Entries by ndb14

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ

စစ်ပွဲဆိုင်ရာ ဥပဒေများ ပြဌာန်းခြင်း လက်နက်ကိုင်ပဋိပက္ခ (သို့) စစ်ပွဲများဖြစ်ပွားသည့်အခါ တိုက်ပွဲကြောင့် ထိခိုက်ဆုံးရှုံးမှုများကို ကန့်သတ်ရန်အတွက် ရေးဆွဲပြဌာန်းထားခြင်းဖြစ်သည်။ စစ်ဖြစ်သည့်အခါ အရပ်သားပြည်သူနှင့် အရပ်ဖက်အဆောက်အဦးများအား တိုက်ခိုက်ခြင်းမပြုရန် အကာအကွယ်ပေးခြင်းနှင့် တိုင်းပြည်ရှိ စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ တာဝန်ယူ တာဝန်ခံရမည့် ကိစ္စများကိုလည်း ပြဌာန်းထား သည်။ နိုင်ငံတကာ စစ်ပွဲနှင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ၁။ နိုင်ငံတကာ စစ်ပွဲ (အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခ) ဆိုသည်မှာ နိုင်ငံအချင်းချင်း ဖြစ်ပွား သည့် စစ်ပွဲဖြစ်သည်။ ၂။ ပြည်တွင်းစစ် (နိုင်ငံတကာ လက်နက်ကိုင်ပဋိပက္ခ မဟုတ်သည့်) ဆိုသည်မှာ အစိုးရအာဏာပိုင်များ နှင့် စနစ်တကျဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့အစည်းများအကြား ဖြစ်ပွားသည့် စစ်ပွဲ (မြန်မာနိင်ငံနှင့် အကျုံးဝင်သည်) (သို့မဟုတ်) ၃။ နိုင်ငံတနိုင်ငံအတွင်း […]

စစ်ကောင်စီ အဓမ္မစစ်သားစုဆောင်းမှုတွေကို ချက်ချင်းအရေးယူဖို့ ကုလ၊ အာဆီယံ နဲ့ နိုင်ငံတကာကို NUG တောင်းဆို

မြန်မာနိုင်ငံမှာ အတင်းအကြပ်စစ်မှုထမ်းစေခိုင်းနေခြင်းတွေဟာ အဓမ္မလုပ်အား ခိုင်းစေခြင်းနဲ့ လူကုန်ကူးမှု ကျူးလွန်ရာရောက်သလို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကြောင်း၊ ဒီလုပ်ရပ်တွေ အမြန်ဆုံးရပ်တန့်ရေးအတွက် စစ်ကောင်စီကို ထိရောက်တဲ့ ပိတ်ဆို့မှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေကို စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် အဓမ္မစစ်မှုထမ်းခိုင်းတာတွေကို သုတေသနပြုစုခဲ့ပြီး မတ်လ ၂၈ ရက်နေ့က “အဓမ္မစစ်မှုထမ်းစေခြင်း- မြန်မာနိုင်ငံရှိ အတင်းအကြပ် စစ်မှုထမ်းစေခြင်းရဲ့ လက်တွေ့အခြေအနေများ” ဆိုတဲ့ အစီရင်ခံစာ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။  ဒီအစီရင်ခံစာမှာ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံရတဲ့ လူငယ်တွေရဲ့ […]

မြန်မာမှာ လူသားချင်းစာနာမှုအကြပ်အတည်း ပိုပြင်းထန်လာကြောင်း IRC သတိပေး

ငလျင်ဘေးသင့် မြန်မာနိုင်ငံမှာ နိုင်ငံတဝန်းက သဘာဝဘေးအန္တရာယ် နဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေ ပိုမိုပြင်းထန်လာနေကြောင်းအပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ IRC က သတိပေးလိုက်ပါတယ်။ ထိခိုက်ဆုံးရှုံးမှုအကြီးမားဆုံးဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် နဲ့ ရှမ်းပြည်နယ်က အချို့ဒေသတွေဟာ ပျက်စီးဆုံးရှုံးမှုတွေကြားမှာ အကြပ်အတည်းတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။ ICR မြန်မာ ရဲ့ ဒါရိုက်တာ Mohammed Riyas က “ငလျင်ကြောင့် လူ သိန်းနဲ့ချီ အိုးအိမ်တွေ စွန့်ခွာခဲ့ရပြီး အများစုဟာ အမိုးအကာ ဒါမှမဟုတ် လူပြည့်ကျပ်နေတဲ့ ယာယီတဲတွေမှာ နေထိုင်နေကြရကြောင်း၊ သဘာဝဘေးနောက်ပိုင်း အစားအသောက် စျေးနှုန်းတွေ မြင့်တက်လာခြင်းကြောင့်၊ မိသားစုအများအပြား အစားအစာ လျှော့ပြီး စားသုံးနေရကြောင်း၊ သုံးသပ်ချက်အရ အရေးပေါ်စားနပ်ရိက္ခာ နဲ့ ငွေကြေးအကူအညီတွေ လိုအပ်နေကြောင်း” […]

