စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အရပ်သားနှစ်ထောင်နီးပါး သေဆုံး
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ထောင်နီးပါး (၁၈၂၃ ဦး) သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသား ၁၁၉၄ ဦး၊ အမျိုးသမီး ၆၂၈ ဦးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတစ်ဦး သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၄၈ ဦး ပါဝင်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၆၄၁ ဦးနဲ့ အများဆုံး သေဆုံးခဲ့ပြီး လက်နက်ကြီးကြောင့် ၅၂၅ ဦးနဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တယ်လို့ […]