စစ်ကောင်စီက ကလေးမှ ရွာသား၂၀ ကို သတ်ပြီး ၅၇ အိမ်မီးရှို့ဟု ဒေသခံတို့ ပြော
စစ်ကိုင်းတိုင်း ကလေးမြို့ပြင်ကို လေတပ်နှင့် ကြည်းတပ် ဝင်တိုက်စဉ် တိုက်ပွဲအတွင်း ပိတ်မိသူတို့သေဆုံးသည်ဟု ဒေသခံများက ပြောသည်၊ စစ်ကောင်စီကမူ PDF တို့ သေဆုံးခြင်းဖြစ်သည် ဆိုသည်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီ၏ လေတပ်နှင့် ကြည်းတပ် လက်ချက်ကြောင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သား ၂၀ သေဆုံးပြီး အိမ် ၅၇ လုံး မီးလောင်သွားကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ပြောသည်။ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ ဟားခါးလေး စသည့် ရွာများတွင် တိုက်ပွဲပြင်းထန်စဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး စာရင်းပြုစုထားသည်ဟု ပကဖအဖွဲ့က ပြောသည်။ လေကြောင်းမှ တိုက်ခိုက်ခံရသော နတ်ချောင်းရွာမှ သေဆုံးသူ အရပ်သားများထဲတွင် ၆ ဦးကို အမည်၊ အသက် မသိရှိရသေးပေ။ စာရင်းတွင် ၇၂ နှစ် […]
