ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ထန်တလန်မြို့တွင် စစ်တပ် မီးရှို့သည့် အိမ်ခြေ ၁၆၀၀ ကျော် ရှိလာ
စစ်ကောင်စီတပ်သာ ကျန်တော့သည့် ထန်တလန်တွင် ရှစ်လအတွင်း ၂၇ ကြိမ် မီးရှို့ခံရရာ မြို့ရှိ နေအိမ် သုံးပုံ၊ နှစ်ပုံ ပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၃၂ လုံးပါဝင်သည်။
ဒေသခံများ မြို့လုံးကျွတ်ထွက်ပြေးနေရပြီး စစ်ကောင်စီတပ်သာ အခြေစိုက်နေရာယူထားသည့် ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့တွင် ရှစ်လဝန်းကျင်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေ ၁၆၀၀ ကျော်ရှိလာသည်ဟု သိရသည်။
၂၀၂၁ စက်တင်ဘာမှ ယနေ့ (ဧပြီ ၂၅) အတွင်း ဒရုန်းဖြင့် ရိုက်ကူးထားသော မှတ်တမ်းများအရ နေအိမ် ၂၃၀၀ ကျော်ရှိ မြို့တွင် သုံးပုံနှစ်ပုံကျော် ပျက်စီးသွားခြင်းဖြစ်ကြောင်း ထန်တလန်မြို့ ပြန်လည်နေရာချထားရေး ဒေသခံကော်မတီဖြစ်သော Thantlang Placement Affairs Committee (TPAC) မှ တာဝန်ရှိသူ ဆလိုင်းလျှန်က ပြောသည်။
ထိုကာလအတွင်း စစ်တပ်က ၂၇ ကြိမ် မီးရှို့ခဲ့ပြီး ပျက်စီးမှုများထဲတွင် ခရစ်ယာန်ဘာသာရေးအဆောက်အအုံ ၃၂ ခုလည်း ပါဝင်သည်ဟု ၎င်းထံမှ သိရသည်။
“ထန်တလန်ပြည်သူလူထုရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို စစ်ရေးလှုပ်ရှားမှုမရှိဘဲ ဒီလိုမျိုးရှို့တာကိုတော့ လူမဆန်တဲ့လုပ်ရပ်လို့ ကျွန်တော်သုံးသပ်မိတယ်” ဟု ဆလိုင်းလျှန်က ပြောသည်။
ဒေသခံကာကွယ်ရေးအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဧပြီ ၂၂ ရက် ညနေ ၄ နာရီခန့်တွင် စစ်တပ်က TABC ရပ်ကွက်နှင့် လုံတဲလ်ရပ်ကွက်မှ နေအိမ် ၁၅ အိမ်ထက်မနည်းကို မီးရှို့ခဲ့ပြီး ယင်းမှာ TPAC ၏ လက်ရှိစာရင်းတွင် နောက်ဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းမှု တစ်နှစ်တင်းတင်းပြည့်ချိန် ယခုနှစ် ဖေဖော်ဝါရီ ၁ရက်မှစ၍ စစ်ကောင်စီကို ပြင်းထန်စွာ ခုခံမှုများရှိခဲ့သည့် ထိုမြို့တွင် တိုက်ပွဲလုံးဝမရှိဘဲ နှစ်ဖက်ပစ်ခတ်မှု အနည်းငယ်သာရှိသည်ဟု CDF-ထန်တလန် ပြောရေးဆိုခွင့်ရှိသူကလည်း ပြောသည်။
“သူတို့ (စစ်ကောင်စီ) စားစရာတွေမရှိတဲ့အခါကျရင် မြို့ထဲကို လှည့်တာပေါ့နော်။ အိမ်တွေကို ဖောက်ပြီးတော့ ပစ္စည်းတွေယူ၊ ဆန်ဆီအစားအစာတွေ အကုန်ယူပြီး အိပ်စရာစောင်တွေ ယူပြီးတော့ သူတို့ ဒီအိမ်က ယူစရာမရှိတော့ဘူးဆိုရင် အဲဒီအိမ်ကို မီးရှို့ပစ်လိုက်တာပေါ့” ဟု ၎င်းက ပြောသည်။
