ဒီပဲယင်းအနောက်ခြမ်းတွင် နေအိမ် ၁၂ လုံး မီးရှို့ခံရ၊ ဒေသခံထောင်ချီ ထွက်ပြေးရ
သိုလှောင်ထားသည့် စပါးတင်းရာချီ အပါအဝင် နှစ်ထပ်အိမ်များနှင့် ထွန်စက်၊ စက်ချုပ်ခုံများ မီးရှို့ ဖျက်ဆီးခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ဆိုသည်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာနှစ်ရွာတွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီးနောက် နေအိမ် ၁၂ လုံး မီးရှို့ဖျက်ဆီးခံရပြီး ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအချို့ထံမှ သိရသည်။ ဒီပဲယင်းမြို့အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ဝပါကျေးရွာကို ယမန်နေ့တွင် အင်အား ၈၀ ခန့်ပါ စစ်တပ် ဝင်ရောက်လာပြီး နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ (ဇန်နဝါရီ ၃၁) တွင် အနီးရှိ ငဝဲတောကျေးရွာရှိ နေအိမ် ၇ လုံးကို ထပ်မံမီးရှို့သည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (ပ.က.ဖ) အဖွဲ့ဝင် ကိုလင်းယုန်ဆိုသူက ပြောသည်။ “မနေ့က ဝပါမှာ တပ်ဆွဲတယ်၊ […]
