာကတော့ အသုံးအဆောင်တွေပေါ့။ ကျန်ခဲ့တာကတော့ အစားအသောက်တွေ။ ကျွဲတွေ နွားတွေ ယူသွားတယ်”
စစ်သားအင်အား ရာကျော်ဖြင့် စစ်ကြောင်းထိုးလာခြင်း၊ လက်နက်အင်အားကွာခြားလွန်းခြင်းအပြင် လေကြောင်းပစ်ကူပေးရန်အတွက်ပါ ပြင်ဆင်လာသည့် လေယာဉ်တစ်စီး ပျံဝဲနေသည်ကို မြင်တွေ့ကြားသိခဲ့ရသည်၊ ဖမ်းဆီးခံထားရသည့် ပြည်သူများ စစ်ကြောင်းများအတွင်း ပါနေသည့်အတွက် ခုခံတိုက်ခိုက်နိုင်ခြင်းမရှိဘဲ လက်နက်များကို သယ်ဆောင်ကာ တိမ်းရှောင်ခဲ့သည်ဟု ကိုမှိုင်းက ပြောကြားသည်။
စစ်ကောင်စီတပ်က စခန်းရှိသည့်နေရာကို ကြိုတင်သိရှိပုံရသည်ဟု သူက သုံးသပ်သည်။
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်သူအရေအတွက် အများအပြားရှိနေသည်။ နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီကလည်း စစ်ကိုင်းဒေသခံတချို့ကို လက်နက်တပ်ဆင်ပေးထားရာ ဒေသခံတို့က အဆိုပါ စစ်ကောင်စီဘက်တော်သားလက်နက်ကိုင်အဖွဲ့ကို ပျူစောထီးအဖွဲ့ဟု ခေါ်ဆိုကြသည်။ စစ်ကောင်စီကမူ ပျူစောထီးအဖွဲ့မရှိဟု အကြိမ်ကြိမ်ပြောဆိုထားသည်။
PDF များက မိုင်းထောင်ခြင်း၊ ချုံခိုတိုက်ခြင်းကြောင့် စစ်ကောင်စီတပ် အထိနာသည့် သတင်းများ ဆက်တိုက် ထွက်ပေါ်နေသည်။
ဒီဇင်ဘာ ၃၁ ရက်နေ့က ဝက်လက်မြို့နယ်အရှေ့ပိုင်းမှ ဘုရားလေးကုန်းကျေးရွာသို့ စစ်ကြောင်းထိုး တပ်စွဲခဲ့သည့် ပျူစောထီးနှင့် စစ်သားများကို ဒီဇင်ဘာ ၃၁ နှင့် ဇန်နဝါရီ ၁ တို့တွင် တိုက်ခိုက်ရာ ၄၀ ခန့် သေဆုံးကြောင်း၊ PDF က ဆက်လက်ပိတ်ဆို့သော်လည်း ရဟတ်ယာဉ်နှင့် လာရောက်တိုက်ခိုက်ချိန်တွင် ကျန်သည့် ပျူစောထီးနှင့် စစ်သားများ ထိုနေရာမှ လွတ်မြောက်သွားကြောင်း သိရသည်။
ယင်းတိုက်ပွဲအပြီး နောက်တစ်နေ့တွင် ဝက်လက်အရှေ့ပိုင်း၊ စစ်ကိုင်းမြို့အစပ်တွင်ရှိသည့် ညောင်ပင်ကြီးတော ကျေးရွာအပြင်တွင်ရှိသည့် တောရဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ရဟတ်ယာဉ်နှစ်စီးဖြင့် စစ်အင်အား ၅၀ ခန့်ကို လာရောက်ပို့ဆောင်ပြီး အခြားတစ်စီးက အနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
Myanmar Now News
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေ
ဒေသခံ PDF ခေါင်းဆောင်ရှိသည် အထင်ဖြင့် စစ်ကောင်စီက စစ်ကိုင်းတိုင်း ပုလဲမြို့အနောက်ဘက်ရှိ ဦးနှောက်ရွာကို ယနေ့ (ဇန်နဝါရီ ၁၀) နံနက်ပိုင်းတွင် ရဟတ်ယာဉ်သုံးစီးဖြင့် တိုက်ခိုက်နေသည်ဟု သိရသည်။
ပုလဲမြို့အနောက်ဘက် ၁၂ မိုင်အကွာရှိ ဦးနှောက်ရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက် ၁၁ နာရီဝန်းကျင်မှစ၍ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရအချို့နှင့် ဖမ်းဆီးခံရသူများရှိသည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင် ဗိုလ်နဂါးက Myanmar Now ကို ပြောသည်။
