မြန်မာရဲတပ်ဖွဲ့ကို ကူညီမှုရပ်ဆိုင်းဖို့ ဂျပန်အစိုးရကို HRW တိုက်တွန်း
မိုးမြင့်၊ ဝေမာထွန်း■ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပြီး အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာမရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကူညီထောက်ပံ့မယ့် အစီအစဉ်ကို ဂျပန်အစိုးရဘက်က ချက်ချင်းဖျက်သိမ်းသင့်တယ်လို့ နယူးယောက် မြို့ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီနေ့ ဇူလိုင် ၂၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေချိန်ကာလ အထိ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြပြီး ဂျပန်အစိုးရက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မော်တော်ယာဉ်နဲ့ ဆက်သွယ်ရေးသုံးပစ္စည်းတွေဝယ်ယူဖို့ အမေရိကန်ဒေါ်လာ ကိုးသိန်းသုံးသောင်း လှူဒါန်းမယ့် အစီအစဉ်ကို ဖျက်သိမ်းဖို့ HRW က တိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ HRW ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က မြန်မာရဲတပ်ဖွဲ့ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေသာမက […]
