Entries by ndb14

တပ်စစ်ကြောရေးအပြီး သေဆုံးသူ မြောက်ဦးဒေသခံကို နေရပ်ပြန်သယ်

By ဖြိုးသီဟချို2/07/2019 ရခိုင့်တပ်မတော်(AA) တပ်ဖွဲ့ဝင် သံသယဖြင့် တပ်မတော်က ဖမ်းဆီးစစ်ဆေးပြီးနောက် ယမန်နေ့က သေဆုံးသွားသည့် မြောက်ဦးဒေသခံ ကိုဇော်ဝင်းလှိုင်၏ ရုပ်အလောင်းကို မိသားစုက စစ်တွေဆေးရုံမှ နေရပ်သို့ ယနေ့ ပြန်လည် သယ်ဆောင်သွားသည်။

ရခိုင်၌ ICRC ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်တန်း တိုက်ခိုက်ခံရ

By ထက်နိုင်ဇော် 28 June 2019 ရခိုင်ပြည်နယ် မြောက်ပိုင်း မြောက်ဦးနှင့် ကျောက်တော်မြို့နယ်ကြား မဟာမုနိလမ်းဆုံအနီး၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်းတခု ဇွန် ၂၇ ရက် ညပိုင်းက တိုက်ခိုက်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ယာဉ်တန်းသည် ICRC အဖွဲ့မှ ဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုခံရခြင်းဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ၎င်းက “ICRC ရဲ့ ထောက်ပံ့ပစ္စည်းတွေကို ရန်ကုန်ကနေ မောင်တောကို ပို့တဲ့ ကုန်ကား ၆ စီးကို မနေ့က ည ၈ နာရီခွဲ လောက် ကျောက်တော်၊ မဟာမုနိလမ်းဆုံနား ကျောက်ကြိုင်ရွာနားလေးက လမ်းမပေါ်မှာ […]

မြန်မာနိုင်ငံ – ထွက်ပြေးတိမ်းရှောင်ရသူ တိုင်းရင်းသားလူထုများကို ပစ်ပယ်ထားခြင်းအားရပ်တန့်ပါ

ဤကာတွန်းဇာတ်လမ်းတိုကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထုတ်ပြန်ထားသည့် လက်နက်ကိုင်ပဋိပက္ခနှင့် ၎င်းနှင့်ဆက်စပ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဖြစ်ပေါ်သော ကာလရှည်ကြာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်မှုများအကြောင်းကို ရေးသားဖော်ပြထားသည့် အစီရင်ခံစာနှင့်အတူ တစ်ချိန်တည်း ထုတ်ပြန်ပြသခဲ့ခြင်း ဖြစ်ပါသည်။

,

မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးအခြေအနေများ ဆိုးရွားစွာ ဆက်လက်ဖြစ်ပေါ်နေသည်

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများထဲမှ ၉၄ မှုကို ND-Burma မှ မှတ်တမ်းတင်နိုင်ခဲ့သည် (နောက်ဆက်တွဲ ၃ ကို ကြည့်ပါ)။

ND-Burma မှ တနှစ် နှစ်ကြိမ်ထုတ်ဝေ၀ည့် အစီရင်ခံစာအရပဋိပက္ခများပြင်းထန် တိုးပွားလာခြင်းကြောင့် မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးအခြေအနေများ

