ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ဣတ္ထိယသွေး နွေဦးတေး အစီရင်ခံစာ
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ
နိုင်ငံတကာအသိုင်းအဝိုင်းသည် အဆိုပါသတိပေးချက်များကို ရက်ပေါင်း ၃၆၅ နီးပါး လျစ်လျူရှုထားသည်။ အသက်အန္တရာယ်ကြားမှ စွန့်စားကာ လူထု၏ လိုအပ်ချက်များကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုကြသော မြေပြင်ရှိ တက်ကြွလှုပ်ရှားသူများနှင့် လူမှုအသိုင်းအဝိုင်းတို့၏ အသံကို ယင်းကဲ့သို့ လျစ်လျူရှုကာ အရေးယူရန်ပျက်ကွက်မှုသည် လက်ခံနိုင်စရာမရှိပါ။ ပြည်သူများသည် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အရေးယူဆောင်ရွက်မှုများနှင့် ၎င်းတို့၏ အသက်ကို ကာကွယ်ပေးရန် အချိန်ကာလကြာရှည်စွာ စောင့်မျှော်နေခဲ့သည်။ နိုင်ငံတကာမူဝါဒအရ ရည်ရွယ်ချက်ရှိရှိဖြင့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရမည့် ၎င်းတို့၏ တာဝန်ဝတ္တရားများအားလုံးကို ပျက်ကွက်ခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အစည်းအ၀ေးတွင် ကမ္ဘောဒီးယားနိုင်ငံမှ ဝန်ကြီးတစ်ဦး (လက်ရှိ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ဥက္ကဋ္ဌ) နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Noeleen Heyzer တို့ တွေ့ဆုံရာတွင် ဆိုးရွားလာနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို ဖြေရှင်းရန် နှင့် ဤအကျပ်အတည်းကာလအတွင်း အရပ်သားများကို ကာကွယ်စောင့်ရှောက်ရန် အတွက် အရေးပေါ်ခြေလှမ်းများ လုပ်ဆောင်ရန် UNSC အား ND-Burma နှင့် အဖွဲ့၀င်အဖွဲ့စည်းများအပါ၀င် အဖွဲ့အစည်းပေါင်း ၂၈၀ ကျော်တို့မှ တောင်းဆိုခဲ့ကြသည်။ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် တွန့်ဆုတ်နေသော နည်းလမ်းကို စွန့်လွတ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများဖြင့် အစားထိုးရန် UNSC အား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW မှလည်း တောင်းဆိုထားသည်။ တောင်းဆိုချက်အားလုံးသည် စစ်အာဏာရှင်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့် စစ်ရာဇ၀တ်မှုဆိုင်ရာပြစ်မှုများအတွက် အထောက်အထားများစွာဖြင့် ကျိုးကြောင်းဆီလျော်စွာ တောင်းဆိုမှု များဖြစ်သည်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ အိမ်နီးချင်းနိုင်ငံများတွင် ထွက်ပြေးခိုလှုံသူ ၉၈၀,၀၀၀ ရှိသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ အတွင်း မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း ၇၇၅,၀၀၀ ကျော်ရှိခဲ့ပါသည်။ ရွှေ့ပြောင်းနေထိုင်မှု သိသိသာသာထပ် တိုးလာခြင်းသည် အကြမ်းဖက်စစ်တပ်၏ ဆိုးရွားလှသော အကြမ်းဖက်မှုကို ရည်ညွှန်းနေသည်။ အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ကျူးလွန်ခဲ့သည့် ချိုးဖောက်မှုများအတွက် အပြစ်ပေးအရေးယူခံရခြင်းမရှိသောကြောင့် ဥပဒေမဲ့ ရဲရဲတင်းတင်းကျူးလွန်နေကြသည်။ အကြမ်းဖက်စစ်တပ်သည် မြေလှန်စနစ်ဖြင့် အကြမ်းဖက်တိုက်ခိုက်ကာ အာဏာရှင်စနစ်ဖြင့် ပြည်သူအားထိန်းချုပ်ရန်ကြိုးပမ်းသော်လည်း အာဏာရှင်စနစ်ကို ပြည်သူတို့မှ ခုခံငြင်းပယ်နေဆဲဖြစ်သည်။
အကြမ်းဖက်စစ်တပ်သည် ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် စစ်ရှုံးနေပြီး စစ်တပ်ဘက်မှ ဘက်ပြောင်းထွက်ပြေးလာသူအရေအတွက် တိုးလာခြင်းသည် စစ်အာဏာရှင်ကိုယ်တိုင် အစိတ်စိတ်အမြွှာမြွှာဖြစ်နေကြောင်း ၎င်းတို့ကိုယ်တိုင် ဖော်ပြနေသည်။
တိုင်းရင်းသားဒေသများရှိပဋိပက္ခများ
ကချင်ပြည်နယ်
လွန်ခဲ့သည့် ခုနစ်နှစ်ခန့် စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသည့် စေတနာ့၀န်ထမ်း ကချင်ဆရာမနှစ်ဦး၏ မိသားစု၀င်များသည် တရားမျှတမှုရရှိရေး အတွက် စောင့်ဆိုင်းနေဆဲဖြစ်သည်။ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ပညာရေးစေတနာ့ဝန်ထမ်း ဆရာမ မရန်လုရာနဲ့ ဆရာမ တန်ဘောင်ခေါန်နန်စင် တို့သည် လူအုပ်စုလိုက် အဓမ္မပြုကျင့်ခံရပြီး ဓါးဖြင့်ထိုးသတ်ခြင်ခံခဲ့ရသည်။