,

အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်း

အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်း။ စစ်အာဏာရှင်တို့၏ အတင်းအကြပ် စစ်မှုထမ်းရန် လုပ်ဆောင်မှုကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ   စစ်အာဏာရှင်တို့ အာဏာသိမ်းရန်ကြိုးပမ်းမှု ၄ နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။ ထိုကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ခုခံတွန်းလှန်မှုများနှင့် စစ်အာဏာရှင်တို့၏ ရက်စက်မှုကို သိသိသာသာ ဆန့်ကျင်မှု များ တိုးပွားလာသည်။ စစ်တပ်မှ မူကြမ်းရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းမှု သည် တရားမဝင်သော်လည်း စစ်အာဏာရှင်တို့က အတိုက်အခံတို့အား အကြမ်းဖက် တိုက်ခိုက်၍ နိုင်ငံတကာ စံချိန်စံညွှန်းများကို ချိုးဖောက်နေကြသည်။ တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင် အဖွဲ့အစည်းများ တပ်စွဲထားခြင်း မရှိသည့်တိုင်  စစ်တပ်က ကျေးရွာများနှင့် ယာယီ အခြေစိုက်စခန်း များအား ရက်ရက်စက်စက် ပစ်ခတ်အကြမ်းဖက်လျှက်ရှိသည်။ စစ်အာဏာရှင်တို့၏ အကြမ်းဖက်မှုကြောင့် ပြည်သူ ၃.၅ သန်းကျော် စစ်ပြေးဒုက္ခသည်များ ဖြစ်လာကြ သည်။ […]

အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်း

အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်းစစ်အာဏာရှင်တို့၏ အတင်းအကြပ် စစ်မှုထမ်းရန် လုပ်ဆောင်မှုကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ အစီရင်ခံစာအကျဥ်းချုပ်အား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ ထုတ်ပြန်ခြင်း ၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက် အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်း။ စစ်အာဏာရှင်တို့၏ အတင်းအကြပ် စစ်မှုထမ်းရန် လုပ်ဆောင်မှုကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ  ဆိုသည့် အစီရင်ခံစာအကျဥ်းချုပ်အား ND-Burma မှ ယနေ့ထုတ်ဝေလိုက်သည်။ စစ်အာဏာရှင်တို့အနေဖြင့် လူငယ်အမျိုးသားများကို အ ကြမ်းဖက်၍ စစ်မှုထမ်းစေခြင်းသာမက အမျိုးသမီးများကို မကြာသေးမီက အတင်းအကြပ် စစ်မှုထမ်းစေရန် ကြိုးပမ်းလာသည်။ အစီရင်ခံစာ၏ တွေ့ရှိချက်အရ စစ်အာဏာရှင်တို့၏ အတင်းအကြပ် ဖမ်းဆီး၍ ထိန်းသိမ်းထားရှိမှုအောက်တွင် အမျိုးသမီးများအနေဖြင့် အန္တရာယ်အကြီးအကျယ်ကြုံတွေ့ နေရပြီး စစ်မြေပြင်တွင် တိုက်ခိုက်ရန် စေလွှတ်ပါက ၎င်းတို့လုံခြုံရေးနှင့် အသက်အန္တရာယ်အတွက် […]

မြင်းမူမြို့နယ် ကန်တော်ရွာ စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲခံရပြီး ငါးဦးသေ၊ ရှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကန်တော်ကျေးရွာအနီး စစ်ဘေးရှောင်စခန်းကို ဧပြီလ ၁၉ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။ တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး နဲ့ အရပ်သား သုံးဦးသေဆုံးပြီး နောက်ထပ် အရပ်သား ရှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ အရပ်သားတွေဟာ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး အသက် ၃ နှစ်အရွယ် မစုမြတ်၊ အသက် ၁၇ နှစ်အရွယ် မမေဇွန်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် ဦးတင်မောင်တို့ဖြစ်ပါတယ်။ “လေယာဉ်လာလာချင်း တန်းပစ်တာ။ ဗုံးသီးလေးလုံးကြဲတယ်။ တောထဲမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေ ထိခိုက်တယ် ၊ အကုန်လုံးက ပြည်သူတွေချည်းပဲ“ ဒါ့အပြင် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ […]

