ဒီပဲယင်းတွင် စစ်တပ်က ရဟတ်ယာဉ်များဖြင့် တိုက်သဖြင့် ဒေသခံများထွက်ပြေးနေရ
အနည်းဆုံး ကျေးရွာ ၉ ခုမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခံရစဉ် ဒေသခံခြောက်ဦး သေဆုံးသည်ဟု ဒေသခံအချို့က ဆိုသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က ရဟတ်ယာဉ်များအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသဖြင့် အနည်းဆုံး ကျေးရွာ ၉ ခုမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ဒေသခံသုံးဦးက ဆိုသည်။ ယမန်နေ့ (နိုဝင်ဘာ ၂၇) တွင် စစ်တပ်က ရဟတ်ယာဉ်များဖြင့် စစ်ကူဖြည့်တင်းကာ တိုက်ခိုက်ခဲ့မှုကြောင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှ၊ ဆည်ကြီး၊ သရက်တော၊ မူခတွင်း၊ မဲအိုး၊ လက်ယက်ကုန်း၊ ဝဲကြီး၊ နများ၊ ယဉ်ကျေး စသည့် ကျေးရွာများမှ ဒေသခံများ […]