ထန်တလန်မြို့ပေါ်တွင် လူနေအိမ်မီးရှို့မှုမှာ ၎င်းတို့၏ လက်ချက်မဟုတ်ဟု အာဏာသိမ်းစစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။
သို့သော်လည်း နေအိမ် ၁၆၆ လုံး ဆုံးရှုံးခဲ့ရသည့် အောက်တိုဘာ ၂၉ ရက်ဖြစ်စဉ်တွင် မီးဘေးသင့်နေအိမ်များ နောက်ခံဖြင့် စစ်သားတစ်ဦး၏ ဓာတ်ပုံ Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့ဖူးသည်။
ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် ၂၅ မိုင်သာ ဝေးသည့် ထန်တလန်တွင် ၂၀၂၁၊ စက်တင်ဘာ ၁၈ ရက်က မြို့ပေါ်တိုက်ပွဲဖြစ်ခဲ့ရာ စစ်တပ်၏ လက်နက်ကြီးကြောင့် ပထမဆုံးအကြိမ် နေအိမ် ၁၉ လုံး မီးလောင်ပျက်စီးခဲ့ရသည်။
ထိုစဉ်က မီးငြှိမ်းရန် လာသည့် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပြီးနောက် ဒေသခံများ တစ်စတစ်စဖြင့် မြို့ကို စွန့်ခွာသွားကြသည်။
Thantlang.jpg
မူလက ထန်တလန်မြို့ပေါ်တွင် နေထိုင်သည့် ဦးရေ ၈,၀၀၀ မှ ၁၀,၀၀၀ ရှိ ဒေသခံတို့မှာ ယခုအခါ အိန္ဒိယ-မြန်မာနယ်စပ်ရှိ တောင်တန်းများတွင် စစ်ရှောင်နေကြရသည်ဟု TPAC ၏ အချက်အလက်များအရ သိရသည်။
ထန်တလန်မြို့နယ်အတွင်း နယ်စပ်တစ်နေရာတွင်ရှိသည့် ထိုစခန်းတွင် စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်နေသည့် ဒေသအချို့မှ စစ်ရှောင်များပါ ရောက်နေရာ စုစုပေါင်း စစ်ရှောင်ဦးရေ ၁၃၀၀၀ ခန့်ရှိနေပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည်ဟု ဆလိုင်းလျှန်က ပြောသည်။
ငြိမ်းချမ်းစွာဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ ဖွံ့ဖြိုးမှုအနည်းဆုံး တောင်တန်းဒေသ ချင်းပြည်နယ်သည် ရှေ့တန်းမှ ပါဝင်နေပြီး နယ်မြေကျွမ်းကျင်မှုကို အသုံးချ၍ စစ်တပ်ကို အခက်တွေ့အောင် ရင်ဆိုင်နိုင်ကြသည်။
ပြီးခဲ့သည့် တစ်နှစ်အတွင်း သံချပ်ကာယာဉ်များအပါအဝင် စစ်အင်အားများစွာ ပို့လွှတ်၍ စစ်ကောင်စီက နှိမ်နင်းရန် ကြိုးပမ်းနေသော်လည်း ချင်းပြည်နယ်အတွင်း ဒေသခံတို့၏ တော်လှန်မှု အရှိန်အဟုန်ဖြင့် ဆက်ရှိနေသည်။
Myanmar Now News
နှမ်းခါးရွာမှာ အလောင်းတစ်လောင်းတွေ့၊ သုံးဦး ပျောက်ဆုံးနေ
စစ်တပ်က တစ်လကြာတပ်စွဲပြီးနောက် ရွာကို မီးရှို့ကာ ပြန်လည်ထွက်ခွာ
