ပြစ်မှုကျူးလွန်သူတပ်မတော်သားများကို အရေးယူနိုင်သည့်ကာလသတ်မှတ်ချက်ကို ပြင်ရန်ကြိုးစား
တပ်မတော်အက်ဥပဒေအရ တပ်မတော်သားတစ်ဦးသည် ပြစ်မှုကျူးလွန်ပြီး သုံးနှစ်ကျော်လျှင် စစ်တရားရုံးက ယင်းပြစ်မှုအတွက် အရေးယူစီရင်နိုင်ခြင်း မရှိပေ တပ်မတော်သားများ ပြစ်မှုကျူးလွန်ပါက သုံးနှစ်ကျော်လွန်ပြီးနောက် အရေးယူမရသည့် တပ်မတော်အက်ဥပဒေပါ ပုဒ်မကို ပြင်ဆင်ရန်ဥပဒေကြမ်းကို ယနေ့ (ဇူလိုင် ၁၅) ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ တပ်မတော်သားကိုယ်စားလှယ်က တင်သွင်းခဲ့သည်။ ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေပုဒ်မ ၁၂၅ (၁) တွင် တပ်မတော်သားတစ်ဦးသည် “ပြစ်မှုကျူးလွန်သည့် နေ့ရက်မှ သုံးနှစ်ကုန်ဆုံးသည့်အခါ ထိုပြစ်မှုအတွက် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို စတင်မပြုလုပ်ရ” ဟု ပြဋ္ဌာန်းထားသည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက ပြင်ဆင်လိုသည့်ဥပဒေကြမ်းတွင် အချိန်ကာလသတ်မှတ်ချက်သုံးနှစ်ကို ပြစ်မှုကျူးလွန်သည့်နေ့ရက်မှ စတင်ရေတွက်ခြင်းအပြင် နစ်နာသူနှင့် အရေးယူနိုင်သည့်အခွင့်အာဏာပိုင်က ပြစ်မှုကျူးလွန်မှု သို့မဟုတ် ပြစ်မှုကျူးလွန်သူကို စတင်သိရှိသည့် အစောဆုံးနေ့ရက်မှ စတင်ရေတွက်ရန် ဟူသည့် […]
