အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်း
အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်း။ စစ်အာဏာရှင်တို့၏ အတင်းအကြပ် စစ်မှုထမ်းရန် လုပ်ဆောင်မှုကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ စစ်အာဏာရှင်တို့ အာဏာသိမ်းရန်ကြိုးပမ်းမှု ၄ နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။ ထိုကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ခုခံတွန်းလှန်မှုများနှင့် စစ်အာဏာရှင်တို့၏ ရက်စက်မှုကို သိသိသာသာ ဆန့်ကျင်မှု များ တိုးပွားလာသည်။ စစ်တပ်မှ မူကြမ်းရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းမှု သည် တရားမဝင်သော်လည်း စစ်အာဏာရှင်တို့က အတိုက်အခံတို့အား အကြမ်းဖက် တိုက်ခိုက်၍ နိုင်ငံတကာ စံချိန်စံညွှန်းများကို ချိုးဖောက်နေကြသည်။ တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင် အဖွဲ့အစည်းများ တပ်စွဲထားခြင်း မရှိသည့်တိုင် စစ်တပ်က ကျေးရွာများနှင့် ယာယီ အခြေစိုက်စခန်း များအား ရက်ရက်စက်စက် ပစ်ခတ်အကြမ်းဖက်လျှက်ရှိသည်။ စစ်အာဏာရှင်တို့၏ အကြမ်းဖက်မှုကြောင့် ပြည်သူ ၃.၅ သန်းကျော် စစ်ပြေးဒုက္ခသည်များ ဖြစ်လာကြ သည်။ […]
