ရှမ်းမြောက်တွင် အရပ်သားသေဆုံးမှု လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
ကျောက်မဲမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လေးဦး၏ စုံစမ်းစစ်ဆေးမှုများအရ တပ်မတော်စစ်ကြောင်းက အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တပ်မတော်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ကျေးရွာသား တစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပေးရန် ကျောက်မဲမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များက ဇူလိုင် ၁ တွင် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားစာပို့ထားသည်။ ပြီးခဲ့သည့် ဇွန် ၂၇ နှင့် ၂၈ ရက်များတွင် ကျောက်မဲမြို့နယ် ၊ ဟဲကွီကျေးရွာအုပ်စုအတွင်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ဇွန် ၂၈ က ဟဲကွီကျေးရွာအုပ်စု ပန်ကျန်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီး အခြားရွာသားများ ထွက်ပြေးနေချိန် ရွာထဲတွင် ပုန်းအောင်းကျန်ရှိနေသည့် အသက် ၆၀ အရွယ် ဦးလုံးဆုကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က Myanmar […]
