နောင်ချိုမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း အရပ်သား ၁၇ ဦးသေဆုံး
ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ နိုဝင်ဘာလ ၁ ရက်ကနေ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၇ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ နိုင်ဝင်ဘာလ ၂၀ ရက်နေ့ ညနေက နောင်ချိုမြို့နယ် ကုန်းကြီးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲခဲ့ပြီး ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ညသန်းခေါင်အချိန်ကလည်း ကံကြီးကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတာကြောင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။ စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး […]
