မြန်မာဒုက္ခသည်တွေဆီ သွားရောက်ခွင့် ကုလ တောင်းခံ
ထိုင်း- မြန်မာ နယ်စပ်ဒေသမှာ လက်ရှိဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်ထဲကနေ ထိုင်းဘက်ကို ထွက်ပြေးခိုလှုံကြတဲ့ မြန်မာနိုင်ငံသား ၃၀၀၀ ကျော်အတွက် အကူအညီတွေပေးရေး အရေးပေါ်သွားရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထိုင်းအစိုးရကို တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။ ဖေဖေါ်ဝါရီလမှာ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ KNU ကရင်လက်နက်ကိုင်တပ်ဖွဲ့ နဲ့ မြန်မာစစ်တပ် တို့ကြား ထိုင်းမြန်မာနယ်စပ် လေးကေကော်ဒေသမှာ မကြာခင်ရက်ပိုင်းမှာပဲ တိုက်ပွဲတွေ စတင်ခဲ့တာပါ။ တိုက်ပွဲတွေကြောင့် ကြာသပတေးနေ့က ထိုင်းနိုင်ငံ တာခ့် ပြည်နယ်ထဲကို စစ်ရှောင် မြန်မာဒုက္ခသည် ၇၀၀ လောက် နယ်စပ်မြစ်ကြောင်းကို ဖြတ်ကျော် ထွက်ပြေးလာသလို တိုက်ပွဲဆက်ဖြစ်နေတဲ့အတွက် တနင်္လာနေ့မှာအထိဆို ဒုက္ခသည်က ၃၉၀၀ လောက် အထိ တိုးလာနေတယ်လို့ UNHCR […]
