မြန်မာ့အရေးကူညီပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ကုလအထူးကိုယ်စားလှယ် တောင်းဆို
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် မစ္စ Noeleen Heyzer ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ မနေ့က တွေ့ဆုံခဲ့ပြီး၊ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခအခြေအနေတွေ ပိုဆိုးမလာအောင် ကူညီဖို့နဲ့ မြန်မာနိုင်ငံက ပဋိပက္ခဒေသတွေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့တဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ တိုးပွားလာတာနဲ့အမျှ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာ မတည်ငြိမ်မှုတွေ ဖြစ်ပွားလာနိုင်ကြောင်း၊ ဒီလို အခြေအနေကို ရှောင်ရှားနိုင်ဖို့ ထိုင်းဝန်ကြီးချုပ်ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့ မစ္စ နိုလင်းဟေဇာက ပြောတဲ့အကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။ မစ္စ နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာက […]
