တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ၃ပတ်အတွင်း လူ ၃၂ ဦး သေဆုံးဟု ကုလပြော
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲ မြန်မာစစ်တပ်နဲ့ ရခိုင် လက်နက်ကိုင် AA တပ်ဖွဲ့တို့အကြား အရှိန်မြင့်တက်လာနေတဲ့လတ်တလော တိုက်ပွဲတွေကြောင့် အရပ်သား ၃၂ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ပြော ခွင့်ရ Rupert Colville က ပြောပါတယ်။ မြန်မာ စစ်တပ်က နေ့တိုင်းလိုလို လူရှိရာ နေရာတွေမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေလို့ မတ်လ ၂၃ ရက်နေ့ကစပြီး အနည်းဆုံး လူ ၃၂ ယောက် သေဆုံးပြီး ၇၂ ယောက် ဒဏ်ရာ ရကြောင်း၊ အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်ကြောင်း၊ မြန်မာစစ်တပ်ဟာ နေအိမ်တွေနဲ့ ကျောင်းတွေကိုလည်း ဖျက်ဆီးခဲ့ကြောင်း သောကြာနေ့က ဂျီနီဗာမြို့မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ OHCHR […]