ကျွန်းလှမြို့မှ ၁၅ မိုင်ခန့်အကွာ အိမ်ခြေ ၃၀၀ ခန့်ရှိ ကုန်းစည်းကျေးရွာကို စစ်တပ်က မတ်လကတည်းက တပ်စွဲထားခြင်းဖြစ်ကာ ပြန်ထွက်ချိန်တွင် မီးရှို့ခဲ့သော်လည်း ဒေသခံများ ဝင်ရောက်မီးငြှိမ်းသတ်နိုင်သောကြောင့် နေအိမ် ၁၀ လုံးခန့်သာ လောင်ကျွမ်းသည်ဟု သိရသည်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အနောက်ဖက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က တစ်လကြာတပ်စွဲပြီးနောက် ယနေ့ (ဧပြီ ၁၈) ပြန်လည်ထွက်ခွာချိန်တွင် မီးတင်ရှို့ထားခဲ့သည်ဟု ဒေသခံသုံးဦးထံမှ သိရသည်။
ကျွန်းလှမြို့မှ ၁၅ မိုင်ခန့်အကွာ အိမ်ခြေ ၃၀၀ ခန့်ရှိ ကုန်းစည်းကျေးရွာကို စစ်တပ်က မတ်လကတည်းက တပ်စွဲထားခြင်းဖြစ်ကာ ယနေ့ နံနက် ၆ နာရီတွင် ရွာကို မီးရှို့ကာ အင်အား ၂၀၀ နီးပါးရှိ စစ်သားများ ထွက်ခွာသွားသည်ဟု ဆိုသည်။
စစ်တပ်ပြန်ထွက်သွားစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံများ အချိန်မီ မီးငြှိမ်းသတ်နိုင်ခြင်းကြောင့် နေအိမ် ၁၀ လုံးသာ မီးလောင်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ ရွာသားတစ်ဦးက ပြောသည်။
“မနက် ၆ နာရီလောက်ကတည်းက မီးရှို့နေတာ။ (မနက်) ၈ နာရီလောက်မှာ မီးငြှိမ်းနိုင်လိုက်တယ်။ ဘာလို့လဲဆိုတော့ သူတို့ မီးရှို့ပြီး တစ်နာရီလောက်နေတော့ ထွက်သွားတာ။ သူတို့ (စစ်တပ်) ပြန်ထွက်သွားတော့ ကျွန်တော်တို့ ဝင်ငြှိမ်းတာ” ဟု အဆိုပါဒေသခံက ဆက်ပြောသည်။
ကပ်လျက်ရှိ ဝေလမူရွာကို စစ်ကောင်စီတပ်က မတ်လအတွင်း ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ် စီးနင်းပြီးနောက် ကုန်းစည်းရွာတွင် ဆက်လက်တပ်စွဲခဲ့ခြင်းဖြစ်သည်။
ဝေလမူရွာကိုလည်း စစ်တပ်က သင်္ကြန်ကာလအတွင်းဖြစ်သည့် ဧပြီ ၁၅ ရက်တွင် ထပ်မံမီးရှို့ကြောင်း ဒေသခံများက Myanmar Now ကို ယမန်နေ့တွင် ပြောဆိုထားသည်။
ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာ၌ PDF များ ရောက်ရှိနေကြောင်း သိရှိရ၍ ကျေးရွာ၏ တောင်ဘက်မှ ချဉ်းကပ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ လက်နက်များ သိမ်းဆည်းရမိကြောင်း ပြီးခဲ့သည့် မတ် ၁ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ် ၄ ရက်ကလည်း ရွာအနီး တိုက်ပွဲဖြစ်ပြီး ဝေလမူရွာကာကွယ်ရေးအဖွဲ့ဝင် အမျိုးသားနှစ်ဦး၏ အလောင်းများကို နောက်တစ်နေ့ ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှ သိရသည်။
