နိုင်ငံ့အကြီးအကဲများကို စစ်ကောင်စီက ပုဒ်မနှစ်ခုဖြင့် ထောင် ၄ နှစ်စီ ပြစ်ဒဏ်ချ
စစ်ကောင်စီ စွပ်စွဲထားသည့် အမှုများအနက် ဆူပူစေရန်လှုံ့ဆော်မှု၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုဖြင့် ပထမဆုံးပြစ်ဒဏ်ချလိုက်ခြင်းဖြစ်ကာ သမ္မတနှင့် အတိုင်ပင်ခံကို အကျဉ်းထောင်သို့ ပို့ရန်ရှိမရှိ မသိရသေးပေ။ သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆူပူစေရန်လှုံ့ဆော်မှု၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု နှစ်မှုဖြင့် ထောင်ဒဏ် ၄ နှစ် ကျခံစေရန် နေပြည်တော်ကောင်စီဝင်းရှိ သီးသန့်တရားခွင်၌ ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်က ယနေ့(ဒီဇင်ဘာ ၆) ရက်တွင် အမိန့်ချသည်။ လူထုဆန္ဒမဲဖြင့် အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံး ထိန်းချုပ်လိုက်ပြီဟု ဖေဖော်ဝါရီ ၁ တွင် ကြေညာကာ အာဏာသိမ်းပြီး ၁၀ လ ကျော်အတွင်း နိုင်ငံတော်အကြီးအကဲနှစ်ဦးကို စစ်ကောင်စီက ပထမဆုံးအကြိမ် ပြစ်ဒဏ်ချခြင်းဖြစ်သည်။ ဖမ်းခံရပြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက […]