ND-Burma မှ တနှစ် နှစ်ကြိမ်ထုတ်ဝေ၀ည့် အစီရင်ခံစာအရပဋိပက္ခများပြင်းထန် တိုးပွားလာခြင်းကြောင့် မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးအခြေအနေများဆိုးရွားစွာ ဆက်လက်ဖြစ်ပေါ်နေသည်။ ၂၀၁၈ ခုနှစ် ဧပြီလ ၁၉  ရက် သတင်းထုတ်ပြန်ချက် ၂၀၁၈ ခုနှစ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) အကြား ပြင်းထန် သည့် တိုက်ပွဲများ ဖြစ်ပွားသဖြင့်လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ ဆက်လက်ဖြစ်ပေ ါ်နေသည်ကို ND-Burma မှ တွေ့ရှိသည်။ အထူးသဖြင့် ကချင်နှင့် ရှမ်းပြည်နယ် တို့တွင် ဖြစ်ပြီး ND-Burma အဖွဲ့ဝင်များ အများ ဆုံး မှတ်တမ်းတင်နိုင်ခဲ့သည့် ဖြစ်ရပ်များ မှာလည်း အဆိုပါ ပြည်နယ် ၂ ခုမှ ဖြစ်သည်။ ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ရွာသားများနေထိုင်ရာသို့ မဆင်မခြင် ပစ်ခတ်ခြင်း နှင့် လေကြောင်းမှ […]

၀ါးခယ်မမြို့နယ် ငှက်ပျောချောင်း တိုက်နယ် အမှတ် (၂) ရဲစခန်းက ဖမ်းဆီးသွားပြီးနောက် ခြောက်ရက် အကြာတွင် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရသည့် အမျိုးသားတစ်ဦး၏ အမှုကို မိသားစုဝင်၏ တိုင်ကြားမှုကြောင့် လူ့အခွင့်အရေး ကော်မရှင် ကနဦး စတင်စစ်ဆေ

၀ါးခယ်မမြို့နယ် ငှက်ပျောချောင်းတိုက်နယ် အမှတ် (၂) ရဲစခန်းက ဖမ်းဆီးသွားပြီးနောက် ခြောက်ရက်အကြာတွင် ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့သည့် အမျိုးသားတစ်ဦး၏အမှုကို သေဆုံးသူ၏ မိသားစုဝင်က ရန်ကုန်မြို့သို့ လာရောက် တိုင်ကြားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဧပြီ ၆ ရက်တွင် ကနဦး စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ သိရသည်။သေဆုံးသူမှာ ဦးကျော်အေးဆိုသူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ် ဆူးတွင်းကျေးရွာအုပ်စုတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းအား ရပ်ကွက်အေးချမ်းမှုကို ထိခိုက်အောင် ပြုမူသည်ဟုဆိုကာ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ၀ါးခယ်မမြို့နယ် ငှက်ပျောချောင်းတိုက်နယ် အမှတ် (၂) ရဲစခန်းက ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့နောက် မတ် ၂၇ ရက်တွင် သေဆုံးသွားပြီဟု သတင်းရရှိသဖြင့် အလောင်းကို […]

အနန်းကွင်းတွင် အစိုးရစစ်သား ၂ ဦးက ရွာသား ၈ ဦးကိုပစ်သတ်မှုဖြစ်ပွား

မွန်သတင်းအေဂျင်စီ(ဧပြီ ၆) သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းမပေါ်ရှိ အနန်းကွင်းကျေးရွာ၌ ဧပြီလ ၄ ရက်နေ့ နံနက်စောေစောပိုင်းတွင် အစိုးရစစ်သား ၂ ဦးက ရွာသား ၈ ဦးကိုပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ခလရ (၃၃၉) တပ်သားနှစ်ဦးသည် နံနက်(၀၃:၃၀)အချိန်ခန့်တွင် ဆိုင်ကယ်တောင်းစီးရာမှ အငြင်းပွားပြီး အနန်းကွင်းကျေးရွာအတွင်း နေထိုင်သည့် အရပ်သား (၈)ဦးအား ပစ်သတ်ခဲ့ကြောင်း ကျိုက်မရော/မုဒုံသတင်းစုံ Facebook က သတင်းဖော်ပြသည်။ ထိုနောက် အနန်းကွင်းအခြေစိုက် စစ်ဗျူဟာရုံးမှ တပ်သားမြင့်ဝေကို ဖမ်းဆီးမိ၍ ကြာအင်းဆိပ်ကြီးမြို့သို့ ယမန်နေ့တွင် ပို့ဆောင်ခဲ့ပြီး တပ်သားြငိမ်းချမ်းအား အပူတပြင်းဆက်လက်ရှာဖွေလျှက်ရှိသည်။ ပစ်သတ်ခံမှုကြောင့် သေဆုံးသူများတွင် စောနောင်(၄၃) နှစ်၊ စိုးနောင်(၃၈) နှစ်၊ မျိုးနောင်(၃၅) နှစ် ၃ ဦးတို့မှာ ညီအစ်ကိုယ်ဟုယူဆရပြီး ဒေါ်မိရှမ်း(၃၈) နှစ်၊ မိပို(၃၆) နှစ်၊ […]