စစ်တပ်က ပြန်ထွက်ခွာစဉ် ဖမ်းဆီးထားသည့် ကုန်းစည်းရွာမှ အမျိုးသားနှစ်ဦးကို စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားကာ ယနေ့ ညနေ၌ ရွာအနောက်ဘက် ငါးမိုင်အကွာတွင်ရှိ ခပေါင်းစုရွာတွင် တပ်စွဲထားသည်ဟု သိရသည်။
တပ်စွဲထားသည့် စစ်သားများသည် PDF များနှင့် ထိတွေ့ပစ်ခတ်ခြင်း မရှိဘဲ ရည်ရွယ်ချက်ရှိရှိ ကုန်းစည်းရွာကို မီးရှို့သည်ဟု ကျွန်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သည့် ဒေသခံနောက်တစ်ဦးက ပြောသည်။
“PDF တွေက စစ်သားတွေ ရွာထဲ တပ်စွဲထားပြီဆို ပစ်တာခတ်တာတွေ မလုပ်တာများတယ်။ ကျေးရွာကို မီးရှို့မှာရော၊ ပြည်သူလူထုထိခိုက်မှာရော စိုးရိမ်လို့ ဘာမှမလုပ်ဘူး။ PDF တွေ မပစ်တာတောင် ဒီအတိုင်း မီးရှို့နေတာ” ဟု ဆိုသည်။
ကျွန်းလှမြို့နယ်အနောက်ဘက်ခြမ်းတွင် အင်အားအလုံးအရင်းနှင့် စစ်ကောင်စီ စစ်ကြောင်းထိုးနေခြင်းကြောင့် မတ်လဆန်းမှစ၍ ယနေ့အထိ ကုန်းစည်းနှင့် ဝေလမူအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။
“မပြေးနိုင် မလွားနိုင်ဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေကို ဘုန်းကြီးကျောင်းမှာ ထားကြတယ်ဗျာ။ လူငယ်လူရွယ်တွေကတော့ ဘေးလွတ်ရာ အကုန်ထွက်ပြေးနေရတယ်ဗျ။ ကျွန်တော်တို့က သူတို့လုပ်သမျှ ခံနေရတာ။ တောတွေထဲ ပြေးလွှားနေရတာ။ စားဝတ်နေရေးကအစ အဆင်မပြေတော့ဘူးဗျာ” ဟု ကုန်းစည်းရွာမှ သုံးမိုင်အကွာရှိ ဦးသျှစ်ကုန်းရွာ ဒေသခံတစ်ယောက်ကလည်း ပြောသည်။
အာဏာသိမ်းစစ်ကောင်စီက မတ်လဆန်းပိုင်းမှစ၍ အင်တာနက်ဖြတ်တောက်ပြီး စစ်ကိုင်းတိုင်းရှိ မြို့ရွာများကို ဆက်တိုက်ဝင်ရောက်စီးနင်းကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။
စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် အိမ်ခြေ ၉၀၀၀ ကျော် ပျက်စီးခဲ့ရာ ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း စစ်ကောင်စီလက်ချက်ဖြင့် ထိခိုက်ပျက်စီးမှုများကို စာရင်းပြုစုနေသော Data for Myanmar အဖွဲ့က ဧပြီ ၁၄ တွင် ထုတ်ပြန်ထားသည်။
Myanmar Now News
အပတ်စဉ်ထုတ်ပြန်ချက် ဧပြီလ ၁၁ မှ ၁၇ အထိ ၂၀၂၂
အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဧပြီ ၄ မှ ဧပြီ ၁၀ ရက်နေ့ထိ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာစစ်တပ်သည် တရားဥပဒေစိုးမိုးရေးနှင့်လူ့အခွင့်အရေးကို အရေးမစိုက်ကြောင်း ထင်ရှား မောက်မာစွာ ပြသခဲ့သည်။ ၎င်းတို့၏ အောင်မြင်မှုမရှိသော အာဏာရရန်ကြိုးပမ်းမှု၏ အကျိုးဆက်ကို ရင်ဆိုင်ရမည်။ နိုင်ငံတကာ၏ အရေးယူ တုံ့ပြန်လုပ်ဆောင်မှုသည် ကြာမြင့်နေပြီဖြစ်သည်။
ပြည်သူကိုစစ်ဆင်နွှဲနေသောကြောင့်
ကလေး ၃ နှစ်ပြည့်မွေးနေ့တွင် ဖမ်းဆီးခံရသည့် ရန်ကုန်မှ သားအမိ
တစ်ကိုယ်ရေမိခင်ကို ဖမ်းပြီး နာရီပိုင်းအကြာတွင် သူ၏ ၃ နှစ်သားကို မူကြိုကျောင်းတွင် သွားရောက် ဖမ်းဆီးခဲ့သည့် စစ်ကောင်စီက ထိုဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။
ဧပြီ ၅ ရက်နေ့သည် မူကြိုကလေး မောင်သန့်ဘုန်းဝေယံ၏ မွေးနေ့ဖြစ်သောကြောင့် အလှူဒါနပြုရမည် မဝေ ဆုံးဖြတ်ခဲ့သည်။ သားကို တစ်ယောက်တည်း ကျွေးမွေးပြုစုရသည့် အသက် ၃၅ နှစ်အရွယ် တစ်ခုလပ်အမျိုးသမီးအတွက် ထိုနံနက်ခင်းက ကြည်နူးဖွယ်ပီတိ အတိဖြစ်ခဲ့လိမ့်မည်။
စစ်တပ်အာဏာသိမ်းမှုကို သူလည်း တစ်နိုင်ငံလုံးနီးပါးနှင့်အတူ ပါဝင်ဆန္ဒပြစဉ်က သားကလေးက ၂ နှစ်ပင် မပြည့်သေး။ ယခု ၃ နှစ်ပြည့်တွင်တော့ တိမ်းရှောင်နေရသည့်ကြားက တစ်ခုခုလုပ်ပေးရန် မဝေက ဆုံးဖြတ်ထားသည်ဟု သူနှင့် ဆွေမျိုးနီးစပ်တော်စပ်သော၊ လုံခြုံရေးအရ အမည်မဖော်လိုသော အမျိုးသားတစ်ဦးက ပြောသည်။
“အဖေမရှိဘဲ မွေးလာခဲ့ရတဲ့ သားလေး၊ ပထမဆုံးမူကြိုကျောင်းတက်နေရတဲ့ သားလေးရဲ့ ပထမဆုံးအကြိမ်ကျင်းပပေးရတဲ့မွေးနေ့၊ ဘယ်မိဘက ဂရုမစိုက်ဘဲ နေမလဲ” ဟု ထိုအမျိုးသားက ပြောသည်။
ဧပြီ ၅ ရက်နေ့သည် သူ့အတွက်ရော သူ့သားလေးအတွက်ပါ ဒုက္ခဆိုးနှင့် ကြုံတွေ့ရမည့်နေ့ဖြစ်လာတော့သည်။
ထိုနံနက်တွင် မဝေက မူကြိုကျောင်းကို ကြက်ဆီထမင်းထုပ်များ လှူခဲ့သည်။ ၁၁ နာရီဝန်းကျင်တွင် မဝေထံမှ သူ့နောက် စစ်ကောင်စီတပ် လိုက်နေသည့်အကြောင်း၊ ပစ်ခတ်နေသည့်အကြောင်း ကြားရပြီးနောက် မိသားစု၊ မိတ်ဆွေများနှင့် အဆက်အသွယ်မရတော့ပေ။ ဖမ်းဆီးခံရသည်မှလွဲ၍ တခြားမရှိဟု မိသားစုက မှတ်ယူလိုက်ကြသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် လူတစ်ယောက်ကို ဖမ်းပြီးလျှင် မိသားစုဝင်များကိုပါ ရှာဖွေ ဖမ်းဆီးတတ်၍ မဝေ၏ အသက် ၇၀ ကျော် မိဘများနှင့် ၃၀ အရွယ် မောင်ဖြစ်သူတို့သည် သိသိချင်း နေအိမ်စွန့်ခွာ ပြေးရသည်။
