အမေရိကန်အကူအညီ ရပ်တန့်မှု လူ့အခွင့်အရေးကို ခြိမ်းခြောက်နေကြောင်း AI ပြော
အမေရိကန်အစိုးရရဲ့ နိုင်ငံခြားအကူအညီတွေကို ရုတ်တရက်ဆိုင်းငံ့လိုက်တာဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေအပါအဝင် ပဋိပက္ခဒေသတွေက အရပ်သားတွေနဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့သူတွေအားလုံးရဲ့ လူ့အခွင့်အရေးအခြေအနေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေကြောင်း Amnesty International အဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ “အမေရိကန်နိုင်ငံကနေ နိုင်ငံခြားအကူအညီပေးနေတဲ့ လုပ်ငန်းတွေကို ချက်ချင်းရပ်တန့်ဖို့ ဒေါ်နယ်ထရမ့်အစိုးရရဲ့ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာတစ်ဝန်းမှာ မြန်ဆန်ပြီး ကျယ်ပြန့်တဲ့ သက်ရောက်မှုတွေ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် မြန်မာပြည်သူတွေအတွက် အမှောင်မိုက်ဆုံးအချိန်မှာ ထိခိုက်မှုတွေ ဖြစ်စေပါတယ်”လို့ AI အဖွဲ့ရဲ့ မြန်မာ့အရေး သုတေသီ ဂျိုးဖရီးမန်းက ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ဒီဆုံးဖြတ်ချက်ကို အမြန်ဆုံး ဖျက်သိမ်းတာ၊ ပြင်ဆင်တာ၊ ဒါမှမဟုတ် အရေးပေါ် အသက်ကယ်ဆယ်ရေး အကူအညီတွေကို ခြွင်းချက်အဖြစ် ချက်ချင်းခွင့်ပြုပြီး၊ မြေပြင်မှာ အမြန်ဆုံး […]
