အင်းစိန်ထောင်ရောက် အသက်အငယ်ဆုံး ဓားစာခံ
ရန်ကုန်စည်ပင် သန့်ရှင်းရေးဝန်ထမ်း အာဏာဖီဆန်ပြီး တိမ်းရှောင်နေသဖြင့် အာဏာသိမ်းစစ်ကောင်စီက ထိုသူ၏ လူမမည်သမီး၊ ဇနီး၊ မိခင်တို့ကို အင်းစိန်ထောင်ထဲ ထည့်ထားသည်။ ၂ နှစ်ကျော်သမီးငယ်ကို ချီပိုးထားသဖြင့် ကပိုကရိုဖြစ်နေသော အသက် ၃၀ ကျော်အရွယ် အမျိုးသမီးသည် လက်တစ်ဖက်က ပြေကျတော့မည့် ထဘီကို ထိန်းရင်း အင်းစိန်ထောင်၊ အမျိုးသမီးအချုပ်ဆောင်ကို ရောက်ရှိလာသည်။ အတူဖမ်းဆီးခံရသည့် ကလေး၏ အဘွား၊ ထိုအမျိုးသမီး၏ အသက် ၅၀ ကျော်အရွယ် ယောက္ခမလည်း အခြားအခန်းတစ်ခုသို့ ရောက်ရှိသွားသည်။ မတ်လ ၃၀ ရက်နေ့က မြေးအဘွား ၃ ယောက် ထောင်ထဲဝင်လာသည်ကို တွေ့ရသည့် အကျဉ်းသားများ ခဏတာ ဆွံ့အသွားကြသည်။ ကလေးငယ်ကို နံရံလေးဖက်ထဲတွင် တွေ့လိုက်ရသဖြင့် စိတ်မချမ်းမမြေ့ဖြစ်ရသည်ဟု ထောင်မှ ပြန်လွတ်လာသည့်အမျိုးသမီးတစ်ဦးက ပြောသည်။ “ရောက်ရောက်ချင်းမှာ သူ့တို့ သမီးယောက္ခမနှစ်ယောက်ကို […]
