ဖေဖော်ဝါရီ ၁ ရက်ကစတင်၍ လတ်တလောဖမ်းဆီးခံထားရသူ ၅၀၀ ကျော်ရှိလာ
ဖေဖော်ဝါရီ ၁ရက် အာ ဏာသိမ်းဖြစ်စဉ်နောက်ပိုင်း ဖမ်း ဆီးခံထားရသူ ၅၀၀ ဦးကျော်ရှိ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။ AAPP ၏ မှတ်တမ်းများအရ ဖေဖော်ဝါရီ ၁ မှ ၁၈ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆိုနှင့်ပြစ်ဒဏ်ချ မှတ်ခံထားရသူများပါဝင်ပြီး စုစု ပေါင်း ၅၂၁ ဦးရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ဖမ်းဆီးခံရသူများတွင် ထောင်ဒဏ်ချမှတ်ခံရသူ သုံးဦး၊ ဖမ်းဝရမ်းနှင့် အမှုဖွင့်ခံထားရသူ ၃၂ ဦး၊ အမှုဖွင့်ခံထားရသူ သုံးဦး နှင့် ပြန်လည်လွတ်မြောက်လာသူ ၄၄ ဦးရှိရာ လက်ရှိအချိန်ထိ ၄၇၇ ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ် ဒဏ်ချမှတ်ခံထားရသည်ဟုထုတ် ပြန်ချက်ကဆိုသည်။ ‘‘တချို့ကို နေအိမ်အကျယ် ချုပ်ထားတာရှိတယ်။ တချို့ကို […]