မြန်မာစစ်တပ်မှ ၎င်းတို့ကျူးလွန်ခဲ့သော ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများကို ဖျက်ဆီးခဲ့ပြီး သေဆုံးခဲ့သည့် အမျိုးသမီးများအတွက် တာဝန်ခံမှုတစ်စုံတစ်ရာမရှိသေးပါ။ သူမတို့နှစ်ဦးသေဆုံးချိန်မှစ၍ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်တွင် အရပ်သားဒါဇင်နှင့်ချီ သေဆုံးခဲ့သည်။ ကချင်ပြည်နယ်တစ်၀ှမ်း “စစ်အာဏာရှင်ကို ချေမှုန်းရန်”စည်းလုံးညီညွတ်မှုအားကောင်းစွာ ကြိုးပမ်းလုပ်ဆောင်နေသည်။
ကရင်ပြည်နယ်
ကရင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးနေရသည်။ အကြမ်းဖက် စစ်တပ်သည် ကရင်လက်နက်ကိုင်အဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်ရန် စီစဥ်သောကြောင့် ပြည်တွင်းနေရပ်စွန့်ခွာစစ်ပြေး ဒုက္ခသည်တို့၏ အခြေအနေမှာ ပို၍ မသေချာမရေရာတော့ပါ။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Noeleen Heyzer ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ဘေးရှောင် ရွာသားများအား ပြန်လည်ပို့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ မှတ်ချက်များနှင့် ဆန့်ကျင်လျက် စစ်ဘေးရှောင်ပြည်သူများအား ကရင်ပြည်နယ်သို့ ပြန်ရန် ထိုင်းအာဏာပိုင်များ၏ ဖိအားပေးခံနေရကြောင်း သတင်းများ ထွက်ပေါ်လာသည်။
လေးကေကော်ဒေသတွင် တစ်လကျော်ကြာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် စိုးရိမ်မှုများတိုးလာနေသည်။ အေးချမ်းသာယာသော မြို့ကလေးသည် ယခုအခါ စစ်မြေပြင်ဖြစ်လာသည်။ ပြန်လာသူများအတွက် လုံခြုံမှု အာမခံချက်များ မရှိပါ။ ဇန်န၀ါရီလ ၃ ရက်နေ့တွင် လက်နက်ကြီး ကျရောက်မှုကြောင့် ဖလူလေးကျေးရွာသို့ ပြန်လာသူ အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့သည်။ IDP များသည် ဆေးဝါး၊ စားနပ်ရိက္ခာနှင့် အမိုးအကာများ အလွန် လိုအပ်နေသည်။ ကရင်လူမှုအဖွဲ့အစည်းများမှ အဆိုပါလိုအပ်သည့် ပစ္စည်များကို ဖြည့်ဆည်းပေးနေသော်လည်း အကူအညီများ ပိုမိုလိုအပ်လျက်ရှိသည်။
လယ်မူလာမြို့နယ် က၀ါးကျေးရွာတွင် ခမရ ၂၈၅ မှ ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် မိခင်နှင့် ခြောက်နှစ်အရွယ် သားတစ်ဦး သေဆုံးခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRGမှ ဇန်နဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကယား ( ကရင်နီ) ပြည်နယ်
ကယား (ကရင်နီ) ပြည်နယ်မှ အရပ်သားပြည်သူများသည် အဆက်မပြတ်တိုက်ခိုက်နေမှုများကြောင့် ၎င်းတို့၏ အနာဂတ်ကို ပို၍ မရေရာစေသောကြောင့် လူသားဆန်မှုကင့်မဲ့လျက်ရှိသည်။ ကယား (ကရင်နီ) ပြည်နယ်တွင် ကျူးလွန်ခံနေရသည့် ရာဇ၀တ်မှုများကြောင့် ဒေသခံပြည်သူတို့၏ အသက်မွေး၀မ်းကြောင်းကို ထိခိုက်စေသည်။ အထူးသဖြင့် အကြမ်းဖက်မှုမှ ထွက်ပြေးရန် ကြိုးပမ်းနေသည့် အရပ်သား ဒါဇင်များစွာကို အကြမ်းဖက်စစ်တပ်မှ ခရစ္စမတ်အကြိုနေ့တွင် အစုလိုက်အပြုံလိုက် အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်မှု၏ အသေးစိတ် သက်သေ အချက်အလက်များ ဆက်လက် ထွက်ပေါ်လာသည်။ သေဆုံးသူများတွင် အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၅ ဦး ပါဝင်ကြောင်း သိရသည်။ အကြမ်းဖက်စစ်တပ်၏ ညှာတာမှုမရှိသော အကြမ်းဖက်တိုက်ခိုက်မှုတွင် ဖမ်းဆီးခံခဲ့ရသော သေဆုံးသူများထံ ပြန်လည်ဖြေကြားခြင်းမရှိသော အဆုံးမရှိ ဖုန်းခေါ်ဆိုမှုများကိုလုပ်ခဲ့ကြောင်း မိသားစုဝင်များက ပြန်လည်ပြောပြခဲ့ကြသည်
လေယာဉ် မပျံသန်းရဇုန်အဖြစ်သတ်မှတ်ပေးရန် နှင့် အရပ်သားဘေးကင်းရေးဇုန်များ သတ်မှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့အား တောင်းဆိုသည့်အထဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်သည်။
အသံတိတ်သပိတ်ကို ထိတ်လန့်သဖြင့် ဆိုင်ဖွင့်ရန် စစ်ကောင်စီက ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းနေ