မောင်သန့်ဘုန်းဝေယံမှာ ငယ်ရွယ်လွန်းခြင်း၊ မူကြိုကျောင်းတွင် ရှိနေခြင်းအတွက် သူတို့ထက် ပိုမိုလုံခြုံသည့်အနေအထားတွင် ရှိခဲ့သည်။
သို့သော်လည်း ယခုမှ ၃ နှစ်ပြည့်သော၊ စကားပင် ပီပီသသမပြောတတ်သေးသော မောင်သန့်ဘုန်းဝေယံသည်လည်း လူကြီးများနည်းတူ အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို မည်သူမျှ မတွေးမိခဲ့ပါ။
နံနက် ၁၁ နာရီဝန်းကျင် အင်းစိန်၊ မဟာသုခိတာလမ်းတွင် မဝေမျက်နှာကို အဝတ်အုပ်၍ ဖမ်းဆီးပြီးနောက် စစ်တပ်က နေ့လယ်ခင်းတွင် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက် Best Choice မူကြိုကျောင်းဆရာမများ၊ သူငယ်ချင်းများနှင့်အတူ ရှိနေသည့် မွေးနေ့ရှင် မောင်သန့်ဘုန်းဝေယံကို သွားရောက် ဖမ်းဆီးခဲ့သည်။
မိခင်ဖြစ်သူ ဖမ်းဆီးခံရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် မောင်သန့်ဘုန်းဝေယံကို စောင့်ရှောက်သည့် အဘိုးအဘွား၊ ဆွေမျိုးများကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
မဝေသည် မိသားစုစားဝတ်နေရေးအတွက် ဦးဆောင်ရုန်းကန်ခဲ့သူဖြစ်သည်ဟု မိသားစုနှင့် ဆွေမျိုးနီးစပ်တော်သူက ပြောသည်။
“သူ့မိသားစုတွေဟာ အဓိကအားကိုးရာလည်း ဆုံးရှုံး၊ သူတို့အချစ်ဆုံးကလေးလေးလည်း ဆုံးရှုံး၊ သူတို့လည်း ပြေးလွှားရှောင်ရှားနေရလို့ အလွန်အမင်း စိတ်ထိခိုက်တုန်လှုပ်နေကြတယ်” ဟု သူက ပြောသည်။
“သူတို့လိုချင်တဲ့ မဝေ ရသွားပြီးပြီပဲ။ ကလေးကို ဖမ်းမိပြီးမှ မိခင်ကို ဖမ်းတာ ယုတ္တိရှိသေးတယ်”
လူအများအပြားကို ဖမ်းဆီးပြီးနောက် ညှဉ်းပန်းနှိပ်စက် မေးမြန်းစုံစမ်းသည့်နည်းမှာ မြန်မာစစ်ထောက်လှမ်းရေးတို့ သတင်းထောက်လှမ်းသည့် အဓိကနည်းလမ်း ဖြစ်သည်။
၃ နှစ်သားကို တကူးတကဖမ်းခေါ်သွားခြင်းမှာ မိခင်ဖြစ်သူကို စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ကာ ဖိအားပေး သတင်းနှိုက်ထုတ်လိုခြင်းကြောင့် ဖြစ်ဖွယ်ရှိသည်ဟု မိတ်ဆွေများက ယူဆကြသည်။
မဝေ၏ မိသားစုဝင်များမှာ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ကြသူများ မဟုတ်ပါ။ ဖခင်ဖြစ်သူက မော်တော်ယာဉ်မောင်းသည့် အလုပ်လုပ်ကိုင်ခဲ့သည်။
မဝေသည် ၁၀ နှစ်အရွယ် ပဉ္စမတန်းကျောင်းသူဘဝကတည်းက နှမ်းဖတ်ချဉ်ရောင်းသည့်နည်းနှင့် အိမ်အတွက် ဝင်ငွေကူရှာပြီး ကျောင်းတက်ရသည်ဟု သူ၏ ဆွေမျိုးတစ်ဦးက ပြောပြသည်။
