Entries by ndb14

,

စစ်ကောင်စီတပ်က ၇ နှစ်သမီးကို စစ်ကြောရေးလုပ်ခဲ့

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာ မထက်ထက်ကို ဖမ်းဆီးစဉ် သူ၏ သမီးငယ်လည်း စစ်ကြောရေးစခန်းတွင် စစ်ကြော မေးမြန်းခံရသည်ဟု မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သားတို့က ရန်ကုန်မြို့မှ သတင်းသမား မထက်ထက်ကို ဖမ်းဆီးရာတွင် သူ၏ ၇ နှစ်အရွယ် သမီးဖြစ်သူကိုပါ နှစ်ညတိတိ ခေါ်ယူထားကာ စစ်ဆေးခဲ့ကြောင်း ရန်ကုန်သတင်းရင်းမြစ်တချို့ထံမှ သိရသည်။ စက်တင်ဘာ ၁၁ ရက်နေ့က သင်္ဃန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာ မထက်ထက်၊ သူ၏သမီး၊ သတင်းထောက် ကိုဝေလင်းယုတို့ကို ဖမ်းဆီးစဉ် ကလေးကိုပါ ထိုသို့ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း မိသားစု၏ မိတ်ဆွေတစ်ဦးက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောပြသည်။ အမှုဖွင့်ထားသည့် သာကေတမြို့နယ် ရဲစခန်းက ၎င်းတို့ကို ဖမ်းဆီးစဉ် ဖောက်ခွဲရေးပစ္စည်းများကို ဖမ်းမိခဲ့သည်ဟု မိသားစုဝင်များကို ပြောဆိုခဲ့သည်ဟု သိရသည်။ “သတင်းထောက်တစ်ယောက်အနေနဲ့ […]

မြန်မာ နိုင်ငံမှာ ဥပဒေမဲ့ အဖမ်းအဆီးများပြားလာမှု ကုလအထူးစိုးရိမ် (အတွင်းရေးမှူးချုပ်ပြောခွင့်ရ Stephane Dujarric)

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူတွေကို ထင်သလို ဖမ်းဆီးမှုတွေ တိုးလာနေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီဖေါ်ဆောင်ဖို့ လုပ်နေသူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာအတွက် ကုလသမဂ္ဂက အထူးစိတ်ပူကြောင်း အတွင်းရေးမှုးချုပ် ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မြန်မာနိုင်ငံတွင်း ထင်သလို ဖမ်းဆီးမှုတွေ တိုးလာတာအတွက် ကုလသမဂ္ဂက အထူးစိုးရိမ်ပါတယ်။ NLD အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ဆက်နွယ်နေသူတွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လုပ်နေသူတွေဟာ သူတို့ရဲ့ အခြေခံရပိုင်ခွင့်ကို ကျင့်သုံးတာကနေ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြတာတွေအထိ သူတို့ရဲ့ လုပ်ဆောင်မှုတွေကြောင့် ပစ်မှတ်ထားတာကို ခံနေရကြောင်းနဲ့ ဒီလို ထင်ရာဖမ်းဆီးမှုတွေကို ရပ်ပစ်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။ […]

,

နိုင်ငံတကာရဲတပ်ဖွဲ့ အာဏာရှင်အစိုးရတွေ လက်အောက်ရောက်မည့်အရေး လူ့အခွင့်အရေးအမားတွေစိုးရိမ်

နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol ရဲ့ ခေါင်းဆောင်ပိုင်းသစ်ကို ရွေးချယ်ဖို့ ဒီသီတင်းပတ် အတွင်းမှာဘဲ တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့မှာ စည်းဝေးကြဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း Interpol ရဲ့ သြဇာကြီးတဲ့ ကမ ္ဘာတဝန်း ရဲဝန်ထမ်းများရဲ့ ကွန်ရက်ဟာ အာဏာရှင် အစိုးရတွေရဲ့ လက်အောက်ကို ကျရောက်သွားနိုင်ကြောင်းလည်း လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေက လွှတ်တော် အမတ်တွေက သတိပေးနေကြပါတယ်။ ပြင်သစ် အခြေစိုက် Interpol ရဲ့ အထွေထွေညီလာခံကို တူရကီမှာ အင်္ဂါနေ့ ကျင်းပမှာဖြစ်ပြီး အဖွဲ့ကြီးရဲ့ ထိပ်ပိုင်း ရာထူးတွေ အတွက် ယှဉ်ပြိုင်နေကြသူတွေထဲမှာ တရုတ်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု တို့လို နိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။ နိုင်ငံရေး အတွက် အသုံးချခံမှာ […]

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (၂၀၂၁ ခုနှစ် နို၀င်ဘာလ ၁၅ ရက်နေ့ မှ ၂၁ ရက်နေ့အထိ)

၆ လကြာ ဖမ်းဆီးထိမ်းသိမ်းခံရပြီးနောက် အမေရိကန်သတင်းစာဆရာ Danny Fenster သည် ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် US သံတမန်ဟောင်း Bill Richardson ၏ အကူအညီဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ပြည်လည်လွတ်မြောက်သည့် နေ့မတိုင်မီ နို၀င်ဘာလ ၁၂ ရက်နေ့တွင် ၎င်းကို ပြည်နှင်ဒဏ် ပေးခဲ့သည့် စစ်ကောင်စီမှ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့သည်။ Danny Fenster အလုပ်လုပ်သည့် Frontier Myanmar သတင်းဌာနမှ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် အမှုအပေါ် အခြေအမြစ်မရှိ၊ ​တရားမျှတမှုမရှိဘဲ ဥပဒေအောက်တွင် ပြင်းထန်လွန်းကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ထောင်တွင်းတရားရုံးတွင် လအတန်ကြာ စစ်ဆေးပြီးနောက် အစကတည်းမှ ဖမ်းဆီးထိန်းသိမ်းခြင်းမပြုသင့်သော သတင်းသမားများနှင့် နိုင်ငံရေးအကျဥ်းသားကို ခြွင်းချက်မရှိ ပြန်လွတ်ပေးရန် တောင်းဆိုမှုများ […]

,

ဆေးဝါးရိက္ခာ အပူတပြင်းလိုအပ်နေတဲ့ ချင်းစစ်ဘေးရှောင် လူနာများ

ချင်းပြည်နယ် မတူပီမြို့နယ်က တောတောင်ထဲမှာ ပုန်းရှောင်နေကြတဲ့ ရာနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖျားနာနေကြပြီး တော်တော်များများ ကိုဗစ်ရောဂါလက္ခဏာတွေ ပြနေပေမဲ့ စစ်ဆေးနိုင်ခြင်း မရှိကြပါဘူး။ ရမ်တိန်ကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည်တွေထဲက ဖျားနာနေသူ ၄၀၀ လောက်ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဆေးဝါးနဲ့ အစားအသောက် အလွန်အမင်း လိုအပ်နေတဲ့ ဒုက္ခသည်တွေ ဖျားနာနေတဲ့ အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းကို ဦးသိန်းထိုက်ဦး ပြောပြပါမယ်။ ချင်းပြည်နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်တဲ့ နေရာတဝိုက် စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာကြောင့် တောတောင်ထဲ ထွက်ပြေးနေကြရတဲ့ မတူပီမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တော်တော်များများ ဖျားနာနေကြပါတယ်။ မတူပီမြို့နယ် ရမ်တိန်ကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည် ၄၀၀ လောက် ဖျားနာချောင်းဆိုးနေကြပြီး တချို့မှာ ကိုဗစ်ရောဂါလက္ခတွေပြနေပေမဲ့ စစ်ဆေးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ […]

,

ကန်သတင်းသမားကိုလွှတ်ပေးသလို ထိန်းသိမ်းခံ မြန်မာသတင်းသမားတွေ အတွက်လဲ စဉ်းစားသင့် (မီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှူး)

