ရမ်းဗြဲမှာ ဗုံးကြဲခံရလို့ အရပ်သား လေးဆယ်ကျော် သေဆုံး၊ ငါးဆယ်ကျော် ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို ဇန်နဝါရီလ ၈ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၄၁ ဦး အစုလိုက်အပြုံလိုက် သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရသွားတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ရမ်းဗြဲဒေသခံတွေက RFA ကို ပြောပါတယ်။ ထိခိုက်သေဆုံးသူ၊ ဒဏ်ရာရသူအများစုဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး နေအိမ် ငါးရာကျော်လည်း မီးလောင်ပျက်စီးသွားတယ်လို့ ရမ်းဗြဲမြို့နယ်မှာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။ “၄၁ ယောက် သေတယ်၊ ၅၂ ယောက် ဒဏ်ရာရတယ်။ ပြင်းထန်ဒဏ်ရာတွေလည်း ပါတယ်။ ကလေးတွေလည်း ဒဏ်ရာရတယ်။ မိန်းကလေးတွေ၊ ယောက်ျားလေးတွေလည်း ဒဏ်ရာရတယ်။ နေအိမ် ငါးရာ၊ ခြောက်ရာလောက်လည်း မီးလောင်သွားတယ်။ မီးလောင်တဲ့အိမ်ကတော့ […]
