AA အဖွဲ့က ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ရွာသားများထံ ဆန်အတင်းအဓမ္မတောင်းယူ ကောင်းခံ
(ပလက်ဝမြို့ -၂၀၊ ၁၀၊ ၂၀၂၀) မကြာသေးမီရက်များအတွင်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် AA အဖွဲ့က ဒေသခံရွာသားများထံ ဆန်အတင်းဓမ္မတောင်းယူနေသည်ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးက ချင်းလူ့အခွင့် အရေးအဖွဲ့ထံ သတင်းပေးပို့သည်။ ၁၄၊ ၀၉၊ ၂၀၂၀ရက်နေ့မှစတင်၍ ပလက်ဝမြို့မှမြောက်ဘက် ကုလတန်မြစ်ကမ်းနဘေးမှာရှိတဲ့ ငရှားကျေးရွာ အုပ်စုအတွင်းမှ ကျေးရွာပေါင်း(၅)ခုထံ တစ်အိမ်ထောင်လျှင် ဆန်(၂)တင်းစီနှုန်းဖြင့် အတင်းဓမ္မတောင်းယူ ကောက်ခံနေ လျက်ရှိကြောင်း၊ ကောက်ယူ၍ရရှိသောဆန်များကို အဆိုပါကျေးရွာကပင် တစ်ရွာလျှင်လူ(၁၀)ဦး စီ ခေါ်ယူပြီး ၎င်းတို့စခန်းနှင့် နီးစပ်ရာတောတွင်း တစ်နေရာသို့သယ်ယူပို့ဆောင်ခိုင်းခဲ့ကြောင်း ထိုသူက ပြောသည်။ “AA တွေက စက်တင်ဘာလ (၁၄) ရက်ကနေ ဆက်ကြေးကောက်တယ် တစ်အိမ်ကို ဆန်နှစ်တင်းစီ ပေးရ တယ် လို့ သိရတယ် ဆန်ကို တစ်တင်းအတွက် ကျပ်(၁၀၀၀၀ ) တော့ ပြန်ပေးတယ်လို့ ပြောတယ် ပြီးတော့ ဆန်ကို ငသိန်းရွာအကျော်အထိ ထမ်းပို့ပေးရတယ်။ ထမ်းခ အနေနဲ့ တစ်တင်းအတွက် ကျပ်(၂၀၀၀) ပေးတယ် လို့ပြောပါတယ် ဆန်ကောက်တာက ငရှားရွာကနေ ရေချမ်းသာရွာတွေအထိ အကုန်ပါတယ်လို့ပြောကြတယ်” ဟု အဆိုပါရွာသားက ဆက်ဆိုသည်။ ရွာသားများသည် ဆန်တစ်အိတ်လျှင် ကျပ်ငွေ(၇၅၀၀၀)နှင့်ဝယ်ယူနေရသည့်အချိန်တွင် AA အဖွဲ့သားများကမူ ၎င်းတို့ ကောက်ယူတဲ့ဆန်တန်ဘိုးအတွက်ဟုဆိုကာ ဆန်တစ်အိတ်လျှင်ကျပ်ငွေ(၄၀၀၀၀)လောက်သာ ပြန်ပေး နေခြင်းသည် ရွာသားများကို […]
