ရခိုင်၌ ICRC ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်တန်း တိုက်ခိုက်ခံရ
By ထက်နိုင်ဇော် 28 June 2019 ရခိုင်ပြည်နယ် မြောက်ပိုင်း မြောက်ဦးနှင့် ကျောက်တော်မြို့နယ်ကြား မဟာမုနိလမ်းဆုံအနီး၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်းတခု ဇွန် ၂၇ ရက် ညပိုင်းက တိုက်ခိုက်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ယာဉ်တန်းသည် ICRC အဖွဲ့မှ ဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုခံရခြင်းဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ၎င်းက “ICRC ရဲ့ ထောက်ပံ့ပစ္စည်းတွေကို ရန်ကုန်ကနေ မောင်တောကို ပို့တဲ့ ကုန်ကား ၆ စီးကို မနေ့က ည ၈ နာရီခွဲ လောက် ကျောက်တော်၊ မဟာမုနိလမ်းဆုံနား ကျောက်ကြိုင်ရွာနားလေးက လမ်းမပေါ်မှာ […]
