အာဏာသိမ်း စစ်အုပ်စု၏ ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ဆိုသော ထုတ်ပြန်ချက်အပေါ် အရပ်ဘက်အဖွဲ့အစည်း (၁၅၈) ဖွဲ့ ၏ သဘောထားကြေညာချက်
၁၀ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၁။ အာဏာသိမ်းစစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ဆိုသော စာတစ်စောင် ထုတ်ပြန်ရာ ၎င်းအား ရေးဆွဲသူများမှာ ပြည်သူက ဥပဒေပြုအာဏာအပ်နှင်းထားသူများ မဟုတ်သဖြင့် ကျွန်ုပ်တို့အရပ်ဘက် အဖွဲ့အစည်းများက ယင်း စာအပေါ် ဥပဒေကြမ်းတစ်ရပ်အဖြစ်ပင် လက်ခံနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၉ ရက်နေ့စွဲဖြင့် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ဆိုသည့် ဒီမိုကရေစီလုပ်ထုံးလုပ်စဉ်များနှင့် ဆန့်ကျင်သော ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ကာ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရရှိသူများကို သဘောထား မှတ်ချက်တောင်းခံလာကြောင်း တွေ့ရှိရသည်။ ၂။ ကနဦးအချက်အနေဖြင့် ယင်းကိုရေးဆွဲသူများမှာ အများပြည်သူက အပ်နှင်းသော အာဏာကို ရရှိထားသူ အစိုးရက ခန့်အပ်ထားခြင်း မဟုတ်သည့်အတွက် […]
