မန္တလေးတွင် ပစ်ခတ်မှုများကြောင့် သေဆုံးသူလေးဦးရှိ
မန္တလေးမြို့ခံ ခြောက်ဦးကို ဆက်သွယ်မေးမြန်းချက်အရ ပစ်ခတ်မှုသုံးခုအတွင်း ပွဲချင်းပြီးသေဆုံးသူ လေးဦးနှင့် ဒဏ်ရာရသူ လေးဦးရှိသည်။ မန္တလေးမြို့ပေါ်တွင် ယမန်နေ့ညပိုင်းမှ ယနေ့ (ဒီဇင်ဘာ ၁၂) နံနက်ပိုင်းအတွင်း ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားရာ လေးဦးသေဆုံးကာ ဒဏ်ရာရသူလည်း လေးဦးရှိကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းထားသည့် မြိုခံခြောက်ဦးထံမှ သိရသည်။ ချမ်းအေးသာစံမြို့နယ်အတွင်း ကျုံးတောင်ဘက် ၂၈ လမ်းပေါ်တွင် ယမန်နေ့ ၁၀ နာရီဝန်းကျင်တွင် စားသောက်ဆိုင်မှ ပြန်လာသည်ဟု ယူဆရသည့် လူငယ်လေးဦးမှာ ဆိုင်ကယ်စီးနင်းလာစဉ် စစ်သားများက လိုက်ပစ်သဖြင့် တစ်ဦးသေဆုံးကာ ကျန်သုံးဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ၂၈ လမ်းအနီးတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ “အိမ်နားတင်၊ ပတ်လည်မှာ သေနတ်သံတွေ ပစ်ခတ်နေတာ၊ အချက်ရေလည်း အတော်များပြီးတော့ နှစ်ခါလောက်ကြားရတာ။ ညတုန်းက […]
