စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက် ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေ ကြိုဆို
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို လျှောက်ထားလိုက်တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း ရိုဟင်ဂျာ အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက ကြေညာချက်တွေ ထုတ်ပြန်ပါတယ်။ ရိုဟင်ဂျာတွေကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန်က ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်တာပါ။ ဒီလျှောက်ထားချက်ကို ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) က လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားမှုဟာ ရိုဟင်ဂျာတွေတင်မက မြန်မာနိုင်ငံသားအားလုံးအတွက် ကောင်းတဲ့ ဆောင်ရွက်ချက်ဖြစ်ကြောင်း BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က […]
