Entries by ndb14

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များမှ စုပေါင်း အရေးယူမှု ပြုလုပ်ရန် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ Acting Resident and Humanitarian Coordinator မစ္စတာ အင်ဒရူး ကာ့ဒ်ဝုဒ်၏ တောင်းဆိုချက်ကို မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများက ကြိုဆိုလိုက်သည်

ထုတ်ပြန်ရန် [၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့] ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ Acting Resident and Humanitarian Coordinator မစ္စတာ အင်ဒရူး ကာ့ဒ်ဝုဒ်၏ “လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ စုပေါင်း အရေးယူမှု” လုပ်ဆောင်ရန် တောင်းဆိုမှု မှတ်ချက်ပြုခြင်းကို ရှေ့ပြေးအသံအဖွဲ့နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများက ကြိုဆိုလိုက်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် ကျူးလွန်မှုများကို အပြစ်ပေးအရေးယူခံရခြင်း လုံးဝ မရှိဘဲ လုပ်ဆောင်နေသော သေစေလောက်သည့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် တရားမဝင် စစ်အုပ်စုမှ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် လုပ်ဆောင်နေသည့် ခြိမ်း‌‌ခြောက်သော လှုပ်ရှားမှုကို ရပ်တန့်ရန် ထိရောက်သော စောင့်ကြည့်ရေးနှင့် ကြားဝင်ဖြေရှင်းရေး မစ်ရှင်တစ်ခုကို မြန်မာနိုင်ငံသို့ ချက်ချင်း စေလွှတ်ရန် ကုလသမဂ္ဂ […]

မြန်မာနိုင်ငံလူ့အခွင့်အရေအခြေအနေ (မတ်လ ၁၅ မှ ၂၁)

လွန်ခဲ့သည့် အပတ်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ် တပ်မတော်မှ ဆက်လက်၍ အပြင်းအထန် နှိမ်နင်းနေသည်။ ပစ်ခတ်မှုကို ခုခံရန် ပြုလုပ်ထားသည့် အတားအဆီးများကို ဖြိုဖျက် နေသည့်အတွက် အကြီးအကျယ်ပျက်စီးနေမှုများ မြို့ပြနှင့် ကျေးလက်ရှိ လမ်းများပေါ်တွင် ပြည့် နှက်နေသည်။ စစ်အုပ်ချုပ်ရေး နှင့် မိုဘိုင်းအင်တာနက် ဖြတ်တောက်မှုများကို အပတ်စဥ် အကျဥ်းချုပ်တွင် ဖော်ပြထားသည်။

သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်တွင် စစ်တပ်နှင့်ရဲ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်သဖြင့် ၅ ဦးကျဆုံ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်နှစ်ခု ထိစပ်နေရာ ကျေးရွာတွေမှာ မတ်လ ၁၅ ရက်နေ့ ညနေပိုင်းကစပြီး စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် လူ ၅ ဦး ကျဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ သပိတ်ကျင်းမြို့နယ်အတွင်းက ချောင်းကြီးကျေးရွာမှာ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ရင်ဘက်ကျည်ထိကာ ကျဆုံးခဲ့ပြီး အဆိုပါကျေးရွာက ကလေးငယ်တစ်ဦး လည်း လက်ကို ကျည်ထိမှန်ကာ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ကားလမ်းတလျှောက် ရွှေ့လျားသွားတဲ့ စစ်သားတွေပါတဲ့ကားပေါ်ကနေ ပစ်ခတ်သွားတာကြောင့် ကျောက်ဖြူကျေးရွာအနီးမှာ ဒေသခံသုံးဦး ကျည်ထိမှန်ခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူနှစ်ဦးကို သပိတ်ကျင်းမြို့နယ် ကုတင်၁၀၀ စစ်ဆေးရုံမှာ ခေါ်ယူကုသပေးနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ ကားလမ်းတလျှောက် စဉ့်ကူးမြို့နယ်အတွင်း ပစ်ခတ်ခဲ့တာတွေကြောင့် ကျည်တောက်ပေါက် ကျေးရွာက နှစ်ဦးကျဆုံးခဲ့ပြီး […]

,

၂၀၂၁ ခုနှစ် မတ်လ ၈ ရက်မှ ၁၄ ရက်အတွင်း အခြေအနေ

ယခုအပတ်အတွင်း ရှေ့တန်းမှ တိုက်ပွဲဝင်နေသူများ အကျအရှုံးများခဲ့သည်။ သေဆုံး၊ ဒဏ်ရာရမှု များနှင့် ဖမ်းဆီး၊ ထိန်းသိမ်းခံရမှုများ နေ့စဥ်များပြားနေသော်လည်း တာဝန်ယူ တာဝန်ခံခြင်းမရှိမှုက မြန်မာပြည်သူများ၏ဘဝကို မြဲမြံစွာ ချိတ်ဆွဲထားဆဲဖြစ်သည်။

