လွိုင်ကော်မြို့နယ် ကွန်နားရွာတွင် နေအိမ်အများအပြား မီးထပ်ရှို့ခံရ
ရာဂဏန်းခန့်ရှိ စစ်တပ်က တပ်ပြန်ဆုတ်ရင်း ရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံတစ်ဦးက ဆိုသည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စု၊ ကွန်နား(အပေါ်)ရွာတွင် ယနေ့ (ဒီဇင်ဘာ ၂၀) နံနက်၌ စစ်တပ်က နေအိမ် ၁၉ လုံးကို မီးထပ်ရှို့သွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံတစ်ဦးထံမှ သိရသည်။ ကွန်နား(အပေါ်) ရွာရှိ နေအိမ်များကို နံနက် ၈ နာရီခန့်တွင် စစ်သားအချို့က မီးရှို့သွားခြင်းဖြစ်ပြီး မီးလောင်နေဆဲ နေအိမ်သုံးလုံးကို အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း အဆိုပါရွာအနီး ရောက်ရှိနေသည့် KNDF တပ်ဖွဲ့ဝင်က Myanmar Now ကို ပြောသည်။ “ကျွန်တော်တို့က ရွာအစွန်မှာ၊ သူတို့က ရွာလယ်လမ်းမကြီးမှာ။ မီးရှို့ရင်းနဲ့ ထွက်သွားတာ။ မီးမရှို့ခင် […]
