ပန်းဘဲတန်း NLD ရပ်ကျေးဥက္ကဋ္ဌ၏အလောင်း လာထုတ်ရန် မိသားစုကို အကြောင်းကြား
Myanmar Now Published on Mar 7, 2021 ယမန်နေ့ညပိုင်းက ဖမ်းဆီးခံရပြီး သေဆုံးခဲ့သူ ဦးခင်မောင်လတ်သည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် NLD အမတ်များအတွက် ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည် ရန်ကုန် ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရပ်ကျေးဥက္ကဋ္ဌကို ယမန်နေ့ (မတ်လ ၆) ညပိုင်းတွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အလောင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့သည်ဟု သိရသည်။ ထိုသို့ဖမ်းဆီးခံရပြီးနောက် မည်သို့သေဆုံးခဲ့သည်ကို မသိရသော်လည်း အလောင်းလာထုတ်ရန် ပန်းဘဲတန်းရဲစခန်းက မိသားစုကို အကြောင်းကြာင်းခဲ့ခြင်း ဖြစ်သည်။ ယနေ့ (မတ် ၇) နေ့လယ်ပိုင်းတွင် မိသားစုက မင်္ဂလာဒုံစစ်ဆေးရုံမှ အလောင်းပြန်ထုတ်လာပြီး ရေဝေး သုဿန်သို့ ပို့ဆောင်နေကြောင်း၊ […]
