ထန်တလန်မှာ တမြို့လုံးနီးပါးစစ်ဘေးရှောင်နေရ
ချင်းပြည်နယ်၊ ထန်တလန်မှာ ပစ်ခတ်မှုတွေကြောင့် ပြည်သူအများစု နေအိမ်စွန့်ခွာနေကြပြီး ဒီနေ့ စက်တင်ဘာ (၂၀)ရက်မှာတော့ တမြို့လုံးနီးပါးစစ်ရှောင်နေကြပြီလို့ သိရပါတယ်။ ထန်တလန်မြို့မှာ လူဦးရေ ၈၀၀၀ နီးပါးရှိတာဖြစ်ပြီး အခုတော့ ထောင်နဲ့ချီစစ်ဘေးရှောင်နေကြကာ မြို့ပေါ်မှာ လူဦးရေ ၅၀ကျော်လောက်သာ ကျန်ရှိတော့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျေးရွာတွေဘက်နဲ့ အိန္ဒိယနယ်စပ် ကို စစ်ဘေးရှောင်နေကြပါတယ်။ “ကျွန်တော်တို့ မြို့ကထွက်ခွာဖို့ ကားပေါ်က ထွက်တဲ့အချိန်တောင်လက်နက်ကြီးသံကြားလိုက်တယ်။ ထန်တလန်မြို့ပေါ်ကနေ ထွက်ပေါက် သုံးပေါက်ရှိတယ်။ နှစ်ပေါက်က စစ်တပ်ဘက်က နေရာယူထားပြီး ပစ်ခတ်မှုတွေလုပ်နေတယ်။ အခုလည်း လက်နက်ကြီးသံကြားတော့ ကျန်ခဲ့တဲ့သူတွေလည်း ထွက်လာ ဖို့ခက်နေတယ်။”လို့ စစ်ရှောင်ဒေသခံတဦးက ပြောပါတယ်။ အခုလို အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်ရတာကြောင့် ကိုဗစ်ကပ်ရောဂါတဖန်ကူးစက်ပျံ့ပွားမှာကို စိုးရိမ်နေကြရပြီး အစားအသောက်၊ဆေးဝါးတွေပါ လိုအပ်နေပါတယ်။ စက်တင်ဘာ (၁၈)ရက်က ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား […]
