တပ်အရာရှိများ၏ကုမ္ပဏီအကျိုးစီးပွားများ ပြည်တွင်းစစ်ကို ပိုမိုတောက်လောင်စေဟုဝေဖန်
‘‘ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ခင်မောင်သန်းနဲ့ အခြားစစ်ဗိုလ်ချုပ်တွေဟာ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်ရမှာ ဖြစ်ပြီး အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်။ အခုတော့ အဲဒီ့အစား ဒီမိုကရေစီနည်းကျ ကြီးကြပ်မှုတွေ မရှိဘဲနဲ့ သူတို့ရဲ့ ပြည်သူ့ဝန်ထမ်းရာထူးတွေကတဆင့် ပုဂ္ဂိုလ်ရေးအကျိုးအမြတ်တွေ ရရှိခံစားနေကြတယ်” ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။ ကာကွယ်ရေးဘတ်ဂျက်နှင့် တပ်မတော် ပစ္စည်းဝယ်ယူထောက်ပံ့ရေးတို့အတွက် တာဝန်ရှိ တပ်မတော်အရာရှိများသည် တပ်ပိုင်စီးပွားရေးလုပ်ငန်းခွဲများ၏ ဦးဆောင်အခန်းကဏ္ဍများတွင် ပါဝင်ပတ်သက်နေခြင်းသည် ဆိုးရွားသော အကျိုးစီးပွားပဋိပက္ခ ဖြစ်ပြီး ပြည်တွင်းစစ် ရှည်ကြာစေရန် ၎င်းတို့အတွက် “ဘဏ္ဍာရေးဆိုင်ရာမက်လုံး” ဖြစ်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့တစ်ခုက ဝေဖန်လိုက်သည်။ “ဒီအကျင့်ပျက်ခြစားမှုနဲ့ အကျိုးစီးပွားပဋိပက္ခဟာ စနစ်ကျစီမံထားတာ ဖြစ်ပါတယ်” ဟု အဆိုပါ ရန်ကုန်အခြေစိုက် Justice For Myanmar လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က Myanmar […]
