ရိုဟင်ဂျာသိန်းချီ ထွက်ပြေးရတဲ့ ရခိုင်မြောက်ပိုင်း ရာဇဝတ်မှုတွေ အရေးယူနိုင်ရေး အမှုဖွင့်
ရခိုင်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ် အရေးယူနေပါတယ်ဆိုတဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်ချက်တချို့ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အကြံပြုချက်တွေအတိုင်း ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေး တရားစွဲဆိုမှုတွေ လုပ်ဆောင်နေပါတယ်လို့ မေလ ၁၅ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာတာပါ။ နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနဲ့ တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့မှာပါတဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်က နေရာ […]
