မြောက်ဥက္ကလာတွင် စစ်တပ်အကြမ်းဖက်မှုကြောင့် ၂၀ ထက်မနည်းသေ
အကြိမ်ကြိမ်ဖြိုခွင်းခံရပြီး ပြန်လည်စုစည်းနိုင်ခဲ့သည့် ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စခန်းများတွင် အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀ ကျော် ရှိသည်ဟု မြို့နယ် အခြေစိုက် လှုမှုကူညီရေး အသင်းများရှိ အချက်အလက်များအရ သိရသည်။ ယမန်နေ့(မတ် ၃) ရက်နေ့မနက်ပိုင်းက စတင်ခဲ့သည့် မြောက်ဥက္ကလာပ အဝိုင်းနှင့် မြောက်ဥက္ကလာပ ကန်သာယာ ပန်းခြံ အနီးရှိ သပိတ်စခန်းများသည် နေ့လည်ပိုင်းတွင် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပြီးနောက် ဆန္ဒပြသူများသည် အမှတ် (၃)လမ်းမပေါ်ရှိ နွယ်နီမှတ်တိုင် အနီးတွင် အရန်အတားများ ထပ်မံ ပြုလုပ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။ ထိုသပိတ်စခန်းကို ဖြိုခွင်းရန် ရဲနှင့်စစ်တပ် အင်အားအများအပြားရောက်ရှိလာခဲ့ပြီး ရပ်ကွက်နေပြည်သူများက ၎င်းတို့ကို ပြန်လည် ဝိုင်းရံခဲ့သည်။ ထိုသို့ ပေးမထွက်တော့သည့်အခါတွင် ရဲနှင့်စစ်တပ်က လူထုအား အကြမ်းဖက် […]
