စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် နို၀င်ဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ
မြန်မာစစ်တပ်သည် တရား၀င်ဖြစ်ရေးအတွက် အပြစ်မဲ့အရပ်သားပြည်သူများကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချနေသည်။ ပြီးခဲ့သည်ံ့ ရက်သတ္တပတ်အတွင်းတွင် ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ရပ်တည်ချက်ကို လျော့ပါးထိခိုက်စေရန် ထင်ရှားသော NLD ခေါင်းဆောင်များကို ဆက်တိုက် ဖမ်းဆီးထိန်းသိမ်းခြင်း (သို့) နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သည်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခ) ကိုဂျင်မီသည် အောက်တိုဘာ လကုန်ပိုင်းတွင်အဖမ်းခံခဲ့ရပြီး စစ်ကြောရေးတွင် အကြမ်ဖက်စစ်ဆေးခံခဲ့ရသည်။ ထို့နောက် ကိုဂျင်မီကို ပြင်းထန်သည့် နိုင်ငံတော်သစ္စာဖောက်မှုနှင့် အကြမ်းဖက်မှုပုဒ်မတို့ဖြင့် တရားစွဲခဲ့သည်။ ကိုဂျင်မီရင်ဆိုင်ရသော စွဲချက် ၆ မှုသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ် ၃၀ အပြင် သေဒဏ်ပါကျခံနိုင်သည်။ NLD ကရင်၀န်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် အသက် (၆၇) နှစ် အရွယ်ကို စစ်ခုံရုံးတွင် သီးခြားပြစ်မှု ၅ မှုအတွက် […]