အမေရိကန် သတင်းစာဆရာ ကို လွှတ်လိုက်ပေမဲ့ မြန်မာ သတင်းစာဆရာ ၄၀ ဝန်းကျင် ကတော့ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။ ဒီ အပေါ် မှာ မြန်မာ သတင်းစာဆရာတွေ က ဘယ်လို မြင်ပါသလဲ။ အာဏာ မသိမ်းမီ က မီဒီယာ ကောင်စီ ရဲ့ တွဲဘက် အတွင်းရေးမှူး ဦးမြင့်ကျော် ကို ဦးတင်မောင်သန်း က ‌မေးမြန်းထားပါတယ်။ ဦးတင်မောင်သန်း။ ။ အမေရိကန်သတင်းသမား လွတ်မြောက်သွားပြီဆိုတော့ ဒါနဲ့ ပတ်သက်လို့ ကိုမြင့်ကျော် ဘယ်လိုများ ပြောချင်ပါသလဲ ခင်ဗျ။ ဦးမြင့်ကျော်။ ။ ဟုတ်ကဲ့။ သူလွတ်မြောက်သွားတာ ကျနော်တို့ ဝမ်းသာတယ်။ နဂိုကတည်းက ဒီလိုအဖမ်းခံရဖို့၊ ပြစ်ဒဏ်ချမှတ်ခံရဖို့ မသင့်ဘူး။ ဒီလိုချမှတ်ခံရတာတွေက မီဒီယာလွတ်လပ်ခွင့်ရော၊ ကျန်တဲ့သတင်းသမားတွေအပေါ်မှာရော […]

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် နို၀င်ဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ

မြန်မာစစ်တပ်သည် တရား၀င်ဖြစ်ရေးအတွက် အပြစ်မဲ့အရပ်သားပြည်သူများကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချနေသည်။ ပြီးခဲ့သည်ံ့ ရက်သတ္တပတ်အတွင်းတွင် ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ရပ်တည်ချက်ကို လျော့ပါးထိခိုက်စေရန် ထင်ရှားသော NLD ခေါင်းဆောင်များကို ဆက်တိုက် ဖမ်းဆီးထိန်းသိမ်းခြင်း (သို့) နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သည်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခ) ကိုဂျင်မီသည် အောက်တိုဘာ လကုန်ပိုင်းတွင်အဖမ်းခံခဲ့ရပြီး စစ်ကြောရေးတွင် အကြမ်ဖက်စစ်ဆေးခံခဲ့ရသည်။ ထို့နောက် ကိုဂျင်မီကို ပြင်းထန်သည့် နိုင်ငံတော်သစ္စာဖောက်မှုနှင့် အကြမ်းဖက်မှုပုဒ်မတို့ဖြင့် တရားစွဲခဲ့သည်။ ကိုဂျင်မီရင်ဆိုင်ရသော စွဲချက် ၆ မှုသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ် ၃၀ အပြင် သေဒဏ်ပါကျခံနိုင်သည်။ NLD ကရင်၀န်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် အသက် (၆၇) နှစ် အရွယ်ကို စစ်ခုံရုံးတွင် သီးခြားပြစ်မှု ၅ မှုအတွက် […]

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် (၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၇ ရက်)

