အိုးဘိုထောင်မှာ ငလျင်ကြောင့် ထိခိုက်၊ သေဆုံးသူ ၃၀၀ ကျော်ရှိ
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ငလျင်ကြောင့် အကျဉ်းသား ၃၀ ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူ ၂၈၀ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း(၇)ဖွဲ့က ဧပြီလ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲ နိုင်ငံရေးအကျဉ်းသားဆယ်ဦး၊ နိုင်ငံရေးအကျဉ်းသူ ဆယ်ဦး နဲ့ အခြားအကျဉ်းသား ၁၀ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နောက်ထပ် ဒဏ်ရာရသူ ၂၈၀ ကျော် ရှိပြီး ဒီအရေအတွက်ဟာ စနစ်တကျပြုစုထားနိုင်တဲ့ အရေအတွက်ဖြစ်သလို နောက်ထပ်လည်း တိုးလာနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တည်ထောင်သူ ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။ “မျက်မြင်တွေ့ရှိမှု အရေအတွက်နဲ့ အတည်ပြုထားနိုင်ပြီးသား အချက်အလက်တွေအပေါ်မှာ အခြေတည်ပြီးတော့ ပြောတာဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့လည်း မြန်မာငလျင်ကို အာရုံစိုက်နေတဲ့နည်းတူ အကျဉ်းထောင်တွေကိုလည်း ချန်မထားဖို့အဓိက ရည်ရွယ်ပါတယ်” အိုးဘိုအကျဉ်းထောင်ဟာ ငလျင်ကြောင့် […]