အာဏာသိမ်း နှစ်ပတ်လည်နေ့တွင် ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ်သပိတ်ကို ထိတ်လန့်သဖြင့် စစ်ကောင်စီက လမ်းဘေးဈေးသည်မှအစ စတိုးဆိုင်၊ စားသောက်ဆိုင်ကြီးများအထိ ဖွင့်လှစ်ရန် ဖိအားပေး လက်မှတ်ထိုးစေကာ ခြိမ်းခြောက်နေသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပိတ်ခဲ့မည်ဆိုပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည့်အပြင် အကြမ်းဖက်မှု တိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က၊ ၅၀၅ (က) တို့ဖြင့်ပါ အရေးယူခံရနိုင်သည်ဟု ခြိမ်းခြောက်ထားသည်။
“ကျမက ကွမ်းယာဆိုင်နဲ့ ကွမ်းပစ္စည်းဆိုင်လေး ဖွင့်ထားတာပါ၊ အဲဒါကို ၃၀ ရက်နေ့က ၁ ရက်နေ့မှာ ဆိုင်မပိတ်ဖို့နဲ့ ဆိုင်ပိတ်ရင် ဆိုင်ကိုဖျက်မယ်၊ ပြီးရင် ထောင်ချခံရမယ်တို့ ဘာတို့ ပြောပြီး လက်မှတ်ထိုးခိုင်းလို့ ထိုးပေးလိုက်ရတယ်၊ အဲဒီလို လာပြောတာတောင် သေနတ်ကြီးတွေ တကားကားနဲ့ လူ ၄၀ လောက်ပါတယ်”ဟု မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ်မှ ကွမ်းနှင့် ကွမ်းပစ္စည်းဆိုင်ရှင်တဦးက ပြောသည်။
ဖိအားပေး ခြိမ်းခြောက်မှုများကြောင့် လက်မှတ်ထိုးပေးထားသည့် ဆိုင်ရှင်များအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဆိုင်များကို ဟန်ပြဖွင့်လှစ်ထားကြမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လာရောက် ဈေးမဝယ်ကြဘဲ သပိတ်တွင် ပူးပေါင်း ပါဝင်ရန် ပြောဆိုသည်။
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးမှ အထည်ဆိုင်ရှင်တဦးက “ကျနော့် မိဘအမွေအနှစ် မိသားစု ထမင်း အိုးကို ထိန်းပေးနေတဲ့ ဆိုင်လေးဆိုတော့ ရေရှည်ကို ကြည့်ပြီး လက်မှတ်ထိုးပေးလိုက်တာ အရင်အသံတိတ် သပိတ် တွေကတော့ ဆိုင်ပိတ်ခဲ့ပါတယ်၊ ပြောချင်တာက ကျနော်တို့ ဆိုင်ဖွင့်မယ်၊ ဒါပေမယ့် ဈေးမရောင်းပါဘူး၊ အဲဒီလိုပဲ ပြည်သူတွေလည်း ဈေးဆိုင်တွေမှာ ဈေးဝယ်မထွက်ကြဘဲ နေရင်တော့ အကောင်းဆုံးပါပဲ”ဟု ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်လုံးကျွတ် အသံတိတ်သပိတ်တွင် မပါဝင်စေရန် ဆိုင်များနှင့် ဒေသခံများကို အရေးယူမည် ဆိုသည့် ဆိုင်ဘုတ်များကို ဇန်နဝါရီ ၂၈ ရက်နေ့မှစတင်၍ ဆိုင်းဘုတ်ထောင်၍ အသိပေးကြေညာ ထားသည်ကို တွေ့ရသည်။
“ကျနော်တို့က နှစ်ဖက်ကြောက် ကြောက်နေရတယ်၊ တဖက်က ဆိုင်မဖွင့်နဲ့၊ တဖက်ကလည်း ဆိုင်မဖွင့်ရင် အရေးယူ မယ်ဆိုပြီး သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်၊ ဆိုင်ပိတ်ပြန်ရင်လည်း ဖြစ်ပေါ်လာမယ့် အကျိုးဆက်က မတွေးဝံစရာ၊ အခန့်မသင့်ရင် လူပါအဖမ်းခံရ နိုင်တယ်၊ အဲဒီတော့ ဖွင့်မလား၊ ပိတ်မလား စဉ်းစားရ အတော်ခက်တယ်”ဟု မြစ်ကြီး နားမြို့မှ ဖုန်းနှင့် ဖုန်းအပိုပစ္စည်းဆိုင်ဖွင့်လှစ်ထားသူ တဦးက ပြောသည်။
ထိုသို့ ဆိုင်းဘုတ်ထောင် အသိပေးရာတွင် ဥပဒေအရ အရေးခံရနိုင်သည့် ပုဒ်မများနှင့် အမြင့်ဆုံး ပြစ်ဒဏ်များကို ထည့်သွင်း ရေးသားထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ထောင်ဒဏ် ၇ နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ထောင်ဒဏ် ၃ နှစ်၊ အီလက်ထရော နစ် ဥပဒေ ထောင်ဒဏ် ၇ နှစ်တို့ဖြင့် အရေးယူခံရနိုင်ကြောင်း ပါရှိသည်။
မန္တလေးမြို့ခံ ရှေ့နေတဦးက “အသံတိတ်သပိတ် လုပ်ရုံနဲ့ အကြမ်းဖက်ဥပဒေ ငြိစွန်းပါ့မလား၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ နဲ့လည်း ငြိစွန်းသလား၊ ဒါကို ပြန်စဉ်းစား သုံးသပ်ရမှာပေါ့၊ အသံတိတ်သပိတ်မှာ ပါတာနဲ့ ဒီပုဒ်မတွေနဲ့ မငြိစွန်းတာကို သိသိကြီးနဲ့ နည်းမျိုးစုံ သုံးပြီးတော့ ပြည်သူကို ခြိမ်းခြောက်တာလို့ပဲ မြင်တယ်၊ အာဏာကို အလွဲသုံးစား လုပ်ပြီးတော့ ပြည်သူကို ခြိမ်းခြောက်နည်းမျိုးစုံနဲ့ ဥပဒေပုဒ်မတွေ တပ်ပြီးတော့ လုပ်တယ်လို့ သုံးသပ်ပါတယ်”ဟု မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေတဦးက ပြောသည်။
