မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ AAPPB နဲ့ မိတ်ဘက်အဖွဲ့တွေ ပူးပေါင်းထုတ်ပြန်
မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ AAPPB နဲ့ မိတ်ဘက်အဖွဲ့တွေ ပူးပေါင်းထုတ်ပြန် မြန်မာနိုင်ငံတဝန်း ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာတစောင်ကို AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်လိုက်ပါတယ်။ AAPP နဲ့ မိတ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ သုတေသနပြု ထုတ်ပြန်လိုက်ပြီး စာမျက်နှာ ၁၅၁ မျက်နှာပါတဲ့ ဒီအစီရင်ခံစာမှာ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် ဇူလိုင်လအထိ နိုင်ငံတဝန်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ပြီး သုံးသပ်ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပေမယ့်လည်း နိုင်ငံတွင်း တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အဲဒီလို ပဋိပက္ခတွေအတွင်း နေထိုင်နေကြတဲ့သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်ခံနေရဆဲ […]