နည်းပညာတက္ကသိုလ်မှ ဘွဲ့ရ၊ အိမ်ထောင်ကျပြီး ကိုယ်ဝန်အရင့်အမာကာလတွင် ခင်ပွန်းသည်က နောက်အိမ်ထောင်ပြုကာ ပိုင်ဆိုင်မှုများ ယူသွားသဖြင့် ကလေးမွေးချိန်တွင် လိုအပ်သည့် ကုန်ကျစရိတ်များအတွက် ငွေချေးခဲ့ရဖူးသည်ဟု သူက ဆက်ပြောသည်။
မောင်သန့်ဘုန်းဝေယံ ၅ လသားအရွယ်တွင် မဝေက ခေတ်စားနေသော အွန်လိုင်းမှ ပစ္စည်းအရောင်းအဝယ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်သည်၊ ပထမဆုံးရရှိသည့် ကျပ် ၂၅၀၀၀ တန် ဈေးအမှာ ၃ ခုဖြင့် ဘဝကို ပြန်လည်ထူထောင်ခဲ့သူဖြစ်သည်ဟု ဆွေမျိုးနီးစပ်တော်သူက ပြောသည်။
“အလုပ်ဖြစ်လာချိန်ကစပြီး မိဘနှစ်ပါးနဲ့ မောင်လေးကို သူပဲ ရှာကျွေးခဲ့တာ။ အိမ်ထောင်ကျတော့လည်း သူ့ယောက်ျားကို အိမ်မှာပဲ ထားပြီး သူပဲ လုပ်ကျွေးတာ၊ ထူးချွန်ထက်မြက်ပြီး ရိုးသားသူတက်ကြွသူ၊ မဟုတ်မခံသူဖြစ်တယ်” ဟု သူက ပြောပြသည်။
နိုင်ငံရေးလှုပ်ရှားမှု၊ နှစ်သက်ရာ ပါတီအရေး တက်ကြွလှုပ်ရှားမှု မရှိခဲ့သော မဝေသည် စစ်ဗိုလ်ချုပ်ကြီးများ အာဏာသိမ်းမှုကိုတော့ ဆန့်ကျင်သည်။
“အရမ်းရိုးရှင်းတဲ့သူပါ။ အခုခေတ်မှ တော်လှန်ရေးထလုပ်တဲ့ လူငယ်တွေလိုပဲ နိုင်ငံရေးမပါဘူး၊ ပါတီစွဲမရှိဘူး။ ဘာကြောင့်လုပ်လဲ၊ မလိုချင်လို့ လုပ်တာပဲ” ဟု မဝေ၏ မိတ်ဆွေက ပြောသည်။
ဖမ်းဆီးခံရပြီး ယနေ့ ၄ ရက်ကြာအထိ မဝေနှင့် သားကလေး မည်သည့်နေရာတွင် ရှိနေကြသည်ကို မိသားစု၊ မိတ်ဆွေများ မသိပါ။ စုံစမ်းဖို့အရေးပင် ခက်ခဲနေသည်။
“မိသားစုက လိုက်မယ်ဆိုလည်း မိသားစုကို ပြန်ဖမ်းမှာလားဆိုတာ ရှိသေးတယ်။ အသက်အရွယ်ကြီးမားတဲ့ အဘိုးကြီးတွေဆိုတော့ ပိုဆိုးသွားမှာ။ ကျဉ်းထဲကျပ်ထဲ ရောက်နေတာပေါ့ဗျာ” ဟု အထက်ပါ မိတ်ဆွေက ပြောသည်။
စိတ်ဓာတ်မာကျောသည့် အမျိုးသမီး ကြုံတွေ့နေရသည့်အခြေအနေကို မည်သူမျှ မသိနိုင်ချေ။
လများမကြာမီက ရိုက်ကူးထားသည်ဟု ယူဆရသည့် ဓာတ်ပုံတစ်ပုံကို Myanmar Now က ရရှိထားရာ ပုံထဲတွင် ကျန်းမာရေးကောင်းမွန်ပုံရသော သားအမိကို ပြုံးရွှင်စွာ တွေ့ရသည်။
စစ်ကောင်စီထုတ်ပြန်သော သတင်းများတွင် ထိုသားအမိကို ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး ဖော်ပြခြင်း မရှိသေးပေ။ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိုကလေးဖမ်းဆီးမှုသတင်းကို ပယ်ချထားသည်။
“အဓိပ္ပာယ်မရှိပါဘူးဗျာ၊။ လျှောက်ပြောနေတာ။ ဘယ်ကလေးကို ကျနော်တို့ ဖမ်းလို့တုန်း။ ဖမ်းဆီးမှုဖြစ်စဉ်လည်း မရှိဘူး” ဟု သူက ပြောဆိုကြောင်း ဝါရှင်တန်အခြေစိုက် RFA သတင်းဌာန၏ ဧပြီ ၇ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