“အဲဒီရွာကို ကျွန်တော်ရှိတယ်ဆိုပြီး လေယာဉ်နဲ့ လာပစ်တာ။ အဲဒီက အခြေအနေကို သတင်းတိတိကျကျတော့ မရသေးဘူး။ တချို့ပြည်သူတွေလည်း အဖမ်းခံထားရတယ် ပြောတယ်” ဟု ၎င်းက ပြောသည်။
လူဦးရေထောင်ဂဏန်းရှိ ဦးနှောက်ရွာကို ရဟတ်ယာဉ်သုံးစီးဖြင့် လာဝိုင်းခြင်းဖြစ်ကာ ရဟတ်ယာဉ်တစ်စီးမှ ပစ်ခတ်နေစဉ် အခြားနှစ်စီးဖြင့် စစ်သားများချပေးနေကြောင်း မုံရွာမြို့နယ် PDF ၏ တပ်ခွဲတစ်ခုဖြစ်သော ပုလဲမြို့နယ်အခြေစိုက် အောင်ဆန်းတပ်ဖွဲ့တာဝန်ခံက ဆိုသည်။
“ရွာသားတွေ ဒဏ်ရာရတာတွေလည်း ရှိတယ် ကြားတယ်။ မြေပြင်အခြေအနေတော့ အတိအကျမသိရသေးဘူး” ဟု ၎င်းက ပြောသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ်ရှိ ဦးနှောက်ရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်တင်းကာ အင်အားရာဂဏန်းဖြင့် စီးနင်းတိုက်ခိုက်နေခြင်းဖြစ်သည်ဟု အောင်ဆန်းတပ်ဖွဲ့တာဝန်ခံက ဆိုသည်။
စီးနင်းတိုက်ခိုက်ခံရစဉ်အတွင်း ဦးနှောက်ရွာမှ ဖမ်းဆီးခံရသူနှင့် ဒဏ်ရာသူများကို စိစစ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးကြောင်းလည်း အထက်ပါ PDF ခေါင်းဆောင်နှစ်ဦးက ဆိုသည်။
ဗိုလ်နဂါးဦးဆောင်သည့် ပုလဲ PDF အဖွဲ့က အဆိုပါဒေသအတွင်း စစ်ကောင်စီယာဉ်တန်းများကို မကြာခဏ အလစ်အငိုက် မိုင်းဆွဲတိုက်ခိုက်လျက်ရှိသည့်ပြင် အောင်ဆန်းတပ်ဖွဲ့ကလည်း ဗုံးတပ်ဒရုန်းများဖြင့်ပါ စစ်ကောင်စီစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်လျက်ရှိသည်။
ယောဒေသမြောက်ပိုင်း ဂန့်ဂေါမြို့နယ်နှင့် ထိစပ်နေသည့် ပုလဲမြို့နယ်အတွင်း ဒေသခံ PDF အဖွဲ့များက ပြောက်ကျားနည်းဖြင့် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ် မကြာခဏ အထိနာလျက်ရှိသည်။
လက်ရှိတွင် စစ်ကောင်စီက ဒေသအသီးသီးတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း မြေပြင်စစ်ကြောင်းများ အထိနာချိန် လက်နက်ကြီးပစ်ကူအပြင် လေကြောင်းဖြင့်ပါ အပြင်းအထန်တိုက်ခိုက်နေသည်။
စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများကိုပါ ပစ်ခတ်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်သည် စစ်ရာဇဝတ်ကျူးလွန်နေခြင်းသာဖြစ်ကြောင်းလည်း အောင်ဆန်းတပ်ဖွဲ့တာဝန်ခံက ဆိုသည်။
“စစ်အာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးအတွက် သူတို့ရှိသမျှ အင်အားအကုန်သုံးမှာပဲ။ ဒါတွေက မျှော်လင့်ထားပြီးသား။ လူမဆန်တဲ့ စစ်ခွေးတွေကို ကျွန်တော်တို့က ရှိသမျှအင်အားနဲ့ မြန်မြန်တိုက်ဖို့လိုနေပြီ” ဟု ၎င်းက ပြောသည်။
Myanmar Now News