TNLA ပေးတဲ့ အကြွေးနွံထဲနစ်ခဲ့ရတဲ့ မိုးကုတ်မြို့က အမျိုးသမီး
နန်းဆိုင်နွမ်။ ။ Honest Information ခန္ဓာကိုယ်တခုလုံး တလကျော်ကြာထိ ညိုမဲနေတဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ မပျက်ပြယ်သေးသလို ဒဏ်ရာကြောင့် မိခင်လည်း ဆုံးရှုံးခဲ့ရပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာ ၁၇ရက် နေ့လည်အချိန်တွင် မိုးကုတ်မြို့နေ အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်မြင့်ဌေး ကို တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA )မှ ဖမ်းဆီး ရိုက်နှက်စစ်ဆေးကာ ပြန်ပေးဆွဲ ငွေကျပ်သိန်း ၆၅၀ တောင်းဆိုခဲ့ပါတယ်။ ထိုငွေကျပ်သိန်း (၆၅၀) မပေးဆောင်နိုင်တဲ့အတွက် TNLA တပ်သား (၂) ဦးမှ ဒေါ်ခင်မြင့်ဌေးကို ဝါးပြားတုတ်ဖြင့် ရိုက်နှက်ခဲ့ပါတယ်။ သူမဟာ သား၊သမီး ၂ဦး ၊ တူ၊တူမ (၃)ဦးနဲ့ မိခင် အမေအိုကို ရှာဖွေကျွေးမွေးနေကာ မိန်းမသားတဦး လည်းဖြစ်တဲ့ […]
