NCA လက်မှတ်ရေးထိုးထားသော EAOS (၈) ဖွဲ့ မှ စစ်ကောင်စီနှင့် ဆွေးနွေးရေး အဆိုပြုမှုအပေါ် လေးနက်စွာဆင်ခြင်ရန် မြန်မာပြည်အရပ်ဘက်လူထုအဖွဲ့အစည်း ၁၉၁ ဖွဲ့မှ သတိပေး အိတ်ဖွင့်ပေးစာ
၂၀၂၁ ခုနှစ် မေလ ၃၀ ရက် မေလ ၁၁ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးခဲ့သည့် EAOs ၈ ဖွဲ့မှ လက်မှတ်ထိုးကာ NCA စာချုပ် ချုပ်ဆိုရာတွင် သက်သေအဖြစ်ပါဝင်ခဲ့သည့် နိုင်ငံများ သို့မဟုတ် ပုဂ္ဂိုလ်များထံသို့ စစ်ကောင်စီနှင့် ကြားဝင်ညှိ နှိုင်းရန် ပေးပို့သောစာသည် တိုင်းပြည်၏ ရေရှည်ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးကောင်းကျိုးထက် ဆိုးကျိူးကိုသာ ပိုမိုဦးတည်ဖြစ်ပေါ်လာစေမည်ကို လေးနက်စွာဆင်ခြင်ရန် မိမိတို့အရပ်ဘက်လူထုအဖွဲ့အစည်းများမှ သတိပေး အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါသည်။ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရမှ စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် NCA သည် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မြန်မာစစ်တပ်၏ လက်စွဲရင်နှစ်သည်းချာဖြစ်သော ဒို့တာဝန်အရေးသုံးပါးဆိုင်ရာ အခြေခံမူများကို ရှေးရှုလျက် စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်အဖြစ် နိုင်ငံတကာ ၏ ဖိအားများမှ […]
