တရားမျှတမှုစာစောင် (ဒီဇင်ဘာလ)
အကျဥ်းချုပ် ခြုံငုံသုံးသပ်ချက် ယခုလအတွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ တိုင်းရင်းသားနိုင်ငံရေးပါတီများ နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ရန် နှင့် ဘုံသဘောတူညီချက်ကိုရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရန် အလုပ်အဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) ဒုတိယဥက္ကဋ္ဌ စိုင်းညွန့်လွင်မှ ဖိတ်ခေါ်မှုနှင့် ပတ်သက်၍ မတုံ့ပြန်နိုင်သေးကြောင်း Frontier Myanmar အားပြောကြားခဲ့သည်။ ထိုဖိတ်ခေါ်စာတွင် တိုင်းရင်းသား ပါတီများနှင့်လက်တွဲလုပ်ကိုင်ရန် မျော်လင့်ကြောင်းသာ ဖော်ပြထားပြီး မည်သည့်ကမ်းလမ်းချက်မှ မပါ၀င်ခဲ့ပါ။ အသစ် ဖွဲ့လိုက်သော အလုပ်အဖွဲ့သည် တိုင်းရင်းသား ပါတီများ နှင့် တွေ့ဆုံဆွေးနွေးရန် လျှင်မြန်စွာ ကြိုးစားခဲ့သော်လည်း ဖိတ်ခေါ်စာတွင် လက်တွဲလုပ်ဆောင်မှုတိုးတက်ရန်သာအကြံပြုထားပြီး တိုင်းရင်းသား ပါတီများ ၏ မျှော်မှန်းချက်မှာ NLD နှင့် ယခင်လက်တွဲလုပ်ဆောင်မှု အခြေအနေများကြောင့် သတိထားရသည့်အခြအနေတွင် ရှိသည်။ […]
