စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ
စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်မှာ ၈ လကြာမြင့်ခဲ့ပြီဖြစ်သည်။ နေ့စဥ်နှင့်အမျှ တိုင်းပြည်သည် ယခင်အခြေအနေသို့ ပြန်မရောက်နိုင်သော အခြေအနေဖြင့် ပို၍ နက်သောချောက်ထဲသို့ ကျနေသည်။ မြန်မာကျပ်ငွေတန်ဖိုးသည် အနိမ့်ဆုံးသို့ ကျရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိ မြို့နယ် ၂၅ ခုကို အင်တာနက်ဖြတ်တောက်မှုကြောင့် ယိုယွင်းနေပြီးသော လူ့အခွင့်အရေးအခြေအနေကို ဆိုး၀ါးစေသည်။ အင်တာနက်ဖြတ်တောက်မှု နောက်တွင် စစ်ကောင်စီသည် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ရဲရဲတင်းတင်း ကျူးလွန်စေသည်။ စစ်ကောင်စီစည် မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါ၊ ထီးလင်းနှင့် မြိုင်မြို့နယ် နှင့် ချင်းပြည်နယ် ဖလမ်း၊ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ပလက်၀၊ တီးတိန်၊ ထန်တလန် နှင့် တွန်းဇံမြို့နယ်များ အပါ၀င် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသရှိ မြို့နယ် တော်တော်များများ တွင် အင်တာနက် ဖြတ်တောက်ခဲ့သည်။ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့သည် […]