,

စစ်တပ်၏ ဖိနှိပ်မှုများ အဆုံးသတ်ရေး လုပ်ဆောင်ကြရန် UN အတွင်းရေးမှူးချုပ် တိုက်တွန်

By ဧရာဝတီ 16 March 2021 မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုများကို အဆုံးသတ်သွားသည်အထိ လုပ်ဆောင်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အတူတကွ စုပေါင်း၍သော်လည်းကောင်း၊ တနိုင်ငံချင်းစီအနေဖြင့်သော်လည်းကောင်း ကူညီဆောင်ရွက်ပေးကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် António Guterres က တိုက်တွန်းလိုက်သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric မှ ထုတ်ပြန်သော မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင် “ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာစစ်တပ်ကြောင့် နိုင်ငံအတွင်း အကြမ်းဖက်များ မြင့်တက်ဖြစ်ပွားနေခြင်းအတွက် များစွာတုန်လှုပ်စိတ်ပျက်မိပါသည်” ဟု ဖော်ပြပါရှိသည်။ ထို့အတူ ဆန္ဒပြသူများအား သတ်ဖြတ်ခြင်း၊ တရားလက်လွတ်ဖမ်းဆီးခြင်းနှင့် ဖမ်းဆီးထိန်းသိမ်း ထားသူများကို ညှင်းပန်းနှိပ်စက်ခြင်းများသည် အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ကြရန်၊ ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်တင်ပေးရန် […]

,

လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာ

10:50 ရန်ကုန်မှာ စစ်အုပ်ချုပ်ရေးမြို့နယ်တွေ ထပ်တိုး ရန်ကုန်တိုင်းအတွင်း ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်တယ်လို့ မြဝတီရုပ်သံက ထုတ်လွှင့်ကြေညာသွားပါတယ်။ အခုထပ်တိုးထုတ်ပြန်လာတဲ့ မြို့နယ်တွေမှာ မနေ့ညပိုင်းအထိ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိထားပါတယ်။ မနေ့ညက လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တို့ကို မာရှယ်လော စစ်အုပ်ချုပ်ရေးကြေညာထားပြီးဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာ မြို့နယ်တို့မှာ သပိတ်စခန်းတွေကို မနေ့ န့နေ့လယ်ပိုင်းက ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့ပြီး လှိုင်သာယာ မှာ လူ ၂၀ ကျော်နဲ့ရွှေပြည်သာမှာ ၆ ဦးခန့်သေဆုံးခဲ့တယ်လို့ သတင်းတွေရရှိထားပါတယ်။ လှိုင်သာယာ နဲ့ရွှေပြည်သာ ပစ်ခတ်မှုတွေအပြီးမှာ စက်ရုံအချို့ မီးလောင်ခဲ့ပြီးတော့ အဲဒီစက်ရုံတွေဟာ တရုတ်လုပ်ငန်းစက်ရုံတချို့ဖြစ်ပြီး မြန်မာဘက်က ထိရောက်တဲ့ အစီအမံ ဆောင်ရွက်ပြီး အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်စေပြီး ကျူးလွန်တွေကို ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးကာ […]

,

အကြမ်းဖက်ပစ်ခတ်မှုကြောင့် သင်္ဃန်းကျွန်းတွင် ၇ ဦးသေဆုံး

သေဆုံးသူများအနက် အတည်ပြုနိင်သူ ၄ ဦးမှာ အသက် ၁၈ နှစ်အရွယ် မင်းခန့်စိုး၊ ၂၄ နှစ်အရွယ် ဟိန်းထက်ဒွေး၊ ၄၃ နှစ်အရွယ် လင်းလင်းကျော်နှင့် ၂၅ နှစ်အရွယ် ကျော်လင်းခိုင်တို့ ဖြစ်သည် သင်္ဃန်းကျွန်းမြို့နယ်တွင် ညနေ ၅ နာရီဝန်းကျင်မှစတင်ကာ စစ်ကောင်စီလက်နက်ကိုင်များ၏  အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦးရှိကာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၂၀ ဦးအထိရှိနေကြောင်း သင်္ဃန်းကျွန်းဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောသည်။ စစ်ကောင်စီ၏ လက်နက်ကိုင် အဖွဲ့ဝင်များသည် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ AKK Shopping Center ထောင့်မှနေ၍ ဆန္ဒပြအရပ်သားပြည်သူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ဘုရားလမ်းထိပ်ရှိ ဆန္ဒပြသပိတ်မှာလည်း လုစုခွဲပြီးချိန်တွင် အသံဗုံးများ တရစပ်ပစ်ခတ် ခြင်း၊ ကျည်အစစ်များဖြင့် တွေ့ရာမြင်ရာ လိုက်လံပစ်ခတ်သဖြင့် […]