ယခုအခါ စစ်ကောင်စီအနေဖြင့် ပြည်လုံးကျွတ် အသံတိတ်သပိတ် ကို အကြောင်းပြကာ ဇန်နဝါရီ ၂၇ ရက်မှ စတင်၍ မန္တလေးမြို့ပေါ်ရှိ ဈေးဆိုင်နှင့် စားသောက်ဆိုင်အချို့ကို ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နေရာ Facebook တွင် အသံ တိတ်သပိတ်ပြုလုပ်ရန် လှုံဆော်သည်ဟုဆိုကာ မန္တလေး ဖက်ထမင်းဆိုင်၊ ဆရာဂျီး မုန့်ဟင်းခါး၊ SIP Café Club ၊ Royal Boots Sneaker ဖိနပ်ဆိုင်၊ ထိုးမုန့်ဆိုင်၊ ပြင်ဦးလွင်မြို့ မောဓနုဆိုင်များကို ဝင်ရောက်စီးနင်းမှုများ ပြုလုပ် ထားသည်။
“မိမိရဲ့ နိုင်ငံသားအခွင့်အရေးအရ လုပ်တာကို ဖမ်းဆီးတာမျိုးကတော့ ဥပဒေမဲ့ ရမ်းကားကြတာလို့ပဲ ပြောချင်တယ်၊ စကစ က ပြောနေတာက ဖေဖော်ဝါရီ ၁ ရက်နေ့ပေါ့၊ အဲဒီမတိုင်ခင် ဖမ်းဆီးတာမျိုးကတော့ သူတို့ကိုယ်တိုင် သူတို့ ထုတ်ပြန်တဲ့ ဥပဒေကို လေးစားလိုက်နာမှု မရှိတာပဲလို့ မြင်တယ်”ဟု တရားလွှတ်တော်ရှေ့နေတဦးက သုံးသပ် သည်။
ဆရာဂျီးမုန့်ဟင်းခါးဆိုင်ပိုင်ရှင် အသက် ၅၀ခန့် အမျိုးသားမှာ အသံတိတ်သပိတ်ကို အားပေးထောက်ခံခြင်း၊ ဆူပူ ဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခဲ့ခြင်း၊ စစ်ခေါင်းဆောင်များကို ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားလှုံဆော်ဖြန့်ဝေ ခြင်း၊ PDF များအား ငွေကြေးထောက်ပံခြင်း စသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသလို ဖက်ထမင်းဆိုင် ဝန်ထမ်း ၁၀ တန်းကျောင်းသူ တဦးကိုလည်း Facebook တွင် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြပြီး ဖေဖော်ဝါရီ(၁) ရက်တွင် အသံတိတ်သပိတ် ပြုလုပ်ရန် လှုံဆော်သည်ဟူသော စွပ်စွဲချက်ဖြင့် အမှတ်(၆)ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများက အများပြည်သူကို အသံတိတ်သပိတ်တွင် ပါဝင်ခြင်း မပြုရန် လိုက်လံခြိမ်းခြောက်နေသလို ဖမ်းဆီးဖိနှိပ်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်နေသည်။
Irrawaddy News
ဒီပဲယင်းအနောက်ခြမ်းတွင် နေအိမ် ၁၂ လုံး မီးရှို့ခံရ၊ ဒေသခံထောင်ချီ ထွက်ပြေးရ
သိုလှောင်ထားသည့် စပါးတင်းရာချီ အပါအဝင် နှစ်ထပ်အိမ်များနှင့် ထွန်စက်၊ စက်ချုပ်ခုံများ မီးရှို့ ဖျက်ဆီးခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာနှစ်ရွာတွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီးနောက် နေအိမ် ၁၂ လုံး မီးရှို့ဖျက်ဆီးခံရပြီး ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအချို့ထံမှ သိရသည်။
ဒီပဲယင်းမြို့အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ဝပါကျေးရွာကို ယမန်နေ့တွင် အင်အား ၈၀ ခန့်ပါ စစ်တပ် ဝင်ရောက်လာပြီး နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ (ဇန်နဝါရီ ၃၁) တွင် အနီးရှိ ငဝဲတောကျေးရွာရှိ နေအိမ် ၇ လုံးကို ထပ်မံမီးရှို့သည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ပ.က.ဖ) အဖွဲ့ဝင် ကိုလင်းယုန်ဆိုသူက ပြောသည်။
“မနေ့က ဝပါမှာ တပ်ဆွဲတယ်၊ တပ်ဆွဲပြီးတော့ မနက်ခင်း ၇ နာရီလောက်မှာ မှန်သာ၊ ငဝဲတောဘက်ကို ဖိလာတယ်။ မှန်သာကနေပြီးတော့ ငဝဲတောကို ရောက်ရောက်ချင်းမှာပဲ သူတို့ အိမ်တွေကို စပြီးတော့ မီးရှို့တာပဲ” ဟု ဇာမဏီအမည်ရ ပြောက်ကျားတပ်အဖွဲ့ဝင်လည်းဖြစ်သူ ၎င်းက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းကြောင့် ဒီပဲယင်းအနောက်ခြမ်းရှိ ငဝဲတော၊ ဝသာ၊ မှန်သာ၊ သပြေသာ၊ အင်ဘုတ်၊ ဝန်းရံ၊ ကုန်းရိုး၊ ဆပ်ပြာကျင်း ကျေးရွာများမှ ထောင်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ကိုလင်းယုန်က ဆက်ပြောသည်။
ဝသာကျေးရွာနှင့် မှန်သာကျေးရွာအကြားတွင် စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ ပ.က.ဖအဖွဲ့က လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး မှန်သာကျေးရွာမှ ငဝဲတောကျေးရွာအကြားတွင်လည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်သည်ဟု ဆိုသည်။
