အကြမ်းဖက်ပစ်ခတ်မှုကြောင့် သင်္ဃန်းကျွန်းတွင် ၇ ဦးသေဆုံး
သေဆုံးသူများအနက် အတည်ပြုနိင်သူ ၄ ဦးမှာ အသက် ၁၈ နှစ်အရွယ် မင်းခန့်စိုး၊ ၂၄ နှစ်အရွယ် ဟိန်းထက်ဒွေး၊ ၄၃ နှစ်အရွယ် လင်းလင်းကျော်နှင့် ၂၅ နှစ်အရွယ် ကျော်လင်းခိုင်တို့ ဖြစ်သည် သင်္ဃန်းကျွန်းမြို့နယ်တွင် ညနေ ၅ နာရီဝန်းကျင်မှစတင်ကာ စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦးရှိကာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၂၀ ဦးအထိရှိနေကြောင်း သင်္ဃန်းကျွန်းဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောသည်။ စစ်ကောင်စီ၏ လက်နက်ကိုင် အဖွဲ့ဝင်များသည် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ AKK Shopping Center ထောင့်မှနေ၍ ဆန္ဒပြအရပ်သားပြည်သူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ဘုရားလမ်းထိပ်ရှိ ဆန္ဒပြသပိတ်မှာလည်း လုစုခွဲပြီးချိန်တွင် အသံဗုံးများ တရစပ်ပစ်ခတ် ခြင်း၊ ကျည်အစစ်များဖြင့် တွေ့ရာမြင်ရာ လိုက်လံပစ်ခတ်သဖြင့် […]