,

ယမန်နေ့တွင် သေဆုံးသူအနည်းဆုံး ၃၈ ဦးရှိခဲ့၊ ယနေ့နံနက်တွင် ဖုန်းအင်တာနက်ပြတ်တောက်နေ

ယမန်နေ့တွင် စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်အသုံးပြုကာ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု AAPP က ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားပြီး ယနေ့နံနက်တွင် ဖုန်းအင်တာနက်များ ပြတ်တောက်နေသည်ဟုလည်း ရန်ကုန်မြို့ခံများက ပြောသည်  အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်များက အင်အားသုံးအကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် အသေအပျောက်အများဆုံးဖြစ်သော ရန်ကုန် လှိုင်သာယာမြို့နယ် အပါအဝင် အခြားသောမြို့နယ်များ တွင်လည်း သေဆုံးမှုများရှိခဲ့ရာ ယမန်နေ့ (မတ် ၁၄) တစ်ရက်တည်း၌ပင် သေဆုံးသူ ၃၈ ဦးထက်မနည်းရှိ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။ ယမန်နေ့ညပိုင်း ညဉ့်နက်သည်အထိ ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ ပစ်ခတ်ဖြိုခွင်းမှုများ၊ နောက်ဆုံးတွဲ သေဆုံးဒဏ်ရာရရှိမှုများ ကြားနေခဲ့ရပြီး ယနေ့ (မတ် ၁၅) နံနက်ပိုင်းတွင် […]

ရန်ကုန်မြို့အနှံ့ အာဏာသိမ်းစစ်တပ်က လှည့်ပတ်ပစ်ခတ် လူထုကိုခြိမ်းခြောက်ဖမ်းဆီ

ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ  မတ်လ ၇ ရက် ညပိုင်းက  စစ်တပ်နဲ့ရဲတွေက သေနတ်တွေ အသံဗုံးတွေနဲ့ လိုက်လံ ခြိမ်းခြောက် ပစ်ခတ် ရပ်ကွက်တွေထဲကိုလည်း စစ်ကားတွေနဲ့ ဝင်ရောက်ပြီး လူတွေကို လိုက်လံ ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ မနေ့ညနေက ဆေးရုံတွေနဲ့ ကျောင်းတွေမှာ စစ်တပ်တွေ ဝင်ရောက်တပ်ချပြီးနောက်မှာ ညပိုင်း ၉ နာရီလောက်ကနေ  သန်းခေါင် ၁၂ နာရီကျော်လောက်အထိ လှည့်လည်  ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာပါ။ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ အလုံ၊ စစ်ချောင်း၊ လှိုင်၊ ကမာရွတ်၊  ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊  တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ အင်းစိန် စတဲ့ ရန်ကုန်တမြို့လုံး လိုလိုမှာ သေနတ်သံတွေ ကြား​နေရပြီး တာမွေမြို့နယ် ဘက်မှာ စက်သေနတ်နဲ့ အတွဲလိုက်ပစ်သံတွေပါကြားရတယ်လို့ […]

,

စစ်တပ်က ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် ကျောင်းများတွင် ဝင်ရောက်တပ်စွဲ

Myanmar Now Published on Mar 7, 2021 မြို့ပြအရပ်ဘက် အဆောက်အအုံများတွင် စစ်တပ်က အတင်းအဓမ္မ ဖြန့်ကြက်နေရာယူနေခြင်းမှာ အာဏာသိမ်းမှု ဆန့်ကျင်သူများကို အရှိန်မြှင့်ဖမ်းဆီးရန်ဖြစ်သည့်အပြင် တင်ရင်းတပ်ဖွဲ့များနှင့် ရဲတပ်ရင်းများတွင် အင်အားလျော့ပါးလာ၍လည်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက ပြောသည်  အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် မြို့ကြီးအသီးသီးရှိ  ဘာသာရေး အ ဆောက်အအုံများ၊ ဆေးရုံများနှင့် တက္ကသိုလ်ကျောင်းများတွင် အတင်းအဓမ္မ ဝင်ရောက်ကာ တပ်စွဲ လျက်ရှိသည်။ မွန်၊ ကချင်၊ ရခိုင်နှင့် ကယားပြည်နယ်များ အပါအဝင် မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ နှင့် ပဲခူးတိုင်းအတွင်းရှိ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စစ်ကောင်စီ ၏ လက်နက်ကိုင်များက တပ်စွဲရန် ကြိုးပမ်းခဲ့ရာတွင် ဒေသခံပြည်သူများနှင့် […]