“ကျွန်တော်တို့က ပြောက်ကျားစနစ်ကို အခြေခံတာဖြစ်တဲ့အတွက်ကြောင့် Battle (ရင်ဆိုင်တိုက်ပွဲ) ကိုတော့ မဆိုင်ပါဘူး။ ဖောက်ခွဲရေးအပိုင်းကိုပဲ ဦးစားပေးလုပ်ပါတယ်။ မနေ့ကတော့ မုန့်ဟင်းခါးနှစ်ပွဲ ရပါတယ်” ဟု ကိုလင်းယုန်က ပြောသည်။
စစ်တပ်က ကာလတန်ဖိုး ကျပ်သိန်း ၅၀ ရှိ စပါးတင်း ၅၀၀ အပါအဝင် ထွန်စက်တစ်လုံးနှင့် နှစ်ထပ်အိမ်ကို မီးရှို့ဖျက်ဆီးသွားသည်ဟု ငဝဲတောကျေးရွာမှ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့က စစ်ကြောင်း သုံးကြောင်းခွဲပြီးတော့ ရွာကို သေနတ်တွေ ပစ်ဖောက်ဝင်လာကတည်းက ကျွန်တော်တို့ကလည်း ကြောက်တော့ ထွက်ပြေးကြရတော့တာပေါ့” ဟု ၎င်းက ဆိုသည်။
“စကားလုံးနဲ့ မပြောတတ်အောင်ကို ဖြစ်နေတယ်။ ဒီကောင်တွေက သက်သက်ယုတ်မာလွန်းလို့။ မရှိမဲ့ရှိမဲ့ စုဆောင်းထားတာလေးတွေ အကုန်ဆုံးရှုံးလိုက်ရတာပါ။ ဘယ်တော့မှ မကျေနပ်ပါဘူး” ဟု အဆိုပါ ရွာခံအမျိုးသားက ဆက်ပြောသည်။
စစ်တပ်ဝင်လာစဉ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ နှစ်ထပ်အိမ်အပါအဝင် စပါးတင်း ၁၀၀ သိုလှောင်ထားသည့် စပါးကျီ၊ စက်ချုပ်ခုံနှစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ငဝဲတောရွာမှ အသက် ၂၄ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“အခု မီးရှို့ခံရတဲ့ အိမ်မှာဆိုရင် အစ်မအမျိုးသားနဲ့ သားအမိနှစ်ယောက်ပဲရှိတယ်။ ကျွန်မတို့ အိမ်မှာဆိုရင် သားအမိ သုံးယောက်ပဲရှိတယ်။ အဖေ မရှိဘူး။ ယောက်ကျားသား မရှိဘူးရှင့်၊ လုံးဝကို PDF နဲ့ ဘာမှ မသက်ဆိုင်ပါဘူးရှင့်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီစစ်ကြောင်းမှာ ငဝဲတောကျေးရွာနှင့် သုံးမိုင်ကျော် ကွာဝေးသည့် အင်ဘုတ်ကျေးရွာသို့ ဆက်တက်သွားပြီး အင်ဘုတ်ရွာ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့ မဟာမိတ်တွေကတော့ အဲဒီဘက်မှာ ဖြတ်တောက်တိုက်ခိုက်ဖို့ လုပ်တယ်။ ဒါပေမဲ့ သူတို့ဆီမှာက Jammer (အသံလှိုင်းဖြတ်စက်) ပါပုံပေါက်တယ်ဗျ။ တစ်ချို့ဟာတွေက ပွိုင့်ထဲဝင်ပေမဲ့ မကွဲဘူး” ဟု ဒီပဲယင်းမြို့နယ် ပ.က.ဖ အဖွဲ့ဝင် ကိုလင်းယုန်က ပြောသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကို ၂၀၂၁ နိုဝင်ဘာ ၈ မှ စတင်ပြီး စစ်ရဟတ်ယာဉ် ခြောက်စီးဖြင့် အင်အားသုံးတိုက်ခိုက်နေပြီး နယ်မြေစိုးမိုးမှုရရှိနိုင်ရန် အစွမ်းကုန် ကြိုးစားနေသည်။
ဒီပဲယင်းမြို့နယ်ကိုသာမက ရွှေဘိုခရိုင်အတွင်းရှိ ရေဦး၊ ခင်ဦး မြို့နယ်များကိုလည်း ကြည်းတပ်၊ လေတပ်များဖြင့် ဇန်နဝါရီ ၁၄ မှစ၍ စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး ဒေသခံကျေးရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
Myanmar Now News
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ
အကြမ်းဖက်စစ်အာဏာရှင်တို့၏ အက်ကြောင်းများကို တွေ့မြင်နေရသည်။ အပျက်အစီး အသေအပျောက်များခဲ့ပြီး လူသစ်စုဆောင်းရေးအတွက် ရုန်းကန်နေရသည်။ အကြမ်းဖက်စစ်အာဏာရှင်၏ တရား၀င်မှုအတွက် အဆက်မပြတ်တောင်းဆိုနေမှုကို ရပ်တန့်၍ မရနိုင်သော နွေဦးတော်လှန်ရေးသည် ဖြုတ်ချနိုင်သောကြောင့် အကြမ်းဖက်စစ်အာဏာရှင်ကို ထောက်ခံမှု ယခင်ထက်နည်းပါးလာသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အဆိုအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း အကြမ်းဖက်တပ်သား ၁၆၀ ကျဆုံးခဲ့သည်။