စစ်ခေါင်းဆောင်ရဲ့ ဘန်ကောက်ခရီးစဉ်အပြီး ဗုံးကြဲမှုကြောင့် လူ ၅၀ ကျော် သေဆုံး

အာဆီယံဥက္ကဋ္ဌနဲ့ စစ်ခေါင်းဆောင်တို့ ဧပြီ ၁၇ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွေ့ဆုံပွဲမှာ တိုက်ခိုက်မှုတွေ ရပ်စဲထားဖို့ ဆွေးနွေးခဲ့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကတော့ ရပ်တန့်မသွားပါဘူး။ ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဧပြီ ၁၈ ရက်ကနေ ဧပြီ ၂၀ ရက်အထိ သုံးရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅၅ ဦးသေဆုံးပြီး နောက်ထပ် ၉၀ ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးထိခိုက်သူတွေထဲ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ပါဝင်နေပါတယ်။ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကန်တော်ရွာအနီး စစ်ဘေးဒုက္ခသည်စခန်းဟာ ဧပြီ ၁၉ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဧပြီ ၁၉ ရက်နေ့ ၁၁ နာရီ မိနစ် ၄၀ ဝန်းကျင်လောက်မှာ လေယာဉ်လာလာချင်း တန်းပြီးတော့ ပစ်တာ။ သုံးကြိမ်ဝဲတာဗျ၊ ပေါင် ၂၅၀ ဗုံးလို့ယူဆရတဲ့ […]

အိုးဘိုထောင်မှာ ငလျင်ကြောင့် ထိခိုက်၊ သေဆုံးသူ ၃၀၀ ကျော်ရှိ

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ငလျင်ကြောင့် အကျဉ်းသား ၃၀ ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူ ၂၈၀ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း(၇)ဖွဲ့က ဧပြီလ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲ နိုင်ငံရေးအကျဉ်းသားဆယ်ဦး၊ နိုင်ငံရေးအကျဉ်းသူ ဆယ်ဦး နဲ့ အခြားအကျဉ်းသား ၁၀ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နောက်ထပ် ဒဏ်ရာရသူ ၂၈၀ ကျော် ရှိပြီး ဒီအရေအတွက်ဟာ စနစ်တကျပြုစုထားနိုင်တဲ့ အရေအတွက်ဖြစ်သလို နောက်ထပ်လည်း တိုးလာနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တည်ထောင်သူ ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။ “မျက်မြင်တွေ့ရှိမှု အရေအတွက်နဲ့ အတည်ပြုထားနိုင်ပြီးသား အချက်အလက်တွေအပေါ်မှာ အခြေတည်ပြီးတော့ ပြောတာဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့လည်း မြန်မာငလျင်ကို အာရုံစိုက်နေတဲ့နည်းတူ အကျဉ်းထောင်တွေကိုလည်း ချန်မထားဖို့အဓိက ရည်ရွယ်ပါတယ်” အိုးဘိုအကျဉ်းထောင်ဟာ ငလျင်ကြောင့် […]

သတင်းစာဆရာ ဦးဟံသာညိန်းနဲ့ ဒါရိုက်တာစတီးတို့ ပြန်လွတ်လာ

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းနဲ့ ဒါရိုက်တာစတီးတို့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ဧပြီလ ၁၇ ရက် ဒီနေ့ ပြန်လွတ်လာကြတယ်လို့ သူ့ရဲ့မိတ်ဆွေတွေကပြောပါတယ်။ ပြန်လွတ်လာတဲ့ ဦးဟံသာညိန်းဟာ ကျန်းကျန်းမာမာရှိနေတယ်လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ဦးနေသန်မောင်က RFA ကိုပြောပါတယ်။ “လေးနှစ်ကျော်လောက် စောင့်ခဲ့ရတာဆိုတော့ ကျွန်တော်တို့လည်း ဝမ်းသာတာပေါ့ဗျာ။ သူကျန်းကျန်းမာမာ ရှိပါတယ်ဗျ” မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့က ရန်ကုန်မြို့က ကမာရွတ်မီဒီယာရုံးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဦးဟံသာညိန်းဟာ ဦးနေသန်မောင်အတူ ဖမ်းဆီးခံခဲ့ရတာပါ။ အမေရိကန်နိုင်ငံသားခံယူထားတဲ့ ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်မောင်ကို ၂၀၂၁ ခုနှစ် ဇွန်လမှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့် ဦးဟံသာညိန်းကိုတော့ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က […]

အင်းတော်တိုက်ပွဲက ဖမ်းမိ စစ်သုံ့ပန်းတွေကို စစ်ဆေး အရေးယူမယ်လို့ NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း အင်းတော်မြို့ သိမ်းတိုက်ပွဲအတွင်း စခန့်စွန့်လွှတ် ဆုတ်ခွာထွက်ပြေးသွားတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး ကို ဖမ်းမိခဲ့ကြောင်း၊ သူ နဲ့ အတူ တပ်သားတွေကို စစ်ဆေးနေပြီး အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။ လက်ရှိအချိန်မှာ ဖမ်းဆီးရမိထားတဲ့သူတွေကို စစ်သုံ့ပန်းဆိုင်ရာ မူဝါဒနဲ့အညီ ထိန်းသိမ်းထားပြီး စစ်ဆေးနေကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် နဲ့ ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက် ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ပါတယ်။ […]