စစ်သုံ့ပန်းနှစ်ဦးကို စစ်စည်းကမ်းချိုးဖောက်သတ်ဖြတ်ခဲ့ကြောင်း AA ဝန်ခံ
[Update: 4: 30 AM, Jan 25, 2025] ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါမှမဟုတ် အရပ်သားတွေကို အာရက္ခ တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ညှဉ်းပန်းနှိပ်စက်ပြီး ကွပ်မျက်နေတဲ့ ဗီဒီယိုမှတ်တမ်းနဲ့ ပတ်သက်ပြီး AA က ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီဗီဒီယိုနဲ့ပတ်သက်ပြီး ကျူးလွန်တဲ့ AA ကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က ဇန်နဝါရီ ၂၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒီလိုတောင်းဆိုပြီးနောက်ပိုင်း AA ရဲ့ ဝန်ခံချက် ထွက်ပေါ်လာတာပါ။ Fortify Right အဖွဲ့ကတော့ နိုင်ငံတကာ တရားစီရင်ရေးယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ AA ကို ဆက်လက် တိုက်တွန်းလိုက်ပါတယ်။ […]