အကြမ်းဖက်စစ်တပ်သည် ရာထူးအလတ်တန်းစား စစ်သည်များ၏ ဇနီးများနှင့် အသက် ၁၅ နှစ်အထက် သားသမီးများအား မသင်မနေရ စစ်သင်တန်းတက်ရောက်စေကာ လူသစ်စုဆောင်းရေး နည်းဗျူဟာများကို အတင်းအကြပ် တိုးမြှင့်လုပ်ဆောင်နေချိန် စစ်ကူများ ထပ်မံစေလွှတ်သောကြောင့် အသေအပျောက်များ ဆက်လက်တိုးလာနေသည်။ တိုက်ပွဲများအတွင်း ကလေးသူငယ် အသုံးပြုခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။ စစ်အာဏာရှင်မှ ဥပဒနှင့်မညီသော လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေသကဲ့သို့ အကြမ်းဖက်တပ်သားများသည် မကြုံစဖူးသော နှုန်းဖြင့် ကျဆုံးနေသည်။ ထိုအချက်ကိုတုံ့ပြန်ရန် အကြမ်းဖက်စစ်တပ်သည် စစ်မှုထမ်းဟောင်များကို အသုံးချ၍ တော်လှန်ရေး လှုပ်ရှားမှုကို တိုက်ဖျက်ရန် ကြိုးပမ်းခဲ့သည်။ စစ်သားနှင့် ရဲတပ်ဖွဲ့၀င် ၈၀၀၀ ကျော်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါ၀င်ခဲ့ပြီး ခန့်မှန်ခြေ တပ်သား ၂၀၀၀ ကျော်သည် တပ်မှထွက်ပြေးနေကြပြီး ထိုထက်မက အကြမ်းဖက်စစ်တပ်ကို စွန့်ခွာရန် စဥ်းစားနေကြသည်။ NUG သည် ပြည်သူနှင့် ပူးပေါင်းလာသော တပ်သားများကို အကာအကွယ်ပေးထားသည်။
အကြမ်းဖက်စစ်တပ်၏ လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်မှုများသည်နှင့် လေကြောင်းတိုက်ခိုက်မှုအပေါ် မှီခိုအားထားမှုသည် တပ်မတော်နှင့် ပြည်သူကြားတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ရှုံးနှိမ့်ခြင်း ဖြစ်သည့်အပြင် အားနည်းသည့် လက္ခဏာတစ်ရပ်လည်း ဖြစ်သည်ဟု ကျွမ်းကျင်သူများ ယူဆကြသည်။ မည်သို့ပင်ဆိုစေကာမူ အကြမ်းဖက်စစ်တပ်မှ အပြစ်မဲ့အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် နယ်စပ်ဒေသများနှင့် အနီးအနားရှိ မြို့နယ်အသီးသီးသို့ ထွက်ပြေးတိမ်းရှောင်ရသောကြောင့် ဒုက္ခသည် အကျပ်အတည်းကို ဖန်တီးပေးလျက်ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း အစည်းအ၀ေးတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Noeleen Heyzer မှ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို တုံ့ပြန်ရာတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန် ထိုင်းနိုင်ငံအား တောင်းဆိုခဲ့သည်။ ယခုအခါ နိုင်ငံတွင်း၌ အကူအညီလိုအပ်နေသော လူပေါင်း ၃ သန်းကျော်ရှိပြီး ၎င်းတို့၏ အခြေခံအခွင့်အရေးများနှင့် ရှင်သန်ရပ်တည်ရေးအတွက် ပြင်းပြင်းထန်ထန် ဆုံးရှုံးနေကြရသည်။ အထောက်ပံ့ အကူညီလိုသူ အများစုမှာ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။
နိုင်ငံတကာအသိုက်အဝန်းက အချိန်နှင့်အမျှ တုံ့ပြန်ဆောင်ရွက်နေချိန်တွင် မြေပြင်ပေါ်ရှိပြည်သူများ ဒုက္ခရောက်နေကြပါသည်။ စစ်အစိုးရသည် ကျယ်ပြန့်သော တာဝန်ခံမှုကို ရှောင်တိမ်းနေဆဲဖြစ်ပြီး ရလဒ်အနေဖြင့် ၎င်းတို့၏ ထိုးစစ်များကို ရပ်တန့်ရန် ပျက်ကွက်ခဲ့သည်။ ယင်းအစား၊ ၎င်းတို့သည် ခုခံချေပမှုအားလုံးကို စရိတ်စကဖြင့် ချေမှုန်းရန် ၎င်းတို့၏ တပ်ဖွဲ့များကို တိုးချဲ့ရန် သန္နိဋ္ဌာန်ချထားပါသည်။ ကမ္ဘာ့ခေါင်းဆောင်များသည် ရည်ရွယ်ချက်ရှိရှိနှင့် အရေးတကြီးလုပ်ဆောင်ကြရမည်ဖြစ်သည်။ စစ်အစိုးရ၏ ရာဇ၀တ်မှုများတွင် ကျူးလွန်ခံရသူများနှင့် မိသားစုများစွာတို့သည် တရားမျှတမှုနှင့် ထိုက်တန်ကြောင်း ကြားနာရမည်ဖြစ်သည်။
နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အချိန်နှင့်အမျှ တုံ့ပြန်ဆောင်ရွက်ရန် တုံ့ဆိုင်းနေချိန် မြေပြင်ပေါ်မှ ပြည်သူများ ဒုက္ခရောက်နေကြသည်။ အကြမ်းဖက် စစ်အာဏာရှင်သည် ကျယ်ပြန့်သောချိုးဖောက်မှုများအတွက် တာ၀န်ခံရန် ဆက်လက်တိမ်းရှောင်နေသောကြောင့် ၎င်းတို့၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်တန့်ရန် ပျက်ကွက်ခဲ့သည်။ ယင်းအစား အကြမ်းဖက်စစ်တပ်သည် ခုခံချေပမှုအားလုံးကို တက်နိုင်သမျှ ချေမှုန်းရန် ၎င်းတို့၏ တပ်ဖွဲ့များကို တိုးချဲ့ရန် သန္နိဋ္ဌာန်ချထားသည်။ ကမ္ဘာ့ခေါင်းဆောင်များသည် ရည်ရွယ်ချက်ရှိရှိဖြင့် အရေးပေါ် အရေးယူ ဆောင်ရွက်ရမည်ဖြစ်သည်။ အကြမ်းဖက်စစ်အာဏာရှင် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများတွင် ကျူးလွန်ခံရသူများနှင့် မိသားစုများစွာတို့သည် တရားမျှတမှုနှင့် ထိုက်တန်ကြောင်း ကြားနာရမည်ဖြစ်သည်။
တိုင်းရင်းသားဒေများရှိ ပဋိပက္ခများ
ချင်းပြည်နယ်
ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်တပ်အပေါ် ခုခံဆန့်ကျင်မှုများ ပြင်းထန်နေဆဲဖြစ်သည်။ ချင်းလူမျိုး ၈၉၂ ဦးဖမ်းဆီးခံရခြင်းအပြင် သတ်ဖြတ်ခြင်းနှင့် ဥပဒေမဲ့သေဆုံးမှု ၁၈၀ ကျော်ကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ မှတ်တမ်းတင်ထားသည်ဟု ထုတ်ပြန်ခဲ့သည်။ တပ်အင်အား ၁၅၀ ကျော်ကို တင်ဆောင်လာသော အကြမ်းဖက်စစ်တပ်အား ချင်းပြည်နယ်မြောက်ပိုင်း ဟိန်းဇိန်ရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲမှ တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။
အကြမ်းဖက်စစ်တပ်သည် ရာထူးအလတ်တန်းစား စစ်သည်များ၏ ဇနီးများနှင့် အသက် ၁၅ နှစ်အထက် သားသမီးများ ပါ၀င်သော လူသစ်စုဆောင်းရေး နည်းဗျူဟာများကို အတင်းအကြပ် တိုးချဲ့လုပ်ဆောင်လာကာ ချင်းပြည်နယ်သို့ စစ်ကူများ ထပ်မံစေလွှတ်သောကြောင့် အသေအပျောက်များ တိုးလာလျက်ရှိသည်။
အရပ်သားများအပေါ် ထိတ်လန့်ဖွယ်ကောင်းသည့် ရာဇ၀တ်များကို ကျူးလွန်ခဲ့သော အထောက်အထားများ ဆက်လက်ထွက်ပေါ်နေသည်။ ချင်းပြည်နယ် မတူပီမြို့နယ်တွင် အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား ၁၀ ဦးအား မသတ်ဖြတ်မီ ပြင်းထန်စွာ ညှဥ်းပန်းနှိပ်စက်သည့် လက္ခဏာများ တွေ့ရှိခဲ့သည်။ သေဆုံးသွားသူများထဲတွင် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦး လည်လှီးသတ်ဖြတ်ခံခဲ့ရသည်။ သတ်ဖြတ်မှုအတွက် မတူပီအခြေစိုက် ခြေမြန်တပ်ရင်း ၁၄၀ မှ တာ၀န်ရှိကြောင်း CHRO ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုးစစ်ဆင်တိုက်ခိုက်မှုများ တိုးလာခြင်းကြောင့် ခုခံတော်လှန်ရေး တပ်ဖွဲ့၀င်များကို ပိုမိုးဆိုးရွားလာမည့် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်ရန် တွန်းအားပေးခဲ့သည်။ “ပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် စစ်ဆင်ရေးများ ပိုမို လုပ်ဆောင်နိုင်ဖွယ် ရှိကြောင်း” ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။
ကရင်ပြည်နယ်
စစ်အာဏာရှင်၏ အကြမ်းဖက်မှုများကြောင့် ဒုက္ခသည်များနှင့် ပြည်တွင်း နေရပ်စွန့်ခွာ စစ်ပြေးရှောင်များ ဆက်လက်ထွက်ပြေးနေရသည်။ ပြီးခဲ့သည့်လအတွင်းမြေလှန်စနစ်ဖြင့် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံ ၅၀၀၀၀ နီးပါး နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေများရှိ အနီးအနားကျေးရွာများသို့ ဘေးကင်းရာသို့ထွက်ပြေး ခိုလှုံလာသော စစ်ဘေးရှောင်များ တိုးလာလျက်ရှိသည်။ ကရင်အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံအဖွဲ့အစည်းများသည် အရေးပေါ်လိုအပ်လျက်ရှိသော အမိုးအကာ၊ စားနပ်ရိက္ခာနှင့် အခြေခံတစ်ကိုယ်ရေသုံး ပစ္စည်များကို အရေးပေါ် တုန့်ပြန်ဆောင်ရွက်ပေးခဲ့သည်။
နယ်စပ်ဒေသတစ်လျှောက်တွင် ဒုက္ခသည် ၃၀၀၀ နှင့် ၅၀၀၀ ကြားရှိနေသည်။ ထွက်ပြေးတိမ်းရှောင်ရသည့် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အို ဒုက္ခသည်များသည် အစားအသောက်နှင့် သောက်သုံးရေသန့်အပါအ၀င် ဆေး၀ါးများလိုအပ်နေသည်။ အကြမ်းဖက် စစ်တပ်သည် ကရင်လက်နက်ကိုင်အဖွဲ့သာမက အပြစ်မဲ့အရပ်သားပြည်သူများကိုပါ လေကြောင်းနှင့် မြေပြင်တွင် မြေလှန်တိုက်ခိုက်နေသကဲ့သို့- ဇန်နဝါရီ ၁၃ ရက်တွင်လည်း စစ်ပြေးဒုက္ခသည်များ ခိုလှုံနေသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA အခြေစိုက်စခန်းကို လေကြောင်းမှ စီးနင်းတိုက်ခိုက်ခဲ့သည်။
ကယား(ကရင်နီ) ပြည်နယ်
အကြမ်းဖက် စစ်အာဏာရှင်၏ အောက်တွင် မည်သူမျှမလုံခြုံပါ။ ကယား (ကရင်နီ)ပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) မိမိတို့၏ အသက်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ဗုံးခိုကျင်းများ တူးထားကြရန် နိုးဆော် ထုတ်ပြန်ခဲ့သည်။ ထိုအရေးပေါ်ထုတ်ပြန်ချက်ကို ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် လူ ၇ ဦးသေဆုံးခဲ့သော စစ်ဘေးရှောင်စခန်း နှစ်ခုတို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ နမ့်မယ်ခုံမြို့တွင်လည်း အရပ်သားများကို တိုက်ရိုက်ပစ်မှတ်ထားသော လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေး၀န်ထမ်း (၃) ဦး သေဆုံးခဲ့သော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သေးသည်။ အကြမ်းဖက်စစ်တပ်သည် အရပ်သားနှင့် ခုခံတော်လှန်ရေးတပ်သားများကို ခွဲခြားမှုမရှိကြောင်း သတ်ဖြတ်နေသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရကြောင်း KSCC မှထုတ်ပြန်ခဲ့သည်။ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေပြီး ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများ တိုးလာနိုင်သည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ အဆိုအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၁၇ ရက်နေ့အကြား အကြမ်းဖက်စစ်တပ်မှ ပြည်နယ်တွင်း လေကြောင်းဖြင့် အနည်းဆုံး ၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။
မြိုင်တွင် ပိုက်ဆံမပေးသဖြင့် စစ်တပ်က ရေနံမှော်များကို မီးရှို့
ရေနံတွင်းအလိုက် ကျပ်နှစ်သိန်းမှ သုံးသိန်းအထိတောင်းရာတွင် ပိုက်ဆံမရသည့် ရေနံတွင်းများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဒေသခံ PDF ခေါင်းဆောင်နှစ်ဦးက ဆိုသည်
မကွေးတိုင်းအစွန်ဆုံး မြိုင်မြို့နယ်အတွင်းရှိ လက်ယက်တွင်းရေနံမှော်များကို စစ်တပ်က ယနေ့ (ဇန်နဝါရီ ၂၃) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင်နှစ်ဦးထံမှ သိရသည်။
မြိုင်နှင့် ပေါက်မြို့နယ်အကြားရှိ ကြက်စုအိုင်နှင့် သရက်ကန် ရေနံမှော်များကို စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် စီးနင်းပြီးနောက် ရေနံတွင်းအလိုက် ကျပ်နှစ်သိန်းမှ သုံးသိန်းအထိတောင်းရာတွင် ပိုက်ဆံမရသည့် ရေနံတွင်းများကို နံနက် ၁၁ နာရီဝန်းကျင်ကတည်းက မီးရှို့နေခြင်းဖြစ်ကြောင်း မြိုင် PDF ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဗိုလ် Cross ဆိုသူက ပြောသည်။
“အဲဒီနားက ဆီလှောင်တဲ့ခြံတွေ၊ (ရေနံ)ကျင်းတွေရော အကုန်ပတ်ရှို့နေတာ။ တော်တော်များတယ်။ မီးခိုးတွေကို လုံးလို့။ အခုထိပဲ။ မှော်တွေထဲမှာ (ရေနံ)ကျင်းတွေနဲ့ အိမ်တွေက တွဲလျက်တွေ။ ဘယ်လောက်လောင်လဲ အတိကျတော့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။
“ဒီကောင်တွေက အင်အားလည်းများတယ်။ ရွာသားတွေလည်း ပြေးနေရတယ်”
စစ်တပ်က မီးရှို့သဖြင့် သရက်ကန်ရေနံမှော်အနီးရှိ ဂါလံ ၅၀၀ မှ ၁၀၀၀ နီးပါး သိုလှောင်သည့် ခြံသုံးခြံ ပျက်စီးသည်ဟု သိရကြောင်း မြိုင် PDF တောင်းပိုင်းဇုန်တာဝန်ခံ ဗိုလ်ခွန်းချိမ့်ဆိုသူက Myanmar Now ကို ပြောသည်။
Img_1105.Jpg
“လက်ရှိကတော့ ၃ ခြံလောက် ပြောင်သွားပြီလို့ ပြောတယ်။ သူတို့တောင်းတဲ့ငွေကို ပေးပြန်ရင်လည်း နောက်ရောက်လာတဲ့တပ်က ထပ်တောင်းတယ်။ မပေးရင် မီးရှို့တယ်ဗျာ” ဟု ၎င်းက ပြောသည်။
မြိုင်မြို့နယ်တောင်ပိုင်းရှိ ကျောက်ခွက်ရေနံမှော်တွင်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရေနံ တစ်ပေပါ ငွေကျပ် တစ်သိန်းတောင်းရာ မပေးသည့် ရေနံတွင်း ၃၀ ခန့်ကို မီးရှို့ခဲ့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ချင်းတွင်းမြစ်အနောက်ဘက် ရေစကြို၊ ဆားလင်းကြီး၊ ပုလဲ၊ ပေါက် စသည့်မြို့နယ်များနှင့် ထိစပ်နေသည့် မြိုင်မြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းများခွဲ၍ ဇန်နဝါရီ ၁၀ ရက်ကတည်းက တစ်ရွာဝင်တစ်ရွာထွက် စီးနင်းနေခြင်းဖြစ်သည်။
ထိုသို့ စီးနင်းခံရစဉ်အတွင်း ကျေးရွာအချို့တွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ ဖောက်ထွင်းခိုးယူခံရခြင်း၊ ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းများလည်း ရှိသည်။
မြိုင်မြို့မြောက်ဘက် ၁၀ မိုင်ကျော်အကွာရှိ လက်ယက်မရွာတွင် စစ်တပ်က ဇန်နဝါရီ ၁၁ ရက်တွင် ဝင်ရောက်စီးနင်းပြီး တပ်စွဲခဲ့သည့် စစ်တပ်ပြန်ထွက်သွားပြီးနောက် မီးရှို့ခံထားရသည့် ရုပ်အလောင်းသုံးလောင်း တွေ့ရှိခဲ့သည်။
Myanmar Now News