မြင်းခြံတွင် စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး
နံနက်ပိုင်းတွင် ခြေထောက် ကျည်ထိမှန်သွားသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ထိုသူ၏ ရုပ်အလောင်း လာရောက်ထုတ်ယူရန် အကြောင်းကြားလာသည် မန္တလေးတိုင်း၊ မြင်းခြံမြို့ သပိတ်ခံတပ်များကို စစ်ကောင်စီ၏ တပ်များက အင်အားအလုံးအရင်းသုံးပြီး ပစ်ခတ်ဖြိုခွဲနေမှုကြောင့် ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် ပြည်သူတစ်ဦး သေဆုံးခဲ့သည်။ ယနေ့ (ဧပြီ ၁၉ ) မနက် ၆ နာရီခန့်မှ စတင်ကာ မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်၊ အမှတ် ၃ နှင့် အမှတ် ၄ ရပ်ကွက်တို့ရှိ သပိတ်ခံတပ်များကို စစ်ကောင်စီ၏ တပ်များက ပစ်ခတ်ဖြိုခွဲခဲ့သည်။ အမှတ် ၆ ရပ်ကွက်မှ လမ်းမတော်ခံတပ်ကို စစ်ကောင်စီ၏ တပ်များက ယမန်နေ့ (ဧပြီ ၁၈) ရက်နေ့ ညပိုင်းက လေးနာရီကျော်ကြာ […]