ချင်းပြည်နယ်တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပိုမို ဆိုး၀ါးလာခြင်းကြောင့် ဒေသခံများ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးရကာ အစားအသောက်နှင့် ခိုလှုံစရာ အလုံအလောက်မရှိဘဲ နေထိုင်နေကြရသည်။​ ချင်းပြည်နယ်တွင် လက်နက်နှင် တပ်အင်အားအလုံးအရင်း ဖြည့်တင်းမှုကြောင့် အရပ်သားတို့၏ ဘေးကင်းလုံခြုံစွာ အသက်ရှင်နေထိုင်ရေးကို ထိခိုက်ဆုံးရှုံးစေသည်။ ခရစ်ယာန်ဘာသာ၀င်အများစု နေထိုင်သည့် လူနည်းစု ချင်းပြည်နယ်တွင် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ ပစ်မှတ်ထားခံရကာ ၀တ်ပြုကိုးကွယ်ဆောင်များ အပါအ၀င် ဘုရားကျောင်းများ မီးရှို့ဖျက်ဆီး ခံနေရသည်။ နို၀င်ဘာလ ၄ ရက်နေ့တွင် စစ်ကောင်စီကျူးလွန်နေသော ထိတ်လန့်ဖွယ်ကောင်းသည့် ချိုးဖောက်မှုများနှင့် စစ်ရာဇ၀တ်မှုမြောက်သော ချိုးဖောက်မှုများကို  တင်ပြကာ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို  လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)- ND-Burma အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်တို့မှ  တောင်းဆိုခဲ့သည်။ လူမဆန်သော […]

,

အနောက်မြောက်တိုင်းစစ်ဒေသသို့ စစ်သည်အင်အားရာချီ ရဟတ်ယာဉ်များဖြင့် ထပ်မံပို့ဆောင်

အနောက်မြောက်တိုင်းစစ်ဒေသထဲက ယောဒေသ၊ ဒီပဲယင်း၊ ပုလဲ၊ ကောလင်း၊ ကျွန်းလှမြို့နယ်တွေမှာ စစ်ကောင်စီက တပ်သားအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေရာမှာ နိုဝင်ဘာ ၈ ရက် ဒီကနေ့မာ  ဒီပဲယင်းမြို့နယ်၊ အင်ဘုတ်ကျေးရွာမှာတော့  ရဟတ်ယာဉ်တွေနဲ့ စစ်သားအင်အား ၁၀၀နီး ပါးထပ်တိုးပြီး  နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ မကွေးတိုင်း၊ ယောနယ်မှာ ဒီမနက်ပိုင်းအထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး အင်အား ၁၀၀ လောက်ရှိတဲ့  စစ်ကောင်စီလမ်းကြောင်းဟာ ဂန့်ဂေါမြို့နဲ့ တဖြေးဖြေးနီးကပ်လာပြီလို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။ နိုဝင်ဘာ ၇ ရက်မနေ့ကတော့ ကလေးမြို့နယ်ကနေ ဂန့်ဂေါမြို့နယ်ဘက်ကို စစ်ကောင်စီက စစ်ကားအစီး ၃၀ ကျော်၊ ၊ စစ်သားအင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းစထိုးခဲ့တာပါ။ စစ်ကောင်စီလမ်းကြောင်းကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF က […]

,

အကြမ်းဖက်မှုရပ်ပြီး ဒီမိုကရေစီလမ်းကြောင်း ပြန်သွားဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့ မြန်မာစစ်တပ်ကို အထွေထွေရွေးကောက်ပွဲ တစ်နှစ်ပြည့်တဲ့ ဒီကနေ့ နိုဝင်ဘာ ၈ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေဘလင်ကင်က တောင်းဆိုလိုက်ပါတယ်။ စစ်တပ်ရဲ့ နောက်ဆက်တွဲလုပ်ဆောင်နေတဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေဟာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုတွေကို ပိုမိုထိပါးနှောင့်ယှက်နေသလို မြန်မာပြည်သူလူထုက ပြတ်ပြတ်သားသားနဲ့ ဒီနေ့အထိ တောင်းဆိုနေဆဲဖြစ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တစ်ရပ်ဆီသွားနေတဲ့ ဆယ်စုနှစ်တစ်ခုစာတိုးတက်မှုတွေကို နောက်ကြောင်းပြန်လှည့်စေခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေးနဲ့ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းရင်း သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူပေါင်း ၁၃၀၀ ကျော်ကို ဂုဏ်ပြုတယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီဖိနှိပ်ချိုးဖောက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားဖို့ […]