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ ဥက္ကဌ ကုလခန့်အပ်

နိုင်ငံတကာရာဇဝတ်ခုံရုံး တရားစီရင်ရေးမှာ နှစ်ပေါင်း ၃၀ ကျော်အတွေ့အကြုံရှိထားတဲ့ အမေရိကန်ရှေ့နေ Nicholas Koumjian ကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌအဖြစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ဧပြီလ (၂)ရက်နေ့ အင်္ဂါနေ့ ကခန့်အပ်လိုက်ပါတယ်။ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကတော့ အခုလို ခန့်အပ်မှုကို ကန့်ကွက်ကြောင်း ဗွီအိုအေကိုပြောပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက်အရေးယူနိုင်ရေး နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ Mr. Koumjian ကို မြန်မာကိစ္စမှာ ကုလသမဂ္ဂ တာဝန်ပေးလိုက်တာဟာ လေးနက်မှန်ကန်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ဗွီအိုအေကိုပြောပါတယ်။မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။အမေရိကန်နိုင်ငံသား Nicholas Koumjian ကို (Independent Investigative Mechanism) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား […]

ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ စစ်ခုံရုံး ဖွဲ့ စစ်မည်

By ဧရာဝတီ 20 March 2019 ၂၀၁၇ ခုနှစ် ရခိုင်ပြည်မြောက်ပိုင်း မွတ်ဆလင်များကို အကြီးအကျယ် ထွက်ပြေးစေခဲ့သော စစ်ဆင်ရေး ကာလအတွင်း ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန် စစ်ခုံရုံးတရုံးကို ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။ ဗိုလ်ချုပ်တဦးနှင့် ဗိုလ်မှူးကြီးနှစ်ဦးတို့ဖြင့် ဖွဲ့စည်းထားသော အဆိုပါတရားရုံးသည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဝက်ဘ်ဆိုက်တွင် တပ်မတော်က ကြေညာချက်တရပ် ထုတ်ပြန်ထားသည်။ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအုပ်စုများ၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)နှင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တို့ စွပ်စွဲရေးသားဖော်ပြခဲ့သော လုံခြုံရေးတပ်များအနေဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် မီးရှို့ခြင်း ကျူးလွန်ခဲ့သည်ဆိုသည့် အစီရင်ခံစာများအပေါ် အဆိုပါခုံရုံးက တုံ့ပြန်သွားမည်ဖြစ်သည်။ ရခိုင်ပြည် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မြန်မာ လုံခြုံရေးစခန်းများကို ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ သူပုန်များ […]

,

မတ် ၁၈ရက် ည မြောက်ဦး မြို့တွင်း ပစ်ခတ်မှု ကိုယ်တိုင်ကြုံတွေ့ခဲ့သူများ၏ ပြောကြားချက်များ

မတ် ၁၈ရက် ည မြောက်ဦး မြို့တွင်း ပစ်ခတ်မှု ကိုယ်တိုင်ကြုံတွေ့ခဲ့သူများ၏ ပြောကြားချက်များ (ရုပ်/သံ) ဧရာဝတီ၊ မတ် ၁၉၊ ၂၀၁၉ ရိုက်ကူး – ဧရာဝတီ တည်းဖြတ် – ဝေယံမိုးမြင့်