တောင်ငူမှာ ရေဘေးဒုက္ခသည် ရှစ်သောင်းကျော် အကူအညီ လိုအပ်နေ
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာပေါင်း ငါးဆယ်ကျော်က လူရှစ်သောင်းကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးကြုံနေရသူတွေက ပြောပါတယ်။ တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်၊ ထန်းတပင် စတဲ့မြို့နယ်က ပြည်သူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ ဆိုပါတယ်။ တောင်ကျချောင်းရေနဲ့ စစ်တောင်းမြစ်ရေ တက်လာတာကြောင့် အနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို ကိုးပေကျော် ရေဝင်နစ်မြုပ်ခဲ့တာပါ။ လတ်တလောမှာတော့ ရေလေးပေကျော် ပြန်ကျသွားပေမဲ့ သွားလို့ လာလို့ မရသေးဘဲ ချက်ပြုတ်စားသောက်ဖို့အတွက် အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ တောင်ငူမြို့ ရေဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။ “ထမင်းထုပ်တွေ ဝေပေမဲ့လေ သိုးကုန်တာတွေ ရှိတော့။ ညစာဆို နေ့တိုင်း မစားရဘူးပေါ့နော်။ ဆန်တို့ ဘာတို့ရရင်တော့ ချက်ပြုတ်စားလို့ […]