သို့သော်လည်း လိုအပ်ချက်အရ ကလေးတချို့ကို ဖမ်းခဲ့ဖူးသည်ဟု ထိုဗိုလ်ချုပ်က ဇန်နဝါရီတွင် ပြောထားဖူးသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က ကလေးတချို့ကို ဖမ်းဆီးထားသော အချိန်တွင် အချို့သော ကလေးငယ်များမှာ လက်နက်ကြီးလက်နက်ငယ်နှင့် ပစ်ခတ်ခံရမှု၊ လေကြောင်းမှ ဗုံးကြဲမှုတို့ကြောင့် ထိခိုက်သေဆုံးနေကြရသည်။
မြန်မာနိုင်ငံဥပဒေ၊ နိုင်ငံတကာဥပဒေများတွင် ကလေးသူငယ်များကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ နောက်ဆုံး ကလေးများ၏ အနာဂတ်ဖျက်ဆီးမှုကို ကျူးလွန်လျှင်ပင် မည်သူမဆိုကို အရေးယူနိုင်ရန် အခိုင်အမာ အတိအလင်းပြဋ္ဌာန်းထားကြသည်။ သို့သော် အမိန့်ပေးသော ဗိုလ်ချုပ်ကြီးများနှင့် လက်တွေ့ကျူးလွန်သူ ၎င်း၏ တပ်မှာ ကင်းလွတ်နေသေးသည်။
အရပ်ဘက်အဖွဲ့အစည်းများက သေဆုံးသူ၊ ဖမ်းဆီးခံရသူ၊ ထိခိုက်နစ်နာသူစာရင်းများ မှတ်တမ်းပြုစုနေရာ ထိုစာရင်းများမှာ အချိန်ကြာလေ တိုးပွားလာလေသာ ဖြစ်သည်။
စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် သေဆုံးရသူများထဲတွင် ၁၈ နှစ်အောက် ၁၃၂ ဦး ရှိနေသည်၊ ၂၁၆ ဦး ဖမ်းဆီးခံထားရပြီး ထိုအထဲတွင် ၂ ဦး သေဒဏ်ချမှတ်ခံထားရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ဝေသော ဧပြီ ၈ ရက်နေ့မှတ်တမ်းအရ သိရသည်။
ထိုစာရင်းတွင် ချောက်မြို့နယ်၌ ကလေးသူငယ် ၂၀ ဦး ဖမ်းဆီးခြိမ်းခြောက်ခံရခြင်း၊ မတ် ၆ တွင် ပေါက်မြို့နယ်၌ ၄ နှစ်အရွယ် ကလေးငယ် လှံစွပ်ထိုးသတ်ခံရခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။
အဆိုပါ ဖြစ်ရပ်တိုင်းတွင် ပါဝင်ပတ်သက်သူများအားလုံးကို စုံစမ်းစစ်ဆေးဖော်ထုတ်ကာ တရားစီရင်နိုင်ရေး အစွမ်းကုန်ကြိုးစားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီက ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ခြင်း မရှိသေးပေ။
ဤအတောအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများ၊ လက်နက်ကိုင်ခုခံသူများ၊ အဆိုပါ ခုခံသူတို့နှင့် ဆက်နွှယ်သည်ဟု ယူဆရသူများ၊ NUG နှင့် ပတ်သက်ပြီး အွန်လိုင်းလူမှုကွန်ရက်တွင် အကောင်းဘက်မှ ရေးသားသူ၊ မျှဝေသူများကို ပစ်မှတ်ထား ဖမ်းဆီးနေသည်။
Myanmar Now News