ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေ
လူဦးရေထောင်ဂဏန်းရှိ ဦးနှောက်ရွာကို ရဟတ်ယာဉ်သုံးစီးဖြင့် လာဝိုင်းခြင်းဖြစ်ကာ ရဟတ်ယာဉ်တစ်စီးမှ ပစ်ခတ်နေစဉ် အခြားနှစ်စီးဖြင့် စစ်သားများချပေးနေကြောင်း PDF တာဝန်ခံက ပြောသည်။ ဒေသခံ PDF ခေါင်းဆောင်ရှိသည် အထင်ဖြင့် စစ်ကောင်စီက စစ်ကိုင်းတိုင်း ပုလဲမြို့အနောက်ဘက်ရှိ ဦးနှောက်ရွာကို ယနေ့ (ဇန်နဝါရီ ၁၀) နံနက်ပိုင်းတွင် ရဟတ်ယာဉ်သုံးစီးဖြင့် တိုက်ခိုက်နေသည်ဟု သိရသည်။ ပုလဲမြို့အနောက်ဘက် ၁၂ မိုင်အကွာရှိ ဦးနှောက်ရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက် ၁၁ နာရီဝန်းကျင်မှစ၍ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရအချို့နှင့် ဖမ်းဆီးခံရသူများရှိသည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင် ဗိုလ်နဂါးက Myanmar Now ကို ပြောသည်။ “အဲဒီရွာကို ကျွန်တော်ရှိတယ်ဆိုပြီး လေယာဉ်နဲ့ လာပစ်တာ။ အဲဒီက အခြေအနေကို သတင်းတိတိကျကျတော့ မရသေးဘူး။ […]
