ပုလဲနယ်တွင် အိမ်ရာချီ မီးရှို့ဖျက်ဆီးခံရ၊ အသတ်ခံရသူ ၄ ဦးရှိ
ပုလဲ – ဂန့်ဂေါလမ်းမပေါ်ရှိ ကိုင်းတွင်းနှင့် လှော်ကားရွာတို့တွင် စစ်တပ်နှင့် ပျူစောထီးများက ပစ္စည်းများယူဆောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ မင်းတိုင်ပင်ရွာတွင် တစ်ညတာ တပ်စွဲခဲ့သည်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဖေဖော်ဝါရီ ၃ မှ ၅ ရက် အတွင်း စစ်တပ်က ရွာလေးရွာကို ဆက်တိုက်စီး နင်းကာ မီးရှို့ဖျက်ဆီးနေသဖြင့် ရာနှင့်ချီသော နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့်အပြင် ရွာသားလေးဦး လည်း သတ်ဖြတ်ခံရသည်ဟု ဒေသခံ ၅ ဦးထံမှ သိရသည်။ ယောဒေသနှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်း အနောက်တောင်ဘက်ခြမ်း ပုလဲမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို စီးနင်းစဉ် ပျူစောထီးလက်နက်ကိင်များလည်းပါဝင်ပြီး၊ နေအိမ်များ မီးရှို့ ဖျက်ဆီးခံရ ခြင်းအပြင် ပစ္စည်းများလည်း လုယက်ခံရသည်ဟု ဒေသခံများက ဆိုသည်။ ပုလဲမြို့နယ်နှင့် ဂန့်ဂေါမြို့နယ် […]
