စစ်ကောင်စီလူ့အခွင့်အရေးချိုးဖောက်မှု ICC မှာ အရေးယူရေးအဆို ကုလလူ့အခွင့်အရေးကောင်စီအတည်ပြု
■ မြန်မာနိုင်ငံက ရဲနဲ့စစ်တပ်က နေ့စဉ်နဲ့အမျှ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာတရားစီရင်ရေးလုပ်ငန်းစဉ်တွေကနေ အရေးယူရေးအပါအဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဒီကနေ့ သဘောတူ ချမှတ်လိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီကနေ့ကျင်းပတဲ့ ၄၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီညီလာခံကနေ ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ထဲမှာ – အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အပါအဝင် နိုင်ငံတကာတရားရုံးတွေနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်ဖို့ ပါဝင်ပါတယ်။ ဆုံးဖြတ်ချက်မချခင် မူကြမ်းအဆိုကို ဦးဆောင်တင်သွင်းခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ ပေါ်တူဂီအမြဲတမ်းကိုယ်စားလှယ် Rui Macieira ကတော့ – “မြန်မာစစ်တပ်ဟာ ရက်ရက်စက်စက် ဖိနှိပ်တာတွေကို တိုးပြီး လုပ်ဆောင်လာနေတယ်။ ဒီလုပ်ရပ်တွေအတွက် တာဝန်ခံမှု ရှိရမှာဖြစ်ပါတယ်။ အင်အားအလွန်အကျွံအသုံးပြုနေတာတွေ ရပ်ပြီး […]
