တရားမျှတမှု စာစောင် (စက်တင်ဘာလ ၂၀၂၀)
ယခုလအစပိုင်းတွင် ညီနောင် မဟာမိတ်များ အဖွဲ့များဖြစ်သော ကိုကန့်( MNTJP/MNDAA), တအာင်း (PSLF/TNLA), နှင့်ရခိုင့် တပ်မတော် (AA) မှ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲရေးကို နို၀င်ဘာ ၉ ရက် ၂၀၂၀ ခုနှစ်အထိ တိုးမြှင့်လိုက် ကြောင်း ကြေငြာခဲ့သည်။ ယခင် တစ်ဖက်သတ်အပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ကြေငြာချက်အရ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်လာပါက မိမိကိုယ်ကိုခုခံသောအနေဖြင့် တုံ့ပြန်ကာကွယ်သွားမည် ဖြစ်သည်။ သို့သော်ငြားလည်း လက်တွေ့ကျသော အပစ်ခတ်ရပ်စဲရေး နှင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော COVID-19 အားစုပေါင်း ရင်ဆိုင်ကျော် ဖြတ်ရာတွင် အထောက်အကူဖြစ်စေရန် ညှိနိုင်းဆွေးနွေး နိုင်ကြောင်းကိုလည်း ပြောဆိုထားသည်။ မြန်မာ့တပ်မတော်မှ လည်းတစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အောက်တိုဘာလကုန်ထိ တိုးမြှင့်ရန် ကြေငြာခဲ့သည်။ ယခင်ကဲ့သို့ပင် တိုက်ပွဲများဖြစ်ပွားနေသော ရခိုင့်တပ်မတော် (AA) ကိုချန်လှပ် ထားခဲ့သည်။ […